Jeremias 36
Common Language Bible (MYA) vs NVT
1 ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ထာဝရဘုရားသည်ငါ့အား၊-
1 No quarto ano do reinado de Jeoaquim, filho de Josias, rei de Judá, o S enhor deu esta mensagem a Jeremias:
2 ``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-
2 “Pegue um rolo e escreva nele todas as minhas mensagens contra Israel, Judá e as outras nações. Comece com a primeira mensagem, do tempo de Josias, e escreva todas, até hoje.
3 ယုဒပြည်သားများသည်မိမိတို့အတွက် ငါ ရည်မှန်းထားသည့်ဘေးအန္တရာယ်ဆိုး၏အ ကြောင်းကိုကြားသိရပါမူ မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ ထိုအခါငါသည်သူတို့ပြုကျင့်သည့်မ ကောင်းမှုဒုစရိုက်များအတွက်အပြစ် ဖြေလွှတ်တော်မူမည်'' ဟုမိန့်တော်မူ၏။
3 Talvez o povo de Judá se arrependa ao ouvir novamente todas as coisas terríveis que planejei para eles. Então perdoarei sua maldade e seus pecados”.
4 သို့ဖြစ်၍ငါသည်နေရိ၏သားဗာရုတ်ကို ခေါ်ပြီးလျှင် မိမိအားထာဝရဘုရားမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် ရန်နှုတ်တိုက်ချပေးလေသည်။ ဗာရုတ်သည် လည်းစာလိပ်တစ်ခုတွင်ရေးမှတ်၍ထား၏။-
4 Jeremias mandou chamar Baruque, filho de Nerias, e enquanto Jeremias ditava para ele todas as profecias que o S enhor lhe tinha dado, Baruque as escrevia no rolo.
5 ထိုနောက်ငါသည်ဗာရုတ်အား``ငါသည်ဗိမာန် တော်သို့ဝင်ခွင့်မရပါ။-
5 Depois, Jeremias disse a Baruque: “Estou preso aqui e não posso ir ao templo.
6 သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။-
6 Portanto, vá você ao templo no próximo dia de jejum e leia as mensagens do S enhor que ditei para que as escrevesse no rolo. Leia as mensagens para o povo de todas as cidades de Judá que estiver no templo.
7 ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။-
7 Quem sabe eles abandonem seus maus caminhos e peçam perdão ao S enhor antes que seja tarde demais, pois o S enhor os ameaçou com sua ira ardente”.
8 ထို့ကြောင့်ဗာရုတ်သည်မိမိအားငါမှာကြား ထားသည့်အတိုင်း တိကျစွာထာဝရဘုရား ၏ဗျာဒိတ်စကားတော်တို့ကိုဗိမာန်တော် ထဲ၌ဖတ်ပြလေ၏။
8 Baruque, filho de Nerias, fez tudo conforme Jeremias lhe ordenou e leu as mensagens do S enhor para o povo que estava no templo.
9 ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်း စံပဉ္စမနှစ်၊ နဝမလ၌ဣသရေလပြည်သား တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် မျက်နှာ ပွင့်လန်းအံ့သောငှာအစာရှောင်ချိန်ကိုကြေ ညာကြသဖြင့် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့သည်လည်းကောင်း၊ ယုဒမြို့ အသီးသီးမှလာရောက်ကြသူလူအပေါင်း တို့သည်လည်းကောင်းအစာရှောင်ကြကုန်၏။-
9 Fez isso num dia de jejum sagrado, no final do outono, no quinto ano do reinado de Jeoaquim, filho de Josias. Gente de todas as cidades de Judá tinha ido a Jerusalém para participar da adoração no templo naquele dia.
10 ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
10 Baruque leu para todo o povo as palavras de Jeremias escritas no rolo. Estava diante da sala de Gemarias, filho do secretário Safã. A sala ficava no pátio superior do templo, perto do portão Novo.
11 ဂေမရိ၏သားရှာဖန်၏မြေး၊ မိက္ခာယသည် ထိုစာလိပ်တွင်ပါရှိသည့်ထာဝရဘုရား ၏စကားတော်တို့ကိုကြားလျှင်၊-
11 Quando Micaías, filho de Gemarias e neto de Safã, ouviu as mensagens do S enhor escritas no rolo,
12 နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။-
12 desceu à sala do secretário no palácio onde estavam reunidos os oficiais administrativos. Lá estavam o secretário Elisama, Delaías, filho de Semaías, Elnatã, filho de Acbor, Gemarias, filho de Safã, Zedequias, filho de Hananias, e todos os outros oficiais.
