Juízes 1

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။
1 Depois da morte de Josué, os israelitas perguntaram ao Senhor: "Quem de nós será o primeiro a atacar os cananeus? "
2 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​သည် ပ​ထ​မ​သွား​ရောက်​ရ​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​လက်​သို့​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။
2 O Senhor respondeu: "Judá será o primeiro; eu entreguei a terra em suas mãos".
3 ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊-
3 Então os homens de Judá disseram aos seus irmãos de Simeão: "Venham conosco ao território que nos foi designado por sorteio, e lutemos contra os cananeus. Iremos com vocês para o território que lhes foi dado". E os homens de Simeão foram com eles.
4 ယု​ဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင် ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​သူ​တို့​အား ခါ​နာန်​ပြည်​သား​များ​နှင့်​ဖေ​ရ​ဇိ​ပြည်​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဗေ​ဇက်​မြို့​တွင်​ရန်​သူ​တပ်​သား ပေါင်း​တစ်​သောင်း​ကို​တိုက်​ခိုက်​အောင်​မြင် လိုက်​ကြ​၏။-
4 Quando os homens de Judá atacaram, o Senhor entregou os cananeus e os ferezeus nas mãos deles, e eles mataram dez mil homens em Bezeque.
5 ထို​မြို့​တွင်​သူ​တို့​သည်​အ​ဒေါ​နိ​ဗေ​ဇက် မင်း​ကို​တွေ့​၍​သူ့​အား​တိုက်​ခိုက်​သဖြင့်၊-
5 Foi lá que encontraram Adoni-Bezeque, lutaram contra ele e derrotaram os cananeus e os ferezeus.
6 သူ​သည်​ထွက်​ပြေး​လေ​သည်။ သူ​တို့​သည်​ထို မင်း​အား​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် သူ​၏ လက်​မ​ခြေ​မ​များ​ကို​ဖြတ်​တောက်​ပစ် ကြ​၏။-
6 Adoni-Bezeque fugiu, mas eles o perseguiram e o prenderam, e lhe cortaram os polegares das mãos e dos pés.
7 အ​ဒေါ​နိ​ဗေ​ဇက်​က``ငါ​သည်​ဘု​ရင်​ခု​နစ်​ဆယ် တို့​အား​ခြေ​မ​လက်​မ​များ​ဖြတ်​တောက်​ပစ်​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စား​ပွဲ​အောက်​မှ​စား​ကြွင်း​စား ကျန်​များ​ကို​ကောက်​၍​စား​ခဲ့​ကြ​ရ​၏။ ယ​ခု​မှာ မူ​ဘု​ရား​သ​ခင်​သည် ထို​သူ​တို့​အား​ငါ​ပြု​ခဲ့ သည်​အ​တိုင်း​ငါ့​ကို​ပြု​တော်​မူ​လေ​ပြီ'' ဟု ဆို​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ခြင်း​ကို ခံ​ရ​ပြီး​လျှင်​ထို​မြို့​၌​ပင်​ကွယ်​လွန် သွား​လေ​၏။
7 Então Adoni-Bezeque disse: "Setenta reis com os polegares das mãos e dos pés cortados apanhavam migalhas debaixo da minha mesa. Agora Deus me retribuiu por aquilo que lhes fiz". Eles o levaram para Jerusalém, onde morreu.
8 ယု​ဒ​အ​နွယ်​ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​၏။ မြို့​သား​တို့​ကို သတ်​၍​မြို့​ကို​မီး​ရှို့​ကြ​လေ​သည်။-
8 Os homens de Judá atacaram também Jerusalém e a conquistaram. Mataram seus habitantes ao fio da espada e a incendiaram.
9 ထို​နောက်​တောင်​ကုန်း​ဒေ​သ​၌​လည်း​ကောင်း၊ တောင် ခြေ​ရင်း​ဒေ​သ​နှင့်​တောင်​ဘက်​သွေ့​ခြောက်​သည့် ဒေ​သ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​သော​ခါ​နာန် ပြည်​သား​တို့​အား​သွား​ရောက်​တိုက်​ခိုက်​ကြ​၏။-
9 Depois disso eles desceram para lutar contra os cananeus que viviam na serra, no Neguebe e na Sefelá.
10 ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။
10 Avançaram contra os cananeus que viviam em Hebrom, anteriormente chamada Quiriate-Arba, e derrotaram Sesai, Aimã e Talmai.
