Jeremias 40

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​ငါ့​အား​ရာ​မ​မြို့ တွင်​အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဗျာ​ဒိတ်​ပေး​တော် မူ​၏။ ငါ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် လာ​သော အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​အ​တူ​ထို​မြို့ သို့​လိုက်​ပါ​လာ​ခဲ့​ရ​လေ​သည်။
1 O S enhor deu uma mensagem a Jeremias depois que Nebuzaradã, capitão da guarda, o pôs em liberdade em Ramá. Ele havia encontrado Jeremias acorrentado entre todos os prisioneiros de Jerusalém e Judá que estavam sendo levados para o exílio na Babilônia.
2 တပ်​မှူး​သည်​ငါ့​အား​နှစ်​ဦး​ချင်း​တွေ့​ဆုံ​ရန် ခေါ်​ယူ​ပြီး​လျှင်``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​ပြည်​ကို​ဖျက်​ဆီး​ရန်​ခြိမ်း​ခြောက် တော်​မူ​ခဲ့​သည့်​အ​တိုင်း၊-
2 O capitão da guarda mandou chamar Jeremias e disse: “O S enhor , seu Deus, trouxe esta calamidade sobre esta terra.
3 ယ​ခု​ပြု​တော်​မူ​လေ​ပြီ။ ဤ​သို့​ဖြစ်​ပျက်​ရ ခြင်း​မှာ​သင်​၏​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကာ ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​သော​ကြောင့်​ဖြစ်​၏။-
3 O S enhor cumpriu o que tinha dito, pois esse povo pecou contra o S enhor e lhe desobedeceu. Por isso aconteceram todas essas coisas.
4 ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။
4 Mas eu vou tirar suas correntes e libertá-lo. Se quiser ir comigo para a Babilônia, está bem. Providenciarei que cuidem de você. Se não quiser ir, fique aqui. Toda a terra está diante de você; vá para onde quiser.
5 ငါ​ပြန်​လည်​မ​ဖြေ​ကြား​သော​အ​ခါ​နေ​ဗု​ဇာ ရ​ဒန်​သည် ဆက်​လက်​၍``ယု​ဒ​မြို့​များ​အ​တွက် ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့ သူ​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ရံ​၏​သား​ဂေ​ဒ​လိ​ထံ သို့​ပြန်​၍​သူ​နှင့်​အ​တူ​ပြည်​သူ​တို့​အ​ထဲ​တွင် နေ​ထိုင်​ပါ​လော့။ သို့​မ​ဟုတ်​လျှင်​လည်း​မိ​မိ သွား​သင့်​သည်​ဟု​ထင်​သည့်​အ​ရပ်​သို့​သွား ပါ​လော့'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​လက် ဆောင်​နှင့်​ရိက္ခာ​အ​ချို့​ကို​ယူ​ဆောင်​သွား​ရန် ပေး​အပ်​ပြီး​လျှင်​ငါ့​အား​ခ​ရီး​ပြု​စေ​၏။-
5 Se resolver ficar, volte para Gedalias, filho de Aicam e neto de Safã. O rei da Babilônia o nomeou governador de Judá. Fique com o povo que ele governa. E, se quiser ir para algum outro lugar, faça o que lhe parecer melhor”. Então Nebuzaradã, capitão da guarda, deu a Jeremias um pouco de alimento e dinheiro e o deixou partir.
6 ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။
6 Jeremias voltou para Gedalias, filho de Aicam, em Mispá, e habitou em Judá com os poucos que haviam ficado na terra.
7 ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-
7 Os comandantes dos grupos de soldados que estavam no interior de Judá souberam que o rei da Babilônia havia nomeado Gedalias, filho de Aicam, para governar o povo pobre que tinha ficado em Judá, isto é, os homens, as mulheres e as crianças que não haviam sido enviados para o exílio na Babilônia.
8 သို့​ဖြစ်​၍​နာ​သ​နိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ ၏​သား​ယော​ဟ​နန်​နှင့်​ယော​န​သန်၊ တာ​နု​မက်​၏ သား​စ​ရာ​ယ၊ နေ​တော​ဖတ်​မြို့​သား​ဧ​ဖဲ​၏​သား များ၊ မာ​ခ​သိ​မြို့​သား​ယေ​ဇ​နိ​တို့​သည် မိ​မိ တို့​လူ​များ​နှင့်​အ​တူ​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ မြို့​သို့​လာ​ရောက်​ကြ​၏။-
8 Então foram ver Gedalias em Mispá. Entre eles estavam Ismael, filho de Netanias, Joanã e Jônatas, filhos de Careá, Seraías, filho de Tanumete, os filhos de Efai, o netofatita, Jazanias, filho do maacatita, e todos os seus homens.
