João 13

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။
1 Faltava somente um dia para a Festa da Páscoa . Jesus sabia que tinha chegado a hora de deixar este mundo e ir para o Pai. Ele sempre havia amado os seus que estavam neste mundo e os amou até o fim.
2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ စား​လျက်​နေ​ကြ​၏။ မာရ်​နတ်​သည်​ရှိ​မုန်​ရှ ကာ​ရုတ်​သား​ယု​ဒ​အား ကိုယ်​တော်​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​စေ​ရန်​အ​ကြံ​ပေး​ထား​ပြီး ဖြစ်​ပေ​သည်။-
2 Jesus e os seus discípulos estavam jantando. O Diabo já havia posto na cabeça de Judas, filho de Simão Iscariotes, a ideia de trair Jesus.
3 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ခ​မည်း​တော်​က အာ​ဏာ​ကုန်​လွှဲ​အပ်​ထား​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ ၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြန်​တော့​မည်​ကို လည်း​ကောင်း​သိ​တော်​မူ​၏။-
3 Jesus sabia que o Pai lhe tinha dado todo o poder. E sabia também que tinha vindo de Deus e ia para Deus.
4 သို့​ဖြစ်​၍​စား​ပွဲ​မှ​ထ​၍​ဝတ်​လုံ​တော်​ကို ချွတ်​တော်​မူ​ပြီး​လျှင်​ပ​ဝါ​ကို​ယူ​၍​ခါး ကို​စည်း​တော်​မူ​၏။-
4 Então se levantou, tirou a sua capa , pegou uma toalha e amarrou na cintura.
5 ထို​နောက်​ဇ​လုံ​တွင်​ရေ​ထည့်​၍​တ​ပည့်​တော်​တို့ ၏​ခြေ​ကို​ဆေး​ပြီး​လျှင် ခါး​တွင်​စည်း​ထား​သော ပ​ဝါ​နှင့်​သုတ်​တော်​မူ​၏။-
5 Em seguida pôs água numa bacia e começou a lavar os pés dos discípulos e a enxugá-los com a toalha.
6 ရှိ​မုန်​ပေ​တ​ရု​ထံ​သို့​ရောက်​တော်​မူ​လျှင် ပေ​တ​ရု​က ``သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် ၏​ခြေ​ကို​ဆေး​တော်​မူ​မည်​လော'' ဟု​မေး လျှောက်​၏။
6 Quando chegou perto de Simão Pedro, este lhe perguntou: — Vai lavar os meus pés, Senhor?
7 သ​ခင်​ယေ​ရှု​က ``ငါ​ပြု​သော​အ​မှု​ကို​ယ​ခု သင်​မ​သိ။ နောင်​အ​ခါ​မှ​သိ​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
7 Jesus respondeu:
8 ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။
8 — O senhor nunca lavará os meus pés! — disse Pedro.
9 ပေ​တ​ရု​က ``သ​ခင်၊ အ​ကျွန်ုပ်​၏​ခြေ​ကို သာ​မ​က​လက်​နှင့်​ဦး​ခေါင်း​ကို​လည်း​ဆေး တော်​မူ​ပါ'' ဟု​လျှောက်​၏။
9 — Então, Senhor, não lave somente os meus pés; lave também as minhas mãos e a minha cabeça! — pediu Simão Pedro.
10 သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။-
10 Aí Jesus disse:
11 (မိ​မိ​အား​ရန်​သူ့​လက်​သို့​အပ်​နှံ​မည့်​သူ​ကို​သိ တော်​မူ​သော​ကြောင့် ကိုယ်​တော်​က​လူ​တိုင်း​စင် ကြယ်​သည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​သ​တည်း။)
