Jeremias 27
Common Language Bible (MYA) vs NVT
1 ယုဒပြည်တွင်ယောရှိ၏သားဇေဒကိနန်း တက်ပြီးနောက် များမကြာမီထာဝရ ဘုရားသည်ငါ့အားမိန့်တော်မူသည်မှာ၊-
1 Jeremias recebeu esta mensagem do S enhor no início do reinado de Zedequias, filho de Josias, rei de Judá.
2 ``သားရေကြိုးများ၊ ကန့်လန့်ဖြတ်သစ်သား တန်းများဖြင့်နွားထမ်းပိုးပြုလုပ်၍သင် ၏လည်ကုပ်တွင်တင်လော့။-
2 Assim me disse o S enhor : “Faça um jugo, ponha-o sobre o pescoço e prenda-o com cordas de couro.
3 ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။-
3 Depois, envie mensagens aos reis de Edom, Moabe, Amom, Tiro e Sidom por meio dos embaixadores que vieram ver o rei Zedequias em Jerusalém.
4 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ငါ့ အား``သင်သည်ထိုသံတမန်များမှတစ်ဆင့် မိမိတို့၏ဘုရင်များအားဤသို့ပြော ကြားစေလော့။-
4 Diga-lhes que transmitam esta mensagem a seus senhores: ‘Assim diz o S enhor dos Exércitos, o Deus de Israel:
5 ငါသည်မိမိ၏ကြီးမားသောတန်ခိုးစွမ်း ရည်တော်ဖြင့်ကမ္ဘာမြေပေါ်ရှိလူများ၊ တိ ရစ္ဆာန်များနှင့်တကွကမ္ဘာလောကကိုဖန် ဆင်းတော်မူခဲ့သည်ဖြစ်၍ ထိုကမ္ဘာလောက ကိုမိမိ၏ဆန္ဒအလျောက်အဘယ်သူ့အား မဆိုပေးအပ်နိုင်ပေသည်။-
5 Com minha grande força e meu braço poderoso, fiz a terra, todas as pessoas e todos os animais. Isso tudo é meu, e posso entregá-lo a quem eu quiser.
6 လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
6 Agora, entregarei suas nações a meu servo, Nabucodonosor, rei da Babilônia. Coloquei tudo debaixo de seu controle, até os animais selvagens.
7 သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
7 Todas as nações servirão a ele, seu filho e seu neto, até terminar o tempo deles. Então, muitas nações e grandes reis conquistarão e dominarão a Babilônia.
8 သို့ရာတွင်ဘယ်လူမျိုးသို့မဟုတ်ဘယ် နိုင်ငံသည် ထိုမင်း၏အုပ်စိုးမှုကိုမခံဘဲ နေလျှင် ထိုလူမျိုးအားနေဗုခဒ်နေဇာ မဖျက်ဆီးမီတိုင်အောင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာ ရောဂါဘေးတို့ဖြင့်ငါသည်အပြစ်ဒဏ် ခတ်တော်မူမည်။-
8 Submetam-se, portanto, ao rei da Babilônia e sirvam-no. Coloquem o pescoço debaixo do jugo da Babilônia. Eu castigarei qualquer nação que se recusar a servi-lo. Enviarei guerra, fome e doença sobre essa nação até que a Babilônia a conquiste.
9 အိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။-
9 “‘Não deem ouvidos a seus falsos profetas, adivinhos, intérpretes de sonhos, médiuns e feiticeiros, que dizem: ‘O rei da Babilônia não os dominará’.
10 သူတို့သည်သင်တို့အားလိမ်လည်ဟောပြော လျက်နေကြ၏။ ထို့ကြောင့်သင်တို့သည်မိမိ တို့ပြည်မှရပ်ဝေးသို့ခေါ်ဆောင်ခြင်းကိုခံရ လိမ့်မည်။ ငါသည်လည်းသင်တို့ကိုနှင်ထုတ် မည်။ သင်တို့သည်သေကြေပျက်စီးကြလိမ့် မည်။-
10 São todos mentirosos, e suas mentiras os levarão a ser expulsos da terra. Eu os expulsarei e os enviarei para longe, e vocês morrerão.
11 သို့သော်အကြင်လူမျိုးသည်ဗာဗုလုန်ဘုရင် ၏ထမ်းပိုးအောက်တွင် အညံ့ခံ၍သူ၏အစေ ကိုခံ၏။ ထိုလူမျိုးအားငါသည်မိမိတို့တိုင်း ပြည်တွင် ထွန်ယက်လုပ်ကိုင်နေထိုင်ခွင့်ကိုပေး တော်မူမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော် မူ၏။
11 Mas a nação que se sujeitar ao rei da Babilônia poderá continuar em sua terra e cultivá-la. Eu, o S enhor , falei!’”.
12 ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။-
12 Depois, repeti a mesma mensagem a Zedequias, rei de Judá: “Submeta-se ao jugo do rei da Babilônia e de seu povo, e vocês viverão.
