Jeremias 5

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​လမ်း​များ​တစ်​လျှောက်​သွား​ရောက်​၍​လှည့်​လည်​ရှာ​ဖွေ​ကြ​လော့။ ဆင်​ခြင်​သုံး​သပ်​ကြ​လော့။
1 Corra para lá e para cá através das ruas de Jerusalém, e veja agora, e sobe, e busque nos seus lugares amplos, se puder encontrar um homem, se houver alguém que faça juízo, que busque a verdade, e eu vou perdoá-lo.
2 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်း
2 E embora eles digam: O SENHOR vive, certamente eles juram falsamente.
3 ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။
3 Ó SENHOR, não estão teus olhos sobre a verdade? Tu os atingiste, mas eles não entristeceram-se. Tu consumiste, porém eles se recusaram a receber a correção. Eles fizeram as suas faces mais duras do que uma rocha, eles se recusaram a retornar.
4 ထို​နောက်​ငါ​က​ဤ​သူ​တို့​ကား​ဆင်း​ရဲ​သူ​များ​ဖြစ်​၏။
4 Portanto eu disse: Certamente estes são pobres. Eles são tolos, porquanto não conhecem o caminho do SENHOR, nem o juízo do seu Deus.
5 ငါ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​ထံ​သွား​၍​သူ​တို့​အား​ပြော​ဆို​မည်။
5 Encontrar-me-ei com os grandes homens e falarei a eles, pois eles conheceram o caminho do SENHOR e o juízo do seu Deus. Porém estes quebraram por completo o jugo e despedaçaram os cordões.
6 ဤ​အ​ကြောင်း​ကြောင့်​တော​မှ​ခြင်္သေ့​တို့​သည်​သူ​တို့​ကို​ကိုက်​သတ်​ကြ​လိမ့်​မည်။
6 Portanto um leão da floresta os matará e um lobo dos desertos os destruirá, um leopardo irá vigiar as suas cidades. Todo o que sair de lá será despedaçado, porque as suas transgressões são muitas, e as suas apostasias são maiores.
7 ``ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​အ​ဘယ်​ကြောင့်​ဖြေ​လွှတ်​ရ​မည်​နည်း။
7 Como te perdoarei por isto? Teus filhos me abandonaram, e juram por aqueles que não são deuses. Quando os fartei, cometeram adultério e ajuntaram-se em bandos nas casas das prostitutas.
8 သူ​တို့​သည်​အ​စာ​ဝ​၍​ရာ​ဂ​ထန်​သည့်
8 Eles eram como cavalos alimentados na manhã, cada um relinchou à mulher de seu próximo.
9 ဤ​အ​မှု​အ​ရာ​များ​အ​တွက်​ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​သင့်​သ​လော။
9 Não irei eu visitar por estas coisas? diz o SENHOR. E não será vingada minha alma de uma nação como esta?
10 ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။
10 Subi vós sobre os seus muros e destruí-o. Porém não façais uma destruição absoluta. Removei as suas ameias, porque elas não pertencem ao SENHOR.
11 ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ငါ့​အား​လုံး​ဝ​သစ္စာ​ဖောက်​ကြ​လေ​ပြီ။
11 Pois a casa de Israel e a casa de Judá tem se comportado muito traiçoeiramente contra mim, diz o SENHOR.
12 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
12 Eles contradisseram ao SENHOR, e falaram: Não é ele, nem o mal nos encontrará, nem veremos nós espada, nem fome.
13 သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-
13 E os profetas tornar-se-ão vento, e a palavra não está neles. Portanto, isto será feito.
14 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
14 Portanto, assim diz o SENHOR Deus dos Exércitos: Visto que eles falaram tais palavras, eis que, farei que minhas palavras em tua boca sejam em fogo, e a este povo, em madeira, e eles serão devorados.
15 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-
15 E eis que eu trarei uma nação sobre vós de longe, ó casa de Israel, diz o SENHOR, é uma nação poderosa, é uma nação antiga, uma nação cujo idioma tu não conheces, nem entendes aquilo que dizem.
16 သူ​တို့​၏​လေး​သ​မား​တို့​သည်​ခွန်​အား​ကြီး​၍ ပွင့်​နေ​သော​သင်္ချိုင်း​ကဲ့​သို့​မ​ညှာ​မ​တာ​သတ်​တတ်​ကြ​၏။-
16 A sua aljava é como um sepulcro aberto, eles são todos homens poderosos.
17 သူ​တို့​သည်​သင်​တို့​၏​အ​သီး​အ​နှံ​များ​နှင့်​အ​စာ​ရေ​စာ​များ​ကို​စား​သောက်​ကာ သင်​တို့​သား​သ​မီး​များ​ကို​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​သိုး​အုပ်၊ နွား​အုပ်​များ​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​တပ်​မ​တော်​သည်​သင်​တို့​အား​ကိုး​အား​ထား​ပြု​သည့်​ခံ​တပ်​မြို့​များ​ကို​ဖြို​ဖျက်​ပစ်​ကြ​လိမ့်​မည်။''
17 E eles comerão a tua colheita, e o teu pão, o qual teus filhos e tuas filhas deveriam comer. Eles comerão os teus rebanhos, e os teus gados. Eles comerão as tuas vinhas, e as tuas figueiras. Eles empobrecerão tuas cidades protegidas, nas quais tu confias, através da espada.
