Josué 6
Common Language Bible (MYA) vs NVI
1 ဣသရေလအမျိုးသားများယေရိခေါမြို့ တွင်းသို့မဝင်နိုင်ရန်မြို့တံခါးများကိုပိတ် ၍ အစောင့်များချထားလေသည်။ မည်သူမျှ မြို့ကိုဝင်ထွက်သွားလာခြင်းမပြုနိုင်။-
1 Jericó estava completamente fechada por causa dos israelitas. Ninguém saía nem entrava.
2 ထာဝရဘုရားသည်ယောရှုအား``ငါသည် ယေရိခေါမြို့နှင့်တကွ မြို့ကိုအုပ်ချုပ်သော မင်းကြီးနှင့်သူရသတ္တိရှိသောစစ်သူရဲ အပေါင်းတို့ကို သင်၏လက်တွင်းသို့ကျ ရောက်စေမည်။-
2 Então o Senhor disse a Josué: "Saiba que entreguei nas suas mãos Jericó, seu rei e seus homens de guerra.
3 သင်နှင့်သင်၏စစ်သည်တို့သည်တစ်နေ့လျှင် တစ်ကြိမ်ကျဖြင့် ခြောက်ရက်တိုင်မြို့ကိုပတ် ၍ချီတက်ရကြမည်။-
3 Marche uma vez ao redor da cidade, com todos os homens armados. Faça isso durante seis dias.
4 ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည်တံပိုးခရာ တစ်လုံးစီကိုင်၍ ပဋိညာဉ်သေတ္တာတော်ရှေ့က သွားရမည်။ သတ္တမနေ့တွင်ယဇ်ပုရောဟိတ်တို့ သည်တံပိုးခရာမှုတ်၍ရှေ့ဆောင်လျက် သင်နှင့် သင်၏စစ်သည်တို့သည်မြို့ကိုခုနစ်ကြိမ် ပတ်ရကြမည်။-
4 Sete sacerdotes levarão cada um uma trombeta de chifre de carneiro à frente da arca. No sétimo dia, marchem todos sete vezes ao redor da cidade, e os sacerdotes toquem as trombetas.
5 ထိုနောက်ယဇ်ပုရောဟိတ်တို့တံပိုးခရာကို အသံရှည်ရှည်တစ်ချက်မှုတ်ရကြမည်။ ထို အချက်ပေးသံကိုကြားရလျှင် လူအပေါင်း တို့သည် အသံကျယ်စွာအော်ဟစ်ရကြမည်။ ထိုအခါမြို့ရိုးများပြိုကျသဖြင့်စစ်သည် တပ်သားအားလုံး မိမိတို့ရှိနေရာမှမြို့ တွင်းသို့အတားအဆီးမရှိဘဲဝင်ရောက် နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
5 Quando as trombetas soarem um longo toque, todo o povo dará um forte grito; o muro da cidade cairá e o povo atacará, cada um do lugar onde estiver".
6 ယောရှုသည်ယဇ်ပုရောဟိတ်များကိုခေါ်ပြီး လျှင်``ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြ လော့။ သင်တို့အနက်ခုနစ်ယောက်တို့သည် တံပိုးခရာများကိုကိုင်လျက် ပဋိညာဉ် သေတ္တာတော်ရှေ့ကသွားကြလော့'' ဟုမှာ ကြား၏။-
6 Josué, filho de Num, chamou os sacerdotes e lhes disse: "Levem a arca da aliança do Senhor. Sete de vocês levarão trombetas à frente da arca".
7 ရှေ့ဆုံးမှတပ်သားများ၊ ထိုနောက်ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်၊ နောက်ဆုံး တွင်လူတို့လိုက်ပါလျက် မြို့ကိုပတ်၍ချီ တက်ရန်ယောရှုအမိန့်ပေးလေ၏။-
7 E ordenou ao povo: "Avancem! Marchem ao redor da cidade! Os soldados armados irão à frente da arca do Senhor".
8 — ausente —
8 Quando Josué terminou de falar ao povo, os sete sacerdotes que levavam suas trombetas perante o Senhor saíram à frente, tocando as trombetas. E a arca da aliança do Senhor ia atrás deles.
9 — ausente —
9 Os soldados armados marchavam à frente dos sacerdotes que tocavam as trombetas, e o restante dos soldados seguia a arca. Durante todo esse tempo tocavam-se as trombetas.
10 ယောရှုကလူအပေါင်းတို့အား``ငါအမိန့် မပေးမီမည်သူမျှမအော်ဟစ်ရ။ စကား တစ်ခွန်းမျှမပြောရ'' ဟုမှာထားပြီး ဖြစ်၏။-
10 Mas, Josué tinha ordenado ao povo: "Não dêem o brado de guerra, não levantem a voz, não digam palavra alguma, até ao dia em que eu lhes ordenar. Então vocês gritarão! "
11 သို့ဖြစ်၍ယောရှုသည်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်အားမြို့ကို ပထမ အကြိမ်လှည့်ပတ်စေ၏။ ထိုနောက်သူတို့သည် စခန်းသို့ပြန်လာ၍တစ်ညတာရပ်နားကြ သည်။
11 Assim se fez a arca do Senhor rodear a cidade, dando uma volta em torno dela. Então o povo voltou para o acampamento, onde passou a noite.
