Josué 8

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သင်​သည် စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​အ​တူ​အာ​ဣ​မြို့ သို့​ချီ​တက်​လော့။ မ​ကြောက်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ​သည်​သင့်​လက်​တွင်း​သို့​အာ​ဣ​မင်း​နှင့် တ​ကွ​ပြည်​သူ​ပြည်​သား​များ၊ သူ​၏​မြို့၊ သူ​၏​နယ်​မြေ​တို့​ကို​ပေး​အပ်​မည်။-
1 O Senhor disse em seguida a Josué: Não temas, nem tenhas cuidados. Toma contigo todos os guerreiros e sobe contra Hai. Eis que te entrego o rei de Hai, seu povo, sua cidade e sua terra.
2 သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။
2 Tratarás Hai e seu rei como fizeste com Jericó e seu rei; mas os despojos e os rebanhos reparti-los-eis entre vós. Põe uma emboscada por detrás da cidade.
3 သို့​ဖြစ်​၍​ယော​ရှု​သည်​စစ်​သူရဲ​အ​ပေါင်း​တို့​နှင့် အာ​ဣ​မြို့​သို့​ချီ​တက်​ရန်​အ​သင့်​ပြင်​လေ​သည်။ သူ​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ​သုံး​သောင်း​ကို ည​အ​ချိန်​၌​စေ​လွှတ်​၍၊-
3 Josué pôs-se a caminho com todos os guerreiros contra Hai. Escolheu trinta mil homens valentes e fê-los partir durante a noite.
4 ``သင်​တို့​သည်​မြို့​၏​အ​နောက်​ဘက်​မ​လှမ်း မ​ကမ်း​တွင်​ပုန်း​အောင်း​နေ​လော့။ မြို့​ကို​တိုက် ခိုက်​ရန်​အ​သင့်​ရှိ​နေ​ကြ​လော့။-
4 Deu-lhes esta ordem: Atenção! Ponde-vos em emboscada atrás da cidade, mas a pouca distância, e estai preparados.
5 ငါ​နှင့်​ငါ​၏​တပ်​သား​တို့​သည်​မြို့​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​မည်။ အာ​ဣ​မြို့​သား​တို့​သည် ငါ​တို့​အား​ထွက်​၍​တိုက်​ခိုက်​ကြ​သော​အ​ခါ ငါ​တို့​သည် ယ​ခင်​တစ်​ကြိမ်​က​ကဲ့​သို့​ဆုတ်​ခွာ ထွက်​ပြေး​ကြ​မည်။-
5 Eu e todo o povo que está comigo nos aproximaremos de Hai, e quando saírem ao nosso encontro como da primeira vez, nós fugiremos.
6 ထို​အ​ခါ​သူ​တို့​သည်​မြို့​မှ​ဝေး​ကွာ​သည့်​အ​ရပ် သို့​ရောက်​သည့်​တိုင်​အောင် ငါ​တို့​နောက်​သို့​လိုက်​လံ တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​တို့​ယ​ခင်​အ​တိုင်း ထွက်​ပြေး​ကြ​ပြီ​ဟု​သူ​တို့​ထင်​မှတ်​လိမ့်​မည်။-
6 Atraí-los-emos, em nossa perseguição, longe da cidade, pois dirão: ei-los que fogem diante de nós como da primeira vez.
7 ထို​အ​ခါ​သင်​တို့​ပုန်း​ကွယ်​ရာ​မှ​ထွက်​၍​မြို့ ကို​သိမ်း​ယူ​ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​သင်​တို့​လက် သို့​အပ်​တော်​မူ​မည်။-
7 Durante essa retirada, saireis de vossa emboscada e tomareis a cidade, que vos entregará o Senhor, vosso Deus.
8 သင်​တို့​သည်​မြို့​ကို​သိမ်း​ယူ​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မြို့​ကို​မီး ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
8 Depois que a tiverdes tomado, pôr-lhe-eis fogo segundo a palavra do Senhor. Estas são as minhas ordens.
9 ယော​ရှု​သည်​လက်​ရွေး​စင်​သူရဲ​တို့​ကို​စေ​လွှတ် သ​ဖြင့် သူ​တို့​သည်​ချီ​တက်​၍​အာ​ဣ​မြို့​အ​နောက် ဘက်​နှင့်​ဗေ​သ​လ​မြို့​စပ်​ကြား​တွင်​ပုန်း​အောင်း စောင့်​ဆိုင်း​နေ​ကြ​လေ​သည်။ ယော​ရှု​သည်​ထို ည​၌​စ​ခန်း​တွင်​နေ​၏။
9 Josué fê-los partir e eles se postaram em emboscada entre Betel e Hai, ao ocidente. Josué ficou aquela noite no meio do povo.
