João 18
Common Language Bible (MYA) vs NVT
1 ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။-
1 Depois de dizer essas coisas, Jesus atravessou com seus discípulos o vale de Cedrom e entrou num bosque de oliveiras.
2 ထိုနေရာသို့သခင်ယေရှုနှင့်တပည့်တော်တို့ သည်မကြာခဏသွားလေ့ရှိသဖြင့် သစ္စာဖောက် ယုဒသည်ထိုဥယျာဉ်ကိုသိ၏။-
2 Judas, o traidor, conhecia aquele lugar, pois Jesus tinha ido muitas vezes ali com seus discípulos.
3 သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-
3 Os principais sacerdotes e fariseus tinham dado a Judas um destacamento de soldados e alguns guardas do templo para acompanhá-lo. Eles chegaram ao bosque de oliveiras com tochas, lanternas e armas.
4 သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။
4 Jesus, sabendo tudo que ia lhe acontecer, foi ao encontro deles. “A quem vocês procuram?”, perguntou.
5 ထိုသူတို့က ``နာဇရက်မြို့သားယေရှုကိုရှာ ပါသည်'' ဟုဆိုကြ၏။
5 “A Jesus, o nazareno”, responderam. “Sou eu”, disse ele. (Judas, o traidor, estava com eles.)
6 ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုသခင်ယေရှု မိန့်တော်မူသောအခါသူတို့သည်နောက်သို့ ဆုတ်ကာမြေပေါ်တွင်လဲကြ၏။-
6 Quando Jesus disse: “Sou eu”, todos recuaram e caíram para trás, no chão.
7 သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။
7 Mais uma vez, ele perguntou: “A quem vocês procuram?”. E, novamente, eles responderam: “A Jesus, o nazareno”.
8 သခင်ယေရှုက ``ထိုသူသည်ငါပင်ဖြစ်သည် ဟုသင်တို့အားငါပြောခဲ့ပြီ။ ငါသည်သင်တို့ ရှာသောသူဖြစ်လျှင်ဤသူတို့သွားပါလေ စေ'' ဟုမိန့်တော်မူ၏။-
8 “Já lhes disse que sou eu”, respondeu ele. “E, uma vez que é a mim que vocês procuram, deixem estes outros irem embora.”
9 (ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။)
9 Ele fez isso para cumprir sua própria declaração: “Não perdi um só de todos que me deste”.
10 ရှိမုန်ပေတရုမှာဋ္ဌားတစ်လက်ပါလာ၏။ သူ သည်ဋ္ဌားကိုဆွဲထုတ်၍ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုကျွန်လက် ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏နာမည် ကားမာလခုဖြစ်သတည်း။-
10 Então Simão Pedro puxou uma espada e cortou a orelha direita de Malco, o servo do sumo sacerdote.
11 သခင်ယေရှုက ``ဋ္ဌားကိုဋ္ဌားအိမ်တွင်ပြန်သွင်း ထားလော့။ ခမည်းတော်ငါ့အားခံစေတော်မူ သည့်ဒုက္ခဝေဒနာကိုငါမခံသင့်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။
11 Jesus, porém, disse a Pedro: “Guarde sua espada de volta na bainha. Acaso não beberei o cálice que o Pai me deu?”.
12 ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
12 Assim, os soldados, seu comandante e os guardas do templo prenderam Jesus e o amarraram.
13 အန္နတ်မင်းကားထိုနှစ်တွင်ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖ၏ယောက္ခမဖြစ်၏။-
13 Primeiro, levaram Jesus a Anás, pois era sogro de Caifás, o sumo sacerdote naquele ano.
14 ကယာဖကား ``လူအပေါင်းတို့အတွက်လူ တစ်ဦးတစ်ယောက်သေရသည်ကပို၍ကောင်း ၏'' ဟုယုဒအာဏာပိုင်တို့အားအကြံပေး ခဲ့သူဖြစ်သတည်း။
14 Caifás foi quem tinha dito aos outros líderes judeus: “É melhor que um homem morra pelo povo”.
15 ရှိမုန်ပေတရုနှင့်အခြားတပည့်တော်တစ်ဦး သည်သခင်ယေရှု၏နောက်တော်ကလိုက်သွား ကြ၏။ အခြားတပည့်တော်သည်ယဇ်ပုရော ဟိတ်မင်း၏အသိဖြစ်၍ သခင်ယေရှုနှင့် အတူယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်း အတွင်းသို့လိုက်သွားခွင့်ရပေသည်။-
15 Simão Pedro e outro discípulo seguiram Jesus. Esse outro discípulo era conhecido do sumo sacerdote, de modo que lhe permitiram entrar com Jesus no pátio do sumo sacerdote.
