Jeremias 26

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား ယော​ယ​ကိမ် နန်း​တက်​ပြီး​နောက်​များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
1 No início do reinado de Jeoiaquim, o filho de Josias, rei de Judá, veio esta palavra da parte do SENHOR, dizendo:
2 ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-
2 Assim diz o SENHOR: Permanece no átrio da casa do SENHOR, e fala para todas as cidades de Judá, que chegam para adorar na casa do SENHOR, todas as palavras que eu ordenar que lhes digas; não retires uma palavra.
3 လူ​တို့​သည်​နား​ထောင်​၍​မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​ဤ​သို့​စွန့်​ပစ်​ကြ​ပါ မူ​ငါ​သည်​သူ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သုတ်​သင်​ဖျက်​ဆီး​ရန်​အ​ကြံ​အ​စည်​တော် နှင့်​ပတ်​သက်​၍​စိတ်​တော်​ပြောင်း​လဲ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။
3 Se acontecer deles ouvirem, e voltar cada homem do seu mau caminho, que eu possa arrepender-me do mal que eu planejo trazer sobre eles, por causa da maldade dos seus feitos.
4 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား​ဆင့်​ဆို​ရန် ငါ့​အား​မိန့်​တော်​မူ​သည်​မှာ``ထာ​ဝ​ရ​ဘု​ရား က​သင်​တို့​သည်​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ​ငါ​၏​စ​ကား ကို​နား​ထောင်​ရ​ကြ​မည်။-
4 E tu lhes dirás: Assim diz o SENHOR: Se vós não me escutardes, para andar na minha lei, que eu tenho colocado perante vós;
5 သင်​တို့​ထံ​သို့​ထပ်​ကာ​ထပ်​ကာ​ငါ​စေ​လွှတ် သည့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​ပ​မာ​ဏ​ပြု​ရ​ကြ​မည်။ သင်​တို့​သည်​သူ တို့​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ​နား မ​ထောင်​ခဲ့​ကြ။-
5 para ouvir as palavras dos meus servos, os profetas, a quem eu vos enviei, tanto madrugando quanto os enviando, porém vós não escutastes,
6 သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။
6 então eu farei esta casa como Siló, e farei desta cidade uma maldição para todas as nações da terra.
7 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ပြည် သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ငါ​ဆင့် ဆို​ဟော​ပြော​သည့်​ထို​စ​ကား​တို့​ကို​ကြား ကြ​၏။-
7 Assim os sacerdotes e os profetas, e todo o povo, ouviram Jeremias falando estas palavras na casa do SENHOR.
8 မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ငါ​ပြန်​ကြား​ပြော​ဆို​ပြီး​သည်​နှင့်​တစ်​ပြိုင် နက်​သူ​၏​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ နှင့်​ပြည်​သူ​တို့​သည်​ငါ့​အား​ဆွဲ​ကိုင်​ဖမ်း​ဆီး ကာ``သင်​သည်​ဤ​စ​ကား​တို့​ကို​ပြော​ဆို​သည့် အ​တွက်​သေ​ဒဏ်​ခံ​ထိုက်​၏။-
8 Então sucedeu que, quando Jeremias terminou de falar tudo que o SENHOR lhe ordenara falar para todo o povo, os sacerdotes e os profetas e todo o povo, o agarraram, dizendo: Tu certamente morrerás.
9 အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။
9 Por que tu profetizaste no nome do SENHOR, dizendo: Esta casa será como Siló, e esta cidade será desolada sem um habitante? E todo o povo estava reunido contra Jeremias na casa do SENHOR.
10 ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-
10 Quando os príncipes de Judá ouviram estas coisas, subiram da casa do rei para a casa do SENHOR, e assentaram-se na entrada do portão novo da casa do SENHOR.
11 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် တို့​က​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား``ဤ သူ​သည်​ငါ​တို့​၏​မြို့​ကို​ဆန့်​ကျင်​ပြော​ဆို​သ​ဖြင့် သေ​ဒဏ်​ခံ​ထိုက်​ပေ​သည်။ သူ​ပြော​ဆို​သည့်​စ​ကား ကို​သင်​တို့​ကိုယ်​တိုင်​ကြား​ကြ​၏'' ဟု​ဆို​၏။
11 Então, falaram os sacerdotes e os profetas para os príncipes e para todo o povo, dizendo: Este homem é digno de morte, pois ele profetizou contra esta cidade, como ouvistes com os vossos ouvidos.
12 ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-
12 Então, Jeremias falou para todos os príncipes e para todo o povo, dizendo: O SENHOR enviou-me para profetizar contra esta casa e contra esta cidade todas as palavras que vós ouvistes.