13 အရှင်နှင့်အရှင်၏အမျိုးသားတို့သည် အဘယ် ကြောင့်စစ်ပွဲတွင်ကျဆုံး၍ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သို့မဟုတ်အနာရောဂါဘေးသင့်၍ သေရကြပါမည်နည်း။ ဗာဗုလုန်၏အစေကို မခံသည့်လူမျိုးသည် ဤနည်းအတိုင်းဖြစ်ရ လိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူပါပြီ။-
13 Por que você e seu povo morreriam? Por que escolher guerra, fome e doença que o S enhor trará contra toda nação que não se submeter ao rei da Babilônia?
14 ဗာဗုလုန်မင်း၏အစေကိုမခံရန်အရှင့်အား ပြောဆိုကြသည့်ပရောဖက်တို့၏စကား ကိုနားထောင်တော်မမူပါနှင့်။ သူတို့သည် အရှင့်အားလိမ်လည်ပြောဆိုနေခြင်းဖြစ် ပါ၏။-
14 Não deem ouvidos aos falsos profetas que lhes dizem: ‘O rei da Babilônia não os dominará’. São mentirosos.
15 ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။
15 Assim diz o S enhor : ‘Não enviei esses profetas. Eles contam mentiras em meu nome. Por isso expulsarei vocês desta terra. Todos vocês morrerão, junto com todos esses profetas’”.
16 ထိုနောက်ငါသည်ထာဝရဘုရားအားအဘယ် သို့မိန့်တော်မူသည်ကို ယဇ်ပုရောဟိတ်များနှင့် ပြည်သူတို့အားဆင့်ဆို၏။ ထာဝရဘုရား က``ဗိမာန်တော်ဘဏ္ဍာများသည်ဗာဗုလုန် ပြည်မှမကြာမီပြန်လည်ရောက်ရှိလာ လိမ့်မည်ဟု ဟောပြောသည့်ပရောဖက်တို့ ၏စကားကိုနားမထောင်ကြနှင့်။ သူ တို့သည်သင်တို့အားလိမ်လည်နေကြ ခြင်းဖြစ်၏။-
16 Então falei aos sacerdotes e ao povo e disse: “Assim diz o S enhor : ‘Não deem ouvidos aos profetas que afirmam que, em breve, serão devolvidos os objetos preciosos que foram tirados do meu templo e levados para a Babilônia. É tudo mentira.
17 သူတို့၏စကားကိုနားမထောင်ကြနှင့်။ ဗာ ဗုလုန်မင်း၏အစေကိုခံကြလော့။ သို့ပြု လျှင်သင်တို့အသက်ချမ်းသာရာရလိမ့်မည်။ ဤမြို့သည်အဘယ်ကြောင့်ယိုယွင်းပျက်စီး ၍သွားရပါမည်နည်း။-
17 Não lhes deem ouvidos. Submetam-se ao rei da Babilônia, e viverão. Por que provocar a destruição desta cidade inteira?
18 အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။''
18 Se, de fato, eles são profetas e transmitem mensagens do S enhor , que orem ao S enhor dos Exércitos e supliquem que os objetos que restam no templo do S enhor , no palácio do rei e em Jerusalém não sejam levados para a Babilônia’.
19 — ausente —
19 “Pois assim diz o S enhor dos Exércitos acerca das colunas à entrada do templo, do tanque de bronze chamado Mar, das bases móveis e de todos os outros objetos cerimoniais.
20 — ausente —
20 Nabucodonosor, rei da Babilônia, os deixou aqui quando levou Joaquim, filho de Jeoaquim, rei de Judá, para o exílio na Babilônia com todos os nobres de Judá e Jerusalém.
21 ``ယေရုရှလင်မြို့ဗိမာန်တော်နှင့်ဘုရင်နန်း တော်တွင်ချန်ထားခဲ့သည့်ဘဏ္ဍာများနှင့်ပတ် သက်၍ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရား မိန့်တော်မူသည့်စကားကိုနားထောင်ကြလော့။-
21 Assim diz o S enhor dos Exércitos, o Deus de Israel, a respeito dos objetos preciosos que restaram no templo e no palácio do rei de Judá:
22 ထိုဘဏ္ဍာတို့သည်ဗာဗုလုန်မြို့သို့ယူဆောင် သွားပြီးလျှင် ယင်းတို့အားငါတစ်ဖန်ဂရု စိုက်သည့်အချိန်တိုင်အောင်ထိုမြို့တွင်ရှိနေ လိမ့်မည်။ ထိုနောက်ငါသည်ထိုဘဏ္ဍာများကို ဤဌာနတော်သို့ပြန်လည်ပို့ဆောင်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုပြောကြားလေသည်။
22 ‘Todos eles serão levados para a Babilônia e ali ficarão até que eu mande buscá-los’, diz o S enhor . ‘Então os trarei de volta a Jerusalém’”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.