Jeremias 49

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ထာ​ဝ​ရ​ဘု​ရား​သည်​အမ္မုန်​ပြည်​သား​တို့ ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဣသ​ရေ​လ အ​မျိုး​သား​များ​ကား​အ​ဘယ်​မှာ​နည်း။ သူ တို့​၏​ပြည်​အ​တွက်​ခု​ခံ​ကာ​ကွယ်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။ သူ​တို့ သည်​အ​ဘယ်​ကြောင့်​မိ​လ​ကုံ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား ဂဒ်​အ​နွယ်​၏ နယ်​မြေ​ကို​သိမ်း​ယူ​စေ​ကာ​ထို​အ​ရပ်​တွင် နေ​ထိုင်​ခွင့်​ပြု​ကြ​သ​နည်း။-
1 A respeito dos filhos de Amom. Assim diz o Senhor: Acaso Israel não tem filhos? Não tem herdeiro? Por que, então, possui Milcom a Gade, e o seu povo habita nas suas cidades?
2 ငါ​သည်​ရဗ္ဗာ​မြို့​သူ​မြို့​သား​တို့​အား​စစ်​တိုက် သံ​များ​ကို ကြား​စေ​မည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​မြို့​သည်​ပျက်​စီး​လျက် ယင်း​၏​ကျေး​လက်​တော​ရွာ​များ​သည်​လည်း မီး​လောင်​ကျွမ်း​လိမ့်​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​ကို​သိမ်း​ယူ ထား​သူ​တို့​၏​လက်​မှ​ပြန်​လည်​ရ​ရှိ​ကြ လိမ့်​မည်။-
2 Portanto, eis que vêm os dias, diz o Senhor, em que farei ouvir contra Rabá dos filhos de Amom o alarido de guerra, e tornar-se-á num montão de ruínas, e os seus arrabaldes serão queimados a fogo; então Israel deserdará aos que e deserdaram a ele, diz o Senhor.
3 ဟေ​ရှ​ဘုန်​မြို့​သား​တို့​ငို​ကြွေး​ကြ​လော့။ သင်​တို့​၏​အာ​ဣ​မြို့​သည်​ပျက်​စီး​သွား​လေ ပြီ။ ရဗ္ဗာ​မြို့​သူ​တို့၊ ဝမ်း​နည်း​ကြွေ​ကွဲ​မှု​ကို​ပြ ကြ​လော့။ လျှော်​တေ​ကို​ဝတ်​၍​ဝမ်း​နည်း​ကြေ ကွဲ​မှု​ကို​ပြ​ကြ​လော့။ က​ယောင်​ချောက်​ချား ပြေး​လွှား​ကြ​လော့။ သင်​တို့​၏​မိ​လ​ကုံ​ဘု​ရား သည်​သူ​၏​ယဇ်​ပု​ရော​ဟိတ်​များ၊ မင်း​သား များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ​လိမ့်​မည်။-
3 Uiva, ó Hesbom, porque é destruída Ai; clamai, ó filhas de Rabá, cingi-vos de sacos; lamentai, e dai voltas pelas sebes; porque Milcom irá em cativeiro, juntamente com os seus sacerdotes e os seus príncipes.
4 သစ္စာ​မ​ရှိ​သော​လူ​မျိုး​တို့၊ သင်​တို့​သည်​အ​ဘယ် ကြောင့်​ကြွား​ဝါ​သ​နည်း။ သင်​တို့​၏​အင်​အား သည်​ချည့်​နဲ့​နေ​ပြီ။ သင်​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​တန်​ခိုး​စွမ်း​ရည်​ကို​ယုံ​စား​၍`ငါ​တို့ အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​ရဲ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ကြ​သ​နည်း။-
4 Por que te glorias nos vales, teus luxuriantes vales, ó filha apóstata? que confias nos teus tesouros, dizendo: Quem virá contra mim?
