Jeremias 33

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ငါ​သည်​ထောင်​ဝင်း​အ​တွင်း​တွင်​အ​ချုပ်​ခံ​ရ လျက်​ပင်​ရှိ​နေ​သေး​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​အား​တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ ပြန်​၏။-
1 Quando Jeremias ainda estava encarcerado no pátio da guarda, a palavra do Senhor veio a ele pela segunda vez, dizendo:
2 ကမ္ဘာ​မြေ​ကြီး​ကို​ပုံ​သွင်း​ဖန်​ဆင်း​၍​နေ သား​တ​ကျ​တည်​ရှိ​စေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊-
2 — Assim diz o Senhor que faz estas coisas, o Senhor que as forma para as estabelecer — Senhor é o seu nome:
3 ``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-
3 Chame por mim e eu responderei; eu lhe anunciarei coisas grandes e ocultas, que você não conhece.
4 ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် ၏​နန်း​တော်​သည် ဝိုင်း​ရံ​ပိတ်​ဆို့​တိုက်​ခိုက်​ခံ ရ​သ​ဖြင့်​ပြို​ပျက်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
4 Porque assim diz o Senhor , o Deus de Israel, a respeito das casas desta cidade e das casas dos reis de Judá, que foram derrubadas para defender a cidade contra as rampas de ataque e a espada:
5 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လူ​အ​ချို့ သည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​အ​မျက် ဒေါ​သ​ထွက်​၍​ကွပ်​မျက်​မည့်​လူ​တို့​၏ အ​လောင်း​များ​ဖြင့် သူ​တို့​သည်​ဤ​မြို့​ကို ပြည့်​နှက်​နေ​စေ​ကြ​လိမ့်​မည်။ မြို့​သူ​မြို့ သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက်​များ ကြောင့်​ငါ​သည်​ဤ​မြို့​ကို​မျက်​နှာ​လွှဲ တော်​မူ​ပြီ။-
5 Quando se der a batalha contra os caldeus, eu as encherei de cadáveres daqueles que serão feridos por minha ira e meu furor. Porque desta cidade escondi o meu rosto, por causa de toda a sua maldade.
6 သို့​ရာ​တွင်​ငါ​သည်​မြို့​နှင့်​မြို့​သား​တို့​ကို ကု​စား​၍ ပြန်​လည်​ကျန်း​မာ​လာ​စေ​မည်။ မြို့ သူ​မြို့​သား​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​တို့​ကို​ရ​ရှိ​ရန်​ငါ ပြ​သ​မည်။-
6 — Eis que lhe trarei saúde e cura e os sararei; e lhes revelarei abundância de paz e segurança.
7 ငါ​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို ကောင်း​စား​စေ​မည်။ ထို​ပြည်​တို့​ကို​ရှေး​နည်း တူ​ပြန်​လည်​တည်​ဆောက်​၍​ပေး​မည်။-
7 Restaurarei a sorte de Judá e de Israel e os edificarei como no princípio.
8 ပြည်​သူ​တို့​ငါ့​အား​ပြစ်​မှား​ခဲ့​ကြ​သည့်​အပြစ် များ​ကို​ဆေး​ကြော​စင်​ကြယ်​စေ​မည်။ သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ပုန်​ကန်​မှု​တို့​ကို​ငါ​ခွင့် လွှတ်​မည်။-
8 Eu os purificarei de toda a sua iniquidade com que pecaram contra mim e perdoarei todas as suas iniquidades com que pecaram e se revoltaram contra mim.
9 ယေ​ရု​ရှ​လင်​မြို့​သည်​ငါ​ဝမ်း​မြောက်​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​အား​ငါ​ပေး အပ်​သည့်​ကောင်း​ကျိုး​ချမ်း​သာ​အ​ကြောင်း ကို​လည်း​ကောင်း၊ ထို​မြို့​သို့​ငါ​ဆောင်​ယူ လာ​သည့်​စည်​ပင်​ဝ​ပြော​မှု​အ​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​ရ​သော​အ​ခါ​ကြောက် လန့်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
9 Jerusalém será para mim um motivo de fama, louvor e glória, entre todas as nações da terra que ouvirem todo o bem que eu lhe faço. Temerão e tremerão por causa de todo o bem e por causa de toda a paz que eu lhe dou.
