João 12

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။-
1 Foi, pois, Jesus seis dias antes da Páscoa a Betânia, onde estava Lázaro, o que falecera e a quem ressuscitara dos mortos.
2 ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။-
2 Fizeram-lhe, pois, ali uma ceia, e Marta servia, e Lázaro era um dos que estavam à mesa com ele.
3 ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။-
3 Então, Maria, tomando uma libra de unguento de nardo puro, de muito preço, ungiu os pés de Jesus e enxugou-lhe os pés com os seus cabelos; e encheu-se a casa do cheiro do unguento.
4 — ausente —
4 Então, um dos seus discípulos, Judas Iscariotes, filho de Simão, o que havia de traí-lo, disse:
5 — ausente —
5 Por que não se vendeu este unguento por trezentos dinheiros, e não se deu aos pobres?
6 ဤ​သို့​ပြော​ဆို​ရာ​၌​သူ​သည်​ဆင်း​ရဲ​သူ​တို့ အား​ကြင်​နာ​ထောက်​ထား​၍​မ​ဟုတ်၊ ခိုး​ဝှက် တတ်​သူ​ဖြစ်​၍​သာ​လျှင်​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​သည်​ငွေ​အိတ်​ကို​လွယ်​ရ​သူ​ဖြစ်​၍​ငွေ​များ ကို​ခိုး​ယူ​သုံး​စွဲ​လေ့​ရှိ​သ​တည်း။
6 Ora, ele disse isso não pelo cuidado que tivesse dos pobres, mas porque era ladrão, e tinha a bolsa, e tirava o que ali se lançava.
7 သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို မ​နှောင့်​ယှက်​နှင့်။ သူ​သည်​ငါ့​အလောင်း​ကို သင်္ဂြိုဟ်​မည့်​အ​ချိန်​အ​တွက်​ဤ​ဆီ​မွှေး​ကို သိမ်း​ထား​ပါ​လေ​စေ။-
7 Disse, pois, Jesus: Deixai-a; para o dia da minha sepultura guardou isto.
8 ဆင်း​ရဲ​သူ​တို့​သည်​သင်​တို့​နှင့်​အ​မြဲ​ပင် ရှိ​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
8 Porque os pobres, sempre os tendes convosco, mas a mim nem sempre me tendes.
9 ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။-
9 E muita gente dos judeus soube que ele estava ali; e foram, não só por causa de Jesus, mas também para ver a Lázaro, a quem ressuscitara dos mortos.
10 — ausente —
10 E os principais dos sacerdotes tomaram deliberação para matar também a Lázaro,
11 — ausente —
11 porque muitos dos judeus, por causa dele, iam e criam em Jesus.
12 နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊-
12 No dia seguinte, ouvindo uma grande multidão que viera à festa que Jesus vinha a Jerusalém,
13 စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။
13 tomaram ramos de palmeiras, e saíram-lhe ao encontro, e clamavam: Hosana! Bendito o Rei de Israel que vem em nome do Senhor!
14 — ausente —
14 E achou Jesus um jumentinho e assentou-se sobre ele, como está escrito:
15 — ausente —
15 Não temas, ó filha de Sião! Eis que o teu Rei vem assentado sobre o filho de uma jumenta.
16 တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။
16 Os seus discípulos, porém, não entenderam isso no princípio; mas, quando Jesus foi glorificado, então, se lembraram de que isso estava escrito dele e que isso lhe fizeram.
17 — ausente —
17 A multidão, pois, que estava com ele quando Lázaro foi chamado da sepultura testificava que ele o ressuscitara dos mortos.
18 — ausente —
18 Pelo que a multidão lhe saiu ao encontro, porque tinham ouvido que ele fizera este sinal.
19 ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။
19 Disseram, pois, os fariseus entre si: Vedes que nada aproveitais? Eis que todos vão após ele.
20 ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။-
20 Ora, havia alguns gregos entre os que tinham subido a adorar no dia da festa.
21 သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။
21 Estes, pois, dirigiram-se a Filipe, que era de Betsaida da Galileia, e rogaram-lhe, dizendo: Senhor, queríamos ver a Jesus.
22 ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။-
22 Filipe foi dizê-lo a André, e, então, André e Filipe o disseram a Jesus.
23 သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။-
23 E Jesus lhes respondeu, dizendo: É chegada a hora em que o Filho do Homem há de ser glorificado.
24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။-
24 Na verdade, na verdade vos digo que, se o grão de trigo, caindo na terra, não morrer, fica ele só; mas, se morrer, dá muito fruto.
