Jeremias 38

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 မ​ဿန်​၏​သား​ရှေ​ဖ​တိ၊ ပါ​ရှု​ရ​၏​သား​ဂေ​ဒ​လိ၊ ရှေ​လ​မိ​၏​သား​ယေ​ဟု​က​လ၊ မာ​လ​ခိ​၏​သား ပါ​ရှု​ရ​တို့​သည်​ပြည်​သူ​တို့​အား​ငါ​ပြော​ဆို လျက်​နေ​သော​စ​ကား​များ​ကို​ကြား​ကြ​၏။-
1 E ocorreu que Sefatias, filho de Matã, Gedalias, filho de Pasur, Jucal, filho de Selemias, e Pasur, filho de Malquias, ouviram o que Jeremias estava dizendo a todo o povo:
2 ငါ​သည်​လူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ပြော​ကြား​သည်​မှာ``ဤ​မြို့​တွင်​ဆက် လက်​နေ​ထိုင်​သူ​တို့​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​နှင့်​သေ​ရ ကြ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​သွား ၍​လက်​နက်​ချ​သူ​တို့​သည်​သေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​သည်​ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​ချမ်း​သာ​ရာ​ရ​လျက်​ကျန်​ရှိ​ကြ​လိမ့် မည်။-
2 "Assim diz o Senhor: ‘Aquele que permanecer nesta cidade morrerá pela espada, pela fome e pela peste; mas aquele que se render aos babilônios viverá. Escapará com vida e sobreviverá’.
3 ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ တော်​သို့​ပေး​အပ်​မည်။ သူ​သည်​လည်း​ဤ​မြို့ ကို​သိမ်း​ယူ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။-
3 E, assim diz o Senhor: ‘Esta cidade certamente será entregue ao exército do rei da Babilônia, que a conquistará’ ".
4 ထို​အ​ခါ​မှူး​မတ်​တို့​သည်​မင်း​ကြီး​အား``ဤ သူ​ကို​သုတ်​သင်​ပစ်​မှ​ဖြစ်​ပါ​မည်။ သူ​သည် ဤ​စ​ကား​များ​ကို​ပြော​ဆို​ခြင်း​အား​ဖြင့် မြို့​တွင်း​ရှိ​စစ်​သည်​သူ​ရဲ​တို့​အား​လျော့ စေ​ပါ​၏။ မြို့​ထဲ​တွင်​အ​ခြား​ကျန်​ရှိ​နေ​သေး သူ​အ​ပေါင်း​ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင် ဖြစ်​စေ​ပါ​၏။ သူ​သည်​လူ​တို့​၏​ကောင်း​ကျိုး ကို​မ​ရှာ၊ ဆိုး​ကျိုး​ကို​သာ​လျှင်​ရှာ​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။-
4 Então os líderes disseram ao rei: "Este homem deve morrer. Ele está desencorajando os soldados que restaram nesta cidade, bem como todo o povo, com as coisas que ele está dizendo. Este homem não busca o bem deste povo, mas a sua ruína".
5 သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​က``ကောင်း​ပြီ။ သူ့​အား သင်​တို့​ပြု​လို​ရာ​ပြု​ကြ​ပေ​လော့။ သင်​တို့ အား​ငါ​မ​ဆီး​တား'' ဟု​မိန့်​တော်​မူ​၏။-
5 O rei Zedequias respondeu: "Ele está em suas mãos; o rei não pode opor-se a vocês".
6 ထို့​ကြောင့်​မှူး​မတ်​တို့​သည်​ငါ့​ကို​ယူ​ဆောင်​ကာ နန်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​သော​မင်း​သား မာ​လ​ခိ​၏​ရေ​တွင်း​ထဲ​သို့​ကြိုး​များ​ဖြင့် လျှော​ချ​လိုက်​ကြ​၏။ ရေ​တွင်း​ထဲ​၌​ရေ​မ​ရှိ။ ရွှံ့​နွံ​များ​သာ​လျှင်​ရှိ​သ​ဖြင့်​ငါ​သည်​ရွှံ့​နွံ တွင်​ကျွံ​နစ်​လျက်​နေ​လေ​၏။-
6 Assim, pegaram Jeremias e o jogaram na cisterna de Malquias, filho do rei, a qual ficava no pátio da guarda. Baixaram Jeremias por meio de cordas para dentro da cisterna. Não havia água na cisterna, mas somente lama; e Jeremias afundou na lama.