10 နံ​နက်​စော​စော​၌​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ စစ်​သူ​ရဲ​တို့ ကို​ဦး​ဆောင်​၍​အာ​ဣ​မြို့​သို့​ချီ​တက်​လေ​သည်။-
10 Josué levantou-se bem cedo e passou em revista a sua gente. À frente de sua tropa, subiu contra Hai com os anciãos de Israel.
11 သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​စစ်​သူ​ရဲ​တို့ သည် မြို့​တံ​ခါး​မ​ဘက်​သို့​ချီ​တက်​၍​မြောက် ဘက်​တွင်​စ​ခန်း​ချ​ကြ​သည်။ သူ​တို့​၏​စ​ခန်း နှင့်​မြို့​အ​ကြား​တွင်​ချိုင့်​ဝှမ်း​ရှိ​၏။-
11 Todos os guerreiros de que dispunha tinham também subido às proximidades. Chegados defronte da cidade, acamparam ao norte, tendo o vale entre eles e Hai.
12 သူ​သည်​စစ်​သူ​ရဲ​ငါး​ထောင်​ခန့်​ကို​မြို့​အ​နောက် ဘက် အာ​ဣ​မြို့​နှင့်​ဗေ​သ​လ​မြို့​အ​ကြား​တွင် ပုန်း​အောင်း​နေ​စေ​၏။-
12 Josué tomou cerca de cinco mil homens e os pôs de emboscada entre Betel e Hai, ao ocidente.
13 တပ်မ​ကို​မြို့​၏​အ​နောက်​ဘက်​တွင်​လည်း​ကောင်း တပ်​စွဲ​စေ​၏။ ထို​ည​၌​ယော​ရှု​သည်​ချိုင့်​ဝှမ်း ထဲ​သို့​ဆင်း​သွား​လေ​၏။-
13 Tendo o povo instalado todo o seu acampamento ao norte da cidade, e a emboscada ao ocidente, Josué avançou durante a noite pelo meio do vale.
14 အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-
14 Logo que o rei de Hai viu aquilo, saiu apressadamente da cidade com a sua gente, ao amanhecer, e veio ao encontro de Israel. O rei, seguido de todo o seu povo, saiu para um lugar combinado do lado da planície, ignorando que uma emboscada estava armada contra ele atrás da cidade.
15 ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​စစ်​ရှုံး ဟန်​ဆောင်​လျက် မြို့​ပြင်​ကွင်း​ထဲ​သို့​ထွက်​ပြေး လေ​၏။-
15 Josué e todo o Israel, fingindo bater em retirada, fugiram para os lados do deserto.
16 အာ​ဣ​မင်း​သည်​မြို့​တွင်း​ရှိ​ယောကျာ်း​အား​လုံး ကို​ဆင့်​ခေါ်​၍ ယော​ရှု​၏​တပ်​နောက်​သို့​လိုက်​စေ သ​ဖြင့်​သူ​တို့​သည်​မြို့​နှင့်​အ​လှမ်း​ကွာ​သော အ​ရပ်​သို့​ရောက်​လာ​ကြ​လေ​သည်။-
16 Então, com grandes clamores, toda a população da cidade precipitando-se ao encalço de Josué, juntou-se para persegui-los, e, afastou-se da cidade.
17 အာ​ဣ​မြို့​သား​အား​လုံး​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့ ထွက်​လိုက်​ကြ​ရာ​မြို့ ကို​ကာ​ကွယ်​မည့်​သူ​တစ်​ယောက်​မျှ​မ​ကျန် ရစ်​ချေ။
17 Não ficou um homem sequer em Hai que não saísse em perseguição de Israel. Até deixaram escancarada a cidade.
18 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား``သင်​၏​လှံ​ကို​အာ​ဣ​မြို့​ဘက်​သို့​ချိန် ရွယ်​လော့။ မြို့​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း၊-
18 O Senhor disse então a Josué: Levanta a lança que tens na mão contra Hai, porque eu ta entrego. E Josué levantou a sua lança contra a cidade.
19 ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-
19 Apenas tinha ele erguido a mão, levantaram-se subitamente os que estavam de emboscada e precipitaram-se sobre a cidade, ocupando-a e metendo-lhe fogo.
20 အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-
20 Os habitantes de Hai, voltando-se, viram que se elevava da cidade uma grande fumaça para o céu, e não puderam fugir para lado algum, porque o povo que dava mostras de fugir para o deserto voltou-se contra eles.
21 ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-
21 Josué e todo o Israel, vendo que os da emboscada tinham tomado a cidade e que dela subia fumaça, voltaram e feriram os habitantes de Hai.
