Josué 13
Common Language Bible (MYA) vs VC
1 ယောရှုသည်အသက်အရွယ်ကြီးရင့်လာ ပြီဖြစ်သည်။ ထာဝရဘုရားကယောရှု အား``သင်သည်အသက်အရွယ်ကြီးရင့် လာပြီ။ သိမ်းယူရမည့်နယ်မြေများစွာ ကျန်ရှိနေသေးသည်။-
1 Josué estava velho, avançado em anos, e o Senhor disse-lhe: Tu estás velho, de muita idade, e resta ainda um grandíssimo espaço de terra a conquistar.
2 ဖိလိတ္တိပြည်တစ်နယ်လုံး၊ ဂေရှုရိတစ်နယ်လုံး၊
2 Eis o que resta: todas as províncias dos filisteus, toda a terra dos jessureus,
3 နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)
3 desde o Chihor que corre defronte do Egito, até os limites de Acaron para o norte, região considerada como cananéia; os cinco príncipes dos filisteus: o de Gaza, o de Azot, o de Ascalon, o de Get e o de Acaron;
4 ဇိဒုန်အမျိုးသားတို့ပိုင်နယ်မြေဖြစ်သော မာရာမှ အာဖက်မြို့နှင့်အာမောရိအမျိုး သားတို့၏နယ်နိမိတ်အထိတည်ရှိသော ခါနာန်အမျိုးသားတို့ပိုင်တစ်နယ်လုံး၊-
4 os heveus, ao meio-dia; toda a terra dos cananeus, e Maara dos sidônios, até Afec e a fronteira dos amorreus;
5 ဂေဗလအမျိုးသားတို့၏ပြည်၊ ဟေရမုန် တောင်၏တောင်ဘက်ရှိဗာလဂဒ်မြို့မှဟာ မတ်တောင်ကြားအထိ၊ အရှေ့ဘက်တွင် တည်ရှိသောလေဗနုန်ပြည်အားလုံးတို့ ကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။-
5 a terra dos gebalitas, e todo o Líbano, para o oriente, desde Baal-Gad ao pé do monte Hermon até a entrada de Hamat;
6 သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-
6 todos os habitantes da montanha, desde o Líbano até as águas de Maserefot, todos os sidônios. Eu os expulsarei diante dos israelitas. Reparte, pois, essa terra por sorte em herança a Israel, como prescrevi.
7 သို့ဖြစ်၍ယခုသင်သည်ဣသရေလအမျိုး သားကိုးနွယ်နှင့်မနာရှေအနွယ်တစ်ဝက်တို့ အားဤနယ်မြေများကိုပိုင်ဆိုင်ရန်ခွဲဝေ ပေးလော့'' ဟုမိန့်တော်မူ၏။
7 E agora divide essa terra entre as nove tribos e a meia tribo de Manassés.
8 ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-
8 Os rubenitas, os gaditas e a outra metade da tribo de Manassés tinham recebido de Moisés sua parte além do Jordão ao oriente, assim como Moisés, servo do Senhor, lhes tinha marcado:
9 သူတို့ရရှိသောနယ်မြေသည်(အာနုန်မြစ် ဝှမ်းနဖူးပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်း အလယ်ရှိမြို့အထိကျယ်ပြန့်၍မေဒဘ မြို့နှင့်ဒိဘုန်မြို့အကြားရှိကုန်းပြင်မြင့် တစ်ခုလုံးပါဝင်သည်။-
9 desde Aroer, que está situada na margem da torrente do Arnon, e desde a cidade que está no meio do vale e toda a planície de Medaba, até Dibon;
10 ထိုနယ်မြေတွင်ဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်း ရှိဟုန်လက်အောက်ခံ ဖြစ်ခဲ့သောမြို့အားလုံးပါဝင်၍အမ္မုန် ပြည်နယ်စပ်အထိကျယ်ပြန့်သည်။-
10 todas as cidades de Seon, rei dos amorreus, que reinava em Hesebon, até a fronteira dos amonitas;
11 ဂိလဒ်နယ်၊ ဂေရှုရိနယ်၊ မာခါနယ်၊ ဟေရမုန် တောင်တစ်ခုလုံးနှင့်သာလကပြည်အထိ ကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည်လုံးတို့ သည်လည်းကောင်း၊-
11 Galaad, o território dos jessureus e dos macateus, toda a montanha do Hermon e todo o Basã até Saleca;
12 အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့တွင်စိုးစံ ၍ရိဖိမ်အမျိုးသားတို့၏ နောက်ဆုံးအဆက် အနွယ်ဖြစ်သူသြဃမင်း၏ပြည်သည်လည်း ကောင်းပါဝင်သည်။ မောရှေသည်ဤမင်းနှစ် ပါးစလုံးကိုကွပ်မျက်၍သူတို့၏တိုင်း ပြည်များကိုသိမ်းယူခဲ့သည်။-
12 todo o reino de Og, em Basã, que reinava em Astarot e Edrai, último resto da descendência dos refains. Moisés bateu-os e expulsou-os.