9 ထို​အ​ခါ​ဂေ​ဒ​လိ​က``သင်​တို့​သည်​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​အား လက်​နက်​ချ​ရန်​ကြောက်​လန့် နေ​စ​ရာ​မ​လို​ကြောင်း​သင်​တို့​အား​ငါ​က​တိ ပေး​ပါ​၏။ ဤ​ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ၍​ဗာ​ဗု​လုန်​ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ကြ​လော့။ သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင် ပြေ​ပါ​လိမ့်​မည်။-
9 Gedalias jurou a eles que os babilônios não tinham intenção de lhes fazer mal. “Não tenham medo de servi-los. Vivam na terra e sirvam ao rei da Babilônia, e tudo lhes irá bem”, ele prometeu.
10 ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-
10 “Quanto a mim, ficarei em Mispá e os representarei diante dos babilônios que vierem se encontrar conosco. Estabeleçam-se nas cidades que tomaram e vivam dos frutos da terra. Colham uvas, frutas de verão e azeitonas e armazenem tudo.”
11 ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-
11 Quando os judeus em Moabe, Amom, Edom e outras terras vizinhas souberam que o rei da Babilônia tinha deixado um remanescente do povo em Judá e que Gedalias era o governador,
12 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကွဲ​လွင့်​လျက်​ရှိ​ရာ​အ​ရပ် တ​ကာ​မှ​ယု​ဒ​ပြည်​သို့​ပြန်​လာ​ကြ​၏။ သူ တို့​သည်​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ ရောက်​ကြ​ပြီး​လျှင် စ​ပျစ်​ရည်​နှင့်​သစ်​သီး အ​မြောက်​အ​မြား​ကို​သိမ်း​ယူ​ကြ​လေ​သည်။
12 começaram a voltar para Judá dos lugares para os quais haviam fugido. Pararam em Mispá, onde se encontraram com Gedalias. Depois, seguiram para os campos em Judá e tiveram uma farta colheita de uvas e frutas de verão.
13 ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့်​လက် နက်​မ​ချ​ခဲ့​သည့်​စစ်​သူ​ရဲ​တို့​၏​ခေါင်း​ဆောင် များ​သည် ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ​၍၊-
13 Algum tempo depois, Joanã, filho de Careá, e os outros comandantes dos soldados que estavam no interior foram até Gedalias, em Mispá,
14 ဂေ​ဒ​လိ​အား``အမ္မုန်​ဘု​ရင်​ဗာ​လိတ်​သည်​အ​ရှင့် အား​လုပ်​ကြံ​ရန်​အ​တွက် နာ​သ​နိ​၏​သား​ဣရှ မေ​လ​ကို​စေ​လွှတ်​လိုက်​ကြောင်း​ကို​အ​ရှင်​မ သိ​ပါ​သ​လော'' ဟု​မေး​၏။ သို့​ရာ​တွင်​ဂေ ဒ​လိ​သည်​ထို​စ​ကား​ကို​မ​ယုံ​ကြည်​ချေ။-
14 e lhe disseram: “Você sabia que Baalis, rei de Amom, enviou Ismael, filho de Netanias, para assassiná-lo?”. Gedalias, porém, não acreditou neles.
15 ထို​အ​ခါ​ယော​ဟ​နန်​က``အ​ကျွန်ုပ်​အား၊ ဣ​ရှ မေ​လ​ကို​သွား​၍​သတ်​ခွင့်​ပြု​ပါ။ သတ်​သော သူ​ကို​မည်​သူ​မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ့ အား​အ​ဘယ်​ကြောင့်​အ​ရှင့်​ကို​သတ်​ခွင့်​ပေး ရ​ပါ​မည်​နည်း။ ဤ​သို့​ပြု​ပါ​မူ​အ​ရှင့်​ထံ သို့​လာ​ရောက်​စု​ဝေး​နေ​ကြ​သည့်​ယု​ဒ အ​မျိုး​သား​တို့​သည် ကွဲ​လွင့်​၍​သွား​ကာ ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​အ​ပေါင်း​တို့ သည် ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​ကြ ပါ​လိမ့်​မည်'' ဟု​တိတ်​တ​ဆိတ်​လျှောက် ထား​၏။
15 Mais tarde, Joanã falou com Gedalias em particular e se ofereceu para matar Ismael em segredo. “Por que deixar que ele venha e mate você?”, Joanã perguntou. “O que será, então, dos judeus que voltaram? Se isso acontecer, os poucos que restaram ficarão espalhados e perdidos.”
16 သို့​ရာ​တွင်​ဂေ​ဒ​လိ​က``ထို​သို့​မ​ပြု​ပါ​နှင့်။ ဣ​ရှ​မေ​လ​အ​ကြောင်း​သင်​ပြော​သော​စ​ကား များ​သည်​မ​ဟုတ်​မ​မှန်​ပါ'' ဟု​ပြန်​ပြော​လေ သည်။
16 Gedalias, porém, disse a Joanã: “Eu o proíbo de fazer isso, pois você está mentindo a respeito de Ismael”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 40, comparar traduções ou montar um estudo — tudo direto pelo WhatsApp.