João 7

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​တွင် ဒေ​သ​စာ​ရီ​လှည့်​လည်​တော်​မူ​၏။ ယု​ဒ​အာ​ဏာ ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​နေ ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင်​ဒေ​သ စာ​ရီ​လှည့်​လည်​တော်​မ​မူ​လို။-
1 E, depois disso, Jesus andava pela Galileia e já não queria andar pela Judeia, pois os judeus procuravam matá-lo.
2 ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-
2 E estava próxima a festa dos judeus chamada de Festa dos Tabernáculos.
3 သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။-
3 Disseram-lhe, pois, seus irmãos: Sai daqui e vai para a Judeia, para que também os teus discípulos vejam as obras que fazes.
4 မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။-
4 Porque não há ninguém que procure ser conhecido que faça coisa alguma em oculto. Se fazes essas coisas, manifesta-te ao mundo.
5 (ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။)
5 Porque nem mesmo seus irmãos criam nele.
6 သ​ခင်​ယေ​ရှု​က ``ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား​အ​စဉ်​ကျ​ရောက်​လျက်​ရှိ​၏။-
6 Disse-lhes, pois, Jesus: Ainda não é chegado o meu tempo, mas o vosso tempo sempre está pronto.
7 ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-
7 O mundo não vos pode odiar, mas ele me odeia a mim, porquanto dele testifico que as suas obras são más.
8 ထို​ပွဲ​တော်​သို့​သင်​တို့​သွား​ကြ​ကုန်။ ငါ​ကား ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး​သ​ဖြင့်​သွား လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
8 Subi vós a esta festa; eu não subo ainda a esta festa, porque ainda o meu tempo não está cumprido.
9 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​တွင်​ဆက်​၍​နေ​တော်​မူ​၏။
9 E, havendo-lhes dito isso, ficou na Galileia.
10 ထို​ပွဲ​တော်​သို့​ညီ​တော်​များ​ထွက်​သွား​ကြ ပြီး​မှ​သ​ခင်​ယေ​ရှု​သည်​လည်း​ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ​၏။-
10 Mas, quando seus irmãos já tinham subido à festa, então, subiu ele também não manifestamente, mas como em oculto.
11 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ထို​ပွဲ​တော်​တွင် ကိုယ်​တော်​ကို​ရှာ​လျက် ``ထို​သူ​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
11 Ora, os judeus procuravam-no na festa e diziam: Onde está ele?
12 လူ​ပ​ရိ​သတ်​သည်​ကိုယ်​တော်​နှင့်​ပတ်​သက်​၍ များ​စွာ​တီး​တိုး​ပြော​ဆို​လျက်​နေ​ကြ​ကုန်​၏။ လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​သူ​တော်​ကောင်း ဖြစ်​သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``သူ​တော် ကောင်း​မ​ဟုတ်။ လူ​ပ​ရိ​သတ်​အား​မှောက်​မှား လမ်း​လွဲ​စေ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။-
12 E havia grande murmuração entre a multidão a respeito dele. Diziam alguns: Ele é bom. E outros diziam: Não; antes, engana o povo.
13 သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက် ကြ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို​မည်​သူ မျှ​ပွင့်​လင်း​စွာ​မ​ပြော​ရဲ​ကြ။
13 Todavia, ninguém falava dele abertamente, por medo dos judeus.
14 ပွဲ​တော်​ကျင်း​ပ​ရက်​ထက်​ဝက်​မျှ​လွန်​သော အ​ခါ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ကြွ ၍​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​၏။-
14 Mas, no meio da festa, subiu Jesus ao templo e ensinava.
15 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​အ​ဘယ်​သင်​တန်း​ကျောင်း ကို​မျှ​မ​တက်​ဘူး​ဘဲ ဤ​အ​သိ​ပ​ညာ​များ​ကို အ​ဘယ်​သို့​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
