Juízes 20

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-
1 Então todos os filhos de Israel saíram, e a congregação se ajuntou, perante o SENHOR em Mizpá, como se fora um só homem, desde Dã até Berseba, como também a terra de Gileade.
2 စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။-
2 E os principais de todo o povo, de todas as tribos de Israel, se apresentaram na congregação do povo de Deus; quatrocentos mil homens de pé que tiravam a espada
3 ဤ​အ​တော​အ​တွင်း​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​ဇ​ပါ​မြို့​၌ အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​လျက်​ရှိ ကြောင်း​ကို​ကြား​သိ​ကြ​လေ​သည်။
3 (Ouviram, pois, os filhos de Benjamim que os filhos de Israel haviam subido a Mizpá). E disseram os filhos de Israel: Falai, como sucedeu esta maldade?
4 အ​သတ်​ခံ​ရ​သူ​မိန်း​မ​၏​လင်​လေ​ဝိ​အ​မျိုး သား​က``ကျွန်ုပ်​သည်​မ​ယား​ငယ်​နှင့်​အ​တူ ဗင်္ယာ မိန်​နယ်​မြေ​ရှိ​ဂိ​ဗာ​မြို့​သို့​ည​အ​ခါ​တည်း ခို​ရန်​သွား​ရောက်​ခဲ့​ပါ​၏။-
4 Então respondeu o homem levita, marido da mulher que fora morta, e disse: Cheguei com a minha concubina a Gibeá, cidade de Benjamim, para passar a noite.
5 ဂိ​ဗာ​မြို့​သား​တို့​သည်​ကျွန်ုပ်​အား​ရန်​ပြု​လို​၍ အိမ်​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​သည်။ သူ​တို့​သည် ကျွန်ုပ်​ကို​သတ်​ရန်​ကြံ​ရွယ်​သော်​လည်း​ကျွန်ုပ် ၏​မယား​ငယ်​အား​မု​ဒိန်း​ကျင့်​သ​ဖြင့်​သူ သည်​သေ​ဆုံး​သွား​ပါ​၏။-
5 E os cidadãos de Gibeá se levantaram contra mim, e cercaram a casa de noite; intentaram matar-me, e violaram a minha concubina, de maneira que morreu.
6 ကျွန်ုပ်​သည်​သူ​၏​ရုပ်​အ​လောင်း​ကို​ယူ​၍​အ​ပိုင်း ပိုင်း​ဖြတ်​ပြီး​လျှင် ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ် မျိုး​ထံ​သို့​တစ်​ပိုင်း​စီ​ပေး​ပို့​ခဲ့​ပါ​၏။ ဤ​သူ တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဆိုး​ညစ် သော​အ​မှု၊ အ​ဋ္ဌမ္မ​အ​မှု​ကို​ပြု​ကြ​ပါ​ပြီ။-
6 Então peguei na minha concubina, e fi-la em pedaços, e a enviei por toda a terra da herança de Israel; porquanto fizeram tal malefício e loucura em Israel.
7 ဤ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော​သင်​တို့ အ​ပေါင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ ဖြစ်​ကြ​သည်။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍​အ​ဘယ် သို့​အ​ရေး​ယူ​ဆောင်​ရွက်​ကြ​ပါ​မည်​နည်း'' ဟု မေး​၏။
7 Eis que todos sois filhos de Israel; dai aqui a vossa palavra e conselho.
8 လူ​အ​ပေါင်း​တို့​သည်​တစ်​ပြိုင်​နက်​ထ​၍``ငါ တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် မိ​မိ​၏​တဲ​ရှင် သို့​မ​ဟုတ်​အိမ်​သို့​မ​ပြန်​ကြ​တော့​ပြီ။-
8 Então todo o povo se levantou como um só homem, dizendo: Nenhum de nós irá à sua tenda nem nenhum de nós voltará à sua casa.