25 မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။-
25 Quem ama a sua vida perdê-la-á, e quem, neste mundo, aborrece a sua vida, guardá-la-á para a vida eterna.
26 ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။
26 Se alguém me serve, siga-me; e, onde eu estiver, ali estará também o meu servo. E, se alguém me servir,
27 ``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-
27 Agora, a minha alma está perturbada; e que direi eu? Pai, salva-me desta hora; mas para isso vim a esta hora.
28 အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။
28 Pai, glorifica o teu nome. Então, veio uma voz do céu que dizia: Já o tenho glorificado e outra vez o glorificarei.
29 ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ​သော​လူ​ပ​ရိ​သတ် သည်​ထို​အ​သံ​ကို​ကြား​၍​အ​ချို့​က ``မိုး​ချုန်း သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​စ​ကား​ပြော​သည်'' ဟု​ဆို​ကြ​၏။
29 Ora, a multidão que ali estava e que a tinha ouvido dizia que havia sido um trovão. Outros diziam: Um anjo lhe falou.
30 သ​ခင်​ယေ​ရှု​က ``ဤ​အ​သံ​တော်​ပေါ်​ထွက်​လာ ခြင်း​သည်​ငါ​၏​အ​တွက်​မ​ဟုတ်။ သင်​တို့​၏​အ​တွက် ဖြစ်​၏။-
30 Respondeu Jesus e disse: Não veio esta voz por amor de mim, mas por amor de vós.
31 ဤ​လော​က​သည်​ယ​ခု​ပင်​လျှင်​တ​ရား​စီ​ရင် ခြင်း​ခံ​ရ​လေ​ပြီ။ လော​က​ကို​အ​စိုး​ရ​သူ သည်​လည်း​ယ​ခု​ပင်​နှိမ်​နင်း​ခြင်း​ခံ​ရ​ပေ တော့​မည်။-
31 Agora, é o juízo deste mundo; agora, será expulso o príncipe deste mundo.
32 ငါ​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို​ငါ​ထံ​သို့​ဆွဲ​ဆောင်​မည်'' ဟု မိန့်​တော်​မူ​၏။-
32 E eu, quando for levantado da terra, todos atrairei a mim.
33 (ဤ​သို့​မိန့်​တော်​မူ​ရာ​တွင်​မိ​မိ​သည်​အ​ဘယ် သို့​အ​သေ​ခံ​ရ​မည်​ကို​အ​ရိပ်​အ​မြွက်​အား ဖြင့်​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။)
33 E dizia isso significando de que morte havia de morrer.
34 လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။
34 Respondeu-lhe a multidão: Nós temos ouvido da lei que o Cristo permanece para sempre, e como dizes tu que convém que o Filho do Homem seja levantado? Quem é esse Filho do Homem?
35 သ​ခင်​ယေ​ရှု​က​လည်း ``အ​လင်း​သည်​သင်​တို့ တွင်​ခ​ဏ​သာ​ရှိ​ပေ​တော့​မည်။ သင်​တို့​အား အ​မှောင်​မ​ဖုံး​လွှမ်း​စေ​ရန် အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ အ​မှောင်​တွင်​သွား​လာ​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​လာ​သည် ကို​မ​သိ။-
35 Disse-lhes, pois, Jesus: A luz ainda está convosco por um pouco de tempo; andai enquanto tendes luz, para que as trevas vos não apanhem, pois quem anda nas trevas não sabe para onde vai.
36 သို့​ဖြစ်​၍​အ​လင်း​ရှိ​နေ​ခိုက်​ထို​အ​လင်း​ကို ယုံ​ကြည်​ကြ​လော့။ သို့​မှ​သာ​သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
36 Enquanto tendes luz, crede na luz, para que sejais filhos da luz. Essas coisas disse Jesus; e, retirando-se, escondeu-se deles.
37 သူ​တို့​၏​မျက်​မှောက်​တွင်​များ​စွာ​သော​နိ​မိတ် လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ။-
37 E, ainda que tivesse feito tantos sinais diante deles, não criam nele,
38 ဤ​သို့​ဖြစ်​ရ​သည်​မှာ၊
38 para que se cumprisse a palavra do profeta Isaías, que diz: Senhor, quem creu na nossa pregação? E a quem foi revelado o braço do Senhor?
39 — ausente —
39 Por isso, não podiam crer, pelo que Isaías disse outra vez:
40 — ausente —
40 Cegou-lhes os olhos e endureceu-lhes o coração, a fim de que não vejam com os olhos, e compreendam no coração, e se convertam, e eu os cure.
