Juízes 11

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 သူ​ရဲ​ကောင်း​တစ်​ဦး​ဖြစ်​သူ​ယေ​ဖ​သ​သည် ပြည့်​တန်​ဆာ​မ​တစ်​ယောက်​၏​သား​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဂိ​လဒ်​၌၊-
1 Jefté, da região de Gileade, era um soldado valente. O seu pai se chamava Gileade, e a sua mãe era uma prostituta.
2 မ​ယား​နှင့်​ရ​သော​သား​များ​လည်း​ရှိ​၏။ ထို သူ​တို့​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ ယေ ဖ​သ​အား​နေ​အိမ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ သူ​တို့​က``သင်​သည်​အ​ခြား​မိန်း​မ​နှင့်​ရ သော​သား​ဖြစ်​သ​ဖြင့် ငါ​တို့​ဖခင်​၏​အ​မွေ ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
2 A esposa de Gileade também teve filhos. Quando cresceram, eles expulsaram Jefté, dizendo: — Você não vai herdar nada do nosso pai porque é filho de outra mulher.
3 ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။
3 Jefté fugiu dos seus irmãos e foi morar na terra de Tobe. Lá alguns homens ordinários se juntaram a ele, e andavam juntos.
4 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​စစ်​ဖြစ်​ကြ​၏။-
4 Algum tempo depois os amonitas foram guerrear contra o povo de Israel.
5 ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-
5 Quando isso aconteceu, os chefes de Gileade foram buscar Jefté na terra de Tobe
6 သူ့​အား``အမ္မုန်​အ​မျိုး​သား​များ​ကို​တိုက်​ခိုက် ရန် ငါ​တို့​အား​ဦး​ဆောင်​ပါ'' ဟု​ပြော​ကြား ကြ​၏။
6 e disseram: — Venha com a gente e seja o nosso chefe na guerra contra os amonitas.
7 သို့​ရာ​တွင်​ယေ​ဖ​သ​က``သင်​တို့​သည်​ငါ့​ကို အ​လွန်​မုန်း​သ​ဖြင့်​အ​ဖ​အိမ်​မှ​နှင်​ထုတ်​ခဲ့ ကြ​၏။ ယ​ခု​ဒုက္ခ​ရောက်​သော​အ​ခါ​ကျ​မှ အ​ဘယ်​ကြောင့်​ငါ့​ထံ​သို့​လာ​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​သည်။
7 Jefté respondeu: — Eu sei que vocês me odeiam; e odeiam tanto, que me fizeram sair da casa do meu pai. Como é que vocês vêm me pedir ajuda, agora que estão em dificuldade?
8 သူ​တို့​သည်​ယေ​ဖ​သ​အား``ယ​ခု​သင့်​ထံ​သို့ ငါ​တို့​လာ​ကြ​သည်​မှာ​အမ္မုန်​အ​မျိုး​သား​တို့ အား ငါ​တို့​နှင့်​အ​တူ​သွား​ရောက်​တိုက်​ခိုက်​ရန် နှင့်​ဂိလဒ်​ပြည်​သား​အ​ပေါင်း​တို့​အား​ခေါင်း ဆောင်​စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။
8 — Nós viemos falar com você porque queremos que comande todo o povo de Gileade na luta contra os amonitas! — responderam eles.
9 ယေ​ဖ​သ​က``အ​ကယ်​၍​သင်​တို့​သည်​အမ္မုန် အ​မျိုး​သား​တို့​အား တိုက်​ခိုက်​ရန်​ငါ့​ကို​အိမ် သို့​ပြန်​လည်​ခေါ်​ဆောင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သည် ဆို​ပါ​လျှင် ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​လာ ရ​မည်'' ဟု​ပြန်​ပြော​လေ​သည်။
9 Jefté disse: — Se me levarem de volta para casa a fim de lutar contra os amonitas, e se o
10 ထို​သူ​တို့​က​လည်း``ငါ​တို့​သ​ဘော​တူ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​အ​သိ​သက်​သေ ပင်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​ကြ​၏။-
10 Eles responderam: — Sim. Nós faremos como você diz. O
11 ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။
11 Aí Jefté foi com os chefes de Gileade, e o povo o colocou como governador e chefe. E em Mispa, na presença do Senhor , Jefté fez o povo jurar que faria tudo o que havia sido dito.
12 ထို​နောက်​သူ​သည်​အမ္မုန်​ဘုရင်​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``သင်​နှင့်​ငါ​တို့​တွင်​အ​ဘယ် ရန်​စ​ရှိ​ပါ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့် ငါ​တို့​ပြည်​သို့​ချဉ်း​နင်း​ဝင်​ရောက်​ရ​ပါ သ​နည်း'' ဟု​မေး​၏။
12 Então Jefté enviou mensageiros ao rei dos amonitas. Os mensageiros disseram: — O que é que vocês têm contra mim? Por que invadiram o meu país?
13 အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။
13 O rei dos amonitas respondeu: — Quando os israelitas saíram do Egito, tomaram a minha terra, desde o rio Arnom até os rios Jaboque e Jordão. Agora, sem luta, vocês devem devolver a minha terra.
