Jonas 1

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။-
1 Ora veio a palavra do Senhor a Jonas, filho de Amitai, dizendo:
2 ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
2 Levanta-te, vai à grande cidade de Nínive, e clama contra ela, porque a sua malícia subiu até mim.
3 သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။
3 Jonas, porém, levantou-se para fugir da presença do Senhor para Társis. E, descendo a Jope, achou um navio que ia para Társis; pagou, pois, a sua passagem, e desceu para dentro dele, para ir com eles para Társis, da presença do Senhor.
4 သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။-
4 Mas o Senhor lançou sobre o mar um grande vento, e fez-se no mar uma grande tempestade, de modo que o navio estava a ponto de se despedaçar.
5 သင်္ဘော​သား​တို့​သည်​ကြောက်​လန့်​လျက် မိ​မိ​တို့​ယုံ​ကြည်​ကြ​သော​ဘု​ရား​များ​ထံ​သို့​သူ​တို့​အား ကယ်​တင်​ပါ​ရန်​ဆု​တောင်း​ကြ​၏။ ထို​နောက်​သင်္ဘော​ဝန်​ပေါ့​စေ​ရန် ကုန်​စည်​များ​ကို​ရေ​ထဲ​သို့​ပစ်​ချ​ကြ​၏။ ထို​အ​ချိန်​တွင်​ယော​န​သည်​သင်္ဘော​ဝမ်း​ထဲ​သို့​ဆင်း​၍​အိပ်​ပျော်​လျက်​နေ​၏။
5 Então os marinheiros tiveram medo, e clamavam cada um ao seu deus, e alijaram ao mar a carga que estava no navio, para o aliviarem; Jonas, porém, descera ao porão do navio; e, tendo-se deitado, dormia um profundo sono.
6 ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
6 O mestre do navio, pois, chegou-se a ele, e disse-lhe: Que estás fazendo, ó tu que dormes? Levanta-te, clama ao teu deus; talvez assim ele se lembre de nós, para que não pereçamos.
7 ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။-
7 E dizia cada um ao seu companheiro: Vinde, e lancemos sortes, para sabermos por causa de quem nos sobreveio este mal. E lançaram sortes, e a sorte caiu sobre Jonas.
8 သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
8 Então lhe disseram: Declara-nos tu agora, por causa de quem nos sobreveio este mal. Que ocupação é a tua? Donde vens? Qual é a tua terra? E de que povo és tu?
9 ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။-
9 Respondeu-lhes ele: Eu sou hebreu, e temo ao Senhor, o Deus do céu, que fez o mar e a terra seca.
10 ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ်​ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။
10 Então estes homens se encheram de grande temor, e lhe disseram: Que é isso que fizeste? pois sabiam os homens que fugia da presença do Senhor, porque ele lho tinha declarado.
11 ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
11 Ainda lhe perguntaram: Que te faremos nós, para que o mar se nos acalme? Pois o mar se ia tornando cada vez mais tempestuoso.
12 ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။
12 Respondeu-lhes ele: Levantai-me, e lançai-me ao mar, e o mar se vos aquietará; porque eu sei que por minha causa vos sobreveio esta grande tempestade.
13 သို့​ရာ​တွင်​သင်္ဘော​သား​တို့​သည်​ယော​န​အား​ပင်​လယ်​ထဲ​သို့​ပစ်​ချ​မည့်​အ​စား သင်္ဘော​ကို​ကမ်း​ဘက်​သို့​ရောက်​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လှော်​ခတ်​ကြ​၏။ သို့​သော်​လည်း​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပြင်း​ထန်​၍​လာ​သ​ဖြင့် သူ​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်​ကြ​တော့​ချေ။-
13 Entretanto os homens se esforçavam com os remos para tornar a alcançar a terra; mas não podiam, porquanto o mar se ia embravecendo cada vez mais contra eles.
14 ထို​အ​ခါ​သင်္ဘော​သား​များ​က​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​အ​သက်​ဆုံး​ရှုံး​ရ​သည့်​အ​တွက် အ​ကျွန်ုပ်​တို့​အား​သေ​ဒဏ်​ခတ်​တော်​မ​မူ​ပါ​ရန်​ပန်​ကြား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​သည်​အ​လို​တော်​အ​ရ​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။-
14 Por isso clamaram ao Senhor, e disseram: Nós te rogamos, ó Senhor, que não pereçamos por causa da vida deste homem, e que não ponhas sobre nós o sangue inocente; porque tu, Senhor, fizeste como te aprouve.
15 ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။-
15 Então levantaram a Jonas, e o lançaram ao mar; e cessou o mar da sua fúria.
16 ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။
16 Temeram, pois, os homens ao Senhor com grande temor; e ofereceram sacrifícios ao Senhor, e fizeram votos.
17 ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။
17 Então o Senhor deparou um grande peixe, para que tragasse a Jonas; e esteve Jonas três dias e três noites nas entranhas do peixe.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jonas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.