12 နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။-
12 Josué levantou-se na manhã seguinte, e os sacerdotes levaram a arca do Senhor.
13 ရှေ့ဆုံးကတပ်သားများ၊ ထိုနောက်တံပိုးခရာ ခုနစ်လုံးကိုမှုတ်သောယဇ်ပုရောဟိတ်ခုနစ် ယောက်၊ သူတို့နောက်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပင့်ဆောင်သောယဇ်ပုရော ဟိတ်များနှင့်နောက်ဆုံးတပ်သားများလိုက် ပါချီတက်ကြ၏။ သူတို့ချီတက်နေစဉ် ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုမှုတ်ကြသည်။-
13 Os sete sacerdotes que levavam as trombetas iam adiante da arca do Senhor, tocando as trombetas. Os homens armados iam à frente deles, e o restante dos soldados seguia a arca do Senhor, enquanto as trombetas tocavam continuamente.
14 ဒုတိယနေ့၌သူတို့သည်တစ်ဖန်မြို့ကို တစ် ကြိမ်လှည့်ပတ်၍စခန်းသို့ပြန်လာကြလေ သည်။ သူတို့သည်ဤနည်းနှင်နှင်ခြောက်ရက် တိုင်တိုင်မြို့ကိုလှည့်ပတ်ကြသည်။
14 No segundo dia também rodearam a cidade uma vez, e voltaram ao acampamento. E durante seis dias repetiram aquilo.
15 သတ္တမနေ့နံနက်အရုဏ်တက်အချိန်၌သူတို့ သည်နိုးထ၍ ယခင်လှည့်ပတ်နည်းအတိုင်းမြို့ ကိုခုနစ်ကြိမ်လှည့်ပတ်ကြလေသည်။ ထိုနေ့၌ သာမြို့ကိုခုနစ်ကြိမ်တိုင်အောင်လှည့်ပတ်ကြ သည်။-
15 No sétimo dia, levantaram-se ao romper da manhã e marcharam da mesma maneira sete vezes ao redor da cidade; foi apenas nesse dia que rodearam a cidade sete vezes.
16 မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။-
16 Na sétima vez, quando os sacerdotes deram o toque de trombeta, Josué ordenou ao povo: "Gritem! O Senhor lhes entregou a cidade!
17 မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။-
17 A cidade, com tudo o que nela existe, será consagrada ao Senhor para destruição. Somente a prostituta Raabe e todos os que estão com ela em sua casa serão poupados, pois ela escondeu os espiões que enviamos.
18 သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။-
18 Mas fiquem longe das coisas consagradas, não se apossem de nenhuma delas, para que não sejam destruídos. Do contrário trarão destruição e desgraça ao acampamento de Israel.
19 ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။
19 Toda a prata, todo o ouro e todos os utensílios de bronze e de ferro são sagrados e pertencem ao Senhor e deverão ser levados para o seu tesouro".
20 ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-
20 Quando soaram as trombetas o povo gritou. Ao som das trombetas, e do forte grito, o muro caiu. Cada um atacou do lugar onde estava, e tomaram a cidade.
21 သူတို့သည်မြို့တွင်း၌ရှိသမျှသောယောကျာ်း၊ မိန်းမအကြီးအငယ်တို့ကိုလည်းကောင်း၊ သိုး၊ နွား၊ မြည်းတို့ကိုလည်းကောင်း၊ ဋ္ဌားဖြင့်သတ် ဖြတ်သုတ်သင်ကြ၏။
21 Consagraram a cidade ao Senhor, destruindo ao fio da espada homens, mulheres, jovens, velhos, bois, ovelhas e jumentos, todos os seres vivos que nela havia.
22 ထိုနောက်ယောရှုသည်ထိုပြည်ကိုထောက်လှမ်း ခဲ့သောသူလျှိုနှစ်ယောက်တို့အား``သင်တို့သည် ပြည့်တန်ဆာမအားကတိပေးခဲ့သည့်အတိုင်း သူ့အိမ်သူအိမ်သားတို့ကိုခေါ်ဆောင်ခဲ့လော့'' ဟု စေခိုင်းလေ၏။-
22 Josué disse aos dois homens que tinham espionado a terra: "Entrem na casa da prostituta e tirem-na de lá com todos os seus parentes, conforme o juramento que fizeram a ela".
23 ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။-
23 Então os jovens que tinham espionado a terra entraram e trouxeram Raabe, seu pai, sua mãe, seus irmãos e todos os seus parentes. Tiraram de lá todos os da sua família e os deixaram num local fora do acampamento de Israel.
24 ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။-
24 Depois incendiaram a cidade inteira e tudo o que nela havia, mas entregaram a prata, o ouro e os utensílios de bronze e de ferro ao tesouro do santuário do Senhor.
25 ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။)
25 Mas Josué poupou a prostituta Raabe, a sua família, e todos os seus pertences, pois ela escondeu os homens que Josué tinha enviado a Jericó como espiões. E Raabe vive entre os israelitas até hoje.
26 ထိုအခါယောရှုက``ယေရိခေါမြို့ကိုပြန် လည်တည်ဆောက်သောသူသည် ထာဝရ ဘုရား၏ကျိန်စာသင့်ပါစေသား။
26 Naquela ocasião Josué pronunciou este juramento solene: "Maldito seja diante do Senhor o homem que reconstruir esta cidade de Jericó: "Ao preço de seu filho mais velho lançará os alicerces da cidade; ao preço de seu filho mais novo porá suas portas! "
27 ထာဝရဘုရားသည်ယောရှုနှင့်အတူရှိ တော်မူ၍သူ၏နာမည်သည်တစ်ပြည်လုံး တွင်ထင်ရှားကျော်စောလေ၏။
27 Assim o Senhor esteve com Josué, cuja fama espalhou-se por toda a região.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.