João 10
Common Language Bible (MYA) vs NTLH
1 သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား သိုးခြံထဲသို့တံခါးပေါက် ကမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သူ သည်သူခိုးဋ္ဌားပြဖြစ်၏။-
1 Jesus disse:
2 တံခါးပေါက်ကဝင်သူမူကားသိုးထိန်းဖြစ်၏။-
2 Mas quem entra pela porta é o pastor do rebanho.
3 သိုးထိန်းအားတံခါးစောင့်သည်တံခါးဖွင့်၍ ပေးတတ်၏။ သိုးတို့သည်သူ၏အသံကိုနား ထောင်တတ်ကြ၏။ သူသည်သိုးတို့ကိုနာမည် ဖြင့်ခေါ်၍သိုးခြံမှထုတ်ဆောင်တတ်၏။-
3 O porteiro abre a porta para ele. As ovelhas reconhecem a sua voz quando ele as chama pelo nome, e ele as leva para fora do curral.
4 သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။-
4 Quando todas estão do lado de fora, ele vai na frente delas, e elas o seguem porque conhecem a voz dele.
5 သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
5 Mas de jeito nenhum seguirão um estranho! Pelo contrário, elas fugirão, pois não conhecem a voz de estranhos.
6 သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။
6 Jesus fez esta comparação, mas ninguém entendeu o que ele queria dizer.
7 ထို့ကြောင့်တစ်ဖန်သခင်ယေရှုက ``အမှန်အကန် သင်တို့အားငါဆိုသည်ကား ငါသည်သိုးတို့ဝင် သောတံခါးပေါက်ဖြစ်၏။-
7 Então Jesus continuou:
8 ငါ့ရှေ့တွင်ရောက်ရှိလာသူအားလုံးသည်သူခိုး ဋ္ဌားပြများဖြစ်ကြ၏။ သို့ရာတွင်သိုးတို့သည် ထိုသူတို့၏စကားကိုနားမထောင်ကြ။-
8 Todos os que vieram antes de mim são ladrões e bandidos, mas as ovelhas não deram atenção à voz deles.
9 ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-
9 Eu sou a porta. Quem entrar por mim será salvo; poderá entrar e sair e achará comida.
10 သူခိုးသည်ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကားသင်တို့အသက်ရှင်ကြစေရုံ မျှသာမက ကြွယ်ဝပြည့်စုံသောအသက်ကို ရှင်နိုင်ကြစေရန်လာသတည်း။
10 O ladrão só vem para roubar, matar e destruir; mas eu vim para que as ovelhas tenham vida, a vida completa.
11 ``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
11 — Eu sou o bom pastor; o bom pastor dá a vida pelas ovelhas.
12 သူငှားသည်သိုးထိန်းမဟုတ်။ သိုးရှင်လည်းမဟုတ် သဖြင့် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်၍ထွက်ပြေးတတ်၏။ သို့ဖြစ်၍ဝံပုလွေသည် သိုးတို့ကိုကိုက်ဖမ်း၍ကစဥ့်ကရဲဖြစ်စေ တတ်၏။-
12 Um empregado trabalha somente por dinheiro; ele não é pastor, e as ovelhas não são dele. Por isso, quando vê um lobo chegando, ele abandona as ovelhas e foge. Então o lobo ataca e espalha as ovelhas.
13 သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။-
13 O empregado foge porque trabalha somente por dinheiro e não se importa com as ovelhas. Eu sou o bom pastor. Assim como o Pai me conhece, e eu conheço o Pai, assim também conheço as minhas ovelhas, e elas me conhecem. E estou pronto para morrer por elas.
16 ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
16 Tenho outras ovelhas que não estão neste curral. Eu preciso trazer essas também, e elas ouvirão a minha voz. Então elas se tornarão um só rebanho com um só pastor.
17 ``ငါသည်အသက်ကို တစ်ဖန်ပြန်လည်ရရှိစေ ရန် ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော် သည်ငါ့ကိုချစ်တော်မူ၏။-
17 — O Pai me ama porque eu dou a minha vida para recebê-la outra vez.
18 အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
18 Ninguém tira a minha vida de mim, mas eu a dou por minha própria vontade. Tenho o direito de dá-la e de tornar a recebê-la, pois foi isso o que o meu Pai me mandou fazer.