9 ငါ​တို့​ပြု​မည့်​အ​မှု​ကား​စာ​ရေး​တံ​မဲ​ချ ၍​လူ​အ​ချို့​ကို​ရွေး​ချယ်​ပြီး​လျှင် ဂိ​ဗာ မြို့​ကို​တိုက်​ခိုက်​ကြ​ရန်​ပင်​တည်း။-
9 Porém isto é o que faremos a Gibeá: procederemos contra ela por sorte.
10 ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-
10 E de todas as tribos de Israel, tomaremos dez homens de cada cem, e cem de cada mil, e mil de cada dez mil, para providenciarem mantimento para o povo; para que, vindo ele a Gibeá de Benjamim, lhe façam conforme a toda a loucura que tem feito em Israel.
11 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​ရှိ​လူ​အ​ပေါင်း တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ရန်​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​စု​ဝေး​ကြ​ကုန်​၏။
11 Assim ajuntaram-se contra esta cidade todos os homens de Israel, unidos como um só homem.
12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန် အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​တစ်​လျှောက်​သို့ လူ​များ​ကို​စေ​လွှတ်​၍``သင်​တို့​ကူး​လွန်​ခဲ့ သည့်​အ​ဋ္ဌမ္မ​အ​မှု​ကား​အ​ဘယ်​သို့​နည်း။-
12 E as tribos de Israel enviaram homens por toda a tribo de Benjamim, dizendo: Que maldade é esta que se fez entre vós?
13 ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊-
13 Dai-nos, pois, agora aqueles homens, filhos de Belial, que estão em Gibeá, para que os matemos, e tiremos de Israel o mal. Porém os filhos de Benjamim não quiseram ouvir a voz de seus irmãos, os filhos de Israel.
14 သူ​တို့​အား​တိုက်​ခိုက်​ရန်​ဗင်္ယာ​မိန်​မြို့​အ​ပေါင်း မှ​ထွက်​လာ​၍​ဂိ​ဗာ​မြို့​၌​စု​ရုံး​ကြ​၏။-
14 Antes os filhos de Benjamim se ajuntaram das cidades em Gibeá, para saírem a pelejar contra os filhos de Israel.
15 — ausente —
15 E contaram-se naquele dia os filhos de Benjamim, das cidades, vinte e seis mil homens que tiravam a espada, afora os moradores de Gibeá, de que se contaram setecentos homens escolhidos.
16 — ausente —
16 Entre todo este povo havia setecentos homens escolhidos, canhotos, os quais atiravam com a funda uma pedra em um cabelo, e não erravam.
17 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မ​ပါ​ဘဲ​လက်​နက် ကိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား စစ်​သား​ဦး​ရေ မှာ​လေး​သိန်း​မျှ​ရှိ​သ​တည်း။
17 E contaram-se dos homens de Israel, afora os de Benjamim, quatrocentos mil homens que tiravam da espada, e todos eles homens de guerra.
18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။
18 E levantaram-se os filhos de Israel, e subiram a Betel; e consultaram a Deus, dizendo: Quem dentre nós subirá primeiro a pelejar contra Benjamim? E disse o Senhor: Judá subirá primeiro.
19 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နောက်​တစ်​နေ့​နံ​နက်​၌​ထွက်​ခွာ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​နီး​တွင်​တပ်​စ​ခန်း​ကြ​၏။-
19 Levantaram-se, pois, os filhos de Israel pela manhã, e acamparam-se contra Gibeá.
20 သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ကို​စစ်​ဆင်​ရန် သွား​ရောက်​ကာ မိ​မိ​တို့​၏​စစ်​သား​များ အား​မြို့​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
20 E os homens de Israel saíram à peleja contra Benjamim; e os homens de Israel ordenaram a batalha contra eles, ao pé de Gibeá.
