Josué 22

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို​နောက်​ယော​ရှု​သည်​ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့ ဘက်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ် ပြီး​လျှင်၊-
1 Josué convocou os rubenitas, os gaditas e a meia tribo de Manassés:
2 ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​မိန့်​မှာ​သ​မျှ​ကို​ဆောင်​ရွက်​၍ ငါ​၏ အ​မိန့်​အား​လုံး​ကို​လည်း​လိုက်​နာ​ခဲ့​ကြ ပြီ။-
2 Observastes, disse-lhes ele, tudo o que vos ordenou Moisés, servo do Senhor, e obedecestes a todos os mandamentos que vos dei.
3 သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​ချင်း​တို့​ကို​သစ္စာ​ရှိ​ရှိ​ဖြင့်​ကူ​ညီ ခဲ့​ကြ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ခဲ့​ကြ​ပြီ။-
3 Durante todo esse tempo, até o dia de hoje, não abandonastes vossos irmãos, observando fielmente o mandamento do Senhor, vosso Deus.
4 ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-
4 Agora que o Senhor, vosso Deus, deu aos vossos irmãos o descanso que ele havia prometido, retomai o caminho de vossas tendas na terra que vos pertence, e que Moisés, servo do Senhor, vos deu além do Jordão.
5 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ကိုယ်​တော်​၏​ပညတ်​တော်​များ ကို​စောင့်​ထိန်း​လော့။ အ​လို​တော်​အ​တိုင်း​ကျင့် ၍​ကိုယ်​တော်​၏​သစ္စာ​ကို​စောင့်​ကြ​လော့။ အ​မှု တော်​ကို​ကိုယ်​စွမ်း၊ စိတ်​စွမ်း​ရှိ​သ​မျှ​ဖြင့် ဆောင်​ရွက်​ကြ​လော့​ဟူ​၍ မော​ရှေ​မိန့်​မှာ​ခဲ့ သည့်​အ​တိုင်း​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။-
5 Tende muito cuidado, no entanto, de pôr em prática os mandamentos e as leis que vos prescreveu Moisés, servo do Senhor: amar o Senhor, vosso Deus, andar em todos os seus caminhos, guardar os seus mandamentos e unir-vos a ele, servindo de todo o vosso coração e de toda a vossa alma.
6 — ausente —
6 Josué abençoou-os e os despediu, e eles voltaram para as suas tendas.
7 — ausente —
7 Ora, Moisés tinha dado a uma meia tribo de Manassés uma parte em Basã; por isso Josué deu à outra meia tribo uma parte entre seus irmãos ao ocidente, aquém do Jordão. Despedindo-os para as suas tendas, Josué deu-lhes esta bênção:
8 — ausente —
8 Voltais para vossas tendas com grandes riquezas - numerosos rebanhos, prata e ouro, bronze e ferro, e vestidos em grande quantidade - e reparti com vossos irmãos os despojos de vossos inimigos.
9 ထို့​ကြောင့်​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​တွင်​ရှိ​သော​ကျန်​အ​ခြား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ထွက်​ခွာ​၍ မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သည့်​အ​မိန့်​အ​ရ သူ​တို့​သိမ်း​ပိုက် ပြီး​သော​ဂိ​လဒ်​ပြည်​သို့​ပြန်​သွား​ကြ​၏။
9 Os filhos de Rubem, de Gad e da meia tribo de Manassés separaram-se dos israelitas em Silo, na terra de Canaã, e retomaram o caminho da terra de Galaad, terra cuja propriedade tinha recebido por mandamento do Senhor, transmitido a Moisés.
10 ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​နောက်​ဘက် ဂဲ​လိ​လော့​အ​ရပ်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မြစ်​အ​နီး​တွင်​ကြီး​ကျယ်​ခမ်း​နား​သော​ယဇ် ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-
10 E, tendo chegado aos distritos do Jordão, que pertencem à terra de Canaã, os filhos de Rubem, de Gad, da meia tribo de Manassés levantaram, ali junto ao Jordão, um enorme altar, que se podia ver de longe.
11 — ausente —
11 Os israelitas, tendo ouvido que os filhos de Rubem, de Gad e da meia tribo de Manassés tinham levantado um altar defronte da terra de Canaã, na região do Jordão do lado dos israelitas,
12 — ausente —
12 reuniram-se todos em Silo para irem combater contra eles.