16 ပေတရုကားဝင်းတံခါးအပြင်တွင်နေရစ်၏။ ယဇ်ပုရောဟိတ်မင်းသိသူတပည့်တော်သည် ဝင်းပြင်သို့ထွက်လာပြီးနောက် တံခါးစောင့် သူမအားအခွင့်တောင်းကာပေတရုကို ဝင်းထဲသို့သွင်းလေ၏။-
16 Pedro teve de ficar do lado de fora do portão. Então o discípulo conhecido do sumo sacerdote falou com a moça que tomava conta do portão, e ela deixou Pedro entrar.
17 တံခါးစောင့်သူငယ်မက ``သင်သည်ထိုသူ၏ တပည့်တစ်ဦးမဟုတ်ပါလော'' ဟုမေးလျှင်၊
17 A moça perguntou a Pedro: “Você não é um dos discípulos daquele homem?”. “Não”, respondeu ele. “Não sou.”
18 ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။
18 Como fazia frio, os servos da casa e os guardas tinham feito uma fogueira com carvão e se esquentavam ao redor dela. Pedro estava ali com eles, esquentando-se também.
19 ယဇ်ပုရောဟိတ်မင်းသည်ကိုယ်တော်အားတပည့် တော်တို့၏အကြောင်းကိုလည်းကောင်း၊ ကိုယ်တော် ဟောပြောတော်မူသောတရားတော်အကြောင်း ကိုလည်းကောင်းစစ်ဆေးမေးမြန်း၏။-
19 Lá dentro, o sumo sacerdote começou a interrogar Jesus a respeito de seus discípulos e de seus ensinamentos.
20 သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-
20 Jesus respondeu: “Falei abertamente a todos. Ensinei regularmente nas sinagogas e no templo, onde o povo se reúne.
21 သို့ဖြစ်၍အဘယ်ကြောင့်ငါ့ကိုစစ်ဆေးမေး မြန်းသနည်း။ ငါဟောပြောသွန်သင်သည်ကို ကြားနာကြရသူတို့အားမေးမြန်းလော့။ သူတို့အားငါမည်သို့ဟောပြောသည်ကို မေးမြန်းလော့။ ငါဟောပြောသည့်အရာတို့ ကိုသူတို့သိကြ၏'' ဟုမိန့်တော်မူ၏။
21 Por que você me interroga? Pergunte aos que me ouviram. Eles sabem o que eu disse”.
22 ဤသို့မိန့်တော်မူလျှင်အစောင့်တပ်သားတစ် ယောက်သည် ``ယဇ်ပုရောဟိတ်မင်းအားသင်သည် ဤသို့မဖွယ်မရာပြောဆိုသင့်သလော'' ဟု ဆို၍ကိုယ်တော်၏ပါးကိုရိုက်လေ၏။
22 Um dos guardas do templo que estava perto bateu no rosto de Jesus, dizendo: “Isso é maneira de responder ao sumo sacerdote?”.
23 သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။
23 Jesus respondeu: “Se eu disse algo errado, prove. Mas, se digo a verdade, por que você me bate?”.
24 ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။
24 Então Anás amarrou Jesus e o enviou a Caifás, o sumo sacerdote.
25 ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။
25 Nesse meio-tempo, enquanto Simão Pedro estava perto da fogueira, esquentando-se, perguntaram-lhe novamente: “Você não é um dos discípulos dele?”. Ele negou, dizendo: “Não sou”.
26 ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။
26 Mas um dos servos da casa do sumo sacerdote, parente do homem de quem Pedro havia cortado a orelha, perguntou: “Eu não vi você no bosque de oliveiras com Jesus?”.