13 သို့ရာတွင်ဣသရေလအမျိုးသားတို့ သည်ဂေရှုရိအမျိုးသားနှင့်မာခါအမျိုး သားတို့ကိုနှင်မထုတ်ကြသဖြင့် သူတို့ သည်ယနေ့တိုင်အောင်ဣသရေလနိုင်ငံ တွင်နေထိုင်လျက်ရှိကြသည်။
13 Os filhos de Israel, porém, não expulsaram os jessureus, nem os macateus, e assim esses povos ficaram habitando até o dia de hoje entre nós.
14 မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားအား ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သောပူဇော် သကာမှဝေစုကိုရရှိကြလေ သည်။
14 A tribo de Levi foi a única que não recebeu herança de Moisés; porque os sacrifícios oferecidos pelo fogo ao Senhor, Deus de Israel, são a sua herança, como ele lho havia dito.
15 မောရှေသည်ရုဗင်အနွယ်ဝင်မိသားစုတို့ အားနယ်မြေခွဲဝေပေးခဲ့၏။-
15 Moisés havia, pois, dado aos rubenitas a sua parte, segundo as suas famílias.
16 သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
16 Seu território partia de Aroer, situada na margem da torrente de Arnon, e da cidade que está no meio da torrente, e compreendia toda a planície junto de Medaba,
17 ဟေရှဘုန်မြို့နှင့်ကုန်းပြင်မြင့်ပေါ်ရှိမြို့ များဖြစ်သောဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊-
17 Hesebon e todas as suas cidades na planície, Dibon, Bamot-Baal, Bet-Baal-Maon,
18 ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊-
18 Jassa, Cedimot, Mefaat,
19 ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်ဝှမ်းတောင် ကုန်းပေါ်ရှိဇာရက်ရှာဟာမြို့၊-
19 Cariataim, Sabama, Sarat-Asar na montanha do vale,
20 ဗက်ပေဂုရမြို့၊ ပိသကာတောင်စောင်းနှင့် ဗက်ယေရှိမုတ်မြို့များပါဝင်သည်။-
20 Bet-Fogor, as encostas do Fasga, Bet-Jesimot,
21 ကုန်းပြင်မြင့်ပေါ်ရှိမြို့အားလုံးနှင့်ဟေရှ ဘုန်မြို့တွင် စိုးစံသောအာမောရိမင်းရှိဟုန် ၏နိုင်ငံတစ်ခုလုံးပါဝင်သည်။ မောရှေ သည်ထိုမင်းနှင့်တကွမိဒျန်မင်းများဖြစ် ကြသောဧဝိမင်း၊ ရေကင်မင်း၊ ဇုရမင်း၊ ဟုရမင်းနှင့်ရေဘမင်းတို့ကိုနှိမ်နင်းခဲ့ လေသည်။ ထိုမင်းငါးပါးတို့သည်ရှိဟုန် မင်း၏သြဇာခံမင်းများဖြစ်ကြသည်။-
21 todas as cidades da planície, todo o reino de Seon, rei dos amorreus, de Hesebon, que Moisés havia derrotado com os príncipes de Madiã, Evi, Recém, Sur, Hur e Rebé, tributários de Seon naquela terra.
22 ဣသရေလအမျိုးသားတို့ကွပ်မျက်ခဲ့ သောသူများတွင် ဗောရ၏သားမှော်ဆရာ ဗာလမ်လည်းပါဝင်လေသည်။-
22 Entre os que foram mortos pela espada dos israelitas figura também o adivinho Balaão, filho de Beor.
23 ရုဗင်အနွယ်ဝင်တို့ပိုင်သောနယ်မြေ၏ အနောက်ဘက်နယ်နိမိတ်သည်ယော်ဒန်မြစ် ဖြစ်၏။ အထက်ဖော်ပြပါမြို့များပါဝင် သောနယ်မြေသည်ရုဗင်အနွယ်ဝင်မိသားစု တို့အတွက်ဝေစုဖြစ်သည်။
23 O rio Jordão ficou sendo o limite do território dos rubenitas. Tais são as cidades e aldeias que couberam aos rubenitas, segundo suas famílias.