11 ထို​မှ​တစ်​ဖန်​ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ထို​စဉ် အခါ​က​ကိ​ရ​ယ​ဿေ​ဖာ​ဟု​နာ​မည်​တွင်​သည့် ဒေ​ဗိ​ရ​မြို့​သို့​ချီ​တက်​ကြ​၏။-
11 Dali avançaram contra o povo que morava em Debir, anteriormente chamada Quiriate-Sefer.
12 ထို​သူ​တို့​အ​နက်​ကာ​လက်​ဆို​သူ​က``ငါ​သည် ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​တိုက်​ခိုက်​အောင်​မြင် သော​သူ​အား​ငါ့​သ​မီး​အာ​ခ​သ​နှင့် ပေး​စား​မည်'' ဟု​ဆို​၏။-
12 E disse Calebe: "Darei minha filha Acsa em casamento ao homem que atacar e conquistar Quiriate-Sefer".
13 ယင်း​သို့​ဆို​သည်​အ​တိုင်း​သြ​သံ​ယေ​လ​သည် ထို မြို့​ကို​အောင်​မြင်​စွာ​တိုက်​ခိုက်​နိုင်​သည်​ဖြစ်​၍ ကာ​လက်​၏​သ​မီး​ကို​ရ​လေ​သည်။ သူ​သည် ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​ဖြစ်​သ​တည်း။-
13 Otoniel, filho de Quenaz, irmão mais novo de Calebe, conquistou a cidade; por isso Calebe lhe deu sua filha Acsa por mulher.
14 မင်္ဂ​လာ​ဆောင်​သော​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​တွင်​လယ်​မြေ တစ်​ကွက်​ကို​တောင်း​ခံ​စေ​၏။ အာ​ခ​သ​သည် မြည်း​အ​ပေါ်​မှ​ဆင်း​လိုက်​သော​အ​ခါ​ကာ​လက် က``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှင်၊-
14 Um dia, quando já vivia com Otoniel, ela o persuadiu a pedir um campo ao pai dela. Assim que ela desceu do jumento, Calebe lhe perguntou: "O que você quer? "
15 ``ကျွန်​မ​အား​ဖ​ခင်​ပေး​ထား​သည့်​မြေ​ယာ သည်​ခြောက်​သွေ့​သည့်​အ​ရပ်​တွင်​တည်​ရှိ​ပါ သည်။ သို့​ဖြစ်​၍​ကျွန်​မ​အား​စမ်း​ရေ​တွင်း​တို့ ကို​လည်း​ပေး​စေ​ချင်​ပါ​သည်'' ဟု​ဆို​၏။ ထို အ​ခါ​ကာ​လက်​သည်​သူ့​အား​အ​ထက်​စမ်း ရေ​တွင်း​များ​နှင့်​အောက်​စမ်း​ရေ​တွင်း​များ ကို​ပေး​လေ​သည်။
15 Ela respondeu: "Dê-me um presente. Já que o senhor me deu terras no Neguebe, dê-me também fontes de água". Assim Calebe lhe deu as fontes superiores e as inferiores.
16 မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-
16 Os descendentes do sogro de Moisés, o queneu, saíram da Cidade das Palmeiras com os homens de Judá e passaram a viver entre o povo do deserto de Judá, no Neguebe, perto de Arade.
17 ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ရှိ​မောင်​အ​နွယ်​ဝင် တို့​နှင့်​အ​တူ​လိုက်​၍ ဇေ​ဖတ်​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် နှိမ်​နင်း​လိုက်​ကြ​၏။ သူ​တို့​သည်​ထို​မြို့​ကို ကျိန်​ဆဲ​ကာ​ဖျက်​ဆီး​ပစ်​ပြီး​နောက်​ဟော်​မာ နာ​မည်​ဖြင့်​သ​မုတ်​ကြ​လေ​သည်။-
17 Depois os homens de Judá foram com seus irmãos de Simeão e derrotaram os cananeus que viviam em Zefate, e destruíram totalmente a cidade. Por essa razão ela foi chamada Hormá.
