Jeremias 34

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့် တပ်​မ တော်​သည်​လက်​အောက်​ခံ​နိုင်​ငံ​ရှိ​သ​မျှ​နှင့် လူ​မျိုး​အ​ပေါင်း​တို့​၏​စစ်​တပ်​များ​အ​ကူ အ​ညီ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​နီး အ​နား​ရှိ​မြို့​ရွာ​များ​ကို​တိုက်​ခိုက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-
1 A palavra que do Senhor veio a Jeremias quando Nabucodonosor, rei da Babilônia, e todo o seu exército, e todos os reinos da terra que estavam sob o domínio da sua mão, e todos os povos pelejavam contra Jerusalém e contra todas as suas cidades, dizendo:
2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​သင်​သည်​ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​ထံ​သို့​သွား​၍​သူ့​အား​ဗျာ ဒိတ်​တော်​ပြန်​ကြား​ရ​မည်​မှာ``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​အား ပေး​အပ်​မည်။ သူ​သည်​ဤ​မြို့​ကို​မီး​ရှို့​လိမ့်​မည်။-
2 Assim diz o Senhor , Deus de Israel: Vai, e fala a Zedequias, rei de Judá, e dize-lhe: Assim diz o Senhor : Eis que eu entrego esta cidade nas mãos do rei da Babilônia, o qual a queimará.
3 သင်​သည်​သူ​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​ဖမ်း​ခံ​ရ​ကာ​သူ​၏​လက်​တွင်း သို့​သက်​ဆင်း​ရ​လိမ့်​မည်။ သင်​သည်​သူ​နှင့် မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော​ဆို​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ပါ​သွား​ရ​လိမ့်​မည်။-
3 E tu não escaparás das suas mãos; antes, decerto, serás preso e serás entregue nas suas mãos; e teus olhos verão os olhos do rei da Babilônia, e ele te falará boca a boca, e entrarás na Babilônia.
4 အို ဇေ​ဒ​ကိ​မင်း၊ သင့်​ကို​ရည်​မှတ်​၍ ငါ​မိန့် မှာ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ သင် သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​လိမ့်​မည်​မ​ဟုတ်။-
4 Todavia ouve a palavra do Senhor , ó Zedequias, rei de Judá. Assim diz o Senhor a teu respeito: Não morrerás à espada.
5 အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
5 Em paz morrerás, e, conforme as incinerações de teus pais, os reis precedentes, que foram antes de ti, assim te queimarão a ti e prantear-te-ão, dizendo: Ah! Senhor! Porque sou eu que digo a palavra, diz o Senhor .
6 — ausente —
6 E anunciou Jeremias, o profeta, a Zedequias, rei de Judá, todas estas palavras, em Jerusalém,
7 — ausente —
7 quando o exército do rei da Babilônia pelejava contra Jerusalém, contra todas as cidades de Judá que ficaram de resto, contra Laquis e contra Azeca; porque estas fortes cidades foram as que ficaram dentre as cidades de Judá.
8 — ausente —
8 A palavra que do Senhor veio a Jeremias, depois que o rei Zedequias fez concerto com todo o povo que havia em Jerusalém, para lhes apregoar a liberdade:
9 — ausente —
9 que cada um despedisse forro o seu servo e cada um, a sua serva, hebreu ou hebreia, de maneira que ninguém se fizesse servir deles, sendo judeus, seus irmãos.
10 ပြည်​သူ​များ​နှင့်​ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကျေး​ကျွန်​များ​အား​လွတ်​လပ် ခွင့်​ပေး​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန် ၍​ကျွန်​စေ​စား​မှု​မ​ပြု​ပါ​ဟု​သ​ဘော​တူ​ညီ ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ကျေး​ကျွန်​များ ကို​လွတ်​လပ်​ခွင့်​ပေး​ကြ​၏။-
10 E ouviram todos os príncipes e todo o povo que entrou no concerto que cada um despedisse forro o seu servo e cada um, a sua serva, de maneira que não se fizessem mais servir deles; ouviram, pois, e os soltaram.
11 သို့​သော်​လည်း​ယင်း​သို့​လွတ်​လပ်​ခွင့်​ပေး​ပြီး သည်​နောက် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ထို​သူ တို့​အား​ပြန်​လည်​ခေါ်​ယူ​ကာ အ​တင်း အ​ကြပ်​ကျွန်​ခံ​စေ​ကြ​ပြန်​၏။
11 Mas, depois, se arrependeram, e fizeram voltar os servos e as servas que tinham libertado, e os sujeitaram por servos e por servas.