5 ငါ​သည်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​အား​သင်​တို့ ကို​တိုက်​ခိုက်​စေ​မည်​ဖြစ်​၍​သင်​တို့​သည်​ထွက် ပြေး​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း​ပင်​မိ​မိ​တို့ အ​သက်​ဘေး​အ​တွက်​ထွက်​ပြေး​ကြ​မည် ဖြစ်​သ​ဖြင့်​သင်​တို့​၏​တပ်​သား​များ​ကို ပြန်​လည်​စု​ရုံး​ပေး​မည့်​သူ​တစ်​စုံ​တစ် ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။
5 Eis que farei vir sobre ti pavor, diz o Senhor Deus dos exércitos, de todos os que estão ao redor de ti; e sereis lançados fora, cada um para diante, e ninguém recolherá o desgarrado.
6 ``သို့​ရာ​တွင်​နောင်​အ​ခါ​၌​ငါ​သည်​အမ္မုန် ပြည်​သား​တို့​အား​တစ်​ဖန်​ပြန်​၍​ကောင်း စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။'' ဟု​မိန့်​တော် မူ​၏။
6 Mas depois disto farei voltar do cativeiro os filhos de Amom, diz o senhor.
7 တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် သည်​ဧဒုံ​ပြည်​ကို​ရည်​မှတ်​၍``ဧ​ဒုံ​ပြည်​သား တို့​သည်​ဆင်​ခြင်​တိုင်း​ထွာ​နိုင်​စွမ်း​မ​ရှိ​ကြ တော့​ပြီ​လော။ သူ​တို့​၏​ပ​ညာ​ရှိ​များ​သည် လည်း​အ​ဘယ်​အ​မှု​ကို​ပြု​သင့်​ကြောင်း အ​ကြံ​ဉာဏ်​မ​ပေး​နိုင်​ကြ​တော့​ပြီ​လော။ သူ​တို့​၏​အ​သိ​ပ​ညာ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​လေ​ပြီ​လော။-
7 A respeito de Edom. Assim diz o Senhor dos exércitos: Acaso não há mais sabedoria em Temã? Pereceu o conselho dos entendidos? Desvaneceu-se-lhes a sabedoria?
8 အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ လှည့်​၍​ထွက်​ပြေး ကြ​လော့။ ပုန်း​အောင်း​၍​နေ​ကြ​လော့။ ဧ​သော ၏​သား​မြေး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။-
8 Fugi, voltai, habitai em profundezas, ó moradores de Dedã; porque trarei sobre ele a calamidade de Esaú, o tempo em que o punirei.
9 လူ​တို့​သည်​စ​ပျစ်​သီး​များ​ကို​လာ​၍​ဆွတ် ခူး​ကြ​သော​အ​ခါ စ​ပျစ်​ကိုင်း​များ​တွင်​အ သီး​အ​နည်း​ငယ်​ချန်​ထား​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​ဋ္ဌား​ပြ​များ​လာ​ရောက်​လျှင်​လည်း မိ​မိ​တို့​နှစ်​သက်​ရာ​ပစ္စည်း​များ​ကို​သာ လျှင်​ယူ​သွား​တတ်​ကြ​၏။-
9 Se vindimadores viessem a ti, não deixariam alguns rabiscos? se ladrões de noite, não te danificariam só o quanto lhes bastasse?
10 သို့​ရာ​တွင်​ငါ​မူ​ကား​ဧ​သော​၏​သား​မြေး များ​ထံ​မှ​ရှိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ ကို​ရုပ်​သိမ်း​မည်။ သူ​တို့​ဆက်​လက်​ပုန်း​အောင်း ၍​မ​နေ​နိုင်​စေ​ရန်​သူ​တို့​ပုန်း​အောင်း​ရာ​အ​ရပ် များ​ကို​ဖော်​ထုတ်​မည်။ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း တို့​အား​ငါ​သုတ်​သင်​ပယ်​ရှား​လိုက်​လေ​ပြီ။ သူ​တို့​တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျန်​ရှိ​ကြ တော့​ပေ။-
10 Mas eu desnudei a Esaú, descobri os seus esconderijos, de modo que ele não se poderá esconder. E despojada a sua descendência, como também seus irmãos e seus vizinhos, e ele já não existe.