24 မောရှေသည်ဂဒ်အနွယ်ဝင်မိသားစုတို့အား လည်းနယ်မြေခွဲဝေပေးခဲ့၏။-
24 Moisés deu também aos gaditas uma parte segundo suas famílias.
25 သူတို့၏နယ်မြေသည်ယာဇာမြို့နှင့်ဂိလဒ် ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်တွင် ရှိသောအာရော်မြို့အထိကျယ်ပြန့်သော အမ္မုန်ပြည်တစ်ဝက်ပါဝင်သည်။-
25 Seu território foi o seguinte: Jaser, todas as cidades de Galaad, a metade da terra dos amonitas até Aroer, defronte de Raba,
26 သူတို့၏နယ်မြေသည်ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့နှင့်ဗေတောနိမ်မြို့တိုင် အောင်လည်းကောင်း၊ မဟာနိမ်မြို့မှလိုဒီဗာ နယ်စပ်တိုင်အောင်လည်းကောင်းကျယ်ပြန့်သည်။-
26 desde Hesebon até Rabot-Masfé e Betonim, e desde Manaim até a fronteira de Dabir;
27 ယော်ဒန်မြစ်ဝှမ်းတွင်တည်ရှိသောဗေသာရံ မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့များ နှင့်ဟေရှဘုန်မင်းရှိဟုန်ပိုင်နက်မှကျန်သော နယ်မြေများပါဝင်သည်။ သူတို့နယ်မြေ အနောက်နယ်နိမိတ်သည်ယော်ဒန်မြစ်တစ် လျှောက်မြောက်ဘက်ဂါလိလဲအိုင်အထိ ဖြစ်သည်။-
27 e, no vale, Bet-Harão, Bet-Nemra, Socot e Safon, restos do reino de Seon, rei de Hesebon; o Jordão e seu território até os confins do mar de Ceneret, além do Jordão, para o oriente.
28 အထက်ဖော်ပြပါမြို့များပါဝင်သောနယ် မြေသည် ဂဒ်အနွယ်ဝင်မိသားစုတို့အတွက် ဝေစုဖြစ်သည်။
28 Tal foi, em cidades e em aldeias, a parte dos gaditas segundo suas famílias.
29 မောရှေသည်မနာရှေအနွယ်တစ်ဝက်မိသားစု တို့အားလည်းနယ်မြေခွဲဝေပေးခဲ့၏။-
29 Moisés dera também à meia tribo de Manassés, aos seus filhos, segundo as suas famílias, a sua parte.
30 သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-
30 O seu território compreendia Manaim, todo o Basã, todo o reino de Og, rei de Basã, e todas as aldeias de Jair em Basã: sessenta localidades.
31 ဂိလဒ်ပြည်တစ်ဝက်နှင့်သြဃမင်းအစိုးရ သောဗာရှန်ပြည်၏မြို့တော်များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့များလည်း ပါဝင်သည်။ အထက်ဖော်ပြပါနယ်မြေသည် မနာရှေ၏သားမာခိရ၏မိသားစုတစ် ဝက်တို့အတွက်ဝေစုဖြစ်သည်။
31 A metade de Galaad, Astarot e Edrai, cidades do reino de Og em Basã, foram dadas aos filhos de Maquir, filho de Manassés, isto é, à metade dos filhos de Maquir, segundo suas famílias.
32 မောရှေသည်မောဘလွင်ပြင်တွင်ရောက်ရှိစဉ် အခါကယေရိခေါမြို့နှင့်ယော်ဒန်မြစ် အရှေ့ဘက်ရှိနယ်မြေကိုအထက်ပါ အတိုင်းခွဲဝေပေးခဲ့လေသည်။-
32 Tais são as partes que Moisés distribuiu nas planícies de Moab, além do Jordão, para o oriente, defronte de Jericó.
33 မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား အား ပူဇော်သောပူဇော်သကာမှဝေစုကို သူတို့ရမည်ဟုမောရှေမိန့်ကြားခဲ့၏။
33 À tribo de Levi, porém, não deu herança alguma, porque o Senhor, Deus de Israel, é a sua herança, como ele lho tinha dito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.