7 သို့​ရာ​တွင်​နန်း​တော်​အ​မှု​ထမ်း​ဆူ​ဒန်​အ​မျိုး သား​မိန်း​မ​စိုး​ဧ​ဗ​ဒ​မေ​လက်​သည် ဤ​သို့​ထို သူ​တို့​က​ရေ​တွင်း​ထဲ​သို့​ချ​လိုက်​ကြောင်း​ကို ကြား​သိ​သွား​လေ​သည်။ ထို​အ​ချိန်​၌​မင်း​ကြီး သည်​ဗင်္ယာ​မိန်​တံ​ခါး​အ​နီး​တွင်​ညီ​လာ​ခံ လျက်​နေ​၏။-
7 Mas, Ebede-Meleque, o etíope, oficial do palácio real, ouviu que eles tinham jogado Jeremias na cisterna. Ora, o rei estava sentado junto à porta de Benjamim,
8 သို့​ဖြစ်​၍​ဧ​ဗ​ဒ​မေ​လက်​သည်​နန်း​တော်​မှ ထို​အ​ရပ်​သို့​သွား​ပြီး​လျှင်​မင်း​ကြီး​အား၊-
8 Ebede-Meleque saiu do palácio e foi dizer-lhe:
9 ``အ​ရှင်​မင်း​ကြီး၊ ဤ​သူ​တို့​ပြု​ခဲ့​ကြ​သည့် အ​မှု​များ​သည်​မှား​ပါ​၏။ သူ​တို့​သည်​ယေ​ရ​မိ အား​ရေ​တွင်း​ထဲ​သို့​ချ​ခဲ့​ကြ​ပါ​ပြီ။ သူ​သည် ဧ​ကန်​မု​ချ​အ​စာ​ငတ်​၍​သေ​ရ​ပါ​လိမ့်​မည်။ မြို့​တွင်း​၌​လည်း​အ​စာ​ရေ​စာ​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။-
9 "Ó rei, meu senhor, esses homens cometeram um mal em tudo o que fizeram ao profeta Jeremias. Eles o jogaram numa cisterna para que morra de fome, pois já não há mais pão na cidade".
10 ထို​အ​ခါ​မင်း​ကြီး​သည်​ဧ​ဗ​ဒ​မေ​လက်​အား ထို​အ​ရပ်​တွင်​ရှိ​သည့်​လူ​သုံး​ယောက်​ကို​ခေါ် ယူ​ကာ ယေ​ရ​မိ​မ​သေ​မီ​ရေ​တွင်း​ထဲ​မှ​ဆယ် ယူ​စေ​တော်​မူ​၏။-
10 Então o rei ordenou a Ebede-Meleque, o etíope: "Leve com você três homens sob as suas ordens e retire o profeta Jeremias da cisterna antes que ele morra".
11 ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-
11 Então Ebede-Meleque levou consigo os homens que estavam sob as suas ordens e foi à sala que fica debaixo da tesouraria do palácio. Pegou alguns trapos e roupas velhas e desceu cordas até Jeremias na cisterna.
12 ထို​နောက်​ဧ​ဗ​ဒ​မေ​လက်​သည်​ငါ့​အား``သင့် အား​ကြိုး​များ​မ​ပွန်း​မ​ရှ​နိုင်​စေ​ရန် ဤ အ​ဝတ်​စုတ်​ကို​သင်​၏​ချိုင်း​အောက်​တွင်​ခံ ၍​ထား​လော့'' ဟု​ဆို​၏။ ငါ​သည်​ဤ​အ​တိုင်း ပြု​၏။-
12 O Ebede-Meleque, o etíope, disse a Jeremias: "Ponha esses trapos e roupas velhas debaixo dos braços para servirem de almofada para as cordas". E Jeremias assim fez.