11 သင်​တို့​၏​မိ​ဘ​မဲ့​က​လေး​များ​ကို​ငါ​နှင့် ထား​ခဲ့​ကြ​လော့။ သူ​တို့​အား​ငါ​ကြည့်​ရှု ပြု​စု​မည်။ သင်​တို့​၏​မု​ဆိုး​မ​များ​သည် ငါ့​ကို​မှီ​ခို​အား​ကိုး​နိုင်​၏။
11 Deixa os teus órfãos, eu os guardarei em vida; e as tuas viúvas confiem em mim.
12 ``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-
12 Pois assim diz o Senhor: Eis que os que não estavam condenados a beber o copo, certamente o beberão; e ficarias tu inteiramente impune? Não ficarás impune, mas certamente o beberás.
13 ဗော​ဇ​ရ​မြို့​သည်​တွေ့​မြင်​ရ​သူ​တို့​လန့်​ဖျပ် တုန်​လှုပ်​ဖွယ်​လူ​သူ​ကင်း​မဲ့​ရာ​အ​ရပ်​ဖြစ်​စေ ရန်​လည်း​ကောင်း၊ လူ​တို့​သည်​ထို​မြို့​ကို​ပြက် ရယ်​ပြု​၍​ယင်း​၏​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​စေ​ရန်​လည်း​ကောင်း ငါ​ကိုယ်​တိုင်​ပင်​ကျိန်​ဆို​က​တိ​ပြု​ပြီ။ နီး နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
13 Pois por mim mesmo jurei, diz o Senhor, que Bozra servirá de objeto de espanto, de opróbrio, de ruína, e de maldição; e todas as suas cidades se tornarão em desolações perpétuas.
14 ငါ​က``အ​ချင်း​ဧ​ဒုံ​ပြည်၊ ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​အား သင် တို့​၏​တပ်​မ​တော်​များ​ကို​စု​ဝေး​၍​ဧ​ဒုံ ပြည်​ကို​တိုက်​ခိုက်​ကြ​လော့။ စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​ကြ​လော့​ဟု​ပြော​ကြား​ရန် တ​မန်​တော်​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။-
14 Eu ouvi novas da parte do Senhor, que um embaixador é enviado por entre as nações para lhes dizer: Ajuntai-vos, e vinde contra ela, e levantai-vos para a guerra.
15 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နိုင်​ငံ​ကို​အား အင်​ချည့်​နဲ့​စေ​တော်​မူ​မည်​ဖြစ်​၍ အ​ဘယ်​သူ မျှ​သင်​တို့​ကို​လေး​စား​ကြ​လိမ့်​မည်​မ​ဟုတ်။-
15 Pois eis que te farei pequeno entre as nações, desprezado entre os homens.
16 သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
16 Quanto à tua terribilidade, enganou-te a arrogância do teu coração, ó tu que habitas nas cavernas dos penhascos, que ocupas as alturas dos outeiros; ainda que ponhas o teu ninho no alto como a águia, de lá te derrubarei, diz o Senhor.
17 ``ဧ​ဒုံ​ပြည်​သည်​များ​စွာ​ယို​ယွင်း​ပျက်​စီး သွား​မည်​ဖြစ်​သ​ဖြင့် အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​တို့​သည်​ထို​ပြည်​ဖြစ်​ပျက်​ရ​ပုံ​အ​ခြင်း အ​ရာ​ကို​မြင်​သော​အ​ခါ​လန့်​ဖျပ်​တုန်​လှုပ် ကြ​လိမ့်​မည်။-
17 E Edom se tornará em objeto de espanto; todo aquele que passar por ela se espantará, e assobiará por causa de todas as suas pragas.
