Jeremias 3
Common Language Bible (MYA) vs ACF
1 ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
1 Eles dizem: Se um homem despedir sua mulher, e ela o deixar, e se ajuntar a outro homem, porventura tornará ele outra vez para ela? Não se poluirá de todo aquela terra? Ora, tu te prostituíste com muitos amantes; mas ainda assim, torna para mim, diz o SENHOR.
2 တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
2 Levanta os teus olhos aos altos, e vê: onde não te prostituíste? Nos caminhos te assentavas para eles, como o árabe no deserto; assim poluíste a terra com as tuas fornicações e com a tua malícia.
3 ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။
3 Por isso foram retiradas as chuvas, e não houve chuva serôdia; mas tu tens a fronte de uma prostituta, e não queres ter vergonha.
4 ``ယခုသင်ကငါ့အား`ကိုယ်တော်ရှင်သည် ကျွန် တော်မျိုး၏အဖဖြစ်တော်မူပါ၏။ ကလေး ဘဝမှစ၍ပင်ကျွန်တော်မျိုးတို့အားချစ် တော်မူခဲ့ပါ၏။-
4 Ao menos desde agora não chamarás por mim, dizendo: Pai meu, tu és o guia da minha mocidade?
5 ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။
5 Conservará ele para sempre a sua ira? Ou a guardará continuamente? Eis que tens falado e feito quantas maldades pudeste.
6 ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
6 Disse mais o Senhor nos dias do rei Josias: Viste o que fez a rebelde Israel? Ela foi a todo o monte alto, e debaixo de toda a árvore verde, e ali andou prostituindo-se.
7 ဤသို့ပြုပြီးနောက်သူသည်ငါ့ထံသို့ပြန် လာလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။ သို့ရာတွင် သူသည်ပြန်၍မလာ၊ ယင်းသို့မလာကြောင်း ကိုသူ၏ညီမ၊ သစ္စာဖောက်ယုဒမြင်လေ၏။-
7 E eu disse: Depois que fizer tudo isto, voltará para mim; mas não voltou; e viu isto a sua aleivosa irmã Judá.
8 ဣသရေလသည်ငါကိုစွန့်ခွာ၍ပြည့်တန်ဆာ လုပ်လျက်နေသဖြင့် သူ့အားငါကွာရှင်းနှင် ထုတ်လိုက်လေသည်။ သို့ရာတွင်ဣသရေလ ၏ညီမသစ္စာဖောက်ယုဒသည်မကြောက်ရွံ့ ဘဲ မိမိကိုယ်တိုင်ပင်ပြည့်တန်ဆာလုပ်ကာ၊-
8 E vi que, por causa de tudo isto, por ter cometido adultério a rebelde Israel, a despedi, e lhe dei a sua carta de divórcio, que a aleivosa Judá, sua irmã, não temeu; mas se foi e também ela mesma se prostituiu.
9 ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-
9 E sucedeu que pela fama da sua prostituição, contaminou a terra; porque adulterou com a pedra e com a madeira.
10 ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
10 E, contudo, apesar de tudo isso a sua aleivosa irmã Judá não voltou para mim de todo o seu coração, mas falsamente, diz o Senhor.
11 ထိုနောက်ထာဝရဘုရားကငါ့အား``ဣသ ရေလသည်ငါ့ထံမှမျက်နှာလွှဲ၍သွား သော်လည်း သစ္စာဖောက်ယုဒလောက်မဆိုး'' ဟု မိန့်ကြားတော်မူ၏။-
11 E o Senhor me disse: Já a rebelde Israel mostrou-se mais justa do que a aleivosa Judá.
12 ကိုယ်တော်သည်ငါ့ကိုမြောက်ပိုင်းနိုင်ငံသို့စေ လွှတ်၍ထာဝရဘုရားက ``သစ္စာဖောက်ဣသ ရေလ၊ ငါ့ထံသို့ပြန်လာလော့။ ငါသည်ကရု ဏာထားတော်မူသည်ဖြစ်၍သင့်အားအမျက် ထွက်လိမ့်မည်မဟုတ်။ ငါသည်အစဉ်အမြဲ အမျက်ထွက်လျက်နေလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
12 Vai, pois, e apregoa estas palavras para o lado norte, e dize: Volta, ó rebelde Israel, diz o Senhor, e não farei cair a minha ira sobre ti; porque misericordioso sou, diz o Senhor, e não conservarei para sempre a minha ira.
13 သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
13 Somente reconhece a tua iniqüidade, que transgrediste contra o Senhor teu Deus; e estendeste os teus caminhos aos estranhos, debaixo de toda a árvore verde, e não deste ouvidos à minha voz, diz o Senhor.