13 ထို​နောက်​သူ​တို့​သည်​ငါ့​အား​ကြိုး​များ​ဖြင့် ဆွဲ​၍​ရေ​တွင်း​ထဲ​မှ​ကယ်​ဆယ်​လိုက်​ကြ​၏။ ထို​နောက်​ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ နေ​ရ​လေ​သည်။
13 Assim, com as cordas o puxaram para cima e o tiraram da cisterna. E Jeremias permaneceu no pátio da guarda.
14 ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ဗိ​မာန်​တော်​တ​တိ​ယ မုခ်​ဆောင်​ခန်း​သို့​ခေါ်​ယူ​စေ​ပြီး​လျှင်``သင့်​အား မေး​ခွန်း​တစ်​ခု​ကို​ငါ​မေး​မည်။ ငါ​၏​ထံ​မှ​မည် သည့်​အ​ရာ​ကို​မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်'' ဟု ဆို​၏။
14 Então o rei Zedequias mandou trazer o profeta Jeremias e o encontrou na terceira entrada do templo do Senhor. "Quero pedir de você uma palavra", disse o rei. "Não me esconda nada. "
15 ငါ​က``အ​ကယ်​၍​အ​ကျွန်ုပ်​သည်​မှန်​ရာ​ကို လျှောက်​ထား​ပါ​မူ အ​ရှင်​သည်​အ​ကျွန်ုပ်​အား ကွပ်​မျက်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​အ​ကြံ​ပေး လျှင်​လည်း​အ​ရှင်​ပ​မာ​ဏ​ပြု​တော်​မူ​လိမ့် မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။
15 Jeremias disse a Zedequias: "Se eu te der uma resposta, não me matarás? Mesmo que eu te desse conselho, tu não me escutarias".
16 သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။
16 O rei Zedequias, porém, fez este juramento secreto a Jeremias: "Juro pelo nome do Senhor, de quem recebemos a vida, eu não o matarei nem o entregarei nas mãos daqueles que desejam tirar-lhe a vida".
17 ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-
17 Então Jeremias disse a Zedequias: "Assim diz o Senhor dos Exércitos, Deus de Israel: ‘Se te renderes imediatamente aos oficiais do rei da Babilônia, tua vida será poupada e esta cidade não será incendiada; tu e a tua família viverão.
18 သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။
18 Mas, se não te renderes imediatamente aos oficiais do rei da Babilônia, esta cidade será entregue nas mãos dos babilônios, e eles a incendiarão; nem mesmo tu escaparás das mãos deles’ ".
19 သို့​ရာ​တွင်​ဇေ​ဒ​ကိ​မင်း​က``ဗာ​ဗု​လုန်​အ​မျိုး သား​တို့​ဘက်​သို့​ထွက်​ပြေး​ကြ​သော​ယု​ဒ အ​မျိုး​သား​တို့​ကို​ငါ​ကြောက်​၏။ အ​ကယ် ၍​ငါ​သည်​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​ခဲ့ သော်​သူ​တို့​သည်​ငါ့​အား​အ​ပြင်း​အ​ထန် ညှင်း​ဆဲ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
19 O rei Zedequias disse a Jeremias: "Tenho medo dos judeus que estão apoiando os babilônios, pois os babilônios poderão entregar-me nas mãos deles, e eles me maltratarão".
20 ငါ​က``အ​ရှင်​သည်​ထို​သူ​တို့​လက်​တွင်း​သို့ ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင့်​အား အ​ကျွန်ုပ်​ပြန်​ကြား​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​တော်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက် တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား​ပါ​၏။ ဤ အ​တိုင်း​ပြု​တော်​မူ​လျှင်​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လျက် အ​ရှင်​သည်​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-
20 "Eles não o entregarão", Jeremias respondeu. "Obedeça ao Senhor fazendo o que eu lhe digo, para que estejas bem e a tua vida seja poupada.
