Jeremias 11

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊
1 O S enhor deu outra mensagem a Jeremias:
2 — ausente —
2 “Lembre os habitantes de Judá e de Jerusalém dos termos de minha aliança com eles.
3 — ausente —
3 Diga-lhes: ‘Assim diz o S enhor , o Deus de Israel: Maldito será aquele que não obedecer aos termos de minha aliança!
4 ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား သံ​မီး​ဖို​ကြီး​နှင့်​တူ​သော​အီ​ဂျစ်​ပြည်​မှ ငါ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က​ချုပ်​ဆို​ခဲ့​သည့် ပဋိ​ညာဉ်​ဖြစ်​၏။ ငါ​သည်​ထို​သူ​တို့​အား​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​ရန်၊ ငါ​ခိုင်း​စေ​သ​မျှ သော​အ​မှု​တို့​ကို​ပြု​လုပ်​ကြ​ရန်​မှာ​ကြား​ခဲ့ ၏။ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​စ​ကား​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ငါ​၏​လူ​မျိုး တော်​ဖြစ်​ရ​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့ ၏​ဘုရား​ဖြစ်​တော်​မူ​မည်။-
4 Pois eu disse a seus antepassados quando os tirei do Egito, uma fornalha de fundir ferro: ‘Se vocês me obedecerem e fizerem tudo que ordeno, serão o meu povo, e eu serei o seu Deus’.
5 ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။
5 Disse isso para cumprir a promessa que fiz a seus antepassados de lhes dar uma terra que produzisse leite e mel com fartura, a terra em que hoje vocês habitam’”. Então eu respondi: “Que assim seja, S
6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​သို့​သွား လော့။ ထို​အ​ရပ်​တို့​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြေ​ညာ​ကာ၊ ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့် အ​ချက်​အ​လက်​များ​ကို​နား​ထောင်​လိုက်​နာ ကျင့်​သုံး​ရန်​သူ​တို့​အား​ပြော​ကြား​လော့။-
6 E o S enhor disse: “Proclame esta mensagem nas cidades de Judá e nas ruas de Jerusalém. Diga: ‘Lembrem-se da antiga aliança e de todas as suas exigências.
7 သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-
7 Pois adverti solenemente seus antepassados quando os tirei do Egito: ‘Obedeçam-me!’. Repeti essa advertência inúmeras vezes até hoje,
8 သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။
8 mas seus antepassados não me deram ouvidos nem prestaram atenção. Pelo contrário, seguiram os desejos teimosos de seu coração perverso. E, porque se recusaram a obedecer, eu trouxe sobre eles todas as maldições descritas nesta aliança’”.
9 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယု​ဒ ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​တို့​သည် ငါ့​ကို​ပုန်​ကန်​လျက်​နေ​ကြ​၏။-
9 O S enhor falou comigo novamente e disse: “Descobri uma conspiração contra mim entre os habitantes de Judá e de Jerusalém.
10 ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-
10 Voltaram aos pecados de seus antepassados. Não quiseram me ouvir e adoraram outros deuses. Israel e Judá quebraram a aliança que fiz com seus antepassados.
11 ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-
11 Por isso, assim diz o S enhor : Trarei calamidade sobre eles, e não escaparão. Ainda que me supliquem, não ouvirei seu clamor.
12 ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-
12 Os habitantes de Judá e de Jerusalém clamarão a seus ídolos e queimarão incenso para eles, mas os ídolos não os salvarão quando vier a calamidade.
13 ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-
13 Vejam, habitantes de Judá, seus deuses são tão numerosos quanto suas cidades! Seus altares vergonhosos, altares para queimar incenso a Baal, são tão numerosos quanto as ruas de Jerusalém!
14 ယေ​ရ​မိ၊ ထို​သူ​တို့​အ​ဖို့​နှင့်​သူ​တို့​၏​ကိုယ် စား​ငါ့​ထံ​သို့​မ​တောင်း​ပန်​နှင့်၊ အ​သ​နား​မ ခံ​နှင့်။ ဆု​တောင်း​ပတ္ထ​နာ​လည်း​မ​ပြု​နှင့်။ သူ​တို့ ဒုက္ခ​ရောက်​၍​ကူ​မ​ရန်​ငါ့​ထံ​ဟစ်​အော်​ကြ သော​အ​ခါ​ငါ​သည်​နား​ထောင်​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
14 “Portanto, Jeremias, não ore mais por este povo. Não chore por eles, pois não os ouvirei quando clamarem a mim em sua aflição.
15 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ချစ်​မြတ်​နိုး​သည့် လူ​တို့​သည် မ​ကောင်း​မှု​များ​ကို​ပြု​ကျင့် လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​ဘယ်​သို့​လျှင် ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်​ရှိ​သ​နည်း။ တိ​ရစ္ဆာန်​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် သက်​ရောက်​လတ္တံ့​သော​ဘေး​အန္တ​ရာယ်​ဆိုး​ကို ဖယ်​ရှား​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ သူ တို့​သည်​ဆိုး​ညစ်​မှု​များ​ကို​ပြု​လုပ်​လျက် ဝမ်း​မြောက်​ကြ​မည်​လော။-
15 “Que direito tem meu povo amado de vir ao meu templo depois de ter cometido tanta imoralidade? Acaso seus votos e sacrifícios poderão evitar sua destruição? A verdade é que se alegram em praticar o mal.
