Jeremias 29

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-
1 E estas são as palavras da carta que Jeremias, o profeta, enviou, de Jerusalém, ao resto dos anciãos do cativeiro, como também aos sacerdotes, e aos profetas, e a todo o povo que Nabucodonosor havia transportado de Jerusalém para a Babilônia,
2 ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-
2 (depois que saíram o rei Jeconias, e a rainha, e os eunucos, e os príncipes de Judá e Jerusalém, e os carpinteiros, e os ferreiros de Jerusalém),
3 ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊
3 pelas mãos de Elasa, filho de Safã, e de Gemarias, filho de Hilquias (os quais Zedequias, rei de Judá, tinha enviado à Babilônia, a Nabucodonosor, rei da Babilônia), dizendo:
4 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယေရု ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့​မိ​မိ​ပြည်​နှင် ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့​အား၊-
4 Assim diz o Senhor dos Exércitos, o Deus de Israel, a todos os que foram transportados, que eu fiz transportar de Jerusalém para a Babilônia:
5 `သင်​တို့​အိမ်​ရာ​ဆောက်​လုပ်​၍​အ​တည်​တ​ကျ နေ​ထိုင်​ကြ​လော့။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​၍ ရ​ရှိ​သည့်​အ​သီး​အ​နှံ​များ​ကို​စား​ကြ​လော့။-
5 Edificai casas e habitai-as; plantai jardins e comei o seu fruto.
6 အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-
6 Tomai mulheres e gerai filhos e filhas; tomai mulheres para vossos filhos e dai vossas filhas a maridos, para que tenham filhos e filhas; multiplicai-vos ali e não vos diminuais.
7 သင်​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ငါ​ပို့​ဆောင် လိုက်​သည့်​မြို့​ကို​ကောင်း​ကျိုး​ပြု​ကြ​လော့။ ထို မြို့​ကောင်း​စား​လျှင်​သင်​တို့​လည်း​ကောင်း​စား မည်​ဖြစ်​၍ ထို​မြို့​အ​တွက်​ငါ​၏​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
7 Procurai a paz da cidade para onde vos fiz transportar; e orai por ela ao Senhor , porque, na sua paz, vós tereis paz.
8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-
8 Porque assim diz o Senhor dos Exércitos, o Deus de Israel: Não vos enganem os vossos profetas que estão no meio de vós, nem os vossos adivinhos, nem deis ouvidos aos vossos sonhos que sonhais.
9 သူ​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​မု​သား စ​ကား​ကို​ပြော​ဆို​နေ​ကြ​၏။ သူ​တို့​အား​ငါ မ​စေ​လွှတ်​ခဲ့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။
9 Porque eles vos profetizam falsamente em meu nome; não os enviei, diz o Senhor .
10 ``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-
10 Porque assim diz o Senhor : Certamente que, passados setenta anos na Babilônia, vos visitarei e cumprirei sobre vós a minha boa palavra, tornando-vos a trazer a este lugar.
11 သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-
11 Porque eu bem sei os pensamentos que penso de vós, diz o Senhor ; pensamentos de paz e não de mal, para vos dar o fim que esperais.
12 ထို​အ​ခါ​သင်​တို့​သည်​ငါ့​အား​ဟစ်​ခေါ်​ကြ လိမ့်​မည်။ ငါ့​ထံ​သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​၏​ပန် ကြား​ချက်​ကို​နား​ညောင်း​မည်။-
12 Então, me invocareis, e ireis, e orareis a mim, e eu vos ouvirei.
13 သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။-
13 E buscar-me-eis e me achareis quando me buscardes de todo o vosso coração.
14 သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။
14 E serei achado de vós, diz o Senhor , e farei voltar os vossos cativos, e congregar-vos-ei de todas as nações e de todos os lugares para onde vos lancei, diz o Senhor , e tornarei a trazer-vos ao lugar de onde vos transportei.
15 ``သင်​တို့​ပြည်​သူ​များ​က​မိ​မိ​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တွင် ပ​ရော​ဖက်​များ​ကို​ပေါ်​ထွန်း​စေ​တော်​မူ လေ​ပြီ​ဟု​ဆို​ကြ​၏။-
15 Porque dizeis: O Senhor nos levantou profetas na Babilônia.
16 ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-
16 Porque assim diz o Senhor a respeito do rei que se assenta no trono de Davi e de todo o povo que habita nesta cidade, vossos irmãos, que não saíram convosco para o cativeiro.
17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည် သူ​တို့​အ​ပေါ်​သို့​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက် ရောက်​စေ​မည်။ သူ​တို့​အား​စား​၍​မ​ဖြစ်​အောင် ပုပ်​သည့်​သင်္ဘော​သ​ဖန်း​သီး​များ​ကဲ့​သို့​ဖြစ် စေ​မည်။-
17 Assim diz o Senhor dos Exércitos: Eis que enviarei entre eles a espada, e a fome, e a peste e fá-los-ei como a figos podres, que não se podem comer, de maus que são.
18 ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-
18 E persegui-los-ei com a espada, e com a fome, e com a peste; dá-los-ei para andarem de um lado para outro entre todos os reinos da terra e para serem uma maldição, e um espanto, e um assobio, e um opróbrio entre todas as nações para onde os tiver lançado;
19 သူ​တို့​သည်​ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် အ​ဖန်​ဖန်​အ​ထပ်​ထပ်​ငါ​ပေး​ပို့​ခဲ့ သည့်​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ခဲ့​ကြ။ သို့ ဖြစ်​၍​ဤ​သို့​အ​မှု​ရောက်​ရ​ကြ​ပေ​လိမ့်​မည်။ သူ​တို့​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​နား​ထောင် ရန်​ငြင်း​ဆန်​ခဲ့​ကြ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။-
19 porquanto não deram ouvidos às minhas palavras, diz o Senhor , enviando-lhes eu os meus servos, os profetas, madrugando e enviando; mas vós não escutastes, diz o Senhor .