18 — ausente —
18 Os homens de Judá também conquistaram Gaza, Ascalom e Ecrom, com os seus territórios.
19 — ausente —
19 O Senhor estava com os homens de Judá. Eles ocuparam a serra central, mas não conseguiram expulsar os habitantes dos vales, pois estes possuíam carros de guerra feitos de ferro.
20 မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း​ကာ​လက်​သည် ဟေ​ဗြုန်​မြို့​ကို​ရ​ရှိ​လေ​သည်။ သူ​သည်​အာ​နက် မှ​ဆင်း​သက်​လာ​သော​သား​ချင်း​စု​သုံး​စု အား​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-
20 Conforme Moisés havia prometido, Hebrom foi dada a Calebe, que expulsou de lá os três filhos de Enaque.
21 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​မူ​ကား​ယေ​ရု​ရှ​လင် မြို့​တွင် နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ အား​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​မ​ပြု​ကြ​ချေ။ သို့ ဖြစ်​၍​ထို​အ​ချိန်​အ​ခါ​မှ​အ​စ​ပြု​၍​ယေ​ဗု​သိ အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ခဲ့ ကြ​သ​တည်း။
21 Já os benjamitas deixaram de expulsar os jebuseus que estavam morando em Jerusalém. Os jebuseus vivem ali com os benjamitas até o dia de hoje.
22 — ausente —
22 Os homens das tribos de José, por sua vez, atacaram Betel, e o Senhor estava com eles.
23 — ausente —
23 Enviaram espias a Betel, anteriormente chamada Luz.
24 မြို့​ထဲ​မှ​လူ​တစ်​ယောက်​ထွက်​လာ​သည်​ကို​မြင် ကြ​၏။ သူ​တို့​က​ထို​သူ​အား``မြို့​ထဲ​သို့​ဝင်​ရန် ငါ​တို့​အား​လမ်း​ပြ​မည်​ဆို​လျှင်​သင့်​ကို​ငါ တို့​အ​ဘယ်​သို့​မျှ​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ် ပါ'' ဟု​ပြော​ကြ​၏။-
24 Quando os espias viram um homem saindo da cidade disseram-lhe: "Mostre-nos como entrar na cidade, e nós lhe pouparemos a vida".
25 ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-
25 Ele mostrou como entrar, e eles mataram os habitantes da cidade ao fio da espada, mas pouparam o homem e toda a sua família.
26 ထို​သူ​သည်​ဟိတ္တိ​ပြည်​သို့​သွား​ပြီး​လျှင် မြို့ တစ်​မြို့​ကို​တည်​ထောင်​ကာ ထို​မြို့​ကို​လု​ဇ​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​သ​ဖြင့် ထို​မြို့​သည်​ယ​နေ့ တိုင်​အောင်​လု​ဇ​မြို့​ဟူ​၍​နာ​မည်​တွင်​လျက် ရှိ​သ​တည်း။
26 Ele foi, então, para a terra dos hititas, onde fundou uma cidade e lhe deu o nome de Luz, que é o seu nome até o dia de hoje.
27 မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှန်​မြို့၊ တာ​နက် မြို့၊ ဒေါ​ရ​မြို့၊ ဣ​ဗ​လံ​မြို့၊ မေ​ဂိဒ္ဒေါ​မြို့​တို့​နှင့်​ထို မြို့​တို့​၏​အ​နီး​ရှိ​မြို့​ရွာ​များ​မှ​လူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ရွာ​များ​၌​ပင်​ဆက်​လက် နေ​ထိုင်​ကြ​လေ​သည်။-
27 Manassés, porém, não expulsou o povo de Bete-Seã nem o de Taanaque nem o de Dor nem o de Ibleã nem o de Megido, nem tampouco o dos povoados ao redor dessas cidades, pois os cananeus estavam decididos a permanecer naquela terra.