18 ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​ရက်​ကာ​လ​များ​၌​ပင်​လျှင်​ငါ​၏​လူ​မျိုး​တော်​အား လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်​မ​ဟုတ်။-
18 Contudo, naqueles dias, diz o SENHOR, eu não farei de vós uma destruição absoluta.
19 ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
19 E isto acontecerá, quando vós disserdes: Por que razão faz o SENHOR nosso Deus todas estas coisas contra nós? Então, tu lhes responderás: Conforme vós me abandonastes e servistes a deuses estranhos na vossa terra, então vós servireis a estrangeiros em uma terra que não é vossa.
20 ထာ​ဝ​ရ​ဘု​ရား​က``ယာ​ကုပ်​၏​သား​မြေး ယု​ဒ​ပြည်​သူ​တို့​အား​ပြော​ကြား​လော့။-
20 Declara isto na casa de Jacó, e divulga isto em Judá, dizendo:
21 မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်၊ နား​ရှိ​လျက်​နှင့်​မ​ကြား​နိုင်​သူ၊ အ​ချင်း​မိုက်​မဲ​ထုံ​ထိုင်း​သော​လူ​တို့၊ နား​ထောင်​ကြ​လော့။-
21 Ouvi agora isto, ó povo tolo, e sem entendimento, os quais têm olhos e não veem, os quais têm ouvidos e não ouvem.
22 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-
22 Vós não temeis a mim? diz o SENHOR. Vós não tremeis à minha presença, que pus a areia para o limite do mar como um decreto perpétuo, que o mar não pode transpassá-la. E embora as suas ondas se agitem, contudo não podem prevalecer, embora rujam, não podem atravessá-la?
23 သို့​ရာ​တွင်​အ​ချင်း​လူ​တို့၊ သင်​တို့​သည်​ခေါင်း​မာ​ပုန်​ကန်​ကာ​လမ်း​လွဲ​၍​ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​ပြီ။-
23 Porém este povo tem um coração revoltado e rebelde. Eles se revoltaram e partiram.
24 ရာ​သီ​အ​လိုက်၊ မိုး​ဦး​မိုး​နှောင်း​ကို​ရွာ​သွန်း​စေ​လျက်၊ နှစ်​စဉ်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ရာ​ကာ​လ​ကို​စီ​မံ​တော်​မူ​သော​ငါ့​အား သင်​တို့​မ​ကြောက်​ရွံ့​မ​ရို​သေ​ကြ။-
24 Nem dizem eles em seu coração: Vamos agora temer o SENHOR nosso Deus, que dá chuva, tanto a temporã quanto a serôdia, no seu tempo. Ele reserva para nós as semanas determinadas da colheita.
25 သင်​တို့​၏​အ​မှား​များ​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​က ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​တား​ဆီး​လျက်​သင်​တို့​ထံ​မှ​လွှဲ​ရှောင်​သွား​စေ​လေ​ပြီ။
25 Vossas iniquidades desviam estas coisas, e vossos pecados afastam as coisas boas de vós.
26 ``ငါ​၏​လူ​မျိုး​တော်​အ​ထဲ​၌ ဆိုး​ညစ်​သူ​များ​ရှိ​၏။ သူ​တို့​သည်​ထောင်​ချောက်​ဖြင့်​ငှက်​ဖမ်း​သူ​များ​ကဲ့​သို့​လူ​ကို​ဖမ်း​ရန်​ချောင်း​မြောင်း​ကြ​၏။-
26 Pois no meio de meu povo encontram-se homens perversos. Eles espreitam, como aquele que coloca armadilhas. Eles colocam uma cilada, eles capturam homens.
27 မု​ဆိုး​သည်​မိ​မိ​၏​လှောင်​အိမ်​ကို​ငှက်​များ​ဖြင့်​ပြည့်​စေ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​များ​ကို​တိုက်​ရာ​ပါ​ပစ္စည်း​များ​ဖြင့်​ပြည့်​စေ​ကြ​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​သည်​တန်​ခိုး​ကြီး​မား​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​၏။-
27 Como uma gaiola repleta de pássaros, assim são as suas casas, cheias de engano; assim enriqueceram, e tornaram-se grandes.
28 ဝ​ဝ​လင်​လင်​စား​သောက်​ရ​၍​ဆူ​ဖြိုး​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မ​ကောင်း​မှု​များ​ကို​အ​တော​မ​သတ်​ပြု​ကျင့်​ကြ​၏။ မိ​ဘ​မဲ့​သူ​တို့​အား​ရ​ပိုင်​ခွင့်​များ​ကို​မ​ပေး​ကြ။ ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​လည်း​တ​ရား​မျှ​တ​မှု​ကို​မ​ပြု​ကြ။
28 Eles se engordaram, e brilham; sim, superam os feitos do perverso. Eles não julgam a causa, a causa do órfão. Contudo eles prosperam, e o direito do necessitado eles não julgam.
29 ``သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​အ​တွက် သူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​မည်။ ဤ​လူ​မျိုး​အား​ငါ​လက်​စား​ချေ​မည်။-
29 Não visitarei eu por estas coisas? diz o SENHOR. Não será minha alma vingada de uma nação como esta?
30 ဤ​ပြည်​တွင်​အံ့​သြ​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​ပေါ်​ပေါက်​လာ​သည်​မှာ၊-
30 Coisa espantosa e horrível se comete na terra.
31 ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။
31 Os profetas profetizam falsamente, e os sacerdotes governam à sua maneira, e o meu povo ama fazê-lo assim. E o que fareis vós ao final disso?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.