João 1
Common Language Bible (MYA) vs NVT
1 ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
1 No princípio, aquele que é a Palavra já existia. A Palavra estava com Deus, e a Palavra era Deus.
2 နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။-
2 Ele existia no princípio com Deus.
3 ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-
3 Por meio dele Deus criou todas as coisas, e sem ele nada foi criado.
4 ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။-
4 Aquele que é a Palavra possuía a vida, e sua vida trouxe luz a todos.
5 ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
5 A luz brilha na escuridão, e a escuridão nunca conseguiu apagá-la.
6 ဘုရားသခင်သည်ယောဟန်ဆိုသူအားမိမိ ၏စေတမန်အဖြစ်ဖြင့်စေလွှတ်တော်မူ၏။-
6 Deus enviou um homem chamado João
7 တရားတော်ကိုလူအပေါင်းတို့ကြား၍ ယုံကြည်လာစိမ့်သောငှာ ထိုသူသည်အလင်း တော်အကြောင်းကိုသက်သေခံရန်လာ၏။-
7 para falar a respeito da luz, a fim de que, por meio de seu testemunho, todos cressem.
8 သူသည်အလင်းတော်မဟုတ်။ အလင်းတော် အကြောင်းကိုသက်သေခံရန်လာသူဖြစ်၏။-
8 Ele não era a luz, mas veio para falar da luz.
9 ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။
9 Aquele que é a verdadeira luz, que ilumina a todos, estava chegando ao mundo.
10 နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။-
10 Veio ao mundo que ele criou, mas o mundo não o reconheceu.
11 ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
11 Veio a seu próprio povo, e eles o rejeitaram.
12 သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။-
12 Mas, a todos que creram nele e o aceitaram, ele deu o direito de se tornarem filhos de Deus.
13 ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
13 Estes não nasceram segundo a ordem natural, nem como resultado da paixão ou da vontade humana, mas nasceram de Deus.
14 နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
14 Assim, a Palavra se tornou ser humano, carne e osso, e habitou entre nós. Ele era cheio de graça e verdade. E vimos sua glória, a glória do Filho único do Pai.
15 ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။
15 João deu testemunho dele quando disse em alta voz: “Este é aquele a quem eu me referia quando disse: ‘Alguém virá depois de mim, muito mais poderoso que eu, pois existia muito antes de mim’”.
16 ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
16 De sua plenitude todos nós recebemos graça sobre graça.
17 ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
17 Pois a lei foi dada por meio de Moisés, mas a graça e a verdade vieram por meio de Jesus Cristo.
18 လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
18 Ninguém jamais viu a Deus, mas o Filho único, que mantém comunhão íntima com o Pai, o revelou.
19 ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
19 Este foi o testemunho de João quando os líderes judeus enviaram de Jerusalém sacerdotes e levitas para lhe perguntar: “Quem é você?”.
20 ထိုအခါယောဟန်က ``ငါသည်မေရှိယ မဟုတ်'' ဟုထိန်ဝှက်ခြင်းမရှိဘဲအတိ အလင်းပြောဆို၏။
20 Ele respondeu com toda franqueza: “Eu não sou o Cristo”.
21 ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။
21 “Então quem é você?”, perguntaram eles. “É Elias?” “Não”, respondeu ele. “É o Profeta por quem temos esperado?” “Não.”
22 ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။
22 “Afinal, quem é você? Precisamos de uma resposta para aqueles que nos enviaram. O que você tem a dizer de si mesmo?”
23 ယောဟန်က ``ငါသည်ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်အတိုင်း၊
23 João respondeu com as palavras do profeta Isaías: “Eu sou uma voz que clama no deserto: ‘Preparem o caminho para a vinda do Senhor!’”.
24 ယောဟန်ထံသို့ရောက်လာကြသောစေတမန် များတွင်ဖာရိရှဲအချို့ပါ၏။-
24 Então os fariseus que tinham sido enviados
25 ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။
25 lhe perguntaram: “Se você não é o Cristo, nem Elias, nem o Profeta, que direito tem de batizar?”.
26 ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။-
26 João lhes disse: “Eu batizo com água, mas em seu meio há alguém que vocês não reconhecem.
27 ထိုအရှင်သည်ငါ့နောက်ကြွလာသော်လည်း ငါ သည်သူ၏ဖိနပ်ကြိုးကိုမျှမဖြည်ထိုက်'' ဟု ဆို၏။
27 Embora ele venha depois de mim, não sou digno de desamarrar as correias de sua sandália”.
28 ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
28 Esse encontro aconteceu em Betânia, um povoado a leste do rio Jordão, onde João estava batizando.
29 နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
29 No dia seguinte, João viu Jesus caminhando em sua direção e disse: “Vejam! É o Cordeiro de Deus, que tira o pecado do mundo!
30 `ငါမမွေးမီကပင်ရှိနေနှင့်သဖြင့် ငါ့ထက် ကြီးမြတ်သောသူသည်ငါ၏နောက်တွင်ကြွ လာလိမ့်မည်' ဟုယခင်အခါကငါဖော်ပြ ခဲ့သူကားထိုသူပင်တည်း။-
30 Era a ele que eu me referia quando disse: ‘Um homem virá depois de mim, muito mais poderoso que eu, pois existia muito antes de mim’.
31 ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။
31 Eu não o conhecia, mas vim batizando com água para que ele fosse revelado a Israel”.
32 ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။-
32 Então João deu o seguinte testemunho: “Vi o Espírito Santo descer do céu na forma de uma pomba e permanecer sobre ele.