21 ဗင်္ယာ​မိန်​တပ်​သည်​မြို့​ထဲ​မှ​ထွက်​လာ​၍​နေ မ​ဝင်​မီ​ပင် ဣ​သ​ရေ​လ​တပ်​သား​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​သတ်​ဖြတ်​လိုက်​ကြ​၏။-
21 Então os filhos de Benjamim saíram de Gibeá, e derrubaram por terra, naquele dia, vinte e dois mil homens de Israel.
22 — ausente —
22 Porém esforçou-se o povo, isto é, os homens de Israel, e tornaram a ordenar a peleja no lugar onde no primeiro dia a tinham ordenado.
23 — ausente —
23 E subiram os filhos de Israel, e choraram perante o Senhor até à tarde, e perguntaram ao Senhor, dizendo: Tornar-me-ei a chegar à peleja contra os filhos de Benjamim, meu irmão? E disse o Senhor: Subi contra ele.
24 သူ​တို့​သည်​ဒု​တိ​ယ​အ​ကြိမ်​ဗင်္ယာ​မိန်​တပ် ရှိ​ရာ​သို့​ချီ​တက်​ကြ​လေ​သည်။-
24 Chegaram-se, pois, os filhos de Israel aos filhos de Benjamim, no dia seguinte.
25 ဗင်္ယာ​မိန်​တပ်​သား​တို့​သည်​လည်း​ဂိ​ဗာ​မြို့​မှ ဒု​တိ​ယ​အ​ကြိမ်​ထွက်​လာ​ကြ​၏။ ဤ​အ​ကြိမ် တွင်​သူ​တို့​သည်​လက်​နက်​ကိုင် ဣ​သ​ရေ​လ တပ်​သား​တစ်​သောင်း​ရှစ်​ထောင်​ကို​သတ်​ဖြတ် လိုက်​ကြ​လေ​သည်။-
25 Também os de Benjamim no dia seguinte lhes saíram ao encontro fora de Gibeá, e derrubaram ainda por terra mais dezoito mil homens, todos dos que tiravam a espada.
26 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-
26 Então todos os filhos de Israel, e todo o povo, subiram, e vieram a Betel e choraram, e estiveram ali perante o Senhor, e jejuaram aquele dia até à tarde; e ofereceram holocaustos e ofertas pacíficas perante o Senhor.
27 — ausente —
27 E os filhos de Israel perguntaram ao Senhor (porquanto a arca da aliança de Deus estava ali naqueles dias;
28 — ausente —
28 E Finéias, filho de Eleazar, filho de Arão, estava perante ele naqueles dias), dizendo: Tornarei ainda a pelejar contra os filhos de Benjamim, meu irmão, ou pararei? E disse o Senhor: Subi, que amanhã eu to entregarei na mão.
29 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်​၌​စစ်​သား​အ​ချို့​ကို​ပုန်း အောင်း​၍​နေ​စေ​ကြ​၏။-
29 Então Israel pôs emboscadas em redor de Gibeá.
30 ထို​နောက်​သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ရှိ​ရာ​သို့ တ​တိ​ယ​အ​ကြိမ်​ချီ​တက်​ကာ မိ​မိ​တို့​၏​တပ် သား​များ​ကို​ရှေ့​က​နည်း​တူ​ဂိ​ဗာ​မြို့​ကို​မျက် နှာ​မူ​၍​တိုက်​ပွဲ​ဝင်​ရန်​နေ​ရာ​ယူ​စေ​ကြ​၏။-
30 E subiram os filhos de Israel ao terceiro dia contra os filhos de Benjamim, e ordenaram a peleja junto a Gibeá, como das outras vezes.
31 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​တိုက်​ခိုက်​ရန်​ထွက် လာ​သော​အ​ခါ မြို့​နှင့်​ဝေး​ကွာ​ရာ​သို့​မျှား​၍ ခေါ်​ဆောင်​ခြင်း​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ကွင်း​ပြင် တွင်​လည်း​ကောင်း၊ ဗေ​သ​လ​မြို့​သို့​သွား​ရာ​လမ်း နှင့်​ဂိ​ဗာ​မြို့​သို့​သွား​ရာ​လမ်း​၌​လည်း​ကောင်း ယ​ခင်​က​ကဲ့​သို့​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​စ​တင်​လုပ်​ကြံ​ကြ​ရာ​လူ​ပေါင်း​သုံး​ဆယ် ခန့်​သေ​လေ​သည်။-
31 Então os filhos de Benjamim saíram ao encontro do povo, e desviaram-se da cidade; e começaram a ferir alguns do povo, atravessando-os, como das outras vezes, pelos caminhos (um dos quais sobe para Betel, e o outro para Gibeá pelo campo), uns trinta dos homens de Israel.
