Jeremias 7
Common Language Bible (MYA) vs BKJ
1 ထာဝရဘုရားသည်ယေရမိအားဗိမာန် တော်၏ဝင်းတံခါးသို့စေလွှတ်တော်မူ၍ ထိုဝင်းတံခါးအနီးတွင်ရပ်လျက်ဤ သို့ကြေညာစေ၏။-
1 Palavra que veio a Jeremias da parte do SENHOR, dizendo:
2 ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန် ဤတံခါးမှဝင်ရောက်လာကြသည့်၊ အို ယုဒ ပြည်သူတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။-
2 Coloca-te ao portão da casa do SENHOR, e proclama lá esta palavra e dize: Ouvi a palavra do SENHOR, todos vós de Judá, que entrais nestes portões para adorar ao SENHOR.
3 ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောအနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သင်တို့အား ဤအရပ်တွင်ဆက်လက် နေထိုင်ခွင့်ပြုနိုင်ရန်သင်တို့သည် မိမိတို့နေ ထိုင်မှုနှင့်အပြုအမူတို့ကိုပြုပြင်ပြောင်း လဲစေကြလော့။-
3 Assim diz o SENHOR dos Exércitos, o Deus de Israel: Emendai os vossos caminhos e os vossos feitos, e eu vos farei habitar neste lugar.
4 `ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။
4 Não confieis vós em palavras mentirosas, dizendo: O templo do SENHOR, o templo do SENHOR, o templo do SENHOR são estes.
5 ``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။-
5 Pois se vós emendardes completamente os vossos caminhos e os vossos feitos, se vós realizardes julgamento entre um homem e seu próximo.
6 တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
6 Se vós não oprimirdes o estrangeiro, o órfão, e a viúva, e não derramardes sangue inocente neste lugar, nem andardes após outros deuses para vosso mal.
7 ဤသို့ပြုပြင်ပြောင်းလဲပါမူငါသည်သင် တို့ဘိုးဘေးများအား အပိုင်ပေးအပ်ခဲ့ သည့်ပြည်တော်တွင်သင်တို့ကိုဆက်လက် ၍ထာဝရနေထိုင်ခွင့်ပြုတော်မူမည်။
7 Então eu vos farei habitar neste lugar, na terra que eu dei para vossos pais, para sempre e sempre.
8 ``ကြည့်လော့။ သင်တို့သည်လိမ်လည်လှည့် ဖြား၍တန်ဖိုးမရှိသောစကားများကို ယုံကြည်အားကိုးကြ၏။-
8 Eis que vós confiais em palavras mentirosas que não podem beneficiar.
9 သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။-
9 Ireis vós roubar, assassinar, e cometer adultério, e jurar falsamente, e queimar incenso para Baal, e andar após outros deuses a quem não conheceis.
10 သင်တို့သည်ငါစက်ဆုတ်သည့်အမှုများကို ပြုကျင့်ကာငါ၏ဗိမာန်တော်သို့လာ၍ ငါ့ ရှေ့မှောက်၌ရပ်ပြီးလျှင်`ငါတို့သည်ဘေး ကင်းကြပြီ၊ ဤရွံရှာဖွယ်ကောင်းသော အရာတို့ကိုလုပ်နိုင်ကြပြီ' ဟုဆိုကြ၏။-
10 E vireis e vos colocareis perante a mim nesta casa, que é chamada pelo meu nome, e direis: Nós somos livres para fazer todas estas abominações?
11 ငါ၏နာမကိုဆောင်သောဗိမာန်တော်ကို ဋ္ဌားပြများပုန်းအောင်းရာအရပ်ဟုသင် တို့ထင်မှတ်သလော။ သင်တို့ပြုသည့်အမှု တို့ကိုငါမြင်တော်မူပြီဟုထာဝရ ဘုရားမိန့်တော်မူ၏။-
11 É pois esta casa, que é chamada pelo meu nome, um esconderijo de ladrões aos vossos olhos? Eis que eu tenho visto isto, diz o SENHOR.
12 ``ငါ့အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ် ဦးစွာပထမငါရွေးချယ်ခဲ့သည့် ရှိလောရွာသို့သွား၍ ငါ၏လူမျိုးတော် ဣသရေလပြည်သားတို့ကူးလွန်သည့် ဒုစရိုက်ကြောင့် ထိုရွာအားအဘယ်သို့ ငါပြုခဲ့သည်ကိုကြည့်ရှုကြလော့။-
12 Porém, ide vós agora para meu lugar que estava em Siló, onde, no princípio, eu coloquei o meu nome, e vede o que eu lhe fiz pela perversidade do meu povo Israel.