14 — ausente —
14 Jefté mandou outros mensageiros ao rei dos amonitas
15 — ausente —
15 com a seguinte resposta: — O povo de Israel não tomou a terra de Moabe nem a terra de Amom.
16 အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။-
16 Quando os israelitas saíram do Egito, foram pelo deserto até o golfo de Ácaba e daí até Cades.
17 ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-
17 Eles mandaram mensageiros ao rei dos edomitas, pedindo licença para passar pelas suas terras, mas ele não deixou. Então os israelitas pediram a mesma coisa ao rei de Moabe, porém ele também não deixou. Por isso os israelitas ficaram em Cades.
18 ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-
18 — Eles foram pelo deserto. Rodearam a terra dos edomitas e dos moabitas e chegaram até a parte leste de Moabe, no outro lado do rio Arnom. Acamparam ali, mas não atravessaram o rio porque estava na fronteira de Moabe.
19 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်​မြို့​ရှိ​အာ​မော​ရိ​လူ​မျိုး​တို့​၏ ဘု​ရင်၊ ရှိ​ဟုန်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်​သူ ၏​ပြည်​ကို​ဖြတ်​ကျော်​ကာ မိ​မိ​တို့​ပြည်​သို့ သွား​ရောက်​ခွင့်​ပြု​ရန်​ပန်​ကြား​လျှောက် ထား​ကြ​၏။-
19 Aí os israelitas mandaram mensageiros a Seom, o rei amorreu de Hesbom, e pediram licença para atravessar aquele país a fim de poderem chegar à sua terra.
20 သို့​ရာ​တွင်​ရှိ​ဟုန်​မင်း​က​ခွင့်​မ​ပြု​ချေ။ သူ သည်​မိ​မိ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို​စု​ရုံး စေ​ပြီး​လျှင် ယာ​ဟတ်​မြို့​သို့​လာ​ရောက်​စ​ခန်း ချ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တိုက်​ခိုက်​လေ​သည်။-
20 Mas Seom não deixou. Levou todo o seu exército, acampou em Jasa e atacou o povo de Israel.
21 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ရှိ​ဟုန်​မင်း​နှင့်​တပ်​မ တော်​ကို​နှိမ်​နင်း​အောင်​မြင်​ခွင့်​ပေး​တော်​မူ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို ပြည်​၌​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး​သား တို့​၏​နယ်​မြေ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​၏။-
21 Mas o Senhor , o Deus de Israel, fez com que os israelitas derrotassem Seom e todos os seus homens. E assim os israelitas conquistaram toda a terra que era dos amorreus.
22 သူ​တို့​သည်​တောင်​သို့​လား​သော်​အာ​နုန်​မြစ်၊ မြောက်​သို့​လား​သော်​ယဗ္ဗုတ်​မြစ်​တိုင်​အောင် လည်း​ကောင်း၊ အ​ရှေ့​သို့​လား​သော်​သဲ​ကန္တာ​ရ၊ အ​နောက်​သို့​လား​သော်​ယော်​ဒန်​မြစ်​တိုင်​အောင် လည်း​ကောင်း​အာ​မော​ရိ​နယ်​မြေ​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​၏။-
22 Tomaram toda a terra dos amorreus: desde o rio Arnom, ao Sul, até o rio Jaboque, ao Norte; e, desde o deserto, a Leste, até o rio Jordão, a Oeste.
23 သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အမ္မုန်​အ​မျိုး​သား တို့​အား​နှင်​ထုတ်​ပေး​တော်​မူ​သော​အ​ရှင်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။-
23 Assim, foi o Senhor , o Deus de Israel, quem expulsou os amorreus para o seu povo, os israelitas.
24 သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-
24 E agora vocês querem tentar tomar a terra de volta? Podem ficar com tudo o que Quemos, o deus de vocês, lhes deu. — Mas nós vamos ficar com tudo o que o
25 သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-
25 Você pensa que é melhor do que Balaque, filho de Zipor, que era rei de Moabe? Será que alguma vez ele desafiou Israel? Quando foi que ele guerreou contra nós?
26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။-
26 Durante trezentos anos o povo de Israel morou em Hesbom e Aroer. Morou também nas cidades vizinhas e em todas as outras cidades das margens do rio Arnom. Por que foi que vocês não tomaram essas cidades de volta durante todo esse tempo?
27 ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-''
27 Não! Eu não fiz nada de errado contra vocês. Vocês é que fazem mal, querendo lutar contra mim. O Senhor é o juiz. Ele decidirá hoje entre os israelitas e os amonitas.