32 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က``ငါ​တို့​သည်​ရှေး နည်း​တူ​ပင်​သူ​တို့​အား​နှိမ်​နင်း​လိုက်​လေ​ပြီ'' ဟု​ဆို​ကြ​၏။
32 Então os filhos de Benjamim disseram: Estão derrotados diante de nós como dantes. Porém os filhos de Israel disseram: Fujamos, e desviemo-los da cidade para os caminhos.
33 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင် မ​တပ်​ကြီး​သည် ဆုတ်​ခွာ​၍ ဗာ​လ​တာ​မာ​မြို့​၌ ပြန်​လည်​စု​ရုံး​မိ​သော​အ​ခါ ဂိ​ဗာ​မြို့​ကို​ဝိုင်း​ရံ ထား​သော​တပ်​ပုန်း​သည် မိ​မိ​တို့​ပုန်း​အောင်း​ရာ ကျောက်​ပေါ​များ​သည့်​မြို့​ပတ်​လည်​အ​ရပ်​မှ ရုတ်​တ​ရက်​ထွက်​လာ​ကြ​၏။-
33 Então todos os homens de Israel se levantaram do seu lugar, e ordenaram a peleja em Baal-Tamar; e a emboscada de Israel saiu do seu lugar, da caverna de Gibeá.
34 ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​မှ​လက်​ရွေး​စင်​လူ​တစ် သောင်း​တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ကြ​လေ​သည်။ တိုက်​ပွဲ​မှာ​ပြင်း​ထန်​လှ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ရ​တော့​မည့် အ​ဖြစ်​ကို​မ​ရိပ်​မိ​ကြ​ချေ။-
34 E dez mil homens escolhidos de todo o Israel vieram contra Gibeá, e a peleja se agravou; porém eles não sabiam o mal que lhes tocaria.
35 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဗင်္ယာ​မိန်​တပ်​အ​ပေါ်​တွင်​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ရန်​သူ​နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ ကို​လုပ်​ကြံ​သတ်​ဖြတ်​လိုက်​ကြ​၏။-
35 Então feriu o Senhor a Benjamim diante de Israel; e destruíram os filhos de Israel, naquele dia, vinte e cinco mil e cem homens de Benjamim, todos dos que tiravam a espada.
36 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​အ​ရေး ရှုံး​နိမ့်​ကြ​သည်​ကို​သိ​မြင်​လာ​ကြ​၏။
36 E viram os filhos de Benjamim que estavam feridos; porque os homens de Israel deram lugar aos benjamitas, porquanto estavam confiados na emboscada que haviam posto contra Gibeá.
37 ထို​အ​ခါ​တပ်​ပုန်း​သည်​ဂိဗာ​မြို့​ထဲ​သို့​အ​လျင် အ​မြန်​ဝင်​ပြီး​လျှင် လူ​ဖြန့်​၍​ရှိ​သ​မျှ​သော​မြို့ သူ​မြို့​သား​တို့​အား​လုပ်​ကြံ​သတ်​ဖြတ်​ကြ​လေ သည်။-
37 E a emboscada se apressou, e acometeu a Gibeá; e a emboscada arremeteu contra ela, e feriu ao fio da espada toda a cidade.
38 ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊-
38 E os homens de Israel tinham um sinal determinado com a emboscada, que era fazer levantar da cidade uma grande nuvem de fumaça.
