Josué 14
Common Language Bible (MYA) vs ARC
1 ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။-
1 Isto, pois, é o que os filhos de Israel tiveram em herança na terra de Canaã, o que Eleazar, o sacerdote, e Josué, filho de Num, e os cabeças dos pais das tribos dos filhos de Israel lhes fizeram repartir,
2 ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည့်အတိုင်း ယော်ဒန်မြစ်အနောက် ဘက်ရှိနယ်မြေကိုဣသရေလအနွယ်ကိုး နွယ်နှင့်အနွယ်တစ်ဝက်တို့အားမဲချ ၍ခွဲဝေပေးလေသည်။-
2 por sorte da sua herança, como o Senhor ordenara pelo ministério de Moisés, acerca das nove tribos e da meia tribo.
3 — ausente —
3 Porquanto às duas tribos e à meia tribo já dera Moisés herança além do Jordão; mas aos levitas não tinha dado herança entre eles.
4 — ausente —
4 Porque os filhos de José foram duas tribos, Manassés e Efraim; e aos levitas não deram herança na terra, senão cidades em que habitassem e os seus arrabaldes para seu gado e para sua possessão.
5 ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည်အတိုင်း ဣသရေလအမျိုး သားတို့သည်နယ်မြေကိုခွဲဝေကြလေ သည်။
5 Como o Senhor ordenara a Moisés, assim fizeram os filhos de Israel e repartiram a terra.
6 တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-
6 Então, os filhos de Judá chegaram a Josué em Gilgal; e Calebe, filho de Jefoné, o quenezeu, lhe disse: Tu sabes a palavra que o Senhor falou a Moisés, homem de Deus, em Cades-Barneia, por causa de mim e de ti.
7 ထာဝရဘုရား၏အစေခံမောရှေသည် ကျွန်ုပ်အား ဤပြည်ကိုထောက်လှမ်းရန်ကာဒေရှ ဗာနာအရပ်မှစေလွှတ်စဉ်အခါက အကျွန်ုပ် သည်အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်ရာကိုပြန်ကြားအစီ ရင်ခံခဲ့ပါသည်။-
7 Da idade de quarenta anos era eu, quando Moisés, servo do Senhor , me enviou de Cades-Barneia a espiar a terra; e eu lhe trouxe resposta, como sentia no meu coração.
8 အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊-
8 Mas meus irmãos, que subiram comigo, fizeram derreter o coração do povo; eu, porém, perseverei em seguir o Senhor , meu Deus.
9 မောရှေက`သင်နင်းသောမြေကိုသင်နှင့်သင် ၏သားသမီးများအား နယ်မြေဝေစုအ ဖြစ်မုချရရှိစေမည်' ဟုကတိပေးခဲ့ ပါသည်။-
9 Então, Moisés, naquele dia, jurou, dizendo: Certamente a terra que pisou o teu pé será tua e de teus filhos, em herança perpetuamente; pois perseveraste em seguir o Senhor , meu Deus.
10 ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။-
10 E, agora, eis que o Senhor me conservou em vida, como disse; quarenta e cinco anos há agora, desde que o Senhor falou esta palavra a Moisés, andando Israel ainda no deserto; e, agora, eis que já hoje sou da idade de oitenta e cinco anos.
11 သို့ရာတွင်မောရှေကအကျွန်ုပ်အားဤပြည် ကိုထောက်လှမ်းရန်စေလွှတ်သည့်အချိန်မှာ ကဲ့သို့ ယခုအချိန်လည်းအကျွန်ုပ်သန်မာ လျက်ရှိပါ၏။ အကျွန်ုပ်သည်စစ်မှုထမ်းရန် သော်လည်းကောင်း၊ အခြားတာဝန်ထမ်း ဆောင်ရန်သော်လည်းကောင်းခွန်အားရှိ ပါသေးသည်။-
11 E, ainda hoje, estou tão forte como no dia em que Moisés me enviou; qual a minha força então era, tal é agora a minha força, para a guerra, e para sair, e para entrar.
12 ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။
12 Agora, pois, dá-me este monte de que o Senhor falou aquele dia; pois, naquele dia, tu ouviste que os anaquins estão ali, grandes e fortes cidades há ali; porventura, o Senhor será comigo, para os expelir, como o Senhor disse.
13 ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။-
13 E Josué o abençoou e deu a Calebe, filho de Jefoné, Hebrom em herança.
14 ကေနက်အမျိုးယေဖုန္နာ၏သားကာလက် သည် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို တစ်သဝေမတိမ်းလိုက်လျှောက်သဖြင့် သူ ၏အဆက်အနွယ်တို့သည်ဟေဗြုန်မြို့ကို ယနေ့တိုင်အောင်ပိုင်ဆိုင်ကြ၏။-
14 Portanto, Hebrom foi de Calebe, filho de Jefoné, o quenezeu, em herança até ao dia de hoje, porquanto perseverara em seguir o Senhor , Deus de Israel.
15 ဟေဗြုန်မြို့၏နာမည်ဟောင်းမှာအာဘမြို့ ဖြစ်သတည်း။ (အာဘသည်အာနကအမျိုး သားတို့၏ခေါင်းဆောင်ကြီးဖြစ်၏။)
15 E era, dantes, o nome de Hebrom Quiriate-Arba, porque Arba foi um grande homem entre os anaquins. E a terra repousou da guerra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.