18 သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း ကျင်​ကျေး​ရွာ​များ​သည် သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​သည့်​နည်း​တူ​ဧ​ဒုံ​ပြည်​သည် လည်း​ခံ​ရ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ ပင်​လျှင်​ထို​ပြည်​တွင်​နေ​ထိုင်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏။-
18 Como na subversão de Sodoma e Gomorra, e das cidades circunvizinhas, diz o Senhor, não habitará ninguém ali, nem peregrinará nela filho de homem.
19 ငါ​သည်​ယော်​ဒန်​မြစ်​တစ်​လျှောက်​ရှိ​ထူ​ထပ် သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း​သော​မြက်​ခင်း ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့​သို့​ထွက်​လာ ပြီး​လျှင် ဧ​ဒုံ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့ ပြည်​မှ​ထွက်​ပြေး​စေ​မည်။ ထို​နောက်​ငါ​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ရန်​မင်း​တစ်​ပါး​အား ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့်​အ​ဘယ်​သူ ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ်​သူ​သည် ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ် မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက်​အ​ခံ ပြု​နိုင်​မည်​နည်း။-
19 Eis que como leão subirá das margens do Jordão um inimigo contra a morada forte; mas de repente o farei correr dali; e ao escolhido, pô-lo-ei sobre ela. Pois quem é semelhante a mim? e quem me fixará um prazo? e quem é o pastor que me poderá resistir?
20 သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-
20 Portanto ouvi o conselho do Senhor, que ele decretou contra Edom, e os seus desígnios, que ele intentou contra os moradores de Temã: Até os mais novos do rebanho serão arrastados; certamente ele assolará as suas moradas sobre eles.
21 ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-
21 A terra estremecerá com o estrondo da sua queda; o som do seu clamor se ouvirá até o Mar Vermelho.
22 ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
22 Eis que como águia subirá, e voará, e estenderá as suas asas contra Bozra; e o coração do valente de Edom naquele dia se tornará como o coração da mulher que está em dores de parto.
23 ထာ​ဝ​ရ​ဘု​ရား​သည်​ဒ​မာ​သက်​မြို့​ကို​ရည် မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဟာ​မတ်​မြို့​နှင့်​အာ ပဒ်​မြို့​မှ​လူ​တို့​သည်​သ​တင်း​ဆိုး​ကို​ကြား ရ​ကြ​သ​ဖြင့် ပူ​ပန်​သော​က​ဖြစ်​ကာ​စိတ်​ဆင်း ရဲ​လျက်​နေ​ကြ​၏။ စိုး​ရိမ်​ပူ​ပန်​မှု​သည်​ပင်​လယ် လှိုင်း​လုံး​များ​သ​ဖွယ် သူ​တို့​အ​ပေါ်​သို့​လှိမ့်​၍ လာ​သ​ဖြင့်​သူ​တို့​သည်​ဆောက်​တည်​ရာ​မ​ရ နိုင်​ကြ။-
23 A respeito de Damasco. Envergonhadas estão Hamate e Arpade, e se derretem de medo porquanto ouviram más notícias; estão agitadas como o mar, que não pode aquietar-se.
24 ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-
24 Enfraquecida está Damasco, virou as costas para fugir, e o tremor apoderou-se dela; angústia e dores apossaram-se dela como da mulher que está de parto.
25 အ​ခါ​တစ်​ပါး​က​ပျော်​မွေ့​ဖွယ်​ရာ​ကောင်း​၍ ထင်​ပေါ်​ကျော်​ကြား​ခဲ့​သော ထို​မြို့​တော်​သည် လုံး​လုံး​လျား​လျား​လူ​သူ​ကင်း​မဲ့​လျက်​ရှိ တော့​၏။-
25 Como está abandonada a cidade famosa, a cidade da minha alegria!
26 သို့​ဖြစ်​၍​ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော အ​ခါ လူ​ငယ်​လူ​ရွယ်​များ​နှင့်​စစ်​သူ​ရဲ​အ ပေါင်း​တို့​သည်​မြို့​လမ်း​များ​အ​ပေါ်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
26 Portanto os seus jovens lhe cairão nas ruas, e todos os homens de guerra serão consumidos naquele dia, diz o Senhor dos exércitos.