13 ထို​နောက်​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​ကို​ဂိ​လဒ်​ပြည်​တွင်​ရှိ သော​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ထံ​သို့​စေ လွှတ်​ကြ​လေ​သည်။-
13 Enviaram aos filhos de Rubem, de Gad e da meia tribo de Manassés, na terra de Galaad, o sacerdote Finéias, filho de Eleazar,
14 အ​နွယ်​တစ်​နွယ်​စီ​မှ​မိ​သား​စု​ခေါင်း​ဆောင် တစ်​ဦး​ကျ၊ စု​စု​ပေါင်း​အ​ကြီး​အ​ကဲ​ဆယ် ဦး​တို့​သည်​ဖိ​န​ဟတ်​နှင့်​အ​တူ​လိုက် ပါ​သွား​ကြ​၏။-
14 juntamente com dez príncipes, chefes de casas patriarcais, um chefe por tribo, sendo todos chefes de casas patriarcais entre os milhares de Israel.
15 သူ​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်​ရှိ​လာ​ကြ​၍၊-
15 Estes, chegando junto aos filhos de Rubem, de Gad e da meia tribo de Manassés, na terra de Galaad, disseram-lhes:
16 ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တစ်​စု​လုံး​၏​ကိုယ် စား​သူ​တို့​အား ပြော​ကြား​သည်​မှာ``သင်​တို့​သည် အ​ဘယ်​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင်​၍ ဤ​မိုက်​မဲ သော​အ​မှု​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​သည် ဤ​ယဇ်​ပလ္လင်​ကို​တည်​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ကြ​ပြီ။ ကိုယ်​တော်​ကို ပစ်​ပယ်​ကြ​ပြီ​တ​ကား။-
16 Eis a mensagem da assembléia do Senhor: que infidelidade é essa que cometeis contra o Deus de Israel, desviando-vos hoje do Senhor e levantando um altar, o que é presentemente um ato de revolta contra ele?
17 ပေ​ဂု​ရ​အ​ရပ်​တွင်​ငါ​တို့​လွန်​ကူး​သော အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ လူ​မျိုး​တော်​အား​ကပ်​ရော​ဂါ​ဘေး​သင့်​စေ တော်​မူ​သည်​မ​ဟုတ်​လော။ ထို​အ​ပြစ်​၏​ဆိုး ကျိုး​ကို​ငါ​တို့​သည်​ခံ​နေ​ရ​ဆဲ​ဖြစ်​သည် မ​ဟုတ်​လော။ ထို​အ​ပြစ်​မျိုး​ကို​ထပ်​မံ ကူး​လွန်​ကြ​ဦး​မည်​လော။-
17 Porventura não nos basta o pecado de Fogor, do qual ainda hoje não estamos purificados, apesar do castigo que feriu a assembléia do Senhor? E vós vos desviais hoje do Senhor!
18 ကိုယ်​တော်​ကို​ယ​ခု​ပစ်​ပယ်​ကြ​မည်​လော။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယ​နေ့​ပုန်​ကန် လျှင်​နက်​ဖြန်​နေ့​၌​ကိုယ်​တော်​သည် ဣ​သ​ရေ​လ တစ်​မျိုး​သား​လုံး​ကို​အ​မျက်​ထွက်​တော်​မူ လိမ့်​မည်။-
18 Se vos revoltais hoje contra o Senhor, amanhã sua cólera se inflamará contra toda a assembléia de Israel.
19 သို့​ဖြစ်​၍​သင်​တို့​၏​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​မ​သင့်​လျော်​လျှင် တဲ​တော်​ရှိ ရာ​ပြည်​တော်​သို့​ကူး​လာ​၍​သင်​တို့​နေ​ထိုင် ရန်​နယ်​မြေ​ကို​ငါ​တို့​ထံ​မှ​တောင်း​ယူ​ကြ လော့။ သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​မှ​လွဲ​၍​အ​ခြား ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ခြင်း​အား​ဖြင့် ကိုယ် တော်​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပုန်​ကန် မှု​တွင်​ငါ​တို့​မ​ပါ​ဝင်​ပါ​ရ​စေ​နှင့်။-
19 Se julgais que a terra de vossa herança é impura, passai para a terra que é a propriedade do Senhor, onde se acha sua morada, e instalai-vos no meio de nós; mas não vos revolteis contra o Senhor, nem contra nós, construindo outro altar além do altar do Senhor, nosso Deus.
