Josué 7
Common Language Bible (MYA) vs ARA
1 ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။)
1 Prevaricaram os filhos de Israel nas coisas condenadas; porque Acã, filho de Carmi, filho de Zabdi, filho de Zera, da tribo de Judá, tomou das coisas condenadas. A ira do Senhor se acendeu contra os filhos de Israel.
2 ယောရှုသည်ဗေသလမြို့အရှေ့ဘက်၊ ဗေသ ဝင်မြို့အနီးတွင်တည်ရှိသောအာဣမြို့ အခြေအနေကိုထောက်လှမ်းရန် လူအချို့ တို့ကိုယေရိခေါမြို့မှစေလွှတ်လိုက်လေ သည်။-
2 Enviando, pois, Josué, de Jericó, alguns homens a Ai, que está junto a Bete-Áven, ao oriente de Betel, falou-lhes, dizendo: Subi e espiai a terra. Subiram, pois, aqueles homens e espiaram Ai.
3 သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။-
3 E voltaram a Josué e lhe disseram: Não suba todo o povo; subam uns dois ou três mil homens, a ferir Ai; não fatigueis ali todo o povo, porque são poucos os inimigos.
4 ထို့ကြောင့်ဣသရေလအမျိုးသားသုံးထောင် ခန့်သည် မြို့ကိုချီတက်တိုက်ခိုက်ကြ၏။ သို့ ရာတွင်စစ်ရေးနိမ့်သဖြင့်ဆုတ်ခွာခဲ့ရ လေသည်။-
4 Assim, subiram lá do povo uns três mil homens, os quais fugiram diante dos homens de Ai.
5 အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။
5 Os homens de Ai feriram deles uns trinta e seis, e aos outros perseguiram desde a porta até às pedreiras, e os derrotaram na descida; e o coração do povo se derreteu e se tornou como água.
6 ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
6 Então, Josué rasgou as suas vestes e se prostrou em terra sobre o rosto perante a arca do Senhor até à tarde, ele e os anciãos de Israel; e deitaram pó sobre a cabeça.
7 ယောရှုက``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် တို့ကိုအဘယ်ကြောင့်ယော်ဒန်မြစ်ကိုဖြတ် ကူးစေတော်မူပါသနည်း။ အာမောရိအမျိုး သားတို့လက်သို့အပ်ရန်လော။ သေကြေပျက်စီး စေရန်လော။ အကျွန်ုပ်တို့သည်ယော်ဒန်မြစ်တစ် ဘက်ကမ်း၌သာနေထိုင်ခဲ့လျှင်ကောင်းပါ မည်။-
7 Disse Josué: Ah! Senhor Deus, por que fizeste este povo passar o Jordão, para nos entregares nas mãos dos amorreus, para nos fazerem perecer? Tomara nos contentáramos com ficarmos dalém do Jordão.
8 အို ထာဝရဘုရား၊ ဣသရေလအမျိုး သားတို့သည်ရန်သူများထံမှနောက်သို့ ဆုတ်ပြေးလာရပြီဖြစ်ခြင်းကြောင့် အကျွန်ုပ် သည်မည်သို့ပြောရပါမည်နည်း။-
8 Ah! Senhor, que direi? Pois Israel virou as costas diante dos seus inimigos!
9 ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
9 Ouvindo isto os cananeus e todos os moradores da terra, nos cercarão e desarraigarão o nosso nome da terra; e, então, que farás ao teu grande nome?
10 ထာဝရဘုရားသည်ယောရှုအား``ထလော့။ အဘယ်ကြောင့်မြေပေါ်တွင်ပျပ်ဝပ်၍နေ သနည်း။-
10 Então, disse o Senhor a Josué: Levanta-te! Por que estás prostrado assim sobre o rosto?
11 ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-
11 Israel pecou, e violaram a minha aliança, aquilo que eu lhes ordenara, pois tomaram das coisas condenadas, e furtaram, e dissimularam, e até debaixo da sua bagagem o puseram.
12 ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။-
12 Pelo que os filhos de Israel não puderam resistir aos seus inimigos; viraram as costas diante deles, porquanto Israel se fizera condenado; já não serei convosco, se não eliminardes do vosso meio a coisa roubada.
13 ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
13 Dispõe-te, santifica o povo e dize: Santificai-vos para amanhã, porque assim diz o Senhor , Deus de Israel: Há coisas condenadas no vosso meio, ó Israel; aos vossos inimigos não podereis resistir, enquanto não eliminardes do vosso meio as coisas condenadas.
14 သို့ဖြစ်၍နက်ဖြန်နေ့နံနက်၌သင်တို့သည် အနွယ်အလိုက်ထွက်လာကြရမည်။ မဲကျ သောအနွယ်သည်သားချင်းစုအလိုက်ရှေ့ သို့ထွက်လာရမည်။ မဲကျသောမိသားစု သည်တစ်ဦးချင်းရှေ့သို့ထွက်လာရမည်။-
14 Pela manhã, pois, vos chegareis, segundo as vossas tribos; e será que a tribo que o Senhor designar por sorte se chegará, segundo as famílias; e a família que o Senhor designar se chegará por casas; e a casa que o Senhor designar se chegará homem por homem.
15 ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။
15 Aquele que for achado com a coisa condenada será queimado, ele e tudo quanto tiver, porquanto violou a aliança do Senhor e fez loucura em Israel.
