Juízes 10
Common Language Bible (MYA) vs ARIB
1 အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။-
1 Depois de Abimeleque levantou-se, para livrar a Israel, Tola, filho de Puva, filho de Dodó, homem de Issacar, que habitava em Samir, na região montanhosa de Efraim.
2 သူသည်ဣသရေလအမျိုးသားတို့၏ခေါင်း ဆောင်အဖြစ်ဖြင့် နှစ်ဆယ့်သုံးနှစ်မျှဆောင်ရွက် ပြီးနောက်ကွယ်လွန်သော် သူ၏ရုပ်အလောင်းကို ရှမိရမြို့၌သင်္ဂြိုဟ်ကြလေသည်။
2 Ele julgou a Israel vinte e três anos; e morreu, e foi sepultado em Samir.
3 တောလကွယ်လွန်ပြီးနောက်ဂိလဒ်ပြည်သား ယာဣရပေါ်ထွန်းလာ၍ ဣသရေလအမျိုး သားတို့အားနှစ်ဆယ့်နှစ်နှစ်တိုင်ခေါင်းဆောင် ရ၏။-
3 Depois dele levantou-se Jair, gileadita, que julgou a Israel vinte e dois anos.
4 သူ၌မြည်းတစ်ကောင်စီစီးသောသားသုံးကျိပ် ရှိ၏။ သူတို့သည်ဂိလဒ်ပြည်တွင်မြို့ပေါင်းသုံး ဆယ်ကိုအပိုင်စားရရှိကြလေသည်။ ထိုမြို့ တို့သည်`ယာဣရရွာများ' ဟူ၍ယနေ့တိုင် အောင်နာမည်တွင်လျက်ရှိနေသေးသတည်း။-
4 Ele tinha trinta filhos, que cavalgavam sobre trinta jumentos; e tinham estes trinta cidades, que se chamam Havote-Jair, até a dia de hoje, as quais estão na terra de Gileade.
5 ယာဣရကွယ်လွန်သောအခါသူ၏ရုပ် အလောင်းကိုကာမုန်မြို့၌သင်္ဂြိုဟ်ကြလေ သည်။
5 Morreu Jair, e foi sepultado em Camom.
6 ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
6 Então tornaram os filhos de Israel a fazer e que era mau aos olhos do Senhor, e serviram aos baalins, e às astarotes, e aos deuses da Síria, e aos de Sidom, e de Moabe, e dos amonitas, e dos filisteus; e abandonaram o Senhor, e não o serviram.
7 သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။-
7 Pelo que a ira do Senhor se acendeu contra Israel, e ele os vendeu na mão dos filisteus e na mão dos amonitas,
8 ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
8 os quais naquele mesmo ano começaram a vexá-los e oprimi-los. Por dezoito anos oprimiram a todos os filhos de Israel que estavam dalém do Jordão, na terra dos amorreus, que é em Gileade.
9 အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။
9 E os amonitas passaram o Jordão, para pelejar também contra Judá e Benjamim, e contra a casa de Efraim, de maneira que Israel se viu muito angustiado.
10 ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။
10 Então os filhos de Israel clamaram ao Senhor, dizendo: Pecamos contra ti, pois abandonamos o nosso Deus, e servimos aos baalins.
11 ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊-
11 O Senhor, porém, respondeu aos filhos de Israel: Porventura não vos livrei eu dos egípcios, dos amorreus, dos amonitas e dos filisteus?
12 ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။
12 Também os sidônios, os amalequitas e os maonitas vos oprimiram; e, quando clamastes a mim, não vos livrei da sua mão?
13 သို့သော်သင်တို့သည်ငါ့ကိုစွန့်ပယ်၍ အခြား ဘုရားတို့အားဝတ်ပြုရှိခိုးကြပြန်၏။ ထို့ ကြောင့်ငါသည်သင်တို့အားနောက်တစ်ဖန် ကယ်တော့မည်မဟုတ်။-
13 Contudo vós me deixastes a mim e servistes a outros deuses, pelo que não vos livrarei mais.
14 သင်တို့ရွေးချယ်ထားသည့်အခြားဘုရား များထံသို့သွား၍အော်ဟစ်ကြလော့။ သင် တို့ဒုက္ခရောက်ရာကာလ၌ထိုဘုရားတို့ သည်သင်တို့အားကယ်ဆယ်ပါလေစေ။''
14 Ide e clamai aos deuses que escolhestes; que eles vos livrem no tempo da vossa angústia.
15 သို့ရာတွင်ဣသရေလအမျိုးသားတို့က ထာဝရဘုရားအား``အကျွန်ုပ်တို့သည် အပြစ်ကူးလွန်မိကြပါပြီ။ ကိုယ်တော် အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့ ရာတွင်ယခုတစ်ကြိမ်သာလျှင် အကျွန်ုပ် တို့အားကယ်ဆယ်တော်မူပါ'' ဟုအသ နားခံကြ၏။-
15 Mas os filhos de Israel disseram ao Senhor: Pecamos; fazes-nos conforme tudo quanto te parecer bem; tão-somente te rogamos que nos livres hoje.
16 သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
16 E tiraram os deuses alheios do meio de si, e serviram ao Senhor, que se moveu de compaixão por causa da desgraça de Israel.
17 ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။-
17 Depois os amonitas se reuniram e acamparam em Gileade; também os filhos de Israel, reunindo-se, acamparam em Mizpá.
18 သူတို့က``ဤတိုက်ပွဲတွင်ငါတို့အားအဘယ် သူဦးဆောင်ပါမည်နည်း။ ဦးဆောင်မည့်သူ သည်ဂိလဒ်ပြည်သားအပေါင်းတို့၏ခေါင်း ဆောင်ဖြစ်လာစေရမည်'' ဟုမိမိတို့၏ ခေါင်းဆောင်များနှင့်အချင်းချင်းဆွေးနွေး တိုင်ပင်ကြ၏။
18 Então o povo, isto é, os príncipes de Gileade disseram uns aos outros: Quem será o varão que começará a peleja contra os amonitas? esse será o chefe de todos os habitantes de Gileade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Juízes 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.