João 9
Common Language Bible (MYA) vs ARC
1 ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။-
1 E, passando Jesus, viu um homem cego de nascença.
2 တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။
2 E os seus discípulos lhe perguntaram, dizendo: Rabi, quem pecou, este ou seus pais, para que nascesse cego?
3 သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။-
3 Jesus respondeu: Nem ele pecou, nem seus pais; mas foi assim para que se manifestem nele as obras de Deus.
4 ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-
4 Convém que eu faça as obras daquele que me enviou, enquanto é dia; a noite vem, quando ninguém pode trabalhar.
5 ငါသည်ဤလောကမှာရှိနေစဉ်လောက ၏အလင်းဖြစ်၏'' ဟုမိန့်တော်မူ၏။
5 Enquanto estou no mundo, sou a luz do mundo.
6 ဤသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် မြေပေါ်သို့တံတွေးထွေး၍ရွှံ့ပြုလုပ်တော် မူ၏။ မျက်မမြင်၏မျက်စိကိုရွှံ့နှင့်လူး၍၊-
6 Tendo dito isso, cuspiu na terra, e, com a saliva, fez lodo, e untou com o lodo os olhos do cego.
7 ``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။
7 E disse-lhe: Vai, lava-te no tanque de Siloé (que significa o Enviado). Foi, pois, e lavou-se, e voltou vendo.
8 သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။
8 Então, os vizinhos e aqueles que dantes tinham visto que era cego diziam: Não é este aquele que estava assentado e mendigava?
9 လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။
9 Uns diziam: É este. E outros: Parece-se com ele. Ele dizia: Sou eu.
10 လူတို့က ``သင်အဘယ်သို့မျက်စိမြင်လာ သနည်း'' ဟုမေးကြ၏။
10 Diziam-lhe, pois: Como se te abriram os olhos?
11 ထိုသူက ``ယေရှုဆိုသူသည်ရွှံ့အနည်းငယ်လုပ် ၍အကျွန်ုပ်၏မျက်စိကိုလူးပြီးလျှင် အကျွန်ုပ် အားရှိလောင်ရေကန်သို့သွား၍မျက်စိကိုဆေး ခိုင်းပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည်သွား၍ဆေး လိုက်ရာ မျက်စိမြင်လာပါသည်'' ဟုပြန်ပြော၏။
11 Ele respondeu e disse-lhes: O homem chamado Jesus fez lodo, e untou-me os olhos, e disse-me: Vai ao tanque de Siloé e lava-te. Então, fui, e lavei-me, e vi.
12 လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊
12 Disseram-lhe, pois: Onde está ele? Respondeu: Não sei.
13 လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။-
13 Levaram, pois, aos fariseus o que dantes era cego.
14 သခင်ယေရှုရွှံ့ဖြင့်ပြုလုပ်၍ထိုသူကိုမျက်စိ မြင်စေတော်မူသောနေ့ကားဥပုသ်နေ့ဖြစ်သတည်း။-
14 E era sábado quando Jesus fez o lodo e lhe abriu os olhos.
15 ဖာရိရှဲတို့သည်ထိုသူမျက်စိအလင်းရရှိ လာပုံကိုမေးမြန်းကြ၏။ ထိုသူက ``သူသည် အကျွန်ုပ်၏မျက်စိကိုရွှံ့နှင့်လူးပေးပါ၏။ ထိုနောက်အကျွန်ုပ်သည်မျက်စိကိုဆေးလိုက် ရာမျက်စိမြင်လာပါသည်'' ဟုဆို၏။
15 Tornaram, pois, também os fariseus a perguntar-lhe como vira, e ele lhes disse: Pôs-me lodo sobre os olhos, lavei-me e vejo.
16 အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။
16 Então, alguns dos fariseus diziam: Este homem não é de Deus, pois não guarda o sábado. Diziam outros: Como pode um homem pecador fazer tais sinais? E havia dissensão entre eles.
17 ထို့ကြောင့်ဖာရိရှဲတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူး သူအား ``သင့်ကိုမျက်စိမြင်စေသူသည်အဘယ် သို့သောသူဖြစ်သနည်း'' ဟုတစ်ဖန်မေးပြန် ကြ၏။
17 Tornaram, pois, a dizer ao cego: Tu que dizes daquele que te abriu os olhos? E ele respondeu: Que é profeta.
18 သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။-
18 Os judeus, porém, não creram que ele tivesse sido cego e que agora visse, enquanto não chamaram os pais do que agora via.
19 သူတို့က ``ဤသူသည်သင်တို့၏သားလော။ သင် တို့ပြောသည်အတိုင်းဝမ်းတွင်းပါမျက်မမြင် လော။ သို့မှန်လျှင်သူသည်အဘယ်သို့ယခု မျက်စိမြင်သနည်း'' ဟုမေးကြ၏။
19 E perguntaram-lhes, dizendo: É este o vosso filho, que vós dizeis ter nascido cego? Como, pois, vê agora?
20 မိဘတို့က ``ဤသူသည်အကျွန်ုပ်တို့၏ သားမှန်ပါ၏။ ဝမ်းတွင်းပါမျက်မမြင်ဖြစ် ကြောင်းလည်းမှန်ပါ၏။-
20 Seus pais responderam e disseram-lhes: Sabemos que este é nosso filho e que nasceu cego,
21 သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။-
21 mas como agora vê não sabemos; ou quem lhe tenha aberto os olhos não sabemos; tem idade; perguntai-lho a ele mesmo, e ele falará por si mesmo.