16 နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် ဣသရေလအမျိုးသားတို့အား အနွယ် အလိုက်ရှေ့တော်သို့ထွက်စေရာယုဒ အနွယ်မဲကျလေ၏။-
16 Então, Josué se levantou de madrugada e fez chegar a Israel, segundo as suas tribos; e caiu a sorte sobre a tribo de Judá.
17 ယုဒအနွယ်မှသားချင်းစုတို့ရှေ့တော်သို့ ထွက်လာသောအခါ ဇေရသားချင်းစုမဲကျ လေ၏။ ဇေရသားချင်းစုမှမိသားစုများ ရှေ့တော်သို့ထွက်စေရာဇာဗဒိမိသားစုကို မဲကျလေ၏။-
17 Fazendo chegar a tribo de Judá, caiu sobre a família dos zeraítas; fazendo chegar a família dos zeraítas, homem por homem, caiu sobre Zabdi;
18 ဇာဗဒိ၏မိသားစုမှတစ်ဦးချင်းရှေ့တော် သို့ထွက်လာစေသည့်အခါ အာခန်ဆိုသူ မဲကျလေ၏။ သူသည်ကာမိ၏သား၊ ဇာဗဒိ ၏မြေးဖြစ်သည်။-
18 e, fazendo chegar a sua casa, homem por homem, caiu sobre Acã, filho de Carmi, filho de Zabdi, filho de Zera, da tribo de Judá.
19 ယောရှုကသူ့အား``ငါ့သား၊ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်တွင်မှန်ရာကိုပြော၍ဝန်ခံ လော့။ သင်ပြုခဲ့သည့်အမှုကိုမထိမ်မချန် ဘဲငါ့အားထုတ်ဖော်ပြောကြားလော့'' ဟု ဆိုလေ၏။
19 Então, disse Josué a Acã: Filho meu, dá glória ao Senhor , Deus de Israel, e a ele rende louvores; e declara-me, agora, o que fizeste; não mo ocultes.
20 ထိုအခါအာခန်က``အကျွန်ုပ်သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားမိခဲ့ကြောင်းဝန်ခံပါ သည်။-
20 Respondeu Acã a Josué e disse: Verdadeiramente, pequei contra o Senhor , Deus de Israel, e fiz assim e assim.
21 အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။
21 Quando vi entre os despojos uma boa capa babilônica, e duzentos siclos de prata, e uma barra de ouro do peso de cinquenta siclos, cobicei-os e tomei-os; e eis que estão escondidos na terra, no meio da minha tenda, e a prata, por baixo.
22 ထိုအခါယောရှုသည်လူအချို့ကိုစေခိုင်း သဖြင့် သူတို့သည်အာခန်၏တဲသို့ပြေးသွား ကြ၏။ တဲအတွင်း၌အာခန်ထုတ်ဖော်ပြောပြ သည့်အတိုင်းဖျက်ဆီးရမည့်ပစ္စည်းများကို တွေ့ရကြလေသည်။-
22 Então, Josué enviou mensageiros que foram correndo à tenda; e eis que tudo estava escondido nela, e a prata, por baixo.
23 သူတို့သည်ထိုပစ္စည်းများကိုယောရှုနှင့်ဣသ ရေလအမျိုးသားအပေါင်းတို့ထံသို့ယူဆောင် ခဲ့၍ ထာဝရဘုရား၏ရှေ့တော်တွင်ချထား ကြသည်။-
23 Tomaram, pois, aquelas coisas do meio da tenda, e as trouxeram a Josué e a todos os filhos de Israel, e as colocaram perante o Senhor .
24 ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည်အာခန်နှင့်တကွငွေ၊ ဝတ်ရုံနှင့်ရွှေ ချောင်းကိုလည်းကောင်း၊ သူ၏သားသမီးများ၊ သိုး၊ နွား၊ မြည်း၊ တဲနှင့်သူပိုင်ပစ္စည်းရှိသမျှ တို့ကိုလည်းကောင်းဒုက္ခချိုင့်ဝှမ်းသို့ခေါ် ဆောင်သွားကြလေသည်။-
24 Então, Josué e todo o Israel com ele tomaram Acã, filho de Zera, e a prata, e a capa, e a barra de ouro, e seus filhos, e suas filhas, e seus bois, e seus jumentos, e suas ovelhas, e sua tenda, e tudo quanto tinha e levaram-nos ao vale de Acor.
25 ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-
25 Disse Josué: Por que nos conturbaste? O Senhor , hoje, te conturbará. E todo o Israel o apedrejou; e, depois de apedrejá-los, queimou-os.
26 သူ၏အလောင်းပေါ်တွင်ကျောက်ခဲပုံကြီး ကိုပုံထားကြ၏။ ထိုကျောက်ပုံကြီးကို ယနေ့တိုင်အောင်တွေ့မြင်နိုင်သည်။ ထိုအဖြစ် အပျက်ကိုအစွဲပြု၍ထိုအရပ်ကို`ဒုက္ခ ချိုင့်ဝှမ်း' ဟုယနေ့တိုင်ခေါ်တွင်ကြသည်။
26 E levantaram sobre ele um montão de pedras, que permanece até ao dia de hoje; assim, o Senhor apagou o furor da sua ira; pelo que aquele lugar se chama o vale de Acor até ao dia de hoje.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.