11 Jesus sabia quem era o traidor. Foi por isso que disse: “Todos menos um.”
12 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး ပြီး​နောက် ဝတ်​လုံ​တော်​ကို​ပြန်​၍​ဝတ်​ပြီး​လျှင် ထိုင်​တော်​မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက် ငါ​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​နား​လည်​ကြ သ​လော။-
12 Depois de lavar os pés dos seus discípulos, Jesus vestiu de novo a capa, sentou-se outra vez à mesa e perguntou:
13 သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။-
13 Vocês me chamam de “Mestre” e de “Senhor” e têm razão, pois eu sou mesmo.
14 ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။-
14 Se eu, o Senhor e o Mestre, lavei os pés de vocês, então vocês devem lavar os pés uns dos outros.
15 သင်​တို့​အား​ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​အ​ချင်း ချင်း​သည်​လည်း​ပြု​ကြ​စိမ့်​သော​ငှာ​စံ​န​မူ​နာ ကို​ငါ​ပြ​ခဲ့​ပြီ။-
15 Pois eu dei o exemplo para que vocês façam o que eu fiz.
16 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​လွှတ်​ခြင်း​ခံ​ရ​သူ​လည်း​စေ​လွှတ်​သော​သူ ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။-
16 Eu afirmo a vocês que isto é verdade: o empregado não é mais importante do que o patrão, e o mensageiro não é mais importante do que aquele que o enviou.
17 ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။
17 Já que vocês conhecem esta verdade, serão felizes se a praticarem.
18 ``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-
18 — Não estou falando de vocês todos; eu conheço aqueles que escolhi. Pois tem de se cumprir o que as
19 ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-
19 Digo isso a vocês agora, antes que aconteça, para que, quando acontecer, vocês creiam que “
20 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။
20 Eu afirmo a vocês que isto é verdade: quem receber aquele que eu enviar estará também me recebendo; e quem me recebe recebe aquele que me enviou.
21 ဤ​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ​သ​ခင်​ယေ​ရှု သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​တော်​မူ​၍ ``အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့ အ​နက်​တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​လိမ့်​မည်'' ဟု​ပွင့်​လင်း​စွာ​မိန့် တော်​မူ​၏။
21 Depois de dizer isso, Jesus ficou muito aflito e declarou abertamente aos discípulos:
22 အ​ဘယ်​သူ​ကို​ရည်​ဆောင်​၍​မိန့်​တော်​မူ​သည် ကို​တ​ပည့်​တော်​တို့​တွေး​၍​မ​ရ​နိုင်​ကြ​သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ကြည့် ကြ​၏။-
22 Então eles olharam uns para os outros, sem saber de quem ele estava falando.
23 ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။-
23 Ao lado de Jesus estava sentado um deles, a quem Jesus amava.
24 ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။
24 Simão Pedro fez um sinal para ele e disse: — Pergunte de quem o Mestre está falando.
25 ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။
25 Então aquele discípulo chegou mais perto de Jesus e perguntou: — Senhor, quem é ele?
26 သ​ခင်​ယေ​ရှု​က ``ဤ​မုန့်​တစ်​ဖဲ့​ကို​ဟင်း​ပန်း ကန်​တွင်​နှစ်​၍​ငါ​ပေး​သူ​သည်​ထို​သူ​ပင်​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မုန့်​တစ်​ဖဲ့​ကို ဟင်း​ပန်း​ကန်​တွင်​နှစ်​ပြီး​လျှင် ရှိ​မုန်​ရှ​ကာ​ရုတ် ၏​သား​ယု​ဒ​အား​ပေး​တော်​မူ​၏။-
26 — É aquele a quem vou dar um pedaço de pão passado no molho! — respondeu Jesus. Em seguida pegou um pedaço de pão, passou no molho e deu a Judas, filho de Simão Iscariotes.