10 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-
10 Assim diz o Senhor : — Neste lugar, que vocês dizem que está deserto, sem pessoas e sem animais, nas cidades de Judá e nas ruas de Jerusalém, que estão arrasadas, sem pessoas, sem moradores e sem animais, ainda se ouvirá
11 ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊
11 o som das festas e da alegria, a voz do noivo e a voz da noiva, e a voz dos que cantam: “Deem graças ao porque ele é bom, porque a sua misericórdia dura para sempre.” — Também se ouvirá a voz dos que trazem ofertas de ações de graças à Casa do
12 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-
12 Assim diz o Senhor dos Exércitos: — Ainda neste lugar, que está deserto, sem pessoas e sem animais, e em todas as suas cidades, haverá moradas onde pastores farão repousar os seus rebanhos.
13 တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
13 Nas cidades da região montanhosa, nas cidades da Sefelá, nas cidades do Sul, na terra de Benjamim, nos arredores de Jerusalém e nas cidades de Judá, ainda passarão os rebanhos pelas mãos de quem os conte, diz o Senhor .
14 ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား များ​နှင့်​ယု​ဒ​ပြည်​သား​တို့​အား ငါ​ထား ရှိ​ခဲ့​သည့်​က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​စေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-
14 — Eis que vêm dias, diz o Senhor , em que cumprirei a promessa que fiz à casa de Israel e à casa de Judá.
15 ထို​နေ့​ရက်​ကာ​လ​၌​ဒါ​ဝိဒ်​၏​သား​မြေး အ​စစ်​အ​မှန်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​မည်။ သူ​သည်​လည်း​တိုင်း​နိုင်​ငံ​တစ်​ခု​လုံး​တွင် မျှ​တ​ဖြောင့်​မှန်​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။-
15 Naqueles dias e naquele tempo, farei brotar a Davi um Renovo de justiça, e ele executará o juízo e a justiça na terra.
16 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယု​ဒ​ပြည်​သူ​တို့​သည်​ကယ်​ဆယ်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ သည်​လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​မြို့​တော်​ကို`ငါ​တို့​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား' ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်။-
16 Naqueles dias, Judá será salvo e Jerusalém habitará em segurança; ela será chamada “ Senhor , Justiça Nossa”.
17 ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ ပြတ်​ရ​စေ​ရန်​လည်း​ကောင်း၊-
17 — Porque assim diz o Senhor : Nunca faltará a Davi homem que se assente no trono da casa de Israel,
18 ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။
18 nem aos sacerdotes levitas faltará homem diante de mim, para que ofereça holocausto, queime oferta de cereais e faça sacrifício todos os dias.
19 — ausente —
19 A palavra do Senhor veio a Jeremias, dizendo:
20 — ausente —
20 — Assim diz o Senhor : Se vocês puderem invalidar a minha aliança com o dia e a minha aliança com a noite, de tal modo que não haja nem dia nem noite a seu tempo,
21 ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-
21 então também poderá ser invalidada a minha aliança com Davi, meu servo, para que ele não tenha filho que reine no seu trono. Também poderá ser invalidada a minha aliança com os sacerdotes levitas, meus ministros.
22 ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
22 Como não se pode contar o exército dos céus nem medir a areia do mar, assim tornarei incontável a descendência de Davi, meu servo, e os levitas que ministram diante de mim.
23 — ausente —
23 A palavra do Senhor veio a Jeremias, dizendo:
24 — ausente —
24 — Você notou o que esse povo está dizendo? Estão dizendo: “As duas famílias que o Senhor escolheu, essas ele rejeitou.” Assim desprezam o meu povo, ao ponto de não considerá-lo mais uma nação.
25 သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​နှင့် ညဥ့်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကာ ကမ္ဘာ​မိုး​မြေ​ကို ထိန်း​ချုပ်​ရန်​အ​တွက်​ဋ္ဌမ္မ​တာ​တ​ရား​ကို ဖန်​တီး​၍​ထား​၏။-
25 Assim diz o Senhor : — Se a minha aliança com o dia e com a noite não permanecer, e se eu não mantiver as leis fixas dos céus e da terra,
26 ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။
26 então também rejeitarei a descendência de Jacó e de Davi, meu servo, de modo que não tome da sua descendência quem domine sobre a descendência de Abraão, Isaque e Jacó. Porque restaurarei a sua sorte e deles me compadecerei.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 33, comparar traduções ou montar um estudo — tudo direto pelo WhatsApp.