16 အ​ခါ​တစ်​ပါး​က​ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​တို့​အား​အ​ရွက်​များ​ဖြင့်​စိမ်း​လန်း​ဝေ​ဆာ ၍ လှ​ပ​သော​အ​သီး​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​သည့်​သံ​လွင်​ပင်​ဟု​ခေါ်​ဆို​သ​မုတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သူ​သည်​မိုး​ကြိုး သံ​နှင့်​တူ​သော​အ​သံ​ဖြင့် ထို​အ​ပင်​အ​ရွက် များ​ကို​မီး​ရှို့​၍​အ​ကိုင်း​အ​ခက်​များ​ကို ချိုး​တော်​မူ​မည်။
16 Eu, o S enhor , os chamava de oliveira verdejante, bonita de ver e cheia de bons frutos. Agora, porém, enviei a fúria de seus inimigos para incendiar e destruir seus ramos.
17 ``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''
17 “Eu, o S enhor dos Exércitos, que plantei essa oliveira, ordenei que fosse destruída. Pois o povo de Israel e o povo de Judá fizeram o mal e provocaram minha ira ao queimar incenso a Baal”.
18 ငါ့​ကို​သတ်​ဖြတ်​ရန် ရန်​သူ​တို့​လျှို့​ဝှက်​စွာ ကြံ​စည်​လျက်​နေ​ကြောင်း ငါ့​အား​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
18 Então o S enhor me falou das conspirações que meus inimigos tramavam contra mim.
19 ငါ​သည်​သတ်​ရန်​ထုတ်​ဆောင်​သွား​သည့် သိုး ငယ်​ကဲ့​သို့​ယုံ​ကြည်​စိတ်​ချ​တတ်​သူ​ဖြစ်​ပေ သည်။ ငါ့​ကို​သူ​တို့​မ​ကောင်း​ကြံ​လျက်​နေ ကြ​ကြောင်း​ကို​ငါ​မ​သိ။ သူ​တို့​က``စိမ်း​လန်း စို​ပြေ​လျက်​နေ​ချိန်​၌ သစ်​ပင်​ကို​ခုတ်​လှဲ ကြ​ကုန်​အံ့။ သူ့​အား​နောင်​အ​ခါ​အ​ဘယ်​သူ မျှ​သ​တိ​မ​ရ​ကြ​စေ​ရန် သူ့​ကို​ငါ​တို့​သတ် ဖြတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
19 Eu era como cordeiro levado para o matadouro. Não fazia ideia de que planejavam me matar. “Vamos destruir esse homem e suas palavras!”, diziam. “Vamos derrubá-lo para que seu nome seja esquecido para sempre!”
20 ထို​အ​ခါ​ငါ​သည်``အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား စီ​ရင်​တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​တော်​မူ ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​နှင့်​စိတ်​နေ သ​ဘော​ထား​တို့​ကို​လည်း​စစ်​ဆေး​ကြည့်​ရှု တော်​မူ​တတ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ ၏​အ​မှု​ကို​ကိုယ်​တော်​ရှင်​၏​လက်​တော်​တွင် အပ်​နှံ​ထား​ပါ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​တို့​အား ကိုယ်​တော်​ရှင်​လက်​စား​ချေ​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ'' ဟု​ဆု​တောင်း​၏။
20 Ó S enhor dos Exércitos, tu julgas com justiça e examinas pensamentos e emoções. Permite que eu veja tua vingança contra eles, pois coloquei minha causa em tuas mãos.
21 အာ​န​သုတ်​မြို့​သား​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​မြို့​သား​တို့​သည် ငါ့​အား​သတ်​လို​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆက်​လက် ဟော​ပြော​လျှင် ငါ့​ကို​သတ်​မည်​ဟု​ဆို​ကြ​၏။-
21 Assim diz o S enhor a respeito dos homens de Anatote que queriam me ver morto. Eles tinham dito: “Nós o mataremos se não parar de profetizar em nome do S enhor ”.
22 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-
22 Portanto, assim diz o S enhor dos Exércitos a respeito deles: “Eu os castigarei! Seus jovens morrerão na batalha, e seus filhos e filhas morrerão de fome.
23 အာ​န​သုတ်​မြို့​သား​တို့​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကျ​ရောက်​လာ​သော​နေ့​ကို​ငါ​သတ်​မှတ် ပြီ။ ထို​နေ့​၌​သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ အ​သက်​ရှင်​လျက်​ကျန်​ရှိ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
23 Nenhum dos conspiradores de Anatote sobreviverá, pois eu trarei calamidade sobre eles quando chegar a hora de seu castigo”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.