22 — ausente —
22 E, tendo os outros saído da cidade ao seu encontro, viram-se os inimigos cercados de um lado e de outro pelos israelitas, e foram feridos, de modo que não ficou sobrevivente algum, e não houve sequer um fugitivo.
23 — ausente —
23 O rei de Hai foi capturado vivo e conduzido a Josué.
24 ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-
24 Terminado o massacre dos habitantes de Hai, tanto no campo como no deserto, aonde tinham vindo em perseguição dos israelitas, depois que todos foram passados ao fio da espada, os vencedores voltaram à cidade e mataram toda a população.
25 — ausente —
25 O total dos que morreram naquele dia, entre homens e mulheres, foi de doze mil, todos da cidade de Hai.
26 — ausente —
26 Josué não retirou a mão que ele tinha levantado com a sua lança, até que foram mortos todos os habitantes de Hai.
27 ယော​ရှု​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​သိုး​နွား​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း များ​ကို​မိ​မိ​တို့​အ​တွက်​သိမ်း​ယူ​ကြ​၏။-
27 Os israelitas só tomaram os rebanhos e o espólio da cidade, conforme o Senhor tinha ordenado a Josué.
28 ယော​ရှု​သည်​အာ​ဣ​မြို့​ကို​မီး​ရှို့​ဖျက်​ဆီး လိုက်​သ​ဖြင့် ယ​နေ့​တိုင်​မြို့​ပျက်​အ​ဖြစ် ကျန်​ရစ်​လေ​သည်။-
28 Josué pôs fogo à cidade de Hai e fez dela para sempre um montão de cinzas, que subsiste ainda hoje.
29 အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။
29 Mandou enforcar o rei de Hai em uma árvore, e deixou-o ali até a tarde. Ao pôr-do-sol, ordenou que se retirasse da árvore o cadáver e fosse lançado à entrada da cidade, pondo sobre ele um grande monte de pedras, que ali permanece até o dia de hoje.
30 ထို​နောက်​ယော​ရှု​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို တည်​လေ​၏။-
30 Então Josué construiu um altar ao Senhor, Deus de Israel, no monte Ebal,
31 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-
31 segundo a ordem que Moisés, servo do Senhor, tinha dado aos filhos de Israel, como está escrito no livro da Lei de Moisés. Construiu-o de pedras brutas ainda não tocadas pelo ferro. Ofereceram sobre ele holocaustos ao Senhor e sacrifícios de ação de graças.
32 ယော​ရှု​သည်​ကျောက်​များ​ပေါ်​တွင်​မော​ရှေ​ရေး ခဲ့​သော ပ​ညတ်​တ​ရား​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​မျက်​မှောက်​၌​ကူး​ရေး​လေ​သည်။-
32 Josué gravou em pedras uma cópia da lei que Moisés tinha escrito diante dos israelitas.
33 ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-
33 Todo o Israel, seus anciãos, seus oficiais e seus juízes conservaram-se de pé ao redor da arca, diante dos sacerdotes, dos levitas, que levavam a arca da aliança do Senhor. Ali estavam tanto os estrangeiros como os israelitas, metade deles do lado do monte Garizim, e metade do lado do monte Erbal, segundo a ordem antes dada por Moisés, servo do Senhor, para abençoar o povo de Israel.
34 ထို့​နောက်​ယော​ရှု​သည်​ပ​ညတ်​တ​ရား​ကျမ်း စာ​အုပ်​တွင်​ရေး​သား​ဖော်​ပြ​သည့်​ကောင်း​ချီး မင်္ဂ​လာ​နှင့် ကျိန်​စာ​များ​အ​ပါ​အ​ဝင်​တရား အ​လုံး​စုံ​တို့​ကို​အ​သံ​ကျယ်​စွာ​ဖြင့်​ဖတ် ရှု​လေ​၏။-
34 Depois disso, Josué leu todo o texto da lei, a bênção e a maldição, assim como estão escritas no livro da lei.
35 ယော​ရှု​သည်​အ​မျိုး​သ​မီး​နှင့်​က​လေး​များ၊ သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား များ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အမျိုး​သား အ​ပေါင်း​တို့​ရှေ့​၌​မော​ရှေ​ပေး​သော​ပညတ် ရှိ​သ​မျှ​ကို​ဖတ်​ရွတ်​လေ​သည်။
35 De tudo o que Moisés havia prescrito não se omitiu uma palavra sequer nessa leitura feita por Josué diante de toda a assembléia de Israel, mulheres, crianças e estrangeiros que ali se achavam misturados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Josué 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.