João 5

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။-
1 Passadas essas coisas, havia uma festa dos judeus, e Jesus foi para Jerusalém.
2 ယေ​ရု​ရှ​လင်​မြို့​သိုး​တံ​ခါး​အ​နီး​မှာ​ရေ​ကန် ရှိ​၏။ ထို​ရေ​ကန်​ကို​ဟေ​ဗြဲ​စ​ကား​ဖြင့်​ဗေ​သေ သ​ဒ​ဟု​ခေါ်​၏။ ထို​ရေ​ကန်​ကို​မုခ်​ငါး​ခု​ဖြင့် ခြံ​ရံ​ထား​၏။-
2 Existe ali, junto ao Portão das Ovelhas, um tanque, chamado em hebraico Betesda, o qual tem cinco pórticos.
3 ထို​မုခ်​များ​အောက်​တွင်​မျက်​စိ​မ​မြင်​သူ၊ ခြေ​မ​စွမ်း​မ​သန်​သူ၊ လေ​ဖြတ်​သူ​မှ​စ​၍ သူ​နာ​အ​မြောက်​အ​မြား​ပင်​လဲ​လျောင်း လျက်​နေ​ကြ​၏။-
3 Nestes jazia uma multidão de enfermos, cegos, coxos, paralíticos
4 (ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)-
4 [esperando que a água se movesse. Porque um anjo descia de tempos em tempos, agitando-a; e o primeiro a entrar no tanque, uma vez agitada a água, sarava de qualquer doença que tivesse].
5 ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-
5 Estava ali um homem enfermo havia trinta e oito anos.
6 ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။
6 Jesus, vendo-o deitado e sabendo que estava assim havia muito tempo, perguntou:
7 ထို​သူ​က ``အ​ရှင်၊ ရေ​လှုပ်​ရှား​လာ​သော​အ​ခါ အ​ကျွန်ုပ်​ကို​ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​မည်​ပြု နေ​စဉ် အ​ခြား​သူ​တစ်​ယောက်​သည်​ဦး​စွာ​ရေ ကန်​ထဲ​သို့​ရောက်​ရှိ​သွား​တတ်​ပါ​၏'' ဟု လျှောက်​၏။
7 O enfermo respondeu: — Senhor, não tenho ninguém que me ponha no tanque, quando a água é agitada. Quando tento entrar, outro enfermo chega antes de mim.
8 သ​ခင်​ယေ​ရှု​က ``ထ​လော့၊ သင့်​အိပ်​ရာ​ကို​ယူ ၍​လှမ်း​သွား​လော့'' ဟု​ထို​သူ​အား​မိန့်​တော် မူ​၏။-
8 Então Jesus lhe disse:
9 ထို​သူ​သည်​ချက်​ချင်း​ကျန်း​မာ​လာ​သ​ဖြင့် မိ​မိ​၏​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လေ​၏။
9 Imediatamente o homem se viu curado e, pegando o leito, começou a andar. E aquele dia era sábado.
10 သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကျန်း​မာ လာ​သူ​အား ``ယ​နေ့​သည်​ဥ​ပုသ်​နေ့​ဖြစ်​၍​သင့် အိပ်​ရာ​ကို​မ​ယူ​ဆောင်​အပ်'' ဟု​ဆို​၏။
10 Por isso, os judeus disseram ao que tinha sido curado: — É sábado, e neste dia você não tem permissão para carregar o seu leito.
11 ထို​သူ​က ``အ​ကျွန်ုပ်​အား​ကျန်း​မာ​စေ​သူ​က `သင့်​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လော့' ဟု​စေ ခိုင်း​ပါ​၏'' ဟု​ပြန်​၍​ပြော​၏။
11 Ao que ele lhes respondeu: — O mesmo que me curou me disse: “Pegue o seu leito e ande.”
12 သူ​တို့​က ``သင့်​အား​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား လော့​ဟု​ဆို​သူ​ကား​မည်​သူ​နည်း'' ဟု​မေး​ကြ​၏။
12 Perguntaram-lhe: — Quem é o homem que disse a você: “Pegue o seu leito e ande”?
13 သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။
13 Aquele que tinha sido curado não soube responder, porque Jesus tinha se retirado, por haver muita gente naquele lugar.