14 ထာဝရဘုရားက``အို သစ္စာဖောက်သည့်လူမျိုး တို့၊ ပြန်၍လာကြလော့။ ငါသည်သင်၏ခင်ပွန်း ဖြစ်၏။ သင်တို့အားမြို့တစ်မြို့လျှင်တစ်ယောက် ကျ၊ သားချင်းစုတစ်စုလျှင်နှစ်ယောက်ကျ ရွေးချယ်၍ ဇိအုန်တောင်သို့ပြန်လည်ခေါ်ဆောင် မည်။-
14 Convertei-vos, ó filhos rebeldes, diz o Senhor; pois eu vos desposei; e vos tomarei, a um de uma cidade, e a dois de uma família; e vos levarei a Sião.
15 ငါ့စကားကိုနားထောင်သောသိုးထိန်းများ ကိုသင်တို့အားငါပေးမည်။ သူတို့သည်သင် တို့ကိုဉာဏ်ပညာနှင့်လည်းကောင်း၊ အသိ ပညာနှင့်လည်းကောင်းအုပ်စိုးကြလိမ့်မည်။-
15 E dar-vos-ei pastores segundo o meu coração, os quais vos apascentarão com ciência e com inteligência.
16 ထိုနောက်သင်တို့သည်ပြည်တော်တွင်လူဦးရေ တိုးပွားများပြားသောအခါ လူတို့သည်ငါ ၏ပဋိညာဉ်သေတ္တာတော်အကြောင်းကို စဉ်းစား ပြောဆိုသတိရကြတော့မည်မဟုတ်။ ထို သေတ္တာတော်ကိုလိုအပ်ကြတော့မည်မဟုတ်။ အခြားသေတ္တာတော်ကိုလည်းပြုလုပ်ကြ လိမ့်မည်မဟုတ်။-
16 E sucederá que, quando vos multiplicardes e frutificardes na terra, naqueles dias, diz o Senhor, nunca mais se dirá: A arca da aliança do Senhor, nem lhes virá ao coração; nem dela se lembrarão, nem a visitarão; nem se fará outra.
17 ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
17 Naquele tempo chamarão a Jerusalém o trono do Senhor, e todas as nações se ajuntarão a ela, em nome do Senhor, em Jerusalém; e nunca mais andarão segundo o propósito do seu coração maligno.
18 ဣသရေလသည်ယုဒနှင့်ပေါင်း၍လူတို့ နှင့်အတူမြောက်အရပ်မှ သင်တို့ဘိုးဘေး များအားငါအပိုင်ပေးအပ်ခဲ့သည့်ပြည် သို့လာရောက်ကြလိမ့်မည်'' ဟုပြောကြား စေတော်မူ၏။
18 Naqueles dias andará a casa de Judá com a casa de Israel; e virão juntas da terra do norte, para a terra que dei em herança a vossos pais.
19 ထာဝရဘုရားမိန့်တော်မူသည်ကား၊
19 Mas eu dizia: Como te porei entre os filhos, e te darei a terra desejável, a excelente herança dos exércitos das nações? Mas eu disse: Tu me chamarás meu pai, e de mim não te desviarás.
20 သို့ရာတွင် အို ဣသရေလ၊ သင်သည်ဖောက်ပြန် သည့် ဇနီးကဲ့သို့ငါ့အားသစ္စာဖောက်လေပြီ။
20 Deveras, como a mulher se aparta aleivosamente do seu marido, assim aleivosamente te houveste comigo, ó casa de Israel, diz o Senhor.
21 တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။
21 Nos lugares altos se ouviu uma voz, pranto e súplicas dos filhos de Israel; porquanto perverteram o seu caminho, e se esqueceram do Senhor seu Deus.
22 သစ္စာမရှိသူအပေါင်းတို့၊ပြန်လာကြလော့။
22 Voltai, ó filhos rebeldes, eu curarei as vossas rebeliões. Eis-nos aqui, vimos a ti; porque tu és o Senhor nosso Deus.
23 တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-
23 Certamente em vão se confia nos outeiros e na multidão das montanhas; deveras no Senhor nosso Deus está a salvação de Israel.
24 သို့ရာတွင်အကျွန်ုပ်တို့သည်ငယ်စဉ်ထဲက ရှက်ဖွယ်ကောင်းသည့်ဘုရားများကိုဝတ်ပြု ကိုးကွယ်ကြသဖြင့် ရှေးကာလမှစ၍ဘိုး ဘေးများလုပ်ကိုင်စုဆောင်းထားခဲ့သည်သိုး အုပ်၊ နွားအုပ်၊ သားသမီး၊ ရှိရှိသမျှသော အရာတို့ကိုဆုံးရှုံးရကြလေပြီ။-
24 Porque a confusão devorou o trabalho de nossos pais desde a nossa mocidade; as suas ovelhas e o seu gado, os seus filhos e as suas filhas.
25 အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
25 Deitemo-nos em nossa vergonha; e cubra-nos a nossa confusão, porque pecamos contra o Senhor nosso Deus, nós e nossos pais, desde a nossa mocidade até o dia de hoje; e não demos ouvidos à voz do Senhor nosso Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.