Josué 1
Common Language Bible (MYA) vs NAA
1 ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
1 Depois que Moisés, servo do Senhor , morreu, o Senhor falou a Josué, filho de Num, auxiliar de Moisés, dizendo:
2 ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-
2 — Moisés, meu servo, está morto. Prepare-se, agora, e passe este Jordão, você e todo este povo, e entre na terra que eu vou dar aos filhos de Israel.
3 မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။-
3 Todo lugar em que puserem a planta do pé eu darei a vocês, como prometi a Moisés.
4 သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။-
4 O território de vocês irá desde o deserto e o Líbano até o grande rio, o rio Eufrates, estendendo-se através de toda a terra dos heteus e até o mar Grande, na direção do poente do sol.
5 ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
5 Ninguém poderá resistir a você todos os dias da sua vida. Assim como estive com Moisés, estarei com você. Não o deixarei, nem o abandonarei.
6 သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
6 Seja forte e corajoso, porque você fará este povo herdar a terra que, sob juramento, prometi dar aos pais deles.
7 အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
7 Tão somente seja forte e muito corajoso para que você tenha o cuidado de fazer segundo toda a Lei que o meu servo Moisés lhe ordenou. Não se desvie dela, nem para a direita nem para a esquerda, para que seja bem-sucedido por onde quer que você andar.
8 ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
8 Não cesse de falar deste Livro da Lei; pelo contrário, medite nele dia e noite, para que você tenha o cuidado de fazer segundo tudo o que nele está escrito; então você prosperará e será bem-sucedido.
9 သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
9 Não foi isso que eu ordenei? Seja forte e corajoso! Não tenha medo, nem fique assustado, porque o Senhor , seu Deus, estará com você por onde quer que você andar.
10 ထိုအခါယောရှုသည်ခေါင်းဆောင်များ ကိုဆင့်ခေါ်၍၊
10 Então Josué deu ordens aos chefes do povo, dizendo:
11 စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
11 — Passem pelo meio do arraial e ordenem ao povo, dizendo: “Preparem a comida, porque, daqui a três dias, vocês vão atravessar este Jordão, para que entrem na terra que o Senhor , seu Deus, lhes dá para que tomem posse dela.”
12 ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-
12 Josué falou aos rubenitas, aos gaditas e à meia tribo de Manassés, dizendo:
13 ``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-
13 — Lembrem-se do que Moisés, servo do Senhor , ordenou a vocês, dizendo: “O Senhor , seu Deus, está dando descanso a vocês e lhes dará esta terra.
14 သင်တို့၏သားမယား၊ သိုး၊ နွား၊ ဆိတ်စသော တိရစ္ဆာန်များသည်ဤအရပ်တွင်နေရစ်၍၊ သူ တို့အနက်လက်နက်ကိုင်နိုင်သူအမျိုးသား မှန်သမျှသည် အခြားဣသရေလအမျိုး သားချင်းတို့၏တပ်ဦးအဖြစ်မြစ်ကို အလျင်အမြန်ဖြတ်ကူးရမည်။-
14 Que as mulheres de vocês, as crianças e o gado fiquem na terra que Moisés lhes deu deste lado do Jordão. Mas vocês, todos os valentes, passarão armados na frente de seus irmãos e os ajudarão,
15 သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
15 até que o Senhor conceda descanso aos irmãos de vocês, como deu descanso a vocês, e eles também tomem posse da terra que o Senhor , o Deus de vocês, lhes dá. Depois, vocês poderão voltar e tomar posse da terra que Moisés, servo do Senhor , lhes deu por herança deste lado do Jordão, para o nascente do sol.”
16 ထိုသူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော် မှာကြားသမျှကိုလိုက်နာ၍ ကိုယ်တော် စေလွှတ်ရာအရပ်သို့သွားပါမည်။-
16 Eles responderam a Josué: — Tudo o que você nos ordenou faremos e aonde quer que você nos enviar iremos.
17 မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
17 Como em tudo obedecemos a Moisés, assim obedeceremos a você; tão somente esteja com você o Senhor , seu Deus, como esteve com Moisés.
18 ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။
18 Todo homem que se rebelar contra as ordens que você der e não obedecer às suas palavras em tudo o que você lhe ordenar será morto; tão somente seja forte e corajoso.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.