Josué 9
Common Language Bible (MYA) vs ACF
1 ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
1 E sucedeu que, ouvindo isto todos os reis, que estavam aquém do Jordão, nas montanhas, e nas campinas, em toda a costa do grande mar, em frente do Líbano, os heteus, e os amorreus, os cananeus, os perizeus, os heveus, e os jebuseus,
2 သူတို့သည်ယောရှုနှင့်ဣသရေလအမျိုး သားတို့အား စုပေါင်း၍တိုက်ခိုက်ရန်သဘော တူကြ၏။
2 Se ajuntaram eles de comum acordo, para pelejar contra Josué e contra Israel.
3 ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
3 E os moradores de Gibeom, ouvindo o que Josué fizera com Jericó e com Ai,
4 သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-
4 Usaram de astúcia, e foram e se fingiram embaixadores, e levando sacos velhos sobre os seus jumentos, e odres de vinho, velhos, e rotos, e remendados;
5 သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-
5 E nos seus pés sapatos velhos e remendados, e roupas velhas sobre si; e todo o pão que traziam para o caminho era seco e bolorento.
6 ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။
6 E vieram a Josué, ao arraial, a Gilgal, e disseram a ele e aos homens de Israel: Viemos de uma terra distante; fazei, pois, agora, acordo conosco.
7 ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။
7 E os homens de Israel responderam aos heveus: Porventura habiteis no meio de nós; como pois faremos acordo convosco?
8 သူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော်၏အစေ ကိုခံပါမည်'' ဟုယောရှုအားပြန်ပြောကြ၏။
8 Então disseram a Josué: Nós somos teus servos. E disse-lhes Josué: Quem sois vós, e de onde vindes?
9 ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-
9 E lhe responderam: Teus servos vieram de uma terra mui distante, por causa do nome do Senhor teu Deus, porquanto ouvimos a sua fama, e tudo quanto fez no Egito;
10 ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-
10 E tudo quanto fez aos dois reis dos amorreus, que estavam além do Jordão, a Siom rei de Hesbom, e a Ogue, rei de Basã, que estava em Astarote.
11 သို့ဖြစ်၍အကျွန်ုပ်တို့၏ခေါင်းဆောင်များ နှင့်အမျိုးသားအပေါင်းတို့ကခရီးအတွက် ရိက္ခာယူဆောင်လျက် ကိုယ်တော်နှင့်တွေ့ဆုံရန် အကျွန်ုပ်တို့အားစေလွှတ်ကြပါသည်။ ကိုယ် တော်ထံ၌အညံ့ခံ၍ငြိမ်းချမ်းရေးတောင်း ဆိုရန်အကျွန်ုပ်တို့အားမှာကြားလိုက်ပါ သည်။-
11 Por isso nossos anciãos e todos os moradores da nossa terra nos falaram, dizendo: Tomai em vossas mãos provisão para o caminho, e ide-lhes ao encontro e dizei-lhes: Nós somos vossos servos; fazei, pois, agora acordo conosco.
12 အကျွန်ုပ်တို့၏နေအိမ်မှကိုယ်တော်ထံသို့ ခရီးစထွက်ချိန်တွင်ရိက္ခာများမှာပူနွေး လတ်ဆတ်လျက်ရှိခဲ့ပါသည်။ ယခုထိုရိက္ခာ များကိုကြည့်ပါ။ ခြောက်သွေ့၍မှိုတက်လျက် ရှိပါသည်။-
12 Este nosso pão tomamos quente das nossas casas para nossa provisão, no dia em que saímos para vir a vós; e ei-lo aqui agora já seco e bolorento;
13 စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
13 E estes odres, que enchemos de vinho, eram novos, e ei-los aqui já rotos; e estas nossas roupas e nossos sapatos já se têm envelhecido, por causa do mui longo caminho.
14 ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။-
14 Então os homens de Israel tomaram da provisão deles e não pediram conselho ao Senhor.
15 ယောရှုသည်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍သူတို့အားအသက်ချမ်းသာပေး လေ၏။ ဣသရေလအကြီးအကဲတို့ကလည်း ငြိမ်းချမ်းရေးစာချုပ်ကိုတည်စေမည်ဟုကတိ သစ္စာပြုကြ၏။
15 E Josué fez paz com eles, e fez um acordo com eles, que lhes daria a vida; e os príncipes da congregação lhes prestaram juramento.
16 ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုပြီးနောက်သုံးရက်ကြာ သောအခါထိုသူတို့သည် မိမိတို့အနီး အနားတွင်နေထိုင်သူများဖြစ်ကြောင်း ကြားသိရလေသည်။-
16 E sucedeu que, ao fim de três dias, depois de fazerem acordo com eles, ouviram que eram seus vizinhos, e que moravam no meio deles.
17 သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-
17 Porque, partindo os filhos de Israel, chegaram às cidades deles ao terceiro dia; e suas cidades eram Gibeom e Cefira, e Beerote, e Quiriate-Jearim.
18 သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။-
18 E os filhos de Israel não os feriram; porquanto os príncipes da congregação lhes juraram pelo Senhor Deus de Israel; por isso toda a congregação murmurava contra os príncipes.
19 ထိုအခါသူတို့က``ငါတို့သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကိုတိုင်တည်၍ ကတိသစ္စာပြုထား ပြီးဖြစ်ခြင်းကြောင့် သူတို့ကိုလက်ဖျား နှင့်ပင်မတို့နိုင်။-
19 Então todos os príncipes disseram a toda a congregação: Nós juramos-lhes pelo Senhor Deus de Israel, pelo que não lhes podemos tocar.
20 ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
20 Isto, porém, lhes faremos: conservar-lhes-emos a vida, para que não haja grande ira sobre nós, por causa do juramento que já lhes fizemos.
21 သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။
21 Disseram-lhes, pois, os príncipes: Vivam, e sejam rachadores de lenha e tiradores de água para toda a congregação, como os príncipes lhes disseram.
22 ယောရှုသည်ဂိဗောင်မြို့သားတို့ကိုဆင့်ခေါ် ၍``သင်တို့သည်ငါတို့အနီးတွင်နေထိုင်ပါ လျက်နှင့် ဝေးသောအရပ်မှလာသည်ဟု အဘယ်ကြောင့်ငါတို့ကိုလှည့်စားပြောဆို ကြပါသနည်း။-
22 E Josué os chamou, e falou-lhes dizendo: Por que nos enganastes dizendo: Mui longe de vós habitamos, morando vós no meio de nós?
23 ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
23 Agora, pois, sereis malditos; e dentre vós não deixará de haver servos, nem rachadores de lenha, nem tiradores de água, para a casa do meu Deus.
24 ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
24 Então responderam a Josué, e disseram: Porquanto com certeza foi anunciado aos teus servos que o Senhor teu Deus ordenou a Moisés, seu servo, que a vós daria toda esta terra, e destruiria todos os moradores da terra diante de vós, tememos muito por nossas vidas por causa de vós; por isso fizemos assim.
25 ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။-
25 E eis que agora estamos na tua mão; faze-nos aquilo que te pareça bom e reto.
26 ထိုကြောင့်ယောရှုသည်ဣသရေလအမျိုး သားတို့၏လက်ချက်ဖြင့် သေမည့်ဘေးမှ သူတို့ကိုကယ်ဆယ်လိုက်လေသည်။-
26 Assim pois lhes fez, e livrou-os das mãos dos filhos de Israel, e não os mataram.
27 တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။
27 E naquele dia, Josué os fez rachadores de lenha e tiradores de água para a congregação e para o altar do Senhor, até ao dia de hoje, no lugar que ele escolhesse.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.