13 သင်တို့သည်အထက်ကငါဖော်ပြခဲ့သည့် အပြစ်အပေါင်းကိုကူးလွန်ကြလေပြီ။ အကြိမ်ကြိမ်အဖန်ဖန်ငါပြောသော်လည်း သင်တို့နားမထောင်ကြ။ သင်တို့အားငါ ခေါ်သောအခါ၌မထူးကြ။-
13 E agora, porque vós tendes feito todas estas obras, diz o SENHOR, e eu vos falei, madrugando e falando, porém vós não ouvistes. E eu vos chamei, porém vós não respondestes.
14 သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။-
14 Portanto eu farei a esta casa, que é chamada pelo meu nome em que vós confiais, e ao lugar que eu dei a vós e a vossos pais como fiz a Siló.
15 ငါသည်သင်တို့၏ဆွေမျိုးဖြစ်သည့်ဧဖရိမ် ပြည်သားတို့အား ငါ့ရှေ့မှောက်မှနှင်ထုတ် သကဲ့သို့သင်တို့အားနှင်ထုတ်မည်'' ဟု ထာဝရဘုရားမိန့်တော်မူခဲ့၏။
15 E eu vos lançarei da minha presença, assim como eu expeli todos os vossos irmãos, a toda semente de Efraim.
16 ``အချင်းယေရမိ၊ ဤလူတို့အဖို့ဆုတောင်း ပတ္ထနာမပြုနှင့်။ သူတို့အတွက်တောင်းပန်မှု ကိုသော်လည်းကောင်း၊ အသနားခံမှုကို သော်လည်းကောင်းမပြုနှင့်။ ငါသည်သင် ၏စကားကိုနားထောင်လိမ့်မည်မဟုတ် သဖြင့်ငါ့အားမလျှောက်မလဲနှင့်။-
16 Portanto não ores por este povo, nem levantes clamor nem oração por eles, nem faças intercessão a mim, pois eu não ouvirei.
17 ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ သူတို့ပြုကျင့်လျက်ရှိသောအမှုတို့ကို သင်မမြင်သလော။-
17 Não vês tu que eles fazem nas cidades de Judá, e nas ruas de Jerusalém?
18 ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
18 Os filhos juntam madeira, e os pais acendem o fogo, e as mulheres amassam suas massas, para fazerem bolos para a rainha do céu, e derramam ofertas de bebida para outros deuses, para que eles possam me provocar à ira .
19 သို့ရာတွင်အကယ်ပင်စိတ်မသာမယာဖြစ်သူ မှာငါပေလော'' မဟုတ်ပေ။ ``သူတို့သည်သာ လျှင်မိမိတို့စိတ်ကိုမသာမယာစေလျက် အရှက်ကွဲရကြပေသည်။-
19 Eles provocam-me à ira? diz o SENHOR. Não provocam eles a si mesmos, para a confusão das suas próprias faces?
20 သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
20 Portanto assim diz o Senhor DEUS: Eis que a minha ira, e a minha fúria, serão derramados sobre este lugar, sobre homem e sobre animal, e sobre as árvores do campo, e sobre o fruto do chão, e se queimará, e não se apagará.
21 ဤသို့လျှင်အနန္တတန်ခိုးရှင်ဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ ``ငါ၏လူမျိုးတော်၊ သင်တို့ သည်မိမိတို့စားခွင့်ရှိသည့်ယဇ်များရှိ သလိုယဇ်ပလ္လင်ပေါ်တွင်တင်၍ တစ်ကောင် လုံးမီးရှို့ပူဇော်သည့်ယဇ်များလည်းရှိ သည်။ ထိုယဇ်နှစ်မျိုးစလုံးကိုပင်စား ကြလော့။-
21 Assim diz o SENHOR dos Exércitos, o Deus de Israel: Colocai vossas ofertas queimadas com os vossos sacrifícios, e comei carne.
22 သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။-
22 Pois eu não falei a vossos pais, nem ordenei-lhes no dia em que os trouxe para fora da terra do Egito, a respeito de ofertas queimadas ou sacrifícios.