13 မိက္ခာယသည်လူတို့အားဗာရုတ်ဖတ်ပြသည့် စကားများအနက်မိမိကြားသိခဲ့ရသမျှ ကိုထိုသူတို့အားပြောပြလေသည်။-
13 Quando Micaías lhes falou das mensagens que Baruque estava lendo para o povo,
14 ထိုအခါမှူးမတ်တို့သည်ကုရှိ၏မြစ်၊ ရှေလမိ ၏မြေး၊ နာသနိ၏သားယေဟုဒိကိုဗာရုတ် ထံသို့စေလွှတ်၍ ဗာရုတ်အားမိမိလူတို့ဖတ်ပြ သည့်စာလိပ်နှင့်အတူလာရောက်ရန်မှာကြား လိုက်ကြ၏။ ဗာရုတ်သည်လည်းထိုသူတို့ထံ သို့လာလေသည်။-
14 os oficiais enviaram Jeudi, filho de Netanias, neto de Selemias e bisneto de Cusi, para dizer a Baruque: “Venha e leia as mensagens para nós também”. Então Baruque, filho de Nerias, pegou o rolo e foi até eles.
15 ထိုသူတို့သည်ဗာရုတ်ကိုထိုင်ရန်ပြောကြား ပြီးလျှင်``ဤစာလိပ်ကိုငါ့တို့အားဖတ်ပြ ပါလော့'' ဟုဆိုသဖြင့်ဗာရုတ်သည်ဖတ်၍ ပြ၏။-
15 “Sente-se e leia o rolo para nós”, disseram os oficiais, e Baruque fez o que pediram.
16 ဖတ်၍ပြီးဆုံးသွားသောအခါမှူးမတ်တို့သည် ထိတ်လန့်သည့်အမှုအရာဖြင့်အချင်းချင်း ကြည့်ကာ``ဤအမှုကိုမင်းကြီးအားငါတို့ သံတော်ဦးတင်ရပါမည်'' ဟုဗာရုတ်အား ပြောကြာပြီးလျှင်၊-
16 Quando ouviram as mensagens, olharam uns para os outros assustados. “Precisamos relatar ao rei o que ouvimos”, disseram a Baruque.
17 ``သင်သည်အဘယ်သို့လျှင်ဤစကားအလုံး စုံကိုရရှိရေးမှတ်ခဲ့ပါသနည်း။ ယင်းတို့ ကိုသင့်အားယေရမိနှုတ်တိုက်ချပေးပါ သလော'' ဟုမေးမြန်းကြ၏။
17 “Mas, primeiro, diga-nos como você recebeu essas mensagens. Vieram diretamente de Jeremias?”
18 ဗာရုတ်သည်လည်း၊``ဤစကားအလုံးစုံကို ယေရမိကနှုတ်တိုက်ချပေး၍ အကျွန်ုပ်က မင်နှင့်စာလိပ်ပေါ်တွင်ရေးချပါသည်'' ဟု ပြန်လည်ဖြေကြား၏။
18 Baruque explicou: “Jeremias as ditou e eu as escrevi com tinta neste rolo, palavra por palavra”.
19 ထိုအခါမှူးမတ်များက``သင်နှင့်ယေရမိ သည်ထွက်ပြေးပုန်းရှောင်နေရကြပေမည်။ သင်တို့ရှိရာကိုအဘယ်သူမျှမသိစေ နှင့်'' ဟုဗာရုတ်အားပြောကြားကြ၏။
19 “Você e Jeremias devem se esconder!”, os oficiais disseram a Baruque. “Não digam a ninguém onde estão.”
20 မှူးမတ်တို့သည်စာလိပ်ကိုဘုရင့်အတိုင် ပင်ခံအမတ်ဧလိရှမာ၏အခန်းတွင်ထား ခဲ့၍ နန်းတော်သို့သွားရောက်ကာမင်းကြီး အားဖြစ်ပျက်သမျှအကြောင်းစုံကိုသံ တော်ဦးတင်ကြ၏။-
20 Então os oficiais deixaram o rolo guardado na sala do secretário Elisama e foram contar ao rei o que tinham ouvido.
21 ထိုအခါမင်းကြီးသည်ယေဟုဒိအားစေ လွှတ်၍စာလိပ်ကိုအယူခိုင်းလေသည်။ ယေဟု ဒိသည်လည်းဧလိရှမာ၏အခန်းမှထိုစာ လိပ်ကိုယူပြီးလျှင် မင်းကြီးနှင့်တကွမင်း ကြီး၏ပတ်လည်တွင်ရပ်လျက်နေသည့် မှူးမတ်များ၏ရှေ့တွင်ဖတ်ပြ၏။-
21 O rei mandou Jeudi buscar o rolo. Jeudi o levou da sala do secretário Elisama e o leu para o rei e para todos os oficiais presentes.