41 ဟေ​ရှာ​ယ​သည်​သ​ခင်​ယေ​ရှု​၏​ဘုန်း​အ​သ​ရေ ကို​ဖူး​မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို ဤ​သို့​မြွက်​ဆို​ခြင်း​ဖြစ်​၏။
41 Isaías disse isso quando viu a sua glória e falou dele.
42 သို့​ဖြစ်​စေ​ကာ​မူ​ယု​ဒ​အာ​ဏာ​ပိုင်​အ​မြောက် အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။ သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​များ​ကြောင့်​တ​ရား​ဇ​ရပ် မှ​ထုတ်​ပယ်​ခံ​ရ​မည်​ကို​ကြောက်​၍​မိ​မိ​တို့ ယုံ​ကြည်​ကြောင်း​ကို​ပွင့်​လင်း​စွာ​ဝန်​မ​ခံ​ကြ။-
42 Apesar de tudo, até muitos dos principais creram nele; mas não o confessavam por causa dos fariseus, para não serem expulsos da sinagoga.
43 သူ​တို့​သည်​ကား​လူ​တို့​၏​အ​ချီး​အ​မွမ်း​ကို ပို​၍​နှစ်​သက်​ကြ​သူ​များ​ဖြစ်​သ​တည်း။
43 Porque amavam mais a glória dos homens do que a glória de Deus.
44 သ​ခင်​ယေ​ရှု​က​ဤ​သို့​ကြွေး​ကြော်​တော်​မူ​သည်။ ``ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ့​ကို​သာ​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လည်း ယုံ​ကြည်​၏။-
44 E Jesus clamou e disse: Quem crê em mim crê não em mim, mas naquele que me enviou.
45 ငါ့​ကို​တွေ့​မြင်​သူ​သည်​ငါ့​ကို​သာ​တွေ့​မြင် သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​ကို​လည်း​တွေ့​မြင်​၏။-
45 E quem me vê a mim vê aquele que me enviou.
46 ငါ့​ကို​ယုံ​ကြည်​သူ​မှန်​သ​မျှ​သည်​အ​မှောင် တွင်​မ​နေ​ရ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း အ​ဖြစ်​လော​က​သို့​ကြွ​လာ​ပြီ။-
46 Eu sou a luz que vim ao mundo, para que todo aquele que crê em mim não permaneça nas trevas.
47 ငါ​ဟော​ပြော​သော​စ​ကား​ကို​ကြား​၍​မ​ခံ​မ​ယူ သူ​ကို​ငါ​သည်​တ​ရား​မ​စီ​ရင်။ လော​က​သား​တို့ ကို​တ​ရား​စီ​ရင်​ရန်​ငါ​လာ​သည်​မ​ဟုတ်။ လော​က သား​တို့​ကို​ကယ်​တင်​ရန်​ငါ​လာ​သ​တည်း။-
47 E, se alguém ouvir as minhas palavras e não crer, eu não o julgo, porque eu vim não para julgar o mundo, mas para salvar o mundo.
48 ငါ့​ကို​ပစ်​ပယ်​၍​ငါ​ဟော​ပြော​သော​စ​ကား​ကို မ​ခံ​မ​ယူ​သော​သူ​ကို​တ​ရား​စီ​ရင်​မည့်​သူ ရှိ​၏။ ငါ​ဟော​ပြော​သော​စ​ကား​သည်​ပင်​လျှင် ထို​သူ​ကို​နောက်​ဆုံး​သော​နေ့​၌ တ​ရား​သူ ကြီး​အ​ဖြစ်​ဖြင့်​တ​ရား​စီ​ရင်​လိမ့်​မည်။-
48 Quem me rejeitar a mim e não receber as minhas palavras a palavra que tenho pregado, essa o há de julgar no último Dia.
49 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​ပိုင်​အ​ခွင့် အာ​ဏာ​အ​ရ​ဟော​ပြော​ခြင်း​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​အ​မိန့် တော်​အ​ရ​ဟော​ပြော​ခြင်း​ဖြစ်​၏။-
49 Porque eu não tenho falado de mim mesmo, mas o Pai, que me enviou, ele me deu mandamento sobre o que hei de dizer e sobre o que hei de falar.
50 ခ​မည်း​တော်​၏​အ​မိန့်​တော်​သည်​ထာ​ဝ​ရ​အ​သက် ရ​စေ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​ခမည်း​တော်​ပြော စေ​လို​သည်​အ​တိုင်း​ငါ​ဟော​ပြော​သတည်း။''
50 E sei que o seu mandamento é a vida eterna. Portanto, o que eu falo, falo-o como o Pai mo tem dito.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.