28 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပို​၍​အင်​အား တောင့်​တင်း​လာ​သော​အ​ခါ ခါ​နာန်​အ​မျိုး​သား တို့​အား​ချွေး​တပ်​ဆွဲ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ အား​နှင်​ထုတ်​ခြင်း​ကို​မူ​မ​ပြု​ကြ။
28 Quando Israel se tornou forte, impôs trabalhos forçados aos cananeus, mas não os expulsou completamente.
29 ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​သည်​လည်း ဂေ​ဇာ​မြို့​တွင် နေ​ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​နှင် မ​ထုတ်​ဘဲ​နေ​ကြ​၏။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက်​လက်​နေ ထိုင်​ကြ​၏။
29 Efraim também não expulsou os cananeus que viviam em Gezer, mas os cananeus continuaram a viver entre eles.
30 ဇေ​ဗု​လုန်​အ​နွယ်​ဝင်​တို့​က​လည်း ကိ​တ​ရုန် မြို့​နှင့်​န​ဟာ​လော​လ​မြို့​တို့​တွင်​နေ​ထိုင်​သူ တို့​အား​နှင်​မ​ထုတ်​ဘဲ​နေ​ကြ​သ​ဖြင့် ခါ​နာန် အ​မျိုး​သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက် လက်​နေ​လျက်​သူ​တို့​၏​ချွေး​တပ်​ဆွဲ​ခြင်း ကို​ခံ​ရ​ကြ​၏။
30 Nem Zebulom expulsou os cananeus que viviam em Quitrom e em Naalol, mas estes permaneceram entre eles, e foram submetidos a trabalhos forçados.
31 အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​အက္ခော​မြို့၊ ဇိ​ဒုန်​မြို့၊ အာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊ ဟေ​လ​ဗ​မြို့၊ အာ​ဖိတ် မြို့၊ ရ​ဟော​ဘ​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။-
31 Nem Aser expulsou os que viviam em Aco, Sidom, Alabe, Aczibe, Helba, Afeque e Reobe,
32 ထို့​ကြောင့်​အာ​ရှာ​အ​မျိုး​သား​တို့​သည်​ယင်း ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား​တို့​နှင့်​အ​တူ နေ​ထိုင်​ရ​ကြ​၏။
32 e, por esse motivo, o povo de Aser vivia entre os cananeus que habitavam naquela terra.
33 န​ဿ​လိ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ ဗေ​သ​နတ်​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား​နှင် မ​ထုတ်​ကြ​ဘဲ ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ​ကာ​သူ​တို့​အား ချွေး​တပ်​ဆွဲ​ကြ​လေ​သည်။
33 Nem Naftali expulsou os que viviam em Bete-Semes e em Bete-Anate; mas o povo de Naftali também vivia entre os cananeus que habitavam a terra, e aqueles que viviam em Bete-Semes e em Bete-Anate passaram a fazer trabalhos forçados para eles.
34 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​ဒန်​အ​နွယ်​ဝင် တို့​အား တောင်​ကုန်း​ဒေ​သ​သို့​နှင်​ထုတ်​လိုက်​ကြ ပြီး​လျှင်​ချိုင့်​ဝှမ်း​ဒေ​သ​သို့​ပြန်​လာ​ခွင့်​မ​ပြု ကြ။-
34 Os amorreus confinaram a tribo de Dã à serra central, não permitindo que descessem ao vale.
35 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့​နှင့်​ဟေ​ရက်​တောင်​စ​ခန်း​မြို့​တို့ တွင်​ဆက်​လက်​နေ​ထိုင်​ကြ​၏။ သို့​ရာ​တွင်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​သူ တို့​အား​ဆက်​လက်​အုပ်​စိုး​၍​ချွေး​တပ်​ဆွဲ​ကြ လေ​သည်။
35 E os amorreus igualmente estavam decididos a resistir no monte Heres, em Aijalom e em Saalbim, mas, quando as tribos de José ficaram mais poderosas, eles também foram submetidos a trabalhos forçados.
36 သေ​လ​မြို့​၏​မြောက်​ဘက်​တွင်​ဧ​ဒုံ​ပြည်​နယ် နိ​မိတ်​သည် အ​က​ရဗ္ဗိမ်​တောင်​ကြား​လမ်း​ကို ဖြတ်​၍​သွား​သ​တည်း။
36 A fronteira dos amorreus ia da subida de Acrabim até Selá, e mais adiante.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Juízes 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.