22 ထိုကာလသည်ဆောင်းအခါဖြစ်၍မင်း ကြီးသည် မိမိ၏ဆောင်းရာသီစံနန်း အတွင်းမီးအိုးကင်းရှေ့တွင်ထိုင်လျက်နေ၏။-
22 Era final do outono, e o rei estava numa parte do palácio usada durante o inverno, sentado diante de um braseiro para se aquecer.
23 ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။-
23 Cada vez que Jeudi terminava de ler três ou quatro colunas, o rei pegava uma faca, cortava aquela parte do rolo e a jogava no fogo. Assim, pedaço por pedaço, o rolo inteiro foi queimado.
24 သို့ရာတွင်စာလိပ်ပါစကားအလုံးစုံကို ကြားရသူမင်းကြီးနှင့်တကွ အဘယ်မှူး မတ်မျှကြောက်လန့်မှုမဖြစ်ကြ။ နောင်တ ရသည့်လက္ခဏာကိုလည်းမပြကြ။-
24 Nem o rei nem seus servos mostraram qualquer sinal de medo ou remorso diante do que tinham ouvido.
25 ဧလနာသန်၊ ဒေလာယနှင့်ဂေမရိတို့ သည်မင်းကြီးအား ထိုစာလိပ်ကိုမီးမရှို့ ရန်လျှောက်ထားတောင်းပန်ကြသော်လည်း မင်းကြီးသည်သူတို့၏ပန်ကြားချက်ကို နားမထောင်ချေ။-
25 Mesmo quando Elnatã, Delaías e Gemarias imploraram ao rei que não queimasse o rolo, ele não lhes deu atenção.
26 ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
26 Em seguida, o rei ordenou a seu filho Jerameel, a Seraías, filho de Azriel, e a Selemias, filho de Abdeel, que prendessem o profeta Jeremias e seu secretário, Baruque. O S enhor , porém, os tinha escondido.
27 ဗာရုတ်အားငါနှုတ်တိုက်ချပေးသည့်စာလိပ် ကိုမင်းကြီးမီးရှို့လိုက်ပြီးနောက်ထာဝရ ဘုရားသည်ငါ့အား၊-
27 Depois que o rei havia queimado o rolo no qual Baruque tinha escrito as palavras de Jeremias, o S enhor deu esta mensagem a Jeremias:
28 ``သင်သည်အခြားစာလိပ်တစ်ခုကိုယူ၍ ယောယကိမ်မင်းမီးရှို့လိုက်သည့်စာလိပ်တွင် ပါရှိသမျှသောစကားတို့ကိုရေးမှတ်၍ ထားလော့။-
28 “Pegue outro rolo e escreva novamente tudo que estava no primeiro rolo, que o rei Jeoaquim queimou.
29 ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
29 Depois, diga ao rei: ‘Assim diz o S enhor : Você queimou o rolo porque ele dizia que o rei da Babilônia destruiria esta terra e acabaria com as pessoas e os animais.
30 သို့ဖြစ်၍သင်၏သားမြေးများသည်အဘယ် အခါ၌မျှ ဒါဝိဒ်မင်း၏ရာဇပလ္လင်၌ မင်းအဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်ဟု ငါထာဝရဘုရားမြွက်ဆို၏။ သင်၏အလောင်း ကိုလည်းနေ့အခါနေပူ၍ညဥ့်အခါ ဆီး နှင်းထိရာအရပ်တွင်ပစ်ထုတ်ထားကြ လိမ့်မည်။-
30 Agora, assim diz o S enhor a respeito de Jeoaquim, rei de Judá: Ele não terá herdeiros para se sentarem no trono de Davi. Seu corpo será lançado fora e não será enterrado; ficará exposto ao calor do dia e à geada da noite.
31 သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
31 Castigarei o rei, sua família e seus servos por seus pecados. Derramarei sobre eles e sobre todos os habitantes de Jerusalém e de Judá todas as calamidades que prometi, pois não quiseram dar ouvidos às minhas advertências’”.
32 ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
32 Então Jeremias pegou outro rolo e ditou novamente a seu secretário, Baruque, filho de Nerias. Escreveu tudo que estava no rolo que o rei Jeoaquim havia queimado. Dessa vez, porém, acrescentou muitas outras coisas.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 36, comparar traduções ou montar um estudo — tudo direto pelo WhatsApp.