Josué 17
Common Language Bible (MYA) vs VC
1 ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-
1 Tirou-se a sorte também para a tribo de Manassés, porque era o primogênito de José. Maquir, primogênito de Manassés e pai de Galaad, que foi um homem guerreiro. tinha recebido Galaad e Basã.
2 ယော်ဒန်မြစ်အနောက်ဘက်နယ်မြေကိုမနာ ရှေမှဆင်းသက်သောကျန်မိသားစုများရ ရှိကြသည်။ ယင်းမိသားစုတို့မှာအဗျေဇာ မိသားစု၊ ဟေလက်မိသားစု၊ အသရေလ မိသားစု၊ ရှေခင်မိသားစု၊ ဟေဖာမိသား စုနှင့်ရှမိဒမိသားစုတို့ဖြစ်ကြသည်။-
2 Houve também uma parte para os outros filhos de Manassés, segundo suas famílias: para os filhos de Abiezer, os filhos de Sequem, os de Hefer e os de Semida. Estes são os filhos varões de Manassés, filho de José, segundo suas famílias.
3 မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား၊ ဇလောဖဒ်တွင်သားယောကျာ်း မရှိ၊ သမီးများသာရှိသည်။ ထိုသမီးတို့ ၏နာမည်များမှာမာလာ၊ နောအာ၊ ဟော ဂလာ၊ မိလကာနှင့်တိရဇာဟူ၍ဖြစ်၏။-
3 Salfaad, filho de Hefer, filho de Galaad, filho de Maquir, filho de Manassés, não teve filhos, mas somente filhas, cujos nomes são: Maala, Noa, Hegla, Melca e Tersa.
4 သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။-
4 Elas foram ter com o sacerdote Eleazar, com Josué, filho de Nun, e com os príncipes: O Senhor, disseram elas, ordenou a Moisés que nos desse uma parte entre nossos irmãos. E foi-lhes dada uma herança entre os irmãos de seu pai, segundo a ordem do Senhor.
5 သို့ဖြစ်၍မနာရှေအနွယ်သည်ယော်ဒန်မြစ် အရှေ့ဘက်တွင် ဂိလဒ်နယ်နှင့်ဗာရှန်နယ် များအပြင်ဝေစုဆယ်စုကိုရရှိလေသည်။
5 Tocaram a Manassés dez partes, além da terra de Galaad e de Basã, situada além do Jordão,
6 မနာရှေအနွယ်အမျိုးသမီးနှင့် အမျိုးသား များပါနယ်မြေများကိုရရှိကြသဖြင့် ကျန် ရှိသောအခြားမနာရှေအဆက်အနွယ်တို့ သည်ဂိလဒ်နယ်ကိုရရှိကြလေသည်။
6 porque as filhas de Manassés receberam uma herança entre os filhos da mesma tribo, sendo que a terra de Galaad foi para os outros filhos de Manassés.
7 မနာရှေနယ်မြေ၏နယ်နိမိတ်သည်အာရှာ နယ်မြေမှ ရှေခင်မြို့အရှေ့တွင်တည်ရှိသော မိတ်မေသမြို့အထိရောက်သည်။ ထိုနောက် နယ်နိမိတ်သည်တောင်ဘက်သို့ဖြတ်သွား ရာအင်တာပွာမြို့တွင် နေထိုင်သူများလည်း ပါဝင်လေသည်။-
7 A fronteira de Manassés partia de Asser e ia até Macmetat, defronte de Siquém, e depois seguia pela direita, na direção dos habitantes de En-Tafua.
8 အင်တာပွာမြို့သည်မနာရှေပိုင်နယ်မြေ အတွင်းပါရှိသော်လည်း မြို့ပတ်လည်တွင် တည်ရှိသောမြေမူကားဧဖရိမ်နယ်မြေ အတွင်း၌ရှိ၏။-
8 A terra de Tafua tinha caído por sorte a Manassés, mas Tafua, junto à fronteira de Manassés, pertencia aos efraimitas.
9 ထိုနောက်နယ်နိမိတ်သည်ကာနချောင်းဘက် သို့ဆင်းလာသည်။ ထိုချောင်းတောင်ဘက်ရှိ မြို့များသည်မနာရှေပိုင်နယ်မြေအတွင်း ၌တည်ရှိသော်လည်း ဧဖရိမ်အနွယ်ကပိုင် သည်။ မနာရှေနယ်မြေနယ်နိမိတ်သည်ကာန ချောင်းမြောက်ဘက်တစ်လျှောက်သွားပြီးလျှင် မြေထဲပင်လယ်တွင်အဆုံးသတ်သည်။-
9 A fronteira descia à torrente de Caná, para o meio-dia da torrente; as cidades dessa região, que pertenciam a Efraim, encontravam-se no meio das cidades de Manassés. A fronteira de Manassés passava pelo norte da torrente e terminava no mar.