20 ဇေ​ရ​၏​သား​အာ​ခန်​သည်​ဖျက်​ဆီး​ပစ်​ရ မည့်​ပစ္စည်း​များ​နှင့်​စပ်​ဆိုင်​သော​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​အ​ပြစ်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော။ အာ​ခန်​၏​အ​ပြစ်​ကြောင့်​သူ​တစ်​ဦး​တည်း သာ​အ​သက်​သေ​ဆုံး​ခဲ့​ရ​သည်​မ​ဟုတ်'' ဟု ဆို​ကြ​၏။
20 Não houve uma explosão de cólera do Senhor contra toda a assembléia de Israel quando Acã, filho de Zaré, pecou contra o que estava votado ao interdito? E não foi só ele que pereceu por causa de seu crime.
21 ထို​အ​ခါ​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​က အ​နောက်​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင် တို့​အား၊-
21 Os filhos de Rubem, de Gad e da meia tribo de Manassés responderam aos chefes dos milhares de Israel:
22 ``တန်​ခိုး​ကြီး​သော​အ​ရှင်​သည်​ဘု​ရား​ဖြစ် တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ တန်​ခိုး​ကြီး​သော​အ​ရှင်​သည် ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​၏​ယဇ်​ပလ္လင်​ကို အ​ဘယ်​ကြောင့်​တည်​ရ​ကြောင်း​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ သင်​တို့​အား​လည်း​သိ​စေ​လို ပါ​သည်။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​၍ သစ္စာ​တော်​ကို​မ​စောင့်​ထိန်း​လျှင် အ​သက်​ချမ်း​သာ​ခွင့်​မ​ပေး​ပါ​နှင့်။-
22 Deus todo-poderoso, o Senhor Deus todo-poderoso, o Senhor sabe, e Israel o saiba: se foi por espírito de revolta e por infidelidade para com o Senhor, que ele não nos poupe neste dia!...
23 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ဘဲ​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ် သ​ကာ၊ မိတ်​သ​ဟာ​ယ​သ​ကာ​များ​ကို ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​ပါ​မူ ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​ငါ​တို့​အား​ဒဏ်​ခတ် တော်​မူ​ပါ​စေ။-
23 Se foi para desviar-nos do Senhor que levantamos um altar, e se foi para oferecermos sobre ele holocaustos, oblações e sacrifícios de ações de graças, o Senhor mesmo nos peça conta disso!
24 နောင်​အ​ခါ​၌​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့ က​ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်။-
24 Se o fizemos, foi antes por temor de que vossos filhos digam um dia aos nossos: Que tendes vós em comum com o Senhor, o Deus de Israel?
25 ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် များ​ဖြစ်​ကြ​သော​သင်​တို့​နှင့်​ငါ​တို့​ကို ယော်​ဒန်​မြစ်​အား​ဖြင့် ခွဲ​ခြား​ထား​တော်​မူ သည်။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်' ဟု​ဆို​သ​ဖြင့်​သင်​တို့ ၏​အ​ဆက်​အ​နွယ်​တို့​သည် ငါ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကိုး ကွယ်​ဘဲ​နေ​ရန်​တား​မြစ်​မည်​ကို​စိုး​ရိမ်​သော ကြောင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​ခြင်း​ဖြစ်​ပါ​သည်။-
25 O Senhor pôs o rio Jordão como fronteira entre nós e vós, ó filhos de Rubem e de Gad: não tendes parte com o Senhor. E desse modo vossos filhos poderiam afastar os nossos do culto do Senhor.
26 ငါ​တို့​သည်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ရ​ခြင်း မှာ ယဇ်​နှင့်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​ရန် အ​တွက်​မ​ဟုတ်​ပါ။-
26 Por isso combinamos entre nós: construamos um altar, não para holocaustos e sacrifícios,
27 ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-
27 mas para que seja um testemunho entre nós e vós, entre os nossos filhos e os vossos, de que prestamos culto ao Senhor em sua presença, oferecendo-lhe nossos holocaustos, nossos sacrifícios e nossas ações de graças, e para que os vossos filhos não digam amanhã aos nossos: vós não tendes parte com o Senhor.
28 အ​ကယ်​၍​ပြော​ခဲ့​သည်​ရှိ​သော်​ငါ​တို့​၏ အ​ဆက်​အ​နွယ်​တို့​က`ကြည့်​လော့၊ ငါ​တို့​၏ ဘိုး​ဘေး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင် ကဲ့​သို့​သော​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ခဲ့​ကြ​၏။ ထို​ယဇ်​ပလ္လင်​သည်​မီး​ရှို့​ရာ​သကာ​အ​စ​ရှိ သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန် မ​ဟုတ်။ သင်​တို့​၏​လူ​စု​နှင့်​ငါ​တို့​၏​လူ​စု အ​တွက်​သက်​သေ​အ​ထိမ်း​အ​မှတ်​သာ​ဖြစ် သည်' ဟု​ပြန်​ပြော​နိုင်​လိမ့်​မည်​ဟူ​၍​ထင် မြင်​ယူ​ဆ​ပါ​သည်။-
28 Se, pois, amanhã eles nos falassem assim, a nós ou aos nossos descendentes, poderíamos responder-lhes: vede a forma do altar do Senhor que nossos pais construíram, não para holocaustos e sacrifícios, mas para servir de testemunho entre nós e vós.
