Isaías 7

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။
1 Sucedeu, pois, nos dias de Acaz, filho de Jotão, filho de Uzias, rei de Judá, que Rezim, rei da Síria, e Peca, filho de Remalias, rei de Israel, subiram a Jerusalém, para pelejarem contra ela, mas nada puderam contra ela.
2 ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။
2 E deram aviso à casa de Davi, dizendo: A Síria fez aliança com Efraim. Então se moveu o seu coração, e o coração do seu povo, como se movem as árvores do bosque com o vento.
3 ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ​အား``သင်​၏ သား​ရှာ​ယာ​ရှုပ်​ကို​ခေါ်​၍​အာ​ခတ်​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သင်​သည်​သူ့​ကို​အ​ထက် ရေ​ကန်​ရေ​သွယ်​မြောင်း​အ​ဆုံး​အ​ထည်​ယက် သ​မား​များ​အ​လုပ်​လုပ်​သည့်​နေ​ရာ​အနီး ရှိ​လမ်း​ပေါ်​တွင်​တွေ့​လိမ့်​မည်။-
3 Então disse o Senhor a Isaías: Agora, tu e teu filho Sear-Jasube, saí ao encontro de Acaz, ao fim do canal do tanque superior, no caminho do campo do lavandeiro.
4 သူ့​အား​သ​တိ​ရှိ​မှု၊ တည်​ငြိမ်​မှု​ရှိ​ရန်​နှင့်​ထိတ် လန့်​မှု​နှင့်​စိတ်​အ​နှောက်​အ​ယှက်​မ​ဖြစ်​ရန် ကို​ပြော​ကြား​လော့။ ရေ​ဇိန်​မင်း​နှင့်​တ​ကွ ရှု​ရိ​ပြည်​သူ​တို့​၏​အ​မျက်​နှင့်​ပေ​ကာ​မင်း ၏​အ​မျက်​သည် ထင်း​စ​နှစ်​ခု​မှ​အ​ငွေ့​တ​လူ လူ​ထွက်​လျက်​နေ​သော​မီး​ခိုး​ထက်​ပို​၍ ဥ​ပဒ်​မ​ပေး​နိုင်။-
4 E dize-lhe: Acautela-te, e aquieta-te; não temas, nem se desanime o teu coração por causa destes dois pedaços de tições fumegantes; por causa do ardor da ira de Rezim, e da Síria, e do filho de Remalias.
5 ရှု​ရိ​ပြည်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့် ၎င်း ၏​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တစ်​ခု​ကို​ပြု​၏။-
5 Porquanto a Síria teve contra ti maligno conselho, com Efraim, e com o filho de Remalias, dizendo:
6 သူ​တို့​သည်​ယု​ဒ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက် ကာ​ပြည်​သူ​တို့​အား မိ​မိ​ဘက်​သို့​ပါ​အောင် ခြိမ်း​ခြောက်​၍​တ​ဗာ​လ​၏​သား​ကို​နန်း​တင် ရန်​ကြံ​ရွယ်​ထား​ကြ​၏။
6 Vamos subir contra Judá, e molestemo-lo e repartamo-lo entre nós, e façamos reinar no meio dele o filho de Tabeal.
7 သို့​ရာ​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖွင့်​ဟ ကြေ​ညာ​သည်​မှာ``ဤ​သို့​အ​ဘယ်​အ​ခါ ၌​မျှ​ဖြစ်​ရ​လိမ့်​မည်​မ​ဟုတ်။-
7 Assim diz o Senhor DEUS: Isto não subsistirá, nem tampouco acontecerá.
8 အ​ဘယ်​ကြောင့်​ဆို​သော်​ရှု​ရိ​ပြည်​၏​အင်​အား သည် ဒ​မာ​သက်​မြို့​ပင်​ဖြစ်​၍​ဒ​မာ​သက်​မြို့​၏ အင်​အား​မှာ​လည်း ရေ​ဇိန်​မင်း​ပင်​ဖြစ်​သော ကြောင့်​တည်း။ ဣ​သ​ရေ​လ​ပြည်​သည်​လည်း ခြောက်​ဆယ့်​ငါး​နှစ်​အ​တွင်း ပြို​ကွဲ​လျက် နိုင်​ငံ​တစ်​ခု​အ​နေ​ဖြင့်​ရပ်​တည်​နိုင်​တော့ မည်​မ​ဟုတ်။-
8 Porém a cabeça da Síria será Damasco, e a cabeça de Damasco Rezim; e dentro de sessenta e cinco anos Efraim será destruído, e deixará de ser povo.
9 ဣ​သ​ရေ​လ​ပြည်​၏​အင်​အား​သည် ရှ​မာ​ရိ မြို့​ဖြစ်​၍​ရှ​မာ​ရိ​မြို့​၏​အင်​အား​မှာ​လည်း ပေ​ကာ​မင်း​ပင်​ဖြစ်​ပေ​သည်။''
9 Entretanto a cabeça de Efraim será Samaria, e a cabeça de Samaria o filho de Remalias; se não o crerdes, certamente não haveis de permanecer.
