João 14
Common Language Bible (MYA) vs VC
1 သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။-
1 Não se perturbe o vosso coração. Credes em Deus, crede também em mim.
2 ငါ့ခမည်းတော်၏အိမ်တော်တွင်အခန်းများစွာ ရှိ၏။ သို့မရှိပါမူငါသည်သင်တို့အတွက် နေရာကိုသွား၍ပြင်ဆင်မည်ဟုပြောဆို ပါမည်လော။-
2 Na casa de meu Pai há muitas moradas. Não fora assim, e eu vos teria dito; pois vou preparar-vos um lugar.
3 ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။-
3 Depois de ir e vos preparar um lugar, voltarei e tomar-vos-ei comigo, para que, onde eu estou, também vós estejais.
4 ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။
4 E vós conheceis o caminho para ir aonde vou.
5 သောမက ``သခင်၊ အရှင်အဘယ်အရပ်သို့ သွားမည်ကိုအကျွန်ုပ်တို့မသိပါ။ အဘယ် သို့လျှင်ခရီးလမ်းကိုအကျွန်ုပ်တို့သိနိုင် ကြပါမည်နည်း'' ဟုလျှောက်၏။
5 Disse-lhe Tomé: Senhor, não sabemos para onde vais. Como podemos conhecer o caminho?
6 သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
6 Jesus lhe respondeu: Eu sou o caminho, a verdade e a vida; ninguém vem ao Pai senão por mim.
7 ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။
7 Se me conhecêsseis, também certamente conheceríeis meu Pai; desde agora já o conheceis, pois o tendes visto.
8 ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။
8 Disse-lhe Filipe: Senhor, mostra-nos o Pai e isso nos basta.
9 သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
9 Respondeu Jesus: Há tanto tempo que estou convosco e não me conheceste, Filipe! Aquele que me viu, viu também o Pai. Como, pois, dizes: Mostra-nos o Pai...
10 ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
10 Não credes que estou no Pai, e que o Pai está em mim? As palavras que vos digo não as digo de mim mesmo; mas o Pai, que permanece em mim, é que realiza as suas próprias obras.
11 ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။-
11 Crede-me: estou no Pai, e o Pai em mim. Crede-o ao menos por causa destas obras.
12 အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။-
12 Em verdade, em verdade vos digo: aquele que crê em mim fará também as obras que eu faço, e fará ainda maiores do que estas, porque vou para junto do Pai.
13 သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
13 E tudo o que pedirdes ao Pai em meu nome, vo-lo farei, para que o Pai seja glorificado no Filho.
14 ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။
14 Qualquer coisa que me pedirdes em meu nome, vo-lo farei.
15 ``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။-
15 Se me amais, guardareis os meus mandamentos.
16 ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။-
16 E eu rogarei ao Pai, e ele vos dará outro Paráclito, para que fique eternamente convosco.
17 ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
17 É o Espírito da Verdade, que o mundo não pode receber, porque não o vê nem o conhece, mas vós o conhecereis, porque permanecerá convosco e estará em vós.
18 ``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။-
18 Não vos deixarei órfãos. Voltarei a vós.
19 ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
19 Ainda um pouco de tempo e o mundo já não me verá. Vós, porém, me tornareis a ver, porque eu vivo e vós vivereis.
20 ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
20 Naquele dia conhecereis que estou em meu Pai, e vós em mim e eu em vós.
21 ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
21 Aquele que tem os meus mandamentos e os guarda, esse é que me ama. E aquele que me ama será amado por meu Pai, e eu o amarei e manifestar-me-ei a ele.
22 (ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။
22 Pergunta-lhe Judas, não o Iscariotes: Senhor, por que razão hás de manifestar-te a nós e não ao mundo?
23 သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
23 Respondeu-lhe Jesus: Se alguém me ama, guardará a minha palavra e meu Pai o amará, e nós viremos a ele e nele faremos nossa morada.
24 ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။
24 Aquele que não me ama não guarda as minhas palavras. A palavra que tendes ouvido não é minha, mas sim do Pai que me enviou.
25 ``သင်တို့နှင့်အတူရှိစဉ်အခါဤအရာ များကိုငါဖော်ပြပြီ။-
25 Disse-vos estas coisas enquanto estou convosco.
26 သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။
26 Mas o Paráclito, o Espírito Santo, que o Pai enviará em meu nome, ensinar-vos-á todas as coisas e vos recordará tudo o que vos tenho dito.
27 ``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
27 Deixo-vos a paz, dou-vos a minha paz. Não vo-la dou como o mundo a dá. Não se perturbe o vosso coração, nem se atemorize!
28 `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။-
28 Ouvistes que eu vos disse: Vou e volto a vós. Se me amardes, certamente haveis de alegrar-vos, que vou para junto do Pai, porque o Pai é maior do que eu.
29 ထိုအမှုအရာဖြစ်ပျက်သောအခါ၌သင် တို့ယုံကြည်ကြစေရန် ယခုကပင်ကြိုတင် ၍သင်တို့အားငါပြောနှင့်ပြီ။-
29 E disse-vos agora estas coisas, antes que aconteçam, para que creiais quando acontecerem.
30 လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။-
30 Já não falarei muito convosco, porque vem o príncipe deste mundo; mas ele não tem nada em mim.
31 သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။
31 O mundo, porém, deve saber que amo o Pai e procedo como o Pai me ordenou. Levantai-vos, vamo-nos daqui.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.