19 ဤသို့မိန့်တော်မူသောကြောင့်လူတို့သည် စိတ် သဘောကွဲလွဲသွားကြပြန်၏။-
19 Quando ouviu isso, o povo se dividiu outra vez. Muitos diziam:
20 လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
20 — Ele está dominado por um demônio! Está louco! Por que é que vocês escutam o que ele diz?
21 သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
21 Outros afirmavam: — Quem está dominado por um demônio não fala assim! Será que um demônio pode dar vista aos cegos?
22 ထိုအချိန်၌ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျရောက်လျက်ရှိ၏။ ထို အခါကားဆောင်းရာသီဖြစ်၏။-
22 Era inverno, e em Jerusalém estavam comemorando a Festa da Dedicação .
23 သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-
23 Jesus estava andando pelo pátio do Templo, perto da entrada chamada “ Alpendre de Salomão ”.
24 ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
24 Então o povo se ajuntou em volta dele e perguntou: — Até quando você vai nos deixar na dúvida? Diga com franqueza: você é ou não é o
25 သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
25 Jesus respondeu:
26 သင်တို့သည်ငါ၏သိုးများမဟုတ်သဖြင့် ငါ့ကိုမယုံကြ။-
26 mas vocês não creem porque não são minhas ovelhas.
27 ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
27 As minhas ovelhas escutam a minha voz; eu as conheço, e elas me seguem.
28 ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
28 Eu lhes dou a vida eterna, e por isso elas nunca morrerão. Ninguém poderá arrancá-las da minha mão.
29 သူတို့ကိုငါ့အားပေးသနားတော်မူသော ခမည်းတော်သည်ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍မည်သူမျှသိုး တို့ကိုခမည်းတော်၏လက်မှမလုမယူနိုင်။-
29 O poder que o Pai me deu é maior do que tudo, e ninguém pode arrancá-las da mão dele.
30 ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
30 Eu e o Pai somos um.
31 ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။-
31 Então eles tornaram a pegar pedras para matar Jesus.
32 သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။
32 E ele disse:
33 သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။
33 Eles responderam: — Não é por causa de nenhuma coisa boa que queremos matá-lo, mas porque, ao dizer isso, você está
34 သခင်ယေရှုက ``ငါတို့ပညတ်ကျမ်းတွင် ဘုရား သခင်က `သင်တို့သည်ဘုရားများဖြစ်ကြ၏' ဟု ဖော်ပြထားလေသည်။-
34 Então Jesus afirmou:
35 ကျမ်းစာတော်ဖော်ပြသည့်အရာများသည် အစဉ် မှန်ကန်ကြောင်းကိုငါတို့သိကြ၏။ ဘုရားသခင် ကမိမိ၏တရားတော်ကိုကြားနာရသူတို့အား `ဘုရားများ' ဟုဖော်ပြသည်။-
35 Sabemos que as
36 ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
36 Quanto a mim, o Pai me escolheu e me enviou ao mundo. Então por que vocês dizem que blasfemo contra Deus quando afirmo que sou Filho dele?
37 ခမည်းတော်၏အမှုတော်များကိုငါမဆောင် ရွက်လျှင် ငါ့အားမယုံကြည်ကြနှင့်။-
37 Se não faço o que o meu Pai manda, não creiam em mim.
38 ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
38 Mas, se eu faço, e vocês não creem em mim, então creiam pelo menos nas coisas que faço. E isso para que vocês fiquem sabendo de uma vez por todas que o Pai vive em mim e que eu vivo no Pai.
39 ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
39 A essa altura tentaram novamente prendê-lo, mas Jesus escapou das mãos deles.
40 ကိုယ်တော်သည်ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်ယောဟန်ဗတ္တိဇံင်္မဂလာပေးရာအရပ် သို့ပြန်လည်ကြွသွားတော်မူ၍ထိုအရပ် တွင်နေတော်မူ၏။-
40 Ele voltou de novo para o lado leste do rio Jordão, foi para o lugar onde João Batista tinha batizado antes e ficou lá.
41 လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။-
41 E muita gente ia vê-lo, dizendo: — João não fez nenhum milagre, mas tudo o que ele disse sobre Jesus é verdade.
42 သို့ဖြစ်၍ထိုအရပ်တွင်လူအမြောက်အမြား ပင် ကိုယ်တော်ကိုယုံကြည်လာကြ၏။
42 E naquele lugar muita gente creu em Jesus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.