15 E os judeus maravilhavam-se, dizendo: Como sabe este letras, não as tendo aprendido?
16 သ​ခင်​ယေ​ရှု​က ``ငါ​ဟော​ပြော​သွန်​သင်​သော တ​ရား​သည်​ငါ​၏​တ​ရား​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​၏​တ​ရား​ဖြစ်​၏။-
16 Jesus respondeu e disse-lhes: A minha doutrina não é minha, mas daquele que me enviou.
17 ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။-
17 Se alguém quiser fazer a vontade dele, pela mesma doutrina, conhecerá se ela é de Deus ou
18 မိ​မိ​ကိုယ်​ပိုင်​တ​ရား​စ​ကား​ကို​ဟော​ပြော​သွန် သင်​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဘုန်း​အ​သ​ရေ​ကို ရှာ​လိမ့်​မည်။ သို့​သော်​မိ​မိ​အား​စေ​လွှတ်​တော် မူ​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော သူ​မူ​ကား ရိုး​သား​ဖြောင့်​မှန်​စွာ​ဟော​ပြော တတ်​၏။ သူ့​မှာ​မု​သား​မ​ရှိ။-
18 Quem fala de si mesmo busca a sua própria glória, mas o que busca a glória daquele que o enviou, esse é verdadeiro, e não há nele injustiça.
19 မော​ရှေ​သည်​သင်​တို့​အား​ပ​ညတ်​တရား​ကို ပေး​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း​သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ ထို​ပ​ညတ်​တ​ရား​ကို မ​ကျင့်​သုံး​ကြ။ သင်​တို့​သည်​ငါ့​ကို​သတ်​ရန် အ​ဘယ်​ကြောင့်​ရှာ​ကြံ​ကြ​သ​နည်း'' ဟု မိန့်​တော်​မူ​၏။
19 Não vos deu Moisés a lei? E nenhum de vós observa a lei. Por que procurais matar-me?
20 လူ​ပ​ရိ​သတ်​က ``သင်​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ သူ​ဖြစ်​၏။ အ​ဘယ်​သူ​သည်​သင့်​ကို​သတ်​ရန် ကြိုး​စား​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း'' ဟု ဆို​ကြ​၏။
20 A multidão respondeu e disse: Tens demônio; quem procura matar-te?
21 သ​ခင်​ယေ​ရှု​က ``ဥ​ပုသ်​နေ့​၌​အံ့​သြ​ဖွယ်​အ​မှု တစ်​ခု​ကို​ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး ပင်​အံ့​အား​သင့်​သွား​ကြ​၏။-
21 Respondeu Jesus e disse-lhes: Fiz uma obra, e todos vos maravilhais.
22 မော​ရှေ​က​သင်​တို့​၏​က​လေး​သူ​ငယ်​များ​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​ရန်​ပညတ်​ခဲ့​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ဥ​ပုသ်​နေ့​၌​ပင်​လျှင် အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​ပြု​ကြ​၏။ (အ​မှန်​စင်​စစ် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​စ​တင်​စီ​ရင်​ခဲ့​သူ မှာ မော​ရှေ​မ​ဟုတ်​ဘဲ​သင်​တို့​ဘိုး​ဘေး​များ ဖြစ်​ပေ​သည်။)-
22 Pelo motivo de que Moisés vos deu a circuncisão (não que fosse de Moisés, mas dos pais), no sábado circuncidais um homem.
23 ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-
23 Se o homem recebe a circuncisão no sábado, para que a lei de Moisés não seja quebrantada, indignais-vos contra mim, porque, no sábado, curei de todo um homem?