14 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
14 Mais tarde, Jesus o encontrou no templo e lhe disse:
15 ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​ကျန်း​မာ စေ​သော​သူ​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ကြား​လေ​၏။-
15 O homem se retirou e disse aos judeus que tinha sido Jesus quem o havia curado.
16 ထို့​ကြောင့်​ဥပုသ်​နေ့​၌​ဤ​အ​မှု​အ​ရာ​ကို ပြု​တော်​မူ​သည့်​အ​တွက် ယု​ဒ​အာ​ဏာ​ပိုင် တို့​သည်​ထို​နေ့​မှ​စ​၍​ကိုယ်​တော်​အား အ​နှောင့်​အ​ယှက်​ပေး​ကြ​၏။-
16 E por isso os judeus perseguiam Jesus, porque fazia essas coisas no sábado.
17 ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​အ​ဘယ် အ​ခါ​မျှ​အ​လုပ်​မှ​ရပ်​နား​သည်​ဟူ​၍​မ​ရှိ။ ထို​နည်း​တူ​စွာ​ငါ​သည်​လည်း​လုပ်​ဆောင်​လျက် နေ​ရ​မည်'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
17 Mas Jesus lhes disse:
18 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ဥ​ပုသ် စည်း​ကမ်း​ကို​ချိုး​ဖောက်​ရုံ​မ​က ဘု​ရား​သ​ခင်​အား မိ​မိ​၏​အ​ဖ​ဟူ​၍​ခေါ်​ကာ မိ​မိ​ကိုယ်​ကို​ဘု​ရား နှင့်​တန်း​တူ​ထား​တော်​မူ​သော​ကြောင့်​လည်း​ကောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ် ရန်​ပို​၍​ကြံ​စည်​အား​ထုတ်​ကြ​၏။
18 Por isso, os judeus cada vez mais queriam matá-lo, porque além de desrespeitar o sábado, também dizia que Deus era seu próprio Pai, fazendo-se igual a Deus.
19 ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။-
19 Então Jesus lhes disse:
20 ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။-
20 Porque o Pai ama o Filho e lhe mostra tudo o que faz; e maiores obras do que estas lhe mostrará, para que vocês fiquem maravilhados.
21 ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။-
21 Pois assim como o Pai ressuscita e vivifica os mortos, assim também o Filho vivifica aqueles a quem quer.
22 ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။-
22 E o Pai não julga ninguém, mas confiou todo julgamento ao Filho,
23 သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။
23 para que todos honrem o Filho assim como honram o Pai. Quem não honra o Filho não honra o Pai que o enviou.
24 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။-
24 — Em verdade, em verdade lhes digo: quem ouve a minha palavra e crê naquele que me enviou tem a vida eterna, não entra em juízo, mas passou da morte para a vida.
25 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။-
25 Em verdade, em verdade lhes digo que vem a hora — e já chegou — em que os mortos ouvirão a voz do Filho de Deus; e os que a ouvirem viverão.
26 ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။-
26 Porque assim como o Pai tem vida em si mesmo, também concedeu ao Filho ter vida em si mesmo.
27 သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။-
27 E lhe deu autoridade para julgar, porque é o Filho do Homem.
28 ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။-
28 Não fiquem maravilhados com isso, porque vem a hora em que todos os que se acham nos túmulos ouvirão a voz dele e sairão:
29 အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။
29 os que tiverem feito o bem, para a ressurreição da vida; e os que tiverem praticado o mal, para a ressurreição do juízo.
30 ``ငါ​သည်​မိ​မိ​အ​လို​အ​လျောက်​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ဖော်​ပြ​သည့်​အ​တိုင်း သာ​လျှင်​စီ​ရင်​ဆုံး​ဖြတ်​၏။ ငါ​သည်​ကိုယ့်​အ​လို သို့​မ​လိုက်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​တော်​သို့​လိုက်​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး ဖြတ်​ချက်​သည်​မှန်​ကန်​၏။
30 — Eu nada posso fazer por mim mesmo; assim como ouço, julgo. O meu juízo é justo, porque não procuro a minha própria vontade, e sim a daquele que me enviou.
31 ``ငါ​သည်​မိ​မိ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည်​ခိုင်​လုံ​ခြင်း​မ​ရှိ။-
31 Se eu dou testemunho a respeito de mim mesmo, o meu testemunho não é verdadeiro.
32 သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။-
32 Outro é o que dá testemunho a respeito de mim, e sei que o testemunho que ele dá a respeito de mim é verdadeiro.
33 သင်​တို့​သည်​ယော​ဟန်​၏​ထံ​သို့​စေ​တ​မန်​များ စေ​လွှတ်​ခဲ့​ကြ​၏။ သူ​သည်​သမ္မာ​တ​ရား​ဘက် က​သက်​သေ​ခံ​၏။-
33 Vocês mandaram mensageiros a João, e ele deu testemunho da verdade.
34 ငါ့​အ​ကြောင်း​ကို​လူ​တစ်​စုံ​တစ်​ယောက်​က သက်​သေ​ခံ​ရန်​လို​၍​မ​ဟုတ်။ သင်​တို့​ကယ်​တင် ခြင်း​ခံ​ရ​စေ​ရန်​သာ​ဤ​စ​ကား​ကို​ငါ​ပြော ၏။-
34 Eu, porém, não recebo testemunho humano, mas digo essas coisas para que vocês sejam salvos.
35 ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။-
35 — João era a lâmpada que estava acesa e iluminava, e, por algum tempo, vocês quiseram se alegrar com a sua luz.