22 ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။-
22 Seus pais disseram isso, porque temiam os judeus, porquanto já os judeus tinham resolvido que, se alguém confessasse ser ele o Cristo, fosse expulso da sinagoga.
23 ထို့ကြောင့်မိဘတို့က ``သူသည်အရွယ်ရောက် ပြီဖြစ်၍သူ့အားမေးပါ'' ဟုဆိုကြခြင်း ဖြစ်၏။
23 Por isso, é que seus pais disseram: Tem idade; perguntai-lho a ele mesmo.
24 ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။
24 Chamaram, pois, pela segunda vez o homem que tinha sido cego e disseram-lhe: Dá glória a Deus; nós sabemos que esse homem é pecador.
25 ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။
25 Respondeu ele, pois, e disse: Se é pecador, não sei; uma coisa sei, e é que, havendo eu sido cego, agora vejo.
26 ထိုသူတို့က ``သူသည်သင့်ကိုမည်သို့ပြု သနည်း။ အဘယ်သို့သင်၏မျက်စိကိုမြင် စေသနည်း'' ဟုမေးကြ၏။
26 E tornaram a dizer-lhe: Que te fez ele? Como te abriu os olhos?
27 ထိုသူက ``သင်တို့အားအကျွန်ုပ်တစ်ကြိမ် ဖော်ပြပြီးပါပြီ။ သင်တို့နားမထောင်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြပါသနည်း။ သင်တို့သည်လည်းသူ၏တပည့်ဖြစ်လိုကြ ပါသလော'' ဟုပြန်၍မေး၏။
27 Respondeu-lhes: Já vo-lo disse e não ouvistes; para que o quereis tornar a ouvir? Quereis vós, porventura, fazer-vos também seus discípulos?
28 ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
28 Então, o injuriaram e disseram: Discípulo dele sejas tu; nós, porém, somos discípulos de Moisés.
29 ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
29 Nós bem sabemos que Deus falou a Moisés, mas este não sabemos de onde é.
30 မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
30 O homem respondeu e disse-lhes: Nisto, pois, está a maravilha: que vós não saibais de onde ele é e me abrisse os olhos.
31 ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
31 Ora, nós sabemos que Deus não ouve a pecadores; mas, se alguém é temente a Deus e faz a sua vontade, a esse ouve.
32 ဝမ်းတွင်းပါမျက်မမြင်ကိုတစ်စုံတစ်ယောက် ကမျက်စိမြင်စေနိုင်သည်ဟူ၍ ကမ္ဘာဦးမှစ ၍အဘယ်အခါ၌မျှမကြားစဖူး။-
32 Desde o princípio do mundo, nunca se ouviu que alguém abrisse os olhos a um cego de nascença.
33 ဤသူသည်ဘုရားသခင်ထံတော်မှကြွလာ သူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ် နိုင်ပါ'' ဟုဆို၏။
33 Se este não fosse de Deus, nada poderia fazer.
34 ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။
34 Responderam eles e disseram-lhe: Tu és nascido todo em pecados e nos ensinas a nós? E expulsaram-no.
35 ဤသို့နှင်ထုတ်လိုက်ကြောင်းကိုသခင်ယေရှု ကြားတော်မူပြီးနောက် ထိုသူကိုတွေ့တော်မူ လျှင် ``သင်သည်လူသားကိုယုံကြည်ပါ သလော'' ဟုမေးတော်မူ၏။
35 Jesus ouviu que o tinham expulsado e, encontrando-o, disse-lhe: Crês tu no Filho de Deus?
36 ထိုသူက ``အရှင်၊ လူသားကားအဘယ်သူဖြစ် ပါသနည်း။ အကျွန်ုပ်ယုံနိုင်ရန်လူသားသည် မည်သူနည်း'' ဟုလျှောက်၏။
36 Ele respondeu e disse: Quem é ele, Senhor, para que nele creia?
37 သခင်ယေရှုက ``သူ့ကိုသင်မြင်ဖူး၏။ သူသည် ကားယခုသင်နှင့်စကားပြောနေသူပင်တည်း'' ဟုမိန့်တော်မူ၏။
37 E Jesus lhe disse: Tu já o tens visto, e é aquele que fala contigo.
38 မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``အရှင်၊ အကျွန်ုပ် ယုံကြည်ပါ၏'' ဟုဆို၍ကိုယ်တော်အားပျပ်ဝပ် ရှိခိုးလေ၏။
38 Ele disse: Creio, Senhor. E o adorou.
39 သခင်ယေရှုက ``မျက်မမြင်တို့မျက်စိမြင် ကြစေရန်နှင့် မျက်စိမြင်သူတို့မျက်စိအလင်း ကွယ်ကြစေရန်စီရင်ချမှတ်အံ့သောငှာ ဤ လောကသို့ငါကြွလာခြင်းဖြစ်၏'' ဟုမိန့် တော်မူ၏။
39 E disse-lhe Jesus: Eu vim a este mundo para juízo, a fim de que os que não veem vejam e os que veem sejam cegos.
40 ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။
40 Aqueles dos fariseus que estavam com ele, ouvindo isso, disseram-lhe: Também nós somos cegos?
41 သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။
41 Disse-lhes Jesus: Se fôsseis cegos, não teríeis pecado; mas como agora dizeis: Vemos, por isso, o vosso pecado permanece.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.