20 ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ငါ​ပြည် နှင်​ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့၊ သင် တို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် စကား​ကို​နား​ထောင်​ကြ​လော့' ဟူ​၍​မိန့်​တော် မူ​၏။
20 Vós, pois, ouvi a palavra do Senhor , todos os do cativeiro que enviei de Jerusalém para a Babilônia.
21 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ အား​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​နေ​သူ ကော​လာ​ယ​၏​သား အာ​ဟပ်​နှင့် မာ​သေ​ယ​၏​သား​ဇေ​ဒ​ကိ​တို့​ကို ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော် က​မိ​မိ​သည်​ထို​သူ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​ပေး​အပ်​မည်​ဖြစ် ၍ ထို​ဘု​ရင်​သည်​လည်း​သူ​တို့​အား​သင်​တို့ ၏​မျက်​မှောက်​၌​ပင်​ကွပ်​မျက်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လေ​ပြီ။-
21 Assim diz o Senhor dos Exércitos, o Deus de Israel, acerca de Acabe, filho de Colaías, e de Zedequias, filho de Maaseias, que vos profetizam falsamente em meu nome: Eis que os entregarei nas mãos de Nabucodonosor, rei da Babilônia, e ele os ferirá diante dos vossos olhos.
22 ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-
22 E tomarão deles a maldição que estava sobre todos os transportados de Judá que estão em Babilônia, dizendo: O Senhor te faça como a Zedequias e como a Acabe, os quais o rei da Babilônia assou no fogo!
23 ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။
23 Porquanto fizeram loucura em Israel, e cometeram adultério com as mulheres de seus companheiros, e anunciaram falsamente em meu nome palavras que não lhes mandei dizer; e eu o sei e sou testemunha disso, diz o Senhor .
24 — ausente —
24 E a Semaías, o neelamita, falarás, dizendo:
25 — ausente —
25 Assim fala o Senhor dos Exércitos, o Deus de Israel, dizendo: Porquanto tu enviaste no teu nome cartas a todo o povo que está em Jerusalém, como também a Sofonias, filho de Maaseias, o sacerdote, e a todos os sacerdotes, dizendo:
26 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ယော​ယ​ဒ နေ​ရာ​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​သည် ဖြစ်​၍ ယ​ခု​သင်​သည်​ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး မှူး​ဖြစ်​၍​လာ​လေ​ပြီ။ ပ​ရော​ဖက်​ဟန်​ဆောင် သည့်​သူ​ရူး​မှန်​သ​မျှ​ကို သံ​ပတ်​တပ်​၍​သံ​ကြိုး နှင့်​ချည်​နှောင်​ထား​ရန်​အ​လုပ်​မှာ​သင်​၏​တာ​ဝန် ပင်​ဖြစ်​ပေ​သည်။-
26 O Senhor te pôs por sacerdote em lugar de Joiada, o sacerdote, para que sejas encarregado da Casa do Senhor sobre todo homem obsesso e que profetiza, para o lançares na prisão e no tronco.
27 သင်​သည်​လူ​တို့​အား​ပ​ရော​ဖက်​ပြု​၍ ဟော ပြော​နေ​သည့်​အာန​သုတ်​မြို့​သား​ယေ​ရ​မိ​ကို အ​ဘယ်​ကြောင့်​ပြစ်​တင်​ဆုံး​မ​မှု မ​ပြု​ပါ သ​နည်း။-
27 Agora, pois, por que não repreendeste a Jeremias, o anatotita, que vos profetiza?
28 ယေ​ရ​မိ​သည်​ဗာ​ဗု​လုန်​မြို့​တွင်​ရှိ​သည့်​လူ​တို့ အား သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ကာ​လ ကြာ​မြင့်​စွာ​နေ​ရ​ကြ​မည်​ဖြစ်​၍ အိမ်​ရာ​များ ဆောက်​လုပ်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​ရန် နှင့် ဥ​ယျာဉ်​များ​စိုက်​ပျိုး​၍​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​ကို​စား​ကြ​ရန်​ဆင့်​ဆို​ပြော​ကြား ခဲ့​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
28 Ele até nos mandou dizer à Babilônia: O cativeiro muito há de durar; edificai casas e habitai-as; plantai jardins e comei o seu fruto.
29 ထို​စာ​ကို​ဇေ​ဖ​နိ​သည်​ငါ့​အား​ဖတ်​ပြ​၏။-
29 (Mas lera Sofonias, o sacerdote, esta carta aos ouvidos de Jeremias, o profeta.)
30 — ausente —
30 E veio a palavra do Senhor a Jeremias, dizendo:
31 — ausente —
31 Manda a todos os do cativeiro, dizendo: Assim diz o Senhor acerca de Semaías, o neelamita: Semaías vos profetizou, e eu não o enviei, e vos fez confiar em mentiras.
32 — ausente —
32 Portanto, assim diz o Senhor : Eis que visitarei a Semaías, o neelamita, e a sua descendência; ele não terá ninguém que habite entre este povo e não verá o bem que hei de fazer ao meu povo, diz o Senhor , porquanto falou em rebelião contra o Senhor .

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.