33 ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။-
33 Eu não sabia quem ele era, mas, quando Deus me enviou para batizar com água, disse-me: ‘Aquele sobre o qual você vir o Espírito descer e permanecer, esse é o que batizará com o Espírito Santo’.
34 ဤသို့မိန့်တော်မူသည်အတိုင်းငါတွေ့မြင်ရပြီ ဖြစ်၍ ဤသူသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကိုငါသက်သေခံ၏'' ဟုဆို၏။
34 Eu vi isso acontecer e, portanto, dou testemunho de que ele é o Filho de Deus”.
35 နောက်တစ်နေ့၌ယောဟန်သည် တပည့် နှစ်ယောက်နှင့်အတူရပ်လျက်နေစဉ်၊-
35 No dia seguinte, João estava novamente com dois de seus discípulos.
36 သခင်ယေရှုကြွတော်မူသည်ကိုမြင် သဖြင့် ``ဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်လော့'' ဟုဆို၏။
36 Quando viu Jesus passar, olhou para ele e declarou: “Vejam! É o Cordeiro de Deus!”.
37 သူ၏တပည့်နှစ်ယောက်တို့သည်ထိုစကားကို ကြားလျှင် သခင်ယေရှု၏နောက်တော်သို့ လိုက်သွားကြ၏။-
37 Ao ouvirem isso, os dois discípulos de João seguiram Jesus.
38 သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။
38 Jesus olhou em volta e viu que o seguiam. “O que vocês querem?”, perguntou. Eles responderam: “Rabi (que significa ‘Mestre’), onde o senhor está hospedado?”.
39 ကိုယ်တော်က ``လာ၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ ထိုအချိန်သည်ညနေလေးနာရီအချိန် ဖြစ်သည်။ သူတို့သည်လိုက်၍ကိုယ်တော်နေတော် မူရာအရပ်ကိုမြင်ပြီးလျှင် ကိုယ်တော်နှင့်အတူ မိုးချုပ်သည်တိုင်အောင်နေကြ၏။
39 “Venham e vejam”, disse ele. Eram cerca de quatro horas da tarde quando o acompanharam até o lugar onde Jesus estava hospedado, e passaram o resto do dia com ele.
40 ယောဟန်၏စကားကိုကြား၍ ကိုယ်တော်၏ နောက်တော်သို့လိုက်သွားသူနှစ်ယောက်အနက် တစ်ယောက်မှာရှိမုန်ပေတရု၏ညီအန္ဒြေ ဖြစ်၏။-
40 André, irmão de Simão Pedro, era um dos dois que ouviram o que João tinha dito e seguiram Jesus.
41 သူသည်အစ်ကိုဖြစ်သူရှိမုန်ကိုချက်ချင်းရှာ ၍ ``မေရှိယအရှင်ကိုငါတို့တွေ့ပြီ'' ဟုဆို၏။ (မေရှိယအနက်မှာ ခရစ်တော်ဖြစ်သတည်း။)-
41 André foi procurar seu irmão, Simão, e lhe disse: “Encontramos o Messias (isto é, o Cristo)”.
42 ထိုနောက်သူသည်ရှိမုန်အားသခင်ယေရှု ထံတော်သို့ခေါ်ဆောင်သွားလေသည်။
42 Então André levou Simão para conhecer Jesus. Olhando para ele, Jesus disse: “Você é Simão, filho de João, mas será chamado Cefas (isto é, Pedro)”.
43 နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
43 No dia seguinte, Jesus decidiu ir à Galileia. Encontrou Filipe e lhe disse: “Siga-me”.
44 (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)-
44 Filipe era de Betsaida, cidade natal de André e Pedro.
45 ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
45 Filipe foi procurar Natanael e lhe disse: “Encontramos aquele sobre quem Moisés, na lei, e os profetas escreveram! Seu nome é Jesus de Nazaré, filho de José”.
46 နာသနေလက ``နာဇရက်မြို့မှကောင်းသည့် အရာတစ်စုံတစ်ခုထွက်ပေါ်နိုင်ပါသလော'' ဟုပြန်၍မေး၏။
46 “Nazaré!”, exclamou Natanael. “Pode vir alguma coisa boa de Nazaré?” “Venha e veja você mesmo”, respondeu Filipe.
47 နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
47 Jesus viu Natanael se aproximar e disse: “Aí está um verdadeiro filho de Israel, um homem totalmente íntegro”.
48 နာသနေလက ``ကိုယ်တော်ရှင်သည်အဘယ်သို့ အကျွန်ုပ်ကိုသိရှိပါသနည်း'' ဟုမေးလျှောက် ၏။
48 “Como o senhor sabe a meu respeito?”, perguntou Natanael. Jesus respondeu: “Vi você sob a figueira antes que Filipe o chamasse”.
49 ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
49 Então Natanael exclamou: “Rabi, o senhor é o Filho de Deus, o Rei de Israel!”.
50 သခင်ယေရှုက ``သဖန်းပင်အောက်တွင်သင့် ကိုငါမြင်ကြောင်းပြောပြသည့်အတွက်သင် ယုံသလော။ ဤထက်ပို၍အံ့သြဖွယ်သော အမှုအရာတို့ကိုသင်မြင်ရလိမ့်မည်။-
50 Jesus lhe perguntou: “Você crê nisso porque eu disse que o vi sob a figueira? Você verá coisas maiores que essa”.
51 အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။
51 E acrescentou: “Eu lhes digo a verdade: vocês verão o céu aberto e os anjos de Deus subindo e descendo sobre o Filho do Homem”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.