10 ဧဖရိမ်နယ်မြေသည်ချောင်းတောင်ဘက်တွင် တည်ရှိ၍ မနာရှေနယ်မြေသည်ချောင်းမြောက် ဘက်တွင်တည်ရှိ၏။ မြေထဲပင်လယ်သည်ထို နယ်မြေနှစ်ခု၏အနောက်နယ်နိမိတ်ဖြစ် သည်။ အနောက်မြောက်ဘက်တွင်အာရှာနယ် မြေတည်ရှိ၍အရှေ့မြောက်ဘက်တွင် ဣသခါနယ်မြေတည်ရှိလေသည်။-
10 Assim a parte meridional pertencia a Efraim, a parte setentrional a Manassés, servindo o mar de fronteira. Limitavam ao norte com a tribo de Aser, e ao nascente com a tribo de Issacar.
11 မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။-
11 Nos territórios de Issacar e de Aser, obteve Manassés Betsã e seus arrabaldes, Jeblaã e seus arrabaldes, os habitantes de Dor e seus arrabaldes, os habitantes de Endor e seus arrabaldes, os habitantes de Tenac e seus arrabaldes, os habitantes de Magedo e seus arrabaldes: são as três colinas.
12 မနာရှေအနွယ်သည်ထိုမြို့များတွင်နေ ထိုင်သောခါနာန်အမျိုးသားတို့ကိုမနှင် ထုတ်နိုင်သဖြင့် သူတို့သည်ထိုအရပ် များတွင်ဆက်လက်နေထိုင်ကြသည်။-
12 Os filhos de Manassés não puderam tomar posse dessas cidades, pois os cananeus estavam resolvidos a permanecer nelas.
13 ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။
13 Quando se tornaram mais fortes, submeteram os cananeus a um tributo, mas não os expulsaram.
14 ယောသပ်၏အဆက်အနွယ်ဝင်တို့က ယောရှု အား``ထာဝရဘုရားသည်အကျွန်ုပ်တို့အား ကောင်းချီးမင်္ဂလာချပေးတော်မူသဖြင့် လူ ဦးရေအလွန်များပြားလာပါသည်။ ကိုယ် တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့အား မြေဝေစုတစ်စုတည်းကိုသာပေးပါသ နည်း'' ဟုမေးလျှောက်ကြ၏။
14 Os filhos de José disseram a Josué: Por que nos deste a posse de uma só herança, de uma só parte, sendo nós um povo tão numeroso e tendo-nos o Senhor abençoado até aqui?
15 ယောရှုက``သင်တို့တွင်လူဦးရေတိုးပွား များပြားသဖြင့် ဧဖရိမ်အတွက်ပေးသော တောင်ကုန်းဒေသသည်ကျဉ်းမြောင်းလျှင် ဖေရဇိနှင့်ရေဖိမ်အမျိုးသားများနေ ထိုင်ရာအရပ်ရှိတောများကိုခုတ်ထွင်၍ နေထိုင်ကြလော့'' ဟုပြန်ဖြေ၏။
15 Josué disse-lhes: Se sois tão numerosos, subi à floresta, desbravai-a e tomai uma parte da terra dos ferezeus e dos refains, já que a montanha de Efraim é pequena demais para vós.
16 ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
16 Os filhos de José, porém, responderam: A montanha não nos basta; e todos os cananeus que habitam na planície possuem carros de ferro, tanto os de Betsã e seus arrabaldes como os que estão no vale de Jesrael.
17 ယောရှုကဧဖရိမ်နှင့် အနောက်မနာရှေ အနွယ်ဝင်တို့အား``သင်တို့သည်စင်စစ် အားဖြင့်လူဦးရေများပြား၍ခွန်အား ကြီးကြ၏။ သို့ဖြစ်၍သင်တို့သည်ဝေစု တစ်စုထပ်မံ၍ရစေမည်။-
17 Então Josué disse à casa de José, a Efraim e a Manassés: Tu és um povo numeroso e forte; não terás só uma parte,
18 တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။
18 mas terás a montanha, cuja floresta tu desbravarás e os seus arredores serão teus. Expulsarás os cananeus, apesar de seus carros de ferro e de seu poder.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.