12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊-
12 Veio, pois, a palavra do Senhor a Jeremias, da parte do Senhor , dizendo:
13 ငါ့​အား​ပြည်​သူ​တို့​အား​ဆင့်​ဆို​စေ​သည် မှာ``ငါ​သည်​သင်​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ကာ ကျွန်​ဘ​ဝ မှ​လွတ်​မြောက်​စေ​ခဲ့​စဉ်​အ​ခါ​က​သူ​တို့ နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-
13 Assim diz o Senhor , Deus de Israel: Eu fiz concerto com vossos pais, no dia em que os tirei da terra do Egito, da casa da servidão, dizendo:
14 သူ​တို့​သည်​မိ​မိ​ဝယ်​ယူ​ထား​သည့်​ဟေ​ဗြဲ ကျွန်​မှန်​သ​မျှ​ကို​ခြောက်​နှစ်​မျှ​စေ​စား​ပြီး နောက် ခု​နစ်​နှစ်​မြောက်​တွင်​လွတ်​လပ်​ခွင့်​ပေး​ရ ကြ​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ငါ​မှာ​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​၏​ဘိုး​ဘေး​တို့​သည် ငါ့​အား​ပ​မာ​ဏ​မ​ပြု​ကြ။ ငါ​ပြော​ဆို သည့်​စ​ကား​ကို​လည်း​နား​မ​ထောင်​ကြ။-
14 Ao fim de sete anos libertareis cada um a seu irmão hebreu que te for vendido a ti e te houver servido a ti seis anos; e despedi-lo-ás forro de ti; mas vossos pais me não ouviram, nem inclinaram os ouvidos.
15 လွန်​ခဲ့​သည့်​ရက်​အ​နည်း​ငယ်​က​သင်​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍ ငါ​နှစ်​သက်​သည့် အ​မှု​ကို​ပြု​ခဲ့​ကြ​၏။ သင်​တို့​အား​လုံး​ပင် မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား​အ​ချင်း​ချင်း တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန်​သ​ဘော​တူ​ညီ ချက်​ဖြင့် ငါ့​နာ​မ​ဖြင့်​တည်​ဆောက်​ထား သော​ဗိ​မာန်​တော်​အ​တွင်း​ငါ​၏​ရှေ့​မှောက် ၌​ပ​ဋိ​ညာဉ်​ပြု​ခဲ့​ကြ​၏။-
15 E vos havíeis, hoje, convertido e tínheis feito o que é reto aos meus olhos, apregoando liberdade cada um ao seu próximo; e tínheis feito diante de mim um concerto, na casa que se chama pelo meu nome.
16 သို့​ရာ​တွင်​သင်​တို့​သည်​စိတ်​သ​ဘော​ထား ပြောင်း​လဲ​ကြ​ပြန်​၍​ငါ့​အား​အ​သ​ရေ​ဖျက် ကြ​၏။ သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​လွတ်​လပ် ခွင့်​ပေး​ခဲ့​ကြ​သည့်​ကျေး​ကျွန်​များ​ကို ပြန် လည်​ခေါ်​ယူ​ကာ​အ​တင်း​အ​ကြပ်​ကျွန်​ခံ စေ​ကြ​ပြန်​၏။-
16 Mudastes, porém, e profanastes o meu nome, e fizestes voltar cada um ao seu servo, e cada um, à sua serva, os quais já tínheis despedido forros, conforme a sua vontade; e os sujeitastes, para que se vos fizessem servos e servas.
17 သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-
17 Portanto, assim diz o Senhor : Vós não me ouvistes a mim, para apregoardes a liberdade, cada um ao seu irmão e cada um ao seu próximo; pois eis que eu vos apregoo a liberdade, diz o Senhor , para a espada, para a pestilência e para a fome; e dar-vos-ei por espanto a todos os reinos da terra.
18 — ausente —
18 E entregarei os homens que traspassaram o meu concerto, que não confirmaram as palavras do concerto, como eles fizeram diante de mim com o bezerro que dividiram em duas partes, passando pelo meio das duas porções.
19 — ausente —
19 Os príncipes de Judá, e os príncipes de Jerusalém, e os eunucos, e os sacerdotes, e todo o povo da terra que passou por meio das porções do bezerro,
20 ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-
20 entregá-los-ei, digo, nas mãos de seus inimigos e nas mãos dos que procuram a sua morte, e os cadáveres deles servirão de mantimento às aves dos céus e aos animais da terra.
21 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-
21 E até o rei Zedequias, rei de Judá, e seus príncipes entregarei nas mãos de seus inimigos e nas mãos dos que procuram a sua morte, e nas mãos do exército do rei da Babilônia, que já se retirou de vós.
22 ထို​တပ်​မ​တော်​ကို​ငါ​အ​မိန့်​ပေး​သ​ဖြင့် သူ တို့​သည်​ပြန်​လာ​၍​ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ ငါ​သည် ယု​ဒ​မြို့​တို့​ကို​လူ​သူ​ကင်း​မဲ့​ရာ​သဲ​ကန္တာ​ရ ကဲ့​သို့​ဖြစ်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
22 Eis que eu darei ordem, diz o Senhor , e os farei tornar a esta cidade, e pelejarão contra ela, e a tomarão, e a queimarão; e as cidades de Judá porei em assolação, de sorte que ninguém habite nelas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 34, comparar traduções ou montar um estudo — tudo direto pelo WhatsApp.