27 ပေတရုက ``ငါမဟုတ်'' ဟုတစ်ဖန်ငြင်း ဆို၏။ ထိုခဏချင်းတွင်ကြက်တွန်လေ၏။
27 Mais uma vez, Pedro negou. E, no mesmo instante, o galo cantou.
28 လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
28 O julgamento de Jesus diante de Caifás terminou nas primeiras horas da manhã. Em seguida, foi levado ao palácio do governador romano. Seus acusadores não entraram, pois se contaminariam e não poderiam celebrar a Páscoa.
29 သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။
29 Então o governador Pilatos foi até eles e perguntou: “Qual é a acusação contra este homem?”.
30 ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
30 Eles responderam: “Não o teríamos entregue ao senhor se ele não fosse um criminoso”.
31 ပိလတ်မင်းကလည်း ``သင်တို့ကိုယ်တိုင်ပင်သူ့ အားယူဆောင်သွားကြလော့။ သင်တို့၏တရား ဥပဒေအရစစ်ဆေးစီရင်ကြလော့'' ဟု ဆို၏။
31 “Então levem-no embora e julguem-no de acordo com a lei de vocês”, disse Pilatos. “Só os romanos têm direito de executar alguém”,
32 (ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
32 Assim cumpriu-se a previsão de Jesus sobre como ele morreria.
33 ပိလတ်မင်းသည်အိမ်တော်ထဲသို့ပြန်၍ဝင် ပြီးလျှင်သခင်ယေရှုအားခေါ်ယူကာ ``သင် သည်ယုဒရှင်ဘုရင်ပေလော'' ဟုမေး၏။
33 Então Pilatos entrou novamente no palácio e ordenou que trouxessem Jesus. “Você é o rei dos judeus?”, perguntou ele.
34 သခင်ယေရှုက ``ဤမေးခွန်းကို မင်းကြီး အလိုအလျောက်မေးပါသလော။ သို့မဟုတ် ငါ၏အကြောင်းကို သူတစ်ပါးတို့လျှောက် ထားကြပြီလော'' ဟုမေးတော်မူ၏။
34 Jesus respondeu: “Essa pergunta é sua ou outros lhe falaram a meu respeito?”.
35 ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
35 “Acaso sou judeu?”, disse Pilatos. “Seu próprio povo e os principais sacerdotes o trouxeram a mim para ser julgado. Por quê? O que você fez?”
36 သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။
36 Jesus respondeu: “Meu reino não é deste mundo. Se fosse, meus seguidores lutariam para impedir que eu fosse entregue aos líderes judeus. Mas meu reino não procede deste mundo”.
37 ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။
37 Pilatos disse: “Então você é rei?”. “Você diz que sou rei”, respondeu Jesus. “De fato, nasci e vim ao mundo para testemunhar a verdade. Todos que amam a verdade ouvem minha voz.”
38 ပိလတ်မင်းက ``သမ္မာတရားကားအဘယ် နည်း'' ဟုမေး၏။
38 Pilatos perguntou: “Que é a verdade?”. Depois que disse isso, Pilatos saiu outra vez para onde estava o povo e declarou: “Ele não é culpado de crime algum.
39 သင်တို့ဋ္ဌလေ့ထုံးစံအရပသခါပွဲအတွင်း၌ အကျဉ်းသမားတစ်ဦးကိုငါလွတ်ငြိမ်းချမ်းသာ ခွင့်ပေးမြဲဖြစ်၏။ သင်တို့အတွက်ယုဒရှင်ဘုရင် ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။
39 Mas vocês têm o costume de pedir que eu solte um prisioneiro cada ano, na Páscoa. Vocês querem que eu solte o ‘rei dos judeus’?”.
40 ထိုသူတို့က ``သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေး ပါနှင့်။ ဗာရဗ္ဗကိုပေးပါ'' ဟုဟစ်အော်ကြ၏။ (ဗာရဗ္ဗကားဋ္ဌားပြဖြစ်သတည်း။)
40 Eles, porém, gritaram: “Não! Esse homem, não! Queremos Barrabás!”. Esse Barrabás era um criminoso.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.