24 အ​ပြင်​အ​ပ​လက္ခ​ဏာ​ကို​ထောက်​၍​မ​စီ​ရင် မ​ဆုံး​ဖြတ်​ကြ​နှင့်။ အ​မှန်​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
24 Não julgueis segundo a aparência, mas julgai segundo a reta justiça.
25 ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​တို့​က ``ဤ​သူ​ကို အာ​ဏာ​ပိုင်​က​သတ်​ရန်​ရှာ​ကြံ​နေ​ကြ​သည် မ​ဟုတ်​ပါ​လော။-
25 Então, alguns dos de Jerusalém diziam: Não é este o que procuram matar?
26 ကြည့်​ပါ။ သူ​သည်​အ​ထင်​အ​ရှား​ဟော​ပြော​သွန် သင်​လျက်​နေ​၏။ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ သူ့​အား​မ​တား​မြစ်​ပါ​တ​ကား။ ဤ​သူ​သည် မေ​ရှိ​ယ​အ​ရှင်​ဖြစ်​ကြောင်း​ကို​အာ​ဏာ​ပိုင်​တို့ က​အ​ကယ်​ပင်​သိ​ရှိ​ကြ​လေ​သ​လော။ သို့​ရာ တွင်​ဤ​သူ​၏​ဇာ​တိ​ကို​ငါ​တို့​သိ​ကြ​၏။-
26 E ei-lo aí está falando abertamente, e nada lhe dizem. Porventura, sabem, verdadeiramente, os príncipes, que este é o Cristo?
27 မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​၌​မူ​ကား ထို​အ​ရှင်​၏​ဇာ​တိ​ကို​မည်​သူ​မျှ​မ​သိ​နိုင်​ရာ'' ဟု​ဆို​ကြ​၏။
27 Todavia, bem sabemos de onde este é; mas, quando vier o Cristo, ninguém saberá de onde ele é.
28 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``သင်​တို့​ငါ့​ကို သိ​ကြ​၏။ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​ကိုယ့်​အ​ခွင့် အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​သည်​သစ္စာ​နှင့်​ပြည့်​စုံ တော်​မူ​၏။ ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။-
28 Clamava, pois, Jesus no templo, ensinando e dizendo: Vós me conheceis e sabeis de onde sou; e eu não vim de mim mesmo, mas aquele que me enviou é verdadeiro, o qual vós não conheceis.
29 ငါ​သည်​ထို​အ​ရှင်​၏​ထံ​မှ​လာ​သော​ကြောင့် လည်း​ကောင်း၊ ထို​အ​ရှင်​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​ကြောင့်​လည်း​ကောင်း ငါ​သည်​ထို အ​ရှင်​ကို​သိ​၏'' ဟု​ကြွေး​ကြော်​တော်​မူ​၏။
29 Mas eu conheço-o, porque dele sou, e ele me enviou.
30 လူ​တို့​သည်​ကိုယ်​တော်​အား​ဖမ်း​ဆီး​ရန်​အ​ခွင့် ကို​ရှာ​ကြံ​ကြ​သော်​လည်း​အ​ချိန်​မ​ကျ​သေး သ​ဖြင့် ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။-
30 Procuravam, pois, prendê-lo, mas ninguém lançou mão dele, porque ainda não era chegada a sua hora.
31 ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ကိုယ်​တော်​ကို သက်​ဝင်​ယုံ​ကြည်​လာ​ကြ​ပြီး​လျှင် ``မေ​ရှိ​ယ အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ဤ​အ​ရှင် ပြ​သည်​ထက်​ပို​မို​များ​ပြား​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​မည်​လော'' ဟု​ဆို​ကြ​၏။
31 E muitos da multidão creram nele e diziam: Quando o Cristo vier, fará ainda mais sinais do que os que este tem feito?
32 ဤ​သို့​ကိုယ်​တော်​၏​အ​ကြောင်း​ကို​လူ​တို့​တီး တိုး​ပြော​ဆို​နေ​ကြ​သည်​ကို​ဖာ​ရိ​ရှဲ​များ ကြား​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​နှင့်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး ရန်​အ​စောင့်​တပ်​သား​အ​ချို့​ကို​စေ​လွှတ် လိုက်​ကြ​၏။-
32 Os fariseus ouviram que a multidão murmurava dele essas coisas; e os fariseus e os principais dos sacerdotes mandaram servidores para o prenderem.