39 စစ်​မြေ​ပြင်​တွင်​ရှိ​နေ​ကြ​သော​ဣ​သ​ရေ​လ​တပ် သား​တို့​သည်​ထွက်​ပြေး​ရာ​မှ​လှည့်​၍​ပြန်​လာ​ရန် ဖြစ်​၏။ ယင်း​သို့​ထွက်​ပြေး​ဆုတ်​ခွာ​ချိန်​၌​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​တပ်​သား​သုံး ဆယ်​ကို​သတ်​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​က``ယ​ခု တစ်​ကြိမ်​လည်း​ရှေး​နည်း​တူ​ပင်​သူ​တို့​အ​ပေါ် ၌​ငါ​တို့​အ​နိုင်​ရ​လေ​ပြီ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
39 Viraram-se, pois, os homens de Israel na peleja; e já Benjamim começava a ferir, dos homens de Israel, quase trinta homens, pois diziam: Já infalivelmente estão derrotados diante de nós, como na peleja passada.
40 ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-
40 Então a nuvem de fumaça começou a se levantar da cidade, como uma coluna; e, virando-se Benjamim a olhar para trás de si, eis que a fumaça da cidade subia ao céu.
41 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-
41 E os homens de Israel viraram os rostos, e os homens de Benjamim pasmaram; porque viram que o mal lhes tocaria.
42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။-
42 E viraram as costas diante dos homens de Israel, para o caminho do deserto; porém a peleja os apertou; e os que saíam das cidades os destruíram no meio deles.
43 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ​တို့​အား ဝိုင်း​ရံ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​ရှေ့​ဘက်​သို့​တိုင်​အောင် မ​ရပ်​မ​နား​လိုက်​လံ​တိုက်​ခိုက်​သတ်​ဖြတ်​ကြ သ​ဖြင့်၊-
43 E cercaram aos de Benjamim, e os perseguiram, e à vontade os pisaram, até diante de Gibeá, para o nascente do sol.
44 ဗင်္ယာ​မိန်​အ​မျိုး​သား​လက်​ရွေး​စင်​တပ်​သား တစ်​သောင်း​ရှစ်​ထောင်​မျှ​ကျ​ဆုံး​လေ​သည်။-
44 E caíram de Benjamim dezoito mil homens, todos estes sendo homens valentes.
45 အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
45 Então viraram as costas, e fugiram para o deserto, à penha de Rimom; colheram ainda deles pelos caminhos uns cinco mil homens; e de perto os seguiram até Gidom, e feriram deles dois mil homens.
46 ထို​နေ့​၌​ဗင်္ယာ​မိန်​အ​မျိုး​သား​စု​စု​ပေါင်း​နှစ် သောင်း​ငါး​ထောင်​မျှ​သေ​ရ​ကြ​၏။ ထို​သူ​အား လုံး​ပင်​သူ​ရဲ​ကောင်း​များ​ဖြစ်​ကြ​သ​တည်း။
46 E, todos os que caíram de Benjamim, naquele dia, foram vinte e cinco mil homens que tiravam a espada, todos eles homens valentes.
47 သို့​ရာ​တွင်​လူ​ခြောက်​ရာ​တို့​သည်​တော​ကန္တာ​ရ​ရှိ ရိမ္မုန်​ကျောက်​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ လေ​သည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​လေး​လ မျှ​နေ​ကြ​၏။-
47 Porém seiscentos homens viraram as costas, e fugiram para o deserto, à penha de Rimom; e ficaram na penha de Rimom quatro meses.
48 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​၍ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ တိရစ္ဆာန်​အ​ပါ​အ​ဝင် ကျန်​ရှိ​နေ​သေး​သည့်​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ အား​သတ်​ပစ်​ကြ​လေ​သည်။ တွေ့​သ​မျှ​သော မြို့​တို့​ကို​လည်း​မီး​ရှို့​ကြ​၏။
48 E os homens de Israel voltaram para os filhos de Benjamim, e os feriram ao fio da espada, desde os homens da cidade até aos animais, até a tudo quanto se achava, como também a todas as cidades, quantas acharam, puseram fogo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Juízes 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.