27 ထို​မုန့်​ကို​ယု​ဒ​စား​လိုက်​သည်​နှင့်​တစ်​ပြိုင် နက်​စာ​တန်​သည်​သူ​၏​အ​ထဲ​သို့​ဝင်​လေ​၏။ သ​ခင်​ယေ​ရှု​က ``သင်​ပြု​ရ​မည့်​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
27 E assim que Judas recebeu o pão, Satanás entrou nele. Então Jesus disse a Judas:
28 ယု​ဒ​အား​အ​ဘယ်​ကြောင့်​ထို​သို့​မိန့်​တော်​မူ သည်​ကို စား​ပွဲ​တွင်​ထိုင်​နေ​သူ​တစ်​ယောက်​မျှ မ​သိ။-
28 Nenhum dos que estavam à mesa entendeu por que Jesus disse isso.
29 ယုဒ​သည်​ငွေ​အိတ်​ကို​ကိုင်​ဆောင်​ရ​သူ​ဖြစ်​၍ ပွဲ​တော်​အ​တွက်​လို​အပ်​သည်​များ​ကို​ဝယ်​ယူ ရန်​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​ရန် ဖြစ်​စေ​သ​ခင်​ယေ​ရှု​မှာ​ကြား​တော်​မူ​သည် ဟု အ​ချို့​သော​တ​ပည့်​တော်​တို့​က​ထင်​မှတ် ကြ​၏။
29 Como era Judas que tomava conta da bolsa do dinheiro, alguns pensaram que Jesus tinha mandado que ele comprasse alguma coisa para a festa ou desse alguma ajuda aos pobres.
30 ယု​ဒ​ရှ​ကာ​ရုတ်​သည်​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ ပြီး​လျှင်​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ချိန်​ကား​ည​အ​ချိန်​ဖြစ်​သ​တည်း။
30 Judas recebeu o pão e saiu logo. E era noite.
31 ယု​ဒ​ထွက်​သွား​ပြီး​နောက်​သ​ခင်​ယေ​ရှု​က ``ယ​ခု လူ​သား​သည်​ဘုန်း​အ​သ​ရေ​ထွန်း​တော်​မူ​လေ ပြီ၊ ဘု​ရား​သ​ခင်​သည်​လည်း​လူ​သား​အား​ဖြင့် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပြီ။-
31 Quando Judas saiu, Jesus disse:
32 ဘု​ရား​သ​ခင်​သည်​လူ​သား​အား​ဖြင့်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​လျှင် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့် လူ​သား​အား ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့် မည်။-
32 E, se por meio dele a natureza gloriosa de Deus for revelada, então Deus revelará em si mesmo a natureza divina do Filho do Homem. E Deus fará isso agora mesmo.
33 ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။-
33 Meus filhos, não vou ficar com vocês por muito tempo. Vocês vão me procurar, mas eu digo agora o que já disse aos líderes judeus: vocês não podem ir para onde eu vou.
34 အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။-
34 Eu lhes dou este novo mandamento: amem uns aos outros. Assim como eu os amei, amem também uns aos outros.
35 သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
35 Se tiverem amor uns pelos outros, todos saberão que vocês são meus discípulos.
36 ရှိ​မုန်​ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သွား​ရာ​ကို​သင်​ယ​ခု မ​လိုက်​နိုင်။ နောင်​အ​ခါ​မှ​လိုက်​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
36 Simão Pedro perguntou a Jesus: — Senhor, para onde é que o senhor vai? Jesus respondeu:
37 ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​ကြောင့်​ယ​ခု အ​ကျွန်ုပ်​မ​လိုက်​နိုင်​ပါ​သ​နည်း။ ကိုယ်​တော် ၏​အ​တွက်​အ​ကျွန်ုပ်​သည်​အ​သက်​ကို​ပင်​စွန့် ပါ​မည်'' ဟု​လျှောက်​၏။
37 Pedro tornou a perguntar: — Senhor, por que eu não posso segui-lo agora? Eu estou pronto para morrer pelo senhor!
38 သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​အ​တွက်​အ​သက် စွန့်​မည်​လော။ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည် ကား ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
38 — Está mesmo? — perguntou Jesus. — Pois eu afirmo a você que isto é verdade: antes que o galo cante, você dirá três vezes que não me conhece.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.