27 ငါ​သည်​ဒ​မာ​သက်​မြို့​ရိုး​များ​နှင့်​ဗင်္ဟာ​ဒဒ် မင်း​၏​နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို မီး​သင့်​လောင်​စေ​မည်'' ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
27 E acenderei fogo no muro de Damasco, o qual consumirá os palácios de Ben-Hadade.
28 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ ဗု​ခဒ်​နေ​ဇာ​မင်း​နှိမ်​နင်း​အောင်​မြင်​သည့် ကေ​ဒါ အ​နွယ်​ဝင်​နှင့်​ဟာ​ဇော်​မြို့​ကို​အ​စိုး​ရ​သူ​တို့ အား​ရည်​မှတ်​၍``ကေ​ဒါ​အ​နွယ်​ဝင်​တို့​အား သွား​ရောက်​တိုက်​ခိုက်​ကြ​လော့။ ထို​အ​ရှေ့​နွယ် သား​တို့​အား​ဖျက်​ဆီး​ချေ​မှုန်း​ကြ​လော့။-
28 A respeito de Quedar, e dos reinos de Hazor, que Nabucodonosor, rei de Babilônia, feriu. Assim diz o Senhor: Levantai-vos, subi contra Quedar, e destruí os filhos do Oriente.
29 သူ​တို့​၏​တဲ​ရှင်​များ​နှင့်​သိုး​အုပ်​များ​ကို လည်း​ကောင်း၊ တဲ​ကန့်​လန့်​ကာ​များ​နှင့်​တဲ​တွင်း ရှိ​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း​သိမ်း​ယူ ကြ​လော့။ သူ​တို့​၏​ကု​လား​အုတ်​များ​ကို​သိမ်း ယူ​ပြီး​လျှင်​လူ​တို့​အား`သင်​တို့​၏​ပတ်​လည် သို့​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ရောက်​ရှိ​လာ​လေ​ပြီ' ဟု​ပြော​ကြား​ကြ​လော့။
29 As suas tendas e os seus rebanhos serão tomados; as suas cortinas serão levadas, como também todos os seus vasos, e os seus camelos; e lhes gritarão: Há terror de todos os lados!
30 ``ဟာ​ဇော်​မြို့​သား​တို့၊ ရပ်​ဝေး​သို့​ထွက်​ပြေး ပုန်း​အောင်း​နေ​ကြ​ရန် သင်​တို့​အား​ငါ​ထာ​ဝ​ရ ဘု​ရား​သတိ​ပေး​၏။ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​သည်​သင်​တို့​ကို​လုပ်​ကြံ​ရန်​ကြံ​စည် ထား​လေ​ပြီ။-
30 Fugi, desviai-vos para muito longe, habitai nas profundezas, ó moradores de Hazor, diz o Senhor; porque Nabucodonosor, rei de Babilônia, tomou conselho contra vós, e formou um desígnio contra vós.
31 `လာ​ကြ၊ ငါ​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လှ ပြီ​ဟု​ထင်​မှတ်​သူ​ထို​လူ​မျိုး​ကို​တိုက်​ခိုက် ကြ​ကုန်​အံ့။ သူ​တို့​၏​မြို့​သည်​မြို့​တံ​ခါး​နှင့် ကန့်​လန့်​ပင်​မ​ရှိ။ လုံ​ခြုံ​မှု​ကင်း​မဲ့​သည့်​မြို့ ဖြစ်​သည်' ဟု​ဆို​၏။
31 Levantai-vos, subi contra uma nação que está sossegada, que habita descuidada, diz o Senhor; que não tem portas nem ferrolhos, que habita a sós.