29 ငါ​တို့​သည်​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ်​သ​ကာ စ​သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန်​ယဇ် ပလ္လင်​တစ်​ခု​ကို​တည်​၍ ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​လျက်​ကိုယ်​တော်​ကို​ပစ်​ပယ်​ကြ​မည် မ​ဟုတ်​ပါ။ ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ရှေ့​တွင်​ရှိ​သော ယဇ်​ပလ္လင်​မှ​လွဲ​၍ အ​ခြား မည်​သည့်​ယဇ်​ပလ္လင်​ကို​မျှ​တည်​မည်​မ​ဟုတ်​ပါ'' ဟု ပြန်​ပြော​ကြ​လေ​သည်။
29 Longe de nós o pensamento de querer revoltar-nos contra o Senhor, desviando-nos hoje dele por termos construído um altar para holocaustos, oblações e sacrifícios, fora do altar que está diante da morada do Senhor, nosso Deus!
30 ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့်​တ​ကွ ဣ​သ​ရေ​လ အ​နောက်​ဘက်​အ​နွယ်​ဝင်​တို့​၏​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင်​ဆယ်​ဦး တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်၊ အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ပြော​ပြ​သ​မျှ​ကို ကြား​ရ​သော​အ​ခါ​ကျေ​နပ်​ဝမ်း​မြောက်​ကြ ၏။-
30 Tendo ouvido as palavras dos filhos de Rubem, de Gad e da meia tribo de Manassés, o sacerdote Finéias e os príncipes da assembléia, chefes dos milhares de Israel que o acompanhavam, deram-se por satisfeitos.
31 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​၏​သား ဖိ​န​ဟတ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို​ငါ​တို့​ယ​ခု​သိ ရ​ကြ​ပြီ။ ကိုယ်​တော်​အား​မ​ပုန်​ကန်​ခဲ့​ကြ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဒဏ်​ခတ်​တော်​မူ​ခြင်း မှ​လွတ်​မြောက်​ရ​ကြ​ပြီ'' ဟု​သူ​တို့​အား ဆို​၏။
31 Então o sacerdote Finéias, filho de Eleazar, disse aos filhos de Rubem, de Gad e de Manassés: Reconhecemos hoje que o Senhor está no meio de nós, visto que não cometestes esse pecado contra ele, e salvastes assim os israelitas da mão do Senhor!
32 ထို​နောက်​ဖိ​န​ဟတ်​နှင့်​အ​ကြီး​အ​ကဲ​တို့​သည် ရု​ဗင်​အ​နွယ်​ဝင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင် ရာ​ဂိ​လဒ်​ပြည်​မှ​ခါ​နာန်​ပြည်​သို့​ပြန်​ရောက် ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို​ပြန်​ကြား ကြ​လေ​သည်။-
32 O sacerdote Finéias, filho de Eleazar, deixando os filhos de Rubem e de Gad, voltou com os príncipes da terra de Galaad para a terra de Canaã, para junto dos israelitas, e fez-lhes um relatório de tudo.
33 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျေ​နပ်​ဝမ်း​မြောက်​လျက် ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​၏။ သူ​တို့​သည်​ရု​ဗင် အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​စစ်​ချီ​တိုက်​ခိုက်​ဖျက်​ဆီး​ရန်​မ​ကြံ​စည် ကြ​တော့​ချေ။-
33 Alegraram-se com isso, bendisseram a Deus e não pensaram mais em sair contra eles para devastar a terra habitada pelos filhos de Rubem e de Gad.
34 ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​ဤ​ယဇ်​ပလ္လင်​သည်​ငါ​တို့​၏​သက်​သေ​ဖြစ် ပါ​စေ​သော'' ဟု​ဆို​လျက်​ထို​ယဇ်​ပလ္လင်​ကို ``သက်​သေ'' ဟု​မှည့်​ခေါ်​ကြ​လေ​သ​တည်း။
34 Por isso os filhos de Rubem e de Gad chamaram ao altar que tinham construído Ed, porque, disseram eles, ele é testemunho entre nós de que o Senhor é o verdadeiro Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Josué 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.