33 သ​ခင်​ယေ​ရှု​က​လူ​တို့​အား ``ငါ​သည်​သင်​တို့ နှင့်​အ​တူ​ခေတ္တ​ခ​ဏ​သာ​နေ​ပြီး​လျှင်​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့​ငါ​သွား ရ​မည်။-
33 Disse-lhes, pois, Jesus: Ainda um pouco de tempo estou convosco e, depois, vou para aquele que me enviou.
34 သင်​တို့​သည်​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​ကြ​လိမ့် မည်​မ​ဟုတ်။ ထို​မှ​တစ်​ပါး​ငါ​ရောက်​ရှိ​မည့် အ​ရပ်​သို့​သင်​တို့​မ​သွား​နိုင်​ကြ'' ဟု​မိန့်​တော် မူ​၏။
34 Vós me buscareis e não
35 ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် သူ​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ပါ​မည်​နည်း။ ယု​ဒ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​များ​သို့​သွား​၍ ဂ​ရိ​အ​မျိုး​သား​တို့​အား​ဟော​ပြော​သွန်​သင်​ပါ မည်​လော။-
35 Disseram, pois, os judeus uns para os outros: Para onde irá este, que o não acharemos? Irá, porventura, para os dispersos entre os gregos e ensinará os gregos?
36 သူ​က `သင်​တို့​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​လိမ့်​မည် မ​ဟုတ်။ ငါ​ရောက်​ရှိ​မည့်​အ​ရပ်​သို့​သင်​တို့​မ​သွား နိုင်​ကြ' ဟု​ဆို​ချေ​သည်။ ဤ​စ​ကား​များ​၏​အ​နက် ကား​အ​ဘယ်​သို့​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း ကြ​၏။
36 Que palavra é esta que disse: Buscar-me-eis e não me achareis; e: Aonde eu estou, vós não podeis ir?
37 ပွဲ​တော်​၏​နောက်​ဆုံး​နေ့​နှင့်​အ​ရေး​ကြီး​ဆုံး နေ့​၌ သ​ခင်​ယေ​ရှု​သည်​ရပ်​လျက် ``ရေ​ငတ် သူ​သည်​ငါ့​ထံ​သို့​လာ​၍​သောက်​လော့။-
37 E, no último dia, o grande dia da festa, Jesus pôs-se em pé e clamou, dizendo: Se alguém tem sede, que venha a mim e beba.
38 ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-
38 Quem crê em mim, como diz a Escritura, rios de água viva correrão do seu ventre.
39 သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။
39 E isso disse ele do Espírito, que haviam de receber os que nele cressem; porque o Espírito Santo ainda não fora dado, por ainda Jesus não ter sido glorificado.
40 ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ဤ​သို့​ကိုယ်​တော် ကြွေး​ကြော်​တော်​မူ​သည်​ကို​ကြား​ကြ​၏။ သို့​ဖြစ်​၍ သူ​တို့​က ``ဤ​သူ​သည်​ဧ​ကန်​ပင်​ပ​ရော​ဖက်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။
40 Então, muitos da multidão, ouvindo essa palavra, diziam: Verdadeiramente, este é o Profeta.
41 အ​ချို့​သော​သူ​တို့​က ``ဤ​သူ​သည်​မေ​ရှိ​ယ ဖြစ်​သည်​ဟု​ဆို​ကြ​၏။'' သို့​ရာ​တွင်​အ​ချို့​က မေ​ရှိ​ယ​သည်​ဂါ​လိ​လဲ​ပြည်​မှ​ပေါ်​ထွန်း​ပါ မည်​လော။-
