João 15

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။-
1 Eu sou a videira verdadeira, e meu Pai é o lavrador.
2 ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။-
2 Toda vara em mim que não dá fruto, a tira; e limpa toda aquela que dá fruto, para que dê mais fruto.
3 ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။-
3 Vós
4 ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။''
4 Estai em mim, e eu, em vós; como a vara de si mesma não pode dar fruto, se não estiver na videira, assim também vós, se não estiverdes em mim.
5 ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။-
5 Eu sou a videira, vós, as varas; quem está em mim, e eu nele, este dá muito fruto, porque sem mim nada podereis fazer.
6 ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။-
6 Se alguém não estiver em mim, será lançado fora, como a vara, e secará; e os colhem e lançam no fogo, e ardem.
7 သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-
7 Se vós estiverdes em mim, e as minhas palavras estiverem em vós, pedireis tudo o que quiserdes, e vos será feito.
8 သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။-
8 Nisto é glorificado meu Pai: que deis muito fruto; e assim sereis meus discípulos.
9 ခ​မည်း​တော်​သည်​ငါ့​ကို​ချစ်​သ​ကဲ့​သို့​ငါ သည်​သင်​တို့​ကို​ချစ်​၏။ ငါ​၏​မေတ္တာ​၌​တည် နေ​ကြ​လော့။-
9 Como o Pai me amou, também eu vos amei a vós; permanecei no meu amor.
10 ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။''
10 Se guardardes os meus mandamentos, permanecereis no meu amor, do mesmo modo que eu tenho guardado os mandamentos de meu Pai e permaneço no seu amor.
11 ``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။-
11 Tenho-vos dito isso para que a minha alegria permaneça em vós, e a vossa alegria seja completa.
12 ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။-
12 O meu mandamento é este: Que vos ameis uns aos outros, assim como eu vos amei.
13 မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။-
13 Ninguém tem maior amor do que este: de dar alguém a sua vida pelos seus amigos.
14 သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။-
14 Vós sereis meus amigos, se fizerdes o que eu vos mando.
15 ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။-
15 Já vos não chamarei servos, porque o servo não sabe o que faz o seu senhor, mas tenho-vos chamado amigos, porque tudo quanto ouvi de meu Pai vos tenho feito conhecer.
16 သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-
16 Não me escolhestes vós a mim, mas eu vos escolhi a vós, e vos nomeei, para que vades e deis fruto, e o vosso fruto permaneça, a fim de que tudo quanto em meu nome pedirdes ao Pai ele vos conceda.
17 ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''
17 Isto vos mando: que vos ameis uns aos outros.
18 ``လော​က​သား​တို့​သည်​သင်​တို့​ကို​မုန်း​တီး​ကြ လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။-
18 Se o mundo vos aborrece, sabei que, primeiro do que a vós, me aborreceu a mim.
19 သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။-
19 Se vós fôsseis do mundo, o mundo amaria o que era seu, mas, porque não sois do mundo, antes eu vos escolhi do mundo, por isso é que o mundo vos aborrece.
20 ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-
20 Lembrai-vos da palavra que vos disse: não é o servo maior do que o seu senhor. Se a mim me perseguiram, também vos perseguirão a vós; se guardarem a minha palavra, também guardarão a vossa.
21 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ငါ့​ကို​စေ​လွှတ်​တော် မူ​သော​အ​ရှင်​ကို​မ​သိ​ကြ​သ​ဖြင့် ငါ​၏​နာ​မ အ​တွက်​ကြောင့်​သင်​တို့​ကို​ညှဉ်း​ပန်း​ကြ​လိမ့် မည်။-
21 Mas tudo isso vos farão por causa do meu nome, porque não conhecem aquele que me enviou.
22 ငါ​သည်​လာ​၍​သူ​တို့​အား​မ​ဟော​မ​ပြော​ပါ​က သူ​တို့​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။ ယ​ခု​မှာ​မူ သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ကူး​လွန်​မှု​အ​တွက် အ​ဘယ်​သို့​မျှ​အ​ကြောင်း​မ​ပြ​နိုင်​တော့​ပြီ။-
22 Se eu não viera, nem lhes houvera falado, não teriam pecado, mas, agora, não têm desculpa do seu pecado.
23 ငါ့​ကို​မုန်း​သော​သူ​သည်​ငါ့​ခ​မည်း​တော်​ကို လည်း​မုန်း​၏။-
23 Aquele que me aborrece aborrece também a meu Pai.
24 အ​ကယ်​၍​ငါ​သည်​အ​ခြား​မည်​သူ​မျှ​မ​ပြု သည့်​အ​မှု​အ​ရာ​များ​ကို​သူ​တို့​၏​ရှေ့​တွင် မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​ရှိ​မည်​မ​ဟုတ်။ ယ​ခု​မူ​ကား​သူ​တို့​သည်​ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​မြင်​ရ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခမည်း​တော်​ကို​လည်း ကောင်း​မုန်း​ကြ​၏။-
24 Se eu, entre eles, não fizesse tais obras, quais nenhum outro têm feito, não teriam pecado; mas, agora, viram-nas e me aborreceram a mim e a meu Pai.
25 ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''
25 Mas é para que se cumpra a palavra que está escrita na sua lei: Aborreceram-me sem causa.
26 ``ခ​မည်း​တော်​ထံ​မှ​ကြွ​လာ​၍​ဘု​ရား​သ​ခင် အ​ကြောင်း​ဆိုင်​ရာ​သမ္မာ​တ​ရား​ကို ဖော်​ပြ​သည့် မ​စ​တော်​မူ​သော​အ​ရှင်​တည်း​ဟူ​သော​ဝိ​ညာဉ် တော်​သည်​ရောက်​လာ​တော်​မူ​သော​အ​ခါ ငါ​၏ အ​ကြောင်း​ကို​ပြော​ကြား​တော်​မူ​လိမ့်​မည်။ ထို အ​ရှင်​ကို​ခ​မည်း​တော်​ထံ​မှ​သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။-
26 Mas, quando vier o Consolador, que eu da parte do Pai vos hei de enviar, aquele Espírito da verdade, que procede do Pai, testificará de mim.
27 သင်​တို့​သည်​လည်း​အ​စ​က​ပင်​ငါ​နှင့်​အ​တူ ရှိ​နေ​သော​ကြောင့် ငါ​၏​အ​ကြောင်း​ကို​ပြော ကြား​ရ​ကြ​လိမ့်​မည်။''
27 E vós também testificareis, pois estivestes comigo desde o princípio.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.