13 သင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ပြု​ကျင့်​ပုံ​ကို ပြောင်း​လဲ​ကာ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ထို အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​အား​ဖျက်​ဆီး တော်​မူ​မည်​ဟု ယ​ခင်​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ လိမ့်​မည်။-
13 Portanto agora emendai vossos caminhos e vossos feitos, e obedecei a voz do SENHOR vosso Deus, e o SENHOR se arrependerá do mal que pronunciou contra vós.
14 ငါ​မူ​ကား​သင်​တို့​၏​လက်​တွင်း​၌​ရှိ​၏။ သင်​တို့ ၏​စိတ်​တွင်​မှန်​သည်၊ တ​ရား​သည်​ဟု​ထင်​မှတ် သည့်​အ​တိုင်း​ငါ့​အား​ပြု​လော့။-
14 Quanto a mim, eis que eu estou em vossa mão. Fazei comigo como parecer bem e a vós satisfizer.
15 သို့​ရာ​တွင်​အ​ကယ်​၍​ငါ့​အား​သတ်​မည်​ဆို လျှင် သင်​တို့​နှင့်​ဤ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​သည် အ​ပြစ်​မဲ့​သူ​တစ်​ဦး​ကို​သတ်​သည့် အ​တွက်​အ​ပြစ်​သင့်​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​သေ​အ​ချာ​သိ​မှတ်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ့​ကို​စေ​လွှတ်​၍ သင်​တို့​အား ဤ​စ​ကား​များ​ကို​ပြော​ဆို​စေ​သော​အ​ရှင် မှာ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။
15 Porém, sabei com certeza que, se me matardes, trareis certamente sangue inocente sobre vós, e sobre esta cidade, e sobre os seus habitantes, porque certamente o SENHOR me enviou até vós para falar todas estas palavras aos vossos ouvidos.
16 ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။
16 Então disseram os príncipes e todo o povo para os sacerdotes e para os profetas: Este homem não é digno de morte, pois ele nos falou em nome do SENHOR nosso Deus.
17 ထို​နောက်​မြို့​မိ​မြို့​ဖ​အ​ချို့​တို့​သည်​ထ​၍ စု​ဝေး​လျက်​ရှိ​သော​ပ​ရိ​သတ်​အား၊-
17 Então levantaram-se alguns dos anciãos da terra, e falaram para toda a assembleia do povo, dizendo:
18 ``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊
18 Miqueias, o morastita, profetizou nos dias de Ezequias, rei de Judá, e falou para todo o povo de Judá, dizendo: Assim diz o SENHOR dos Exércitos: Sião será arada como um campo, e Jerusalém tornar-se-á em montões, e o monte desta casa como os lugares altos de uma floresta.
19 ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နှင့်​သူ​၏​ပြည်​သူ​တို့ သည် မိက္ခာ​အား​သေ​ဒဏ်​မ​ပေး​ခဲ့​ကြ။ သေ ဒဏ်​ပေး​မည့်​အ​စား​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ ဘု​ရား​အား​ကြောက်​ရွံ့​သ​ဖြင့်​ရှေ့​တော်​၌ မျက်​နှာ​ပွင့်​လန်း​ရန်​ကြိုး​စား​၍​ဆောင်​ရွက် ၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့ အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​သက်​ရောက် စေ​မည်​ဟု ယ​ခင်​က​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​မိ​မိ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​အောင်​ပြု​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။
19 Ezequias, rei de Judá, e todo Judá de algum modo o matou? Não temeu ele ao SENHOR, e suplicou ao SENHOR, e o SENHOR não se arrependeu do mal que tinha pronunciado contra eles? Assim nós poderíamos obter grande mal contra nossas almas.
20 (ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-
20 E também houve um homem que profetizou no nome do SENHOR, Urias, o filho de Semaías, de Quiriate-Jearim, que profetizou contra esta cidade, e contra esta terra, conforme todas as palavras de Jeremias.
21 သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-
21 E quando o rei Jeoiaquim, com todos os seus homens poderosos, e todos os príncipes, ouviram as suas palavras, o rei procurou matá-lo. Mas quando Urias ouviu isto, temeu e fugiu, e foi para o Egito.
22 ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-
22 E o rei Jeoiaquim enviou homens ao Egito, a saber: Elnatã, filho de Acbor, e alguns homens com ele ao Egito.
23 သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)
23 E eles tiraram Urias do Egito, e o trouxeram para o rei Jeoiaquim, que o matou com a espada, e lançou o seu corpo nas sepulturas do povo comum.
24 သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။
24 Todavia, a mão de Aicão, o filho de Safã, esteve com Jeremias, para que não o entregassem na mão do povo, para matá-lo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.