28 သို့​ရာ​တွင်​အမ္မုန်​ဘု​ရင်​သည်​ယေ​ဖ​သ​ပြန် လည်​ဖြေ​ကြား​သော​စ​ကား​ကို​မည်​သို့​မျှ ပ​မာ​ဏ​မ​ပြု​ချေ။
28 Mas o rei dos amonitas não quis ouvir a mensagem que Jefté havia mandado.
29 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည် ယေ​ဖ​သ​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​နှင့်​မ​နာ ရှေ​ပြည်​တစ်​လျှောက်​သို့​သွား​ပြီး​လျှင် ဂိ​လဒ် ပြည်​မိ​ဇ​ပါ​မြို့​သို့​ပြန်​လာ​သည်။ ထို နောက်​အမ္မုန်​ပြည်​သို့​ချီ​တက်​လေ​၏။-
29 Então o Espírito do Senhor dominou Jefté, e ele atravessou Gileade e Manassés e voltou para Mispa, em Gileade. Dali foi para Amom
30 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဤ​သို့​သစ္စာ က​တိ​ပြု​၏။ ``အ​ကယ်​၍​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​အမ္မုန်​အ​မျိုး​သား​တို့​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်​ဆို​ပါ​က၊-
30 e prometeu ao Senhor o seguinte: — Se fizeres com que eu vença os amonitas,
31 အ​ကျွန်ုပ်​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​အိမ်​မှ ဦး​စွာ​ပ​ထ​မ​ထွက်​လာ​သူ​အား မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ဖြင့်​ကိုယ်​တော်​အား​ပူ​ဇော်​ဆက် သ​ပါ​မည်။''
31 eu queimarei em sacrifício aquele que sair primeiro da minha casa para me encontrar quando eu voltar da guerra. Eu o oferecerei em sacrifício a ti.
32 သို့​ဖြစ်​၍​ယေ​ဖ​သ​သည်​မြစ်​ကို​ကူး​ဖြတ် ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ရာ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​၏။-
32 Então Jefté atravessou o rio para lutar contra os amonitas, e o Senhor lhe deu a vitória.
33 သူ​သည်​ရန်​သူ​များ​ကို​အာ​ရော်​မြို့​မှ​အ​စ​ပြု ၍ မိန္နိတ်​မြို့​၏​ပတ်​ဝန်း​ကျင်​ဒေ​သ​တစ်​လျှောက် ရှိ​မြို့​ပေါင်း​နှစ်​ဆယ်​ကို​လည်း​ကောင်း၊ အာ​ဗေ လ​ခေ​ရ​မိမ်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း လိုက် လံ​တိုက်​ခိုက်​ရာ​လူ​သတ်​ပွဲ​ကြီး​ဖြစ်​ခဲ့​၏။ သို့ ဖြစ်​၍​အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရာ​တွင်​အ​ရေး ရှုံး​နိမ့်​သွား​လေ​၏။
33 Ele derrotou os amonitas desde Aroer até perto de Minite — vinte cidades ao todo — e continuou até Abel-Queramim. Houve uma grande matança, e os israelitas derrotaram os amonitas.
34 ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။-
34 Quando Jefté voltou para a sua casa, em Mispa, a sua filha saiu ao seu encontro, dançando e tocando pandeiro. Era filha única; ele não tinha mais nenhuma filha ou filho.
35 ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။
35 Quando Jefté a viu, ficou desesperado, rasgou as suas roupas e disse: — Ah! Minha filha! Você está partindo o meu coração! Por que tem de ser você quem me vai fazer sofrer? Eu fiz uma promessa a Deus, o
36 သူ​ငယ်​မ​က​လည်း``အ​ကယ်​၍​ဖ​ခင်​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြုထား​ပြီး​ပြီ​ဟု​ဆို လျှင် ထို​သစ္စာ​က​တိ​အ​တိုင်း​ကျွန်​မ​အား​ပြု ပါ​လေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖ​ခင်​အား​မိ​မိ ၏​ရန်​သူ​တို့​အ​ပေါ်​၌​လက်​စား​ချေ​ခွင့်​ကို ပေး​တော်​မူ​ပါ​ပြီ။-
36 Ela respondeu: — Se o senhor fez uma promessa ao
37 သို့​ရာ​တွင်​ကျွန်မ​တစ်​ခု​တောင်း​ခံ​ပါ​ရ​စေ။ ကျွန်​မ​သည်​အ​ပျို​စင်​ဘ​ဝ​ဖြင့်​အ​သက်​ကုန် ဆုံး​ရ​သည့်​အ​တွက် အ​ပေါင်း​အ​ဖော်​များ​နှင့် အ​တူ​တောင်​ရိုး​ပေါ်​တွင်​လှည့်​လည်​၍ ငို​ကြွေး မြည်​တမ်း​နိုင်​ရန်​နှစ်​လ​မျှ​ကျွန်​မ​အား လွတ်​လွတ်​လပ်​လပ်​နေ​ခွင့်​ပြု​ပါ'' ဟု​တောင်း ပန်​၏။-
37 E continuou: — Só peço uma coisa: deixe que eu vá com as minhas amigas pelos montes e chore durante dois meses porque nunca chegarei a ser mãe.
38 ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။-
38 E o pai deixou que ela fosse por dois meses. Então ela e as suas amigas saíram pelas montanhas, chorando porque ela nunca chegaria a ser mãe.
39 နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။
39 Depois dos dois meses, ela voltou para o pai. E ele fez o que havia prometido a Deus. Assim ela morreu virgem. Daí veio o costume de as mulheres israelitas
40 ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။
40 saírem durante quatro dias, todos os anos, para chorar pela filha de Jefté, o gileadita.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Juízes 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.