Juízes 17
Common Language Bible (MYA) vs NTLH
1 အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။-
1 Havia um homem chamado Mica, que morava na região montanhosa de Efraim.
2 သူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။
2 Ele disse à sua mãe: — Quando roubaram aquelas suas mil e cem barras de prata, a senhora amaldiçoou o ladrão. Eu ouvi a senhora fazer isso. Sabe de uma coisa? A prata está comigo. Fui eu que roubei. A sua mãe disse: — Que o
3 သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
3 Então ele devolveu à sua mãe as mil e cem barras de prata. E ela disse: — Meu filho, para tirar a maldição de cima de você, vou dar esta prata como oferta ao
4 သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။
4 Mas o filho tornou a devolver a prata à sua mãe. Então ela pegou duzentas barras de prata e entregou a um ourives. Ele fez um ídolo de madeira e o folheou com a prata. E o ídolo foi colocado na casa de Mica.
5 ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
5 Mica fez uma capela. Ele fez outros ídolos e também uma roupa de sacerdote. Separou um dos seus filhos para ser o seu sacerdote.
6 ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
6 Naquele tempo não havia rei em Israel, e cada um fazia o que bem queria.
7 ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
7 Um rapaz estava passando uns tempos na cidade de Belém de Judá. Ele era levita .
8 အခြားတစ်မြို့တစ်ရွာသို့သွားရောက်နေထိုင် ရန်ဗက်လင်မြို့မှထွက်ခွာလာစဉ် ဧဖရိမ် တောင်ကုန်းဒေသရှိမိက္ခာ၏အိမ်သို့ရောက် ရှိလာလေသည်။-
8 Esse moço saiu de Belém, procurando um lugar para morar. E, viajando pela região montanhosa de Efraim, chegou à casa de Mica.
9 မိက္ခာက``သင်သည်အဘယ်အရပ်မှလာသနည်း'' ဟုမေး၏။ သူက``အကျွန်ုပ်သည်ယုဒပြည်ဗက် လင်မြို့မှလေဝိအမျိုးသားဖြစ်၍နေထိုင်ရန် အရပ်ကိုရှာနေသူဖြစ်ပါသည်'' ဟုပြန်ပြော လေသည်။
9 E Mica lhe perguntou: — De onde você vem? E o moço respondeu: — Eu sou levita, de Belém, da região de Judá, e estou procurando um lugar para morar.
10 မိက္ခာကလည်း``အကျွန်ုပ်နှင့်အတူနေပါလော့။ အကျွန်ုပ်အားအကြံဉာဏ်ပေးသူ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်အဖြစ်ဖြင့်နေပါလော့။ သင့် အားတစ်နှစ်လျှင်ငွေဒင်္ဂါးတစ်ဆယ်နှင့်ဝတ်စုံ ကိုလည်းကောင်း၊ အစားအစာကိုလည်းကောင်း အကျွန်ုပ်ထောက်ပံ့ပါမည်'' ဟုဆိုလေသော်၊-
10 — Fique comigo — disse Mica — e seja o meu conselheiro e sacerdote. Eu lhe darei dez barras de prata por ano, roupa e comida.
11 လေဝိလူငယ်သည်မိက္ခာနှင့်အတူနေထိုင် ရန်သဘောတူလိုက်၏။ သူသည်မိက္ခာ၏သား သဖွယ်အတူနေထိုင်လေသည်။
11 Então o jovem levita concordou em ficar com Mica e ficou sendo como um filho para ele.
12 မိက္ခာသည်သူ့အားမိမိ၏ယဇ်ပုရောဟိတ်အဖြစ် ဖြင့်ခန့်ထားသဖြင့် သူသည်မိက္ခာ၏အိမ်၌နေထိုင် လေသည်။-
12 Assim Mica o escolheu para ser o seu sacerdote, e o rapaz ficou morando na sua casa.
13 မိက္ခာကလည်း``ယခုငါသည်လေဝိအမျိုးသား တစ်ဦးအား မိမိ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ရရှိထားလေပြီ။ ထို့ကြောင့်ထာဝရဘုရား သည်အစစအရာရာ၌ ငါ့အားတိုးတက် အောင်မြင်စေတော်မူလိမ့်မည်'' ဟုဆို၏။
13 E Mica disse: — Eu sei que agora o
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Juízes 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.