36 သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။-
36 Mas eu tenho maior testemunho que o de João; porque as obras que o Pai me confiou para que eu as realizasse, essas que eu faço testemunham a meu respeito de que o Pai me enviou.
37 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ် တိုင်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​တော် မူ​၏။ သင်​တို့​သည်​ခ​မည်း​တော်​၏​အ​သံ​တော် ကို​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ဘူး​ကြ။ သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဘူး​ကြ။-
37 O Pai, que me enviou, esse mesmo é que tem dado testemunho de mim. Vocês nunca ouviram a voz dele, nem viram a sua forma.
38 ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။-
38 Também não têm a palavra dele permanente em vocês, porque não creem naquele a quem ele enviou.
39 ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။-
39 Vocês examinam as Escrituras, porque julgam ter nelas a vida eterna, e são elas mesmas que testificam de mim.
40 သို့​သော်​လည်း​သင်​တို့​သည်​အ​သက်​ရ​အံ့​သော ငှာ​ငါ့​ထံ​သို့​မ​လာ​လို​ကြ။
40 Contudo, vocês não querem vir a mim para ter vida.
41 — ausente —
41 Eu não aceito glória que vem de pessoas;
42 — ausente —
42 sei, entretanto, que vocês não têm o amor de Deus em vocês.
43 ငါ​သည်​ခ​မည်း​တော်​၏​အ​ခွင့်​အာ​ဏာ​နှင့် ရောက်​ရှိ​လာ​သော်​လည်း သင်​တို့​သည်​ငါ့​ကို လက်​မ​ခံ​ကြ။ အ​ခြား​သူ​တစ်​ဦး​တစ်​ယောက် သည် ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​နှင့်​ရောက်​ရှိ​လာ ပါ​မူ သင်​တို့​လက်​ခံ​ကြ​လိမ့်​မည်။-
43 Eu vim em nome de meu Pai, e vocês não me recebem; se outro vier em seu próprio nome, vocês certamente o receberão.
44 သင်​တို့​သည်​အ​ချင်း​ချင်း​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​လို​ကြ​၏။ သို့​ရာ​တွင်​တစ်​ဆူ​တည်း​ရှိ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​ရန်​ကို​မူ​မ​ကြိုး​စား​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​ကြ မည်​နည်း။-
44 Como podem crer, vocês que aceitam glória uns dos outros e não procuram a glória que vem do Deus único?
45 သို့​သော်​ငါ​သည်​သင်​တို့​အား​ခ​မည်း​တော်​၏ ရှေ့​တော်​၌ အ​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်​ဟု​မ​ထင် ကြ​နှင့်။ သင်​တို့​အား​အ​ပြစ်​တင်​မည့်​သူ​ကား သင်​တို့​ကိုး​စား​သော​မော​ရှေ​ပင်​ဖြစ်​၏။-
45 Não pensem que eu os acusarei diante do Pai; quem acusa vocês é Moisés, em quem puseram a sua esperança.
46 မော​ရှေ​သည်​ငါ​၏​အ​ကြောင်း​ကို​ရေး​သား ဖော်​ပြ​ခဲ့​၏။ ထို့​ကြောင့်​မော​ရှေ​ကို​သင်​တို့ ယုံ​လျှင်​ငါ့​ကို​လည်း​ယုံ​ကြ​လိမ့်​မည်။-
46 Porque, se vocês, de fato, cressem em Moisés, também creriam em mim; pois ele escreveu a meu respeito.
47 သို့​ရာ​တွင်​သင်​တို့​သည်​မော​ရှေ​ရေး​သား ဖော်​ပြ​ချက်​များ​ကို​မ​ယုံ​ကြ​သ​ဖြင့် အ​ဘယ် သို့​လျှင်​ငါ​၏​စ​ကား​ကို​ယုံ​နိုင်​ကြ​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။
47 Se, porém, não creem nos escritos dele, como crerão nas minhas palavras?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.