21 သို့​ရာ​တွင်​အ​ကယ်​၍​အ​ရှင်​သည်​လက်​နက် ချ​ရန်​ငြင်း​ဆန်​တော်​မူ​ပါ​က အ​ဘယ်​သို့ သော​အ​မှု​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ပြ​တော်​မူ​ပါ​ပြီ။-
21 Mas se te recusares a render-se, foi isto que o Senhor me revelou:
22 ယု​ဒ​ဘု​ရင်​၏​နန်း​တော်​တွင်​ကျန်​ရှိ​သ​မျှ သော​အ​မျိုး​သ​မီး​တို့​ကို ဗာ​ဗု​လုန်​ဘု​ရင် ၏​မှူး​မတ်​များ​ထံ​သို့​ထုတ်​ဆောင်​သွား​ကြ လိမ့်​မည်။ သူ​တို့​သည်​ဤ​သို့​ထွက်​ခွာ​သွား ကြ​ရ​စဉ်၊
22 Todas as mulheres deixadas no palácio real de Judá serão levadas aos oficiais do rei da Babilônia. E elas lhe dirão: ‘Aqueles teus amigos de confiança te enganaram e prevaleceram sobre ti. Teus pés estão atolados na lama; teus amigos te abandonaram’. "
23 ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။
23 "Todas as tuas mulheres e os teus filhos serão levados aos babilônios. Tu mesmo não escaparás das mãos deles, mas serás capturado pelo rei da Babilônia; e esta cidade será incendiada. "
24 ဇေ​ဒ​ကိ​မင်း​သည်​လည်း``ယ​ခု​ငါ​တို့​ပြော ဆို​ကြ​သည့်​စ​ကား​များ​ကို​အ​ဘယ်​သူ​မျှ မ​သိ​စေ​နှင့်။ သို့​မှ​သာ​လျှင်​သင်​သည် အ​သက်​ဘေး​နှင့်​ကင်း​ဝေး​ရ​လိမ့်​မည်။-
24 Então Zedequias disse a Jeremias: "Se alguém souber dessa conversa, você morrerá.
25 ငါ​သည်​သင်​နှင့်​စ​ကား​ပြော​ဆို​ခဲ့​ကြောင်း မှူး​မတ်​များ​ကြား​သိ​ကြ​သော​အ​ခါ သူ​တို့ သည်​သင့်​၏​ထံ​သို့​လာ​၍ ငါ​တို့​ပြော​ဆို​ကြ သည့်​ကိစ္စ​ကို​မေး​မြန်း​ကြ​လိမ့်​မည်။ သူ​တို့ က`ငါ​တို့​အား​ပြော​ပြ​လျှင်​သင့်​ကို​ငါ တို့​မ​သတ်​ပါ' ဟု​ကတိ​ပြု​ကြ​လိမ့်​မည်။-
25 Se os líderes ouvirem que eu conversei com você e vierem dizer-lhe: ‘Conte-nos o que você disse ao rei e o que o rei disse a você; não esconda nada de nós, se não nós o mataremos’,
26 သို့​သော်​လည်း​သင်​သည်​မိ​မိ​အ​သက်​မ​သေ ရ​လေ​အောင်​ယော​န​သန်​၏​အိမ်​သို့​ပြန်​၍​ပို့ တော်​မ​မူ​ပါ​နှင့်​ဟူ​၍​သာ​လျှင်​ငါ့​အား​ပန် ကြား​လျှောက်​ထား​ခဲ့​ကြောင်း​သူ​တို့​ကို​ပြော ကြား​ပါ​လော့'' ဟု​ဆို​၏။-
26 diga: ‘Fui suplicar ao rei que não me mandasse de volta à casa de Jônatas, para ali morrer’ ".
27 မှူး​မတ်​အ​ပေါင်း​တို့​သည်​ငါ့​ထံ​လာ​၍​စစ် ဆေး​မေး​မြန်း​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မိ​မိ​ကို​မင်း​ကြီး​သင်​ကြား​ပေး​ထား​သည့် အ​တိုင်း​သာ​လျှင် တိ​ကျ​စွာ​ပြန်​လည်​ဖြေ ကြား​လိုက်​လေ​သည်။ အ​ဘယ်​သူ​မျှ​လည်း မင်း​ကြီး​နှင့်​ငါ​ပြော​ဆို​သော​စ​ကား​များ ကို​ကြား​ခဲ့​ရ​သူ​မ​ရှိ​သ​ဖြင့်​သူ​တို့​သည် အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်​ကြ​တော့​ချေ။
27 Quando os líderes vieram interrogar Jeremias, ele lhes disse tudo o que o rei tinha ordenado que dissesse. E eles não lhe perguntaram mais nada, pois ninguém tinha ouvido a conversa com o rei.
28 ငါ​သည်​လည်း​ရန်​သူ့​လက်​သို့​ယေ​ရု​ရှ​လင် မြို့​ကျ​ရောက်​သည့်​နေ့​တိုင်​အောင် နန်း​တော် ဝင်း​အ​တွင်း​၌​နေ​ရ​လေ​တော့​သည်။
28 E Jeremias permaneceu no pátio da guarda até o dia em que Jerusalém foi conquistada.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 38, comparar traduções ou montar um estudo — tudo direto pelo WhatsApp.