41 Outros diziam: Este é o Cristo; mas diziam outros: Vem, pois, o Cristo da Galileia?
42 မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​မင်း​၏​သား​မြေး​ဖြစ်​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည့်​ဗက်​လင် ရွာ​မှ​ပေါ်​ထွန်း​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း ကျမ်း စာ​လာ​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။-
42 Não diz a Escritura que o Cristo vem da descendência de Davi e de Belém, da aldeia de onde era Davi?
43 သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ် စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ​ကြ​၏။-
43 Assim, entre o povo havia dissensão por causa dele.
44 လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။
44 E alguns deles queriam prendê-lo, mas ninguém lançou mão dele.
45 အ​စောင့်​တပ်​သား​များ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ဖာ​ရိ​ရှဲ​များ​ထံ​သို့​ပြန်​လာ​ကြ​သော အ​ခါ သူ​တို့​က ``အ​ဘယ်​ကြောင့်​ထို​သူ့​ကို​သင် တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မ​လာ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။
45 E os servidores foram ter com os principais dos sacerdotes e fariseus; e eles lhes perguntaram: Por que o não trouxestes?
46 အ​စောင့်​တပ်​သား​များ​က ``ဤ​သူ​ဟော​ပြော သ​ကဲ့​သို့​မည်​သူ​မျှ​မ​ဟော​စ​ဖူး​ပါ'' ဟု ဆို​ကြ​၏။
46 Responderam os servidores: Nunca homem algum falou assim como este homem.
47 ဖာ​ရိ​ရှဲ​များ​က ``သင်​တို့​သည်​လည်း​သူ​၏​လှည့် စား​ခြင်း​ကို​ခံ​ရ​ကြ​ပြီ​လော။-
47 Responderam-lhes, pois, os fariseus: Também vós fostes enganados?
48 ငါ​တို့​ခေါင်း​ဆောင်​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အ​ထဲ မှ​တစ်​ဦး​တစ်​ယောက်​သည် ထို​သူ​ကို​ယုံ​ကြည် ပါ​သ​လော။-
48 Creu nele, porventura, algum dos principais ou dos fariseus?
49 ဤ​လူ​ထု​သည်​ပ​ညတ်​တ​ရား​ကို​မ​သိ​သော ကြောင့် ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ကြ ရ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
49 Mas esta multidão, que não sabe a lei, é maldita.
50 ထို​သူ​အ​ထဲ​တွင်​နိ​ကော​ဒင်​ပါ​၏။ သူ​သည်​ယ​ခင် က​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​လာ​ဖူး​၏။-
50 Nicodemos, que era um deles (o que de noite fora ter com Jesus ), disse-lhes:
51 နိ​ကော​ဒင်​က ``ငါ​တို့​တ​ရား​အ​ရ​အ​ဘယ် အ​မှု​ကို​ကူး​လွန်​ကြောင်း​စစ်​ဆေး​ခြင်း​ကို​မ​ပြု၊ တ​ရား​ခံ​အား​ချေ​ပ​ပြော​ဆို​ခွင့်​ကို​လည်း​မ​ပေး ဘဲ​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​စီ​ရင်​နိုင်​ပါ သ​လော'' ဟု​ဆို​၏။
51 Porventura, condena a nossa lei um homem sem primeiro o ouvir e ter conhecimento do que faz?
52 ထို​သူ​တို့​က ``သင်​သည်​လည်း​ဂါ​လိ​လဲ​ပြည် သား​ပေ​လော။ ကျမ်း​စာ​တော်​ကို​လေ့​လာ​ကြည့် ပါ​လျှင်​ဂါ​လိ​လဲ​ပြည်​မှ​အ​ဘယ်​ပ​ရော​ဖက် မျှ​မ​ပေါ်​ထွန်း​သည်​ကို​သင်​သိ​ရ​လိမ့်​မည်'' ဟု ဆို​ကြ​၏။
52 Responderam eles e disseram-lhe: És tu também da Galileia? Examina e verás que da Galileia nenhum profeta surgiu.
53 — ausente —
53 E cada um foi para sua casa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.