Juízes 16

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည် ဖိ​လိတ္တိ​အ​မျိုး​သား တို့​နေ​ထိုင်​ရာ​ဂါ​ဇ​မြို့​သို့​သွား​ရောက်​၏။ ထို မြို့​တွင်​ပြည့်​တန်​ဆာ​မ​တစ်​ဦး​ကို​တွေ့​၍​သူ နှင့်​အိပ်​စက်​လေ​သည်။-
1 Sansão foi a Gaza, e viu ali uma prostituta, e entrou a ela.
2 ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-
2 E foi dito aos gazitas: Sansão entrou aqui. Cercaram-no, pois, e de emboscada à porta da cidade o esperaram toda a noite; assim ficaram quietos a noite toda, dizendo: Quando raiar o dia, matá-lo-emos.
3 သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။
3 Mas Sansão deitou-se até a meia-noite; então, levantando-se, pegou nas portas da entrada da cidade, com ambos os umbrais, arrancou-as juntamente com a tranca e, pondo-as sobre os ombros, levou-as até o cume do monte que está defronte de Hebrom.
4 ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-
4 Depois disto se afeiçoou a uma mulher do vale de Soreque, cujo nome era Dalila.
5 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။
5 Então os chefes dos filisteus subiram a ter com ela, e lhe disseram: Persuade-o, e vê em que consiste a sua grande força, e como poderemos prevalecer contra ele e amarrá-lo, para assim o afligirmos; e te daremos, cada um de nós, mil e cem moedas de prata.
6 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။
6 Disse, pois, Dalila a Sansão: Declara-me, peço-te, em que consiste a tua grande força, e com que poderias ser amarrado para te poderem afligir.
7 ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။
7 Respondeu-lhe Sansão: Se me amarrassem com sete cordas de nervos, ainda não secados, então me tornaria fraco, e seria como qualquer outro homem.
8 သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။-
8 Então os chefes dos filisteus trouxeram a Dalila sete cordas de nervos, ainda não secados, com as quais ela o amarrou.
9 သူ​မ​သည်​အ​ခြား​အ​ခန်း​တစ်​ခု​ထဲ​၌​လူ အ​ချို့​ကို​စောင့်​၍​နေ​စေ​ပြီး​လျှင်``ရှံ​ဆုန်၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​ထို​လေး​ကြိုး​တို့​ကို​မီး ထိ​သည့်​ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​ပစ်​လိုက် လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​ခွန်​အား ကြီး​ရ​ခြင်း​၏​လျှို့​ဝှက်​ချက်​ကို​မ​သိ​နိုင် ကြ​သေး​ပေ။
9 Ora, tinha ela em casa uns espias sentados na câmara interior. Então ela disse: Os filisteus vêm sobre ti, Sansão! E ele quebrou as cordas de nervos, como se quebra o fio da estopa ao lhe chegar o fogo. Assim não se soube em que consistia a sua força.
10 ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ အား​မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လေ ပြီ။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား​နိုင် မည်​ကို​ကျွန်​မ​အား​ကျေး​ဇူး​ပြု​၍​ပြော​ပြ ပါ'' ဟု​ဖြား​ယောင်း​ပြော​ဆို​၏။
10 Disse, pois, Dalila a Sansão: Eis que zombaste de mim, e me disseste mentiras; declara-me agora com que poderia ser a amarrado.
11 သူ​က​လည်း``ငါ့​အား​တစ်​ကြိမ်​တစ်​ခါ​မျှ အ​သုံး​မ​ပြု​ရ​သေး​သည့်​ကြိုး​သစ်​များ​ဖြင့် ချည်​နှောင်​မည်​ဆို​လျှင် ငါ​သည်​အ​ခြား​သူ များ​ကဲ့​သို့​ပင်​အား​လျော့​ပေ​အံ့'' ဟု​ပြန် ပြော​၏။
11 Respondeu-lhe ele: Se me amarrassem fortemente com cordas novas, que nunca tivessem sido usadas, então me tornaria fraco, e seria como qualquer outro homem.
12 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။
12 Então Dalila tomou cordas novas, e o amarrou com elas, e disse-lhe: Os filisteus vêm sobre ti, Sansão! E os espias estavam sentados na câmara interior. Porém ele as quebrou de seus braços como a um fio.