23 သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
23 Porém isto lhes ordenei, dizendo: Obedecei minha voz e eu serei vosso Deus, e vós sereis meu povo; e andai em todos os caminhos que vos tenho ordenado, para que isto vos vá bem.
24 သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
24 Porém eles não escutaram, nem inclinaram os seus ouvidos, porém andaram nos conselhos e na imaginação de seus corações perversos, e assim retrocederam, e não avançaram.
25 အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။-
25 Desde o dia em que vossos pais saíram da terra do Egito até este dia, eu vos enviei todos os meus servos, os profetas, diariamente madrugando, e enviando-os.
26 သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။
26 Contudo eles não me escutaram, nem inclinaram os seus ouvidos, porém endureceram a sua cerviz, e fizeram pior que os seus pais.
27 ``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။-
27 Portanto tu falarás todas estas palavras para eles. Porém eles não te escutarão. Tu também os chamarás, porém eles não te responderão.
28 သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ကာ အပြစ် ဒဏ်ခံရမှုမှသင်ခန်းစာကိုခံယူမည့်လူ မျိုးမဟုတ်ကြောင်းကိုသူတို့အားပြော ကြားလော့။ သစ္စာစကားသည်ကွယ်ပျောက် သွားပြီ။ ဟုတ်မှန်ရာကိုမပြောကြတော့ပြီ။
28 Porém tu lhes dirás: Esta é uma nação que não obedece a voz do SENHOR, seu Deus, nem recebe correção; a verdade já pereceu e foi cortada de sua boca.
29 ``ယေရုရှလင်မြို့သားတို့၊ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ဆံပင်ကိုဖြတ်၍ပစ်ထုတ်လိုက် ကြလော့။
29 Corta teu cabelo, ó Jerusalém, e lança-o fora, e ergue uma lamentação sobre os lugares altos, pois o SENHOR rejeitou e abandonou a geração de seu furor.
30 ထာဝရဘုရားက``ယုဒပြည်သူတို့သည် ဒုစရိုက်ကိုပြုကျင့်ကြလေပြီ။ သူတို့သည် ငါစက်ဆုတ်သည့်ရုပ်တုများဖြင့် ငါ့နာမ တော်ကိုဆောင်သောအိမ်တော်ထဲသို့ယူဆောင် လာ၍ညစ်ညမ်းစေလေပြီ။-
30 Porque os filhos de Judá fizeram o mal a minha vista, diz o SENHOR. Eles colocaram as suas abominações na casa sobre a qual é invocado o meu nome.
31 သူတို့သည်မိမိတို့၏သားသမီးများအား မီးရှို့ပူဇော်နိုင်ရန် ဟိန္နုံချိုင့်ဝှမ်းတွင်တောဖက် နာမည်တွင်သောယဇ်ပလ္လင်ကိုတည်ဆောက်ကြ လေပြီ။ ထိုအမှုကိုပြုရန်သူတို့အားငါ မစေခိုင်းခဲ့၊ စိတ်ပင်မကူးခဲ့။-
31 E eles edificaram os lugares altos de Tofete, que está no vale do filho de Hinom, para queimar os seus filhos e as suas filhas no fogo, o que eu não lhes ordenei, e nem chegou ao meu coração.
32 သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။-
32 Portanto, eis que os dias vêm, diz o SENHOR, em que este não será mais chamado Tofete, nem o vale do filho de Hinom, mas o vale da matança, pois eles enterrarão em Tofete até não haver mais lugar.
33 လူသေအလောင်းတို့သည်ငှက်များနှင့်တော သားရဲတို့၏အစာဖြစ်ကြလိမ့်မည်။ ထို တိရစ္ဆာန်များအားခြောက်လှန့်နှင်ထုတ်မည့် သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။-
33 E as carcaças deste povo servirão de comida para as aves do céu, e para os animais da terra, e ninguém os espantará.
34 ငါသည်ယုဒမြို့များနှင့်ယေရုရှလင်လမ်း များတွင်မင်္ဂလာဆောင်ခဲ့၏။ ရွှင်လန်းဝမ်း မြောက်သံများကိုဆိတ်သုဉ်းစေမည်။ ထို ဒေသသည်လူသူကင်းမဲ့လိမ့်မည်။
34 Então eu farei cessar das cidades de Judá, e das ruas de Jerusalém, a voz de regozijo, e a voz de júbilo, e a voz do noivo, e a voz da noiva, pois a terra será desolada.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.