32 ``သူ​တို့​၏​ကု​လား​အုတ်​မှ​စ​၍​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ယူ​ကြ​လော့။ ငါ​သည်​ဆံ​ပင် ဖြတ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​၍ အ​ရပ်​ရပ်​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့​ကြုံ စေ​မည်။-
32 E os seus camelos serão para presa e a multidão do seu gado para despojo; e espalharei a todo o vento aqueles que cortam os cantos da sua cabeleira; e de todos os lados lhes trarei a sua calamidade, diz o Senhor.
33 ဟာ​ဇော်​မြို့​သည်​ခွေး​အ​များ​ခို​အောင်း​ရာ၊ ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ထို​အ​ရပ်​တွင်​နောက်​တစ်​ဖန်​နေ​ထိုင်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။
33 Assim Hazor se tornará em morada de chacais, em desolação para sempre; ninguém habitará ali, nem peregrinará nela filho de homem.
34 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​တက်​ပြီး​နောက် မ​ကြာ​မီ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ဧ​လံ​ပြည်​ကို​ရည်​မှတ်​၍​ငါ့​အား​ဗျာ ဒိတ်​ပေး​တော်​မူ​သည်​မှာ၊-
34 A palavra do Senhor, que veio a Jeremias, o profeta, acerca de Elão, no princípio do reinado de Zedequias, rei de Judá, dizendo:
35 ``ငါ​သည်​ဧ​လံ​ပြည်​ကို​လွန်​စွာ​တန်​ခိုး ကြီး​မား​အောင်​ပြု​စု​ပေး​သူ လေး​သည်​တော် အ​ပေါင်း​အား​ကွပ်​မျက်​မည်။-
35 Assim diz o Senhor dos exércitos: Eis que eu quebrarei o arco de Elão, o principal do seu poder.
36 ကောင်း​ကင်​အ​ရပ်​လေး​မျက်​နှာ​မှ​လာ​သော လေ​ကို​ဧ​လံ​ပြည်​သို့​တိုက်​ခတ်​စေ​၍ ပြည်​သူ တို့​အား​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​မည်။ ထို ဒုက္ခ​သည်​များ​မ​ရောက်​ကြ​သည့်​တိုင်း​နိုင်​ငံ တစ်​ခု​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
36 E trarei sobre Elão os quatro ventos dos quatro cantos dos céus, e os espalharei para todos estes ventos; e não haverá nação aonde não cheguem os fugitivos de Elão.
37 ဧ​လံ​ပြည်​သား​တို့​သည်​မိ​မိ​တို့​ကို​သတ်​ဖြတ် လို​သူ​ရန်​သူ​များ​အား​ကြောက်​လန့်​အောင်​ငါ ပြု​မည်။ ငါ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍​သူ တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​အား လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​သည်​တိုင်​အောင် တပ်​မ​တော်​များ​ကို​ငါ​စေ​လွှတ်​၍​တိုက်​ခိုက် စေ​မည်။-
37 E farei que Elão desfaleça diante de seus inimigos e diante dos que procuram a sua morte. Farei vir sobre eles o mal, o furor da minha ira, diz o Senhor; e enviarei após eles a espada, até que eu os tenha consumido.
38 ငါ​သည်​ဧ​လံ​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင် များ​ကို​သုတ်​သင်​ပယ်​ရှင်း​ကာ​ထို​ပြည်​တွင် ငါ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​မည်။-
38 E porei o meu trono em Elão, e destruirei dali rei e príncipes, diz o Senhor.
39 သို့​ရာ​တွင်​နောင်​အ​ခါ​၌​ဧ​လံ​ပြည်​သား​တို့ အား​တစ်​ဖန်​ပြန်​၍​ကောင်း​စား​စေ​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
39 Acontecerá, porém, nos últimos dias, que restaurarei do cativeiro a Elão, diz o Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 49, comparar traduções ou montar um estudo — tudo direto pelo WhatsApp.