13 ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။
13 Disse Dalila a Sansão: Até agora zombaste de mim, e me disseste mentiras; declara-me pois, agora, com que poderia ser amarrado. E ele lhe disse: Se teceres as sete tranças da minha cabeça com os liços da teia.
14 ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။
14 Assim ela as fixou com o torno de tear, e disse-lhe: Os filisteus vêm sobre ti, Sansão! Então ele despertou do seu sono, e arrancou o torno do tear, juntamente com os liços da teia.
15 သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-
15 Disse-lhe ela: como podes dizer: Eu te amo! não estando comigo o teu coração? Já três vezes zombaste de mim, e ainda não me declaraste em que consiste a tua força.
16 — ausente —
16 E sucedeu que, importunando-o ela todos os dias com as suas palavras, e molestando-o, a alma dele se angustiou até a morte.
17 — ausente —
17 E descobriu-lhe todo o seu coração, e disse-lhe: Nunca passou navalha pela minha cabeça, porque sou nazireu de Deus desde o ventre de minha mãe; se viesse a ser rapado, ir-se-ia de mim a minha força, e me tornaria fraco, e seria como qualquer outro homem.
18 ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။-
18 Vendo Dalila que ele lhe descobrira todo o seu coração, mandou chamar os chefes dos filisteus, dizendo: Subi ainda esta vez, porque agora me descobriu ele todo o seu coração. E os chefes dos filisteus subiram a ter com ela, trazendo o dinheiro nas mãos.
19 ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။-
19 Então ela o fez dormir sobre os seus joelhos, e mandou chamar um homem para lhe rapar as sete tranças de sua cabeça. Depois começou a afligi-lo, e a sua força se lhe foi.
20 သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-
20 E disse ela: Os filisteus vêm sobre ti, Sansão! Despertando ele do seu sono, disse: Sairei, como das outras vezes, e me livrarei. Pois ele não sabia que o Senhor se tinha retirado dele.
21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-
21 Então os filisteus pegaram nele, arrancaram-lhe os olhos e, tendo-o levado a Gaza, amarraram-no com duas cadeias de bronze; e girava moinho no cárcere.
22 သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။
22 Todavia o cabelo da sua cabeça, logo que foi rapado, começou a crescer de novo:
23 ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-
23 Então os chefes dos filisteus se ajuntaram para oferecer um grande sacrifício ao seu deus Dagom, e para se regozijar; pois diziam: Nosso deus nos entregou nas mãos a Sansão, nosso inimigo.
24 — ausente —
24 semelhantemente o povo, vendo-o, louvava ao seu deus, dizendo: Nosso Deus nos entregou nas mãos o nosso inimigo, aquele que destruía a nossa terra, e multiplicava os nossos mortos.
25 — ausente —
25 E sucedeu que, alegrando-se o seu coração, disseram: Mandai vir Sansão, para que brinque diante de nós. Mandaram, pois, vir do cárcere Sansão, que brincava diante deles; e fizeram-no estar em pé entre as colunas.
26 ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။-
26 Disse Sansão ao moço que lhe segurava a mão: Deixa-me apalpar as colunas em que se sustém a casa, para que me encoste a elas.
27 ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။
27 Ora, a casa estava cheia de homens e mulheres; e também ali estavam todos os chefes dos filisteus, e sobre o telhado havia cerca de três mil homens e mulheres, que estavam vendo Sansão brincar.
28 ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။-
28 Então Sansão clamou ao Senhor, e disse: Ó Senhor Deus! lembra-te de mim, e fortalece-me agora só esta vez, ó Deus, para que duma só vez me vingue dos filisteus pelos meus dois olhos.
29 ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-
29 Abraçou-se, pois, Sansão com as duas colunas do meio, em que se sustinha a casa, arrimando-se numa com a mão direita, e na outra com a esquerda.
30 ``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။
30 E bradando: Morra eu com os filisteus! inclinou-se com toda a sua força, e a casa caiu sobre os chefes e sobre todo o povo que nela havia. Assim foram mais os que matou ao morrer, do que os que matara em vida.
31 ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။
31 Então desceram os seus irmãos e toda a casa de seu pai e, tomando-o, o levaram e o sepultaram, entre Zorá e Estaol, no sepulcro de Manoá, seu pai. Ele havia julgado a Israel vinte anos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Juízes 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.