10 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခတ်​ထံ​သို့ မိ​မိ ၏​စေ​တ​မန်​ကို​လွှတ်​တော်​မူ​ပြန်​၍၊-
10 E continuou o Senhor a falar com Acaz, dizendo:
11 ``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။
11 Pede para ti ao Senhor teu Deus um sinal; pede-o, ou em baixo nas profundezas, ou em cima nas alturas.
12 အာ​ခတ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကဲ​မ​စမ်း​လို​ပါ။ သို့​ဖြစ်​၍​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​လျှောက်​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။
12 Acaz, porém, disse: Não pedirei, nem tentarei ao Senhor.
13 ထို​အ​ခါ​ဟေ​ရှာ​ယ​က``အို ဒါ​ဝိဒ်​၏​သား​မြေး၊ နား​ထောင်​လော့။ သင်​သည်​မိ​မိ​အား​ပြည်​သူ​တို့ ငြီး​ငွေ့​အောင်​ပြု​ရုံ​ဖြင့်​မ​ကျေ​နပ်​ဘဲ ထာ​ဝ​ရ ဘု​ရား​လည်း​ငြီး​ငွေ့​လာ​အောင်​ပြု​လို​ပါ သ​လော။-
13 Então ele disse: Ouvi agora, ó casa de Davi: Pouco vos é afadigardes os homens, senão que também afadigareis ao meu Deus?
14 ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-
14 Portanto o mesmo Senhor vos dará um sinal: Eis que a virgem conceberá, e dará à luz um filho, e chamará o seu nome Emanuel.
15 ထို​သူ​ငယ်​သည်​အ​ရွယ်​ရောက်​၍​စဉ်း​စား ဆုံး​ဖြတ်​တတ်​ချိန်​ရောက်​သည့်​အ​ခါ နို့​နှင့် ပျား​ရည်​ကို​သာ​စား​သုံး​လိမ့်​မည်။-
15 Manteiga e mel comerá, quando ele souber rejeitar o mal e escolher o bem.
16 ထို​အ​ချိန်​ကာ​လ​မ​ကျ​မီ​၌​ပင်​လျှင် သင် ကြောက်​လန့်​သည့်​ဘု​ရင်​နှစ်​ပါး​၏​တိုင်း ပြည်​များ​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လျက်​နေ​လိမ့်​မည်။
16 Na verdade, antes que este menino saiba rejeitar o mal e escolher o bem, a terra, de que te enfadas, será desamparada dos seus dois reis.
17 ``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။
17 Porém o Senhor fará vir sobre ti, e sobre o teu povo, e sobre a casa de teu pai, pelo rei da Assíria, dias tais, quais nunca vieram, desde o dia em que Efraim se separou de Judá.
18 ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ယင် ကောင်​များ​သ​ဖွယ်​နိုင်း​မြစ်​လက်​တက်​များ​၏ အ​စွန်​အ​ဖျား​မှ​လည်း​ကောင်း၊ အာ​ရှု​ရိ​အ​မျိုး သား​တို့​အား​ပျား​များ​သ​ဖွယ်​မိ​မိ​တို့​ပြည် မှ​လည်း​ကောင်း​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ ဖြင့်​အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။-
18 Porque há de acontecer que naquele dia assobiará o Senhor às moscas, que há no extremo dos rios do Egito, e às abelhas que estão na terra da Assíria;
19 သူ​တို့​သည်​လည်း​ကျောက်​ထူ​ထပ်​သည့်​ချိုင့် ဝှမ်း​များ၊ ကျောက်​ဂူ​များ၊ ဆူး​ခြုံ​ရှိ​သ​မျှ နှင့်​စား​ကျက်​ရှိ​သ​မျှ​တို့​ကို​ကြိတ်​ကြိတ် တိုး​လာ​ရောက်​ကြ​လိမ့်​မည်။
19 E todas elas virão, e pousarão nos vales desertos e nas fendas das rochas, e em todos os espinheiros e em todos os arbustos.
20 ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။
20 Naquele mesmo dia rapará o Senhor com uma navalha alugada, que está além do rio, isto é, com o rei da Assíria, a cabeça e os cabelos dos pés; e até a barba totalmente tirará.
21 ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ကယ် ၍​လယ်​သ​မား​တစ်​ယောက်​တွင် နွား​သ​ငယ် တစ်​ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​သာ​လျှင်​ရှိ သော်​လည်း၊-
21 E sucederá naquele dia que um homem criará uma novilha e duas ovelhas.
22 သူ​သည်​မိ​မိ​စား​သုံး​ရန်​လို​သ​မျှ​သော​နို့ များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို​ပြည်​တွင်​မ​သေ​ဘဲ ကျန်​ရစ်​သ​မျှ​သော​လူ​တို့​သည်​နို့​နှင့်​ပျား ရည်​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။
22 E acontecerá que por causa da abundância do leite que elas hão de dar, comerá manteiga; e manteiga e mel comerá todo aquele que restar no meio da terra.
23 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-
23 Sucederá também naquele dia que todo o lugar, em que houver mil vides, do valor de mil siclos de prata, será para as sarças e para os espinheiros.
24 လေး​မြား​မ​ပါ​ဘဲ​အ​ဘယ်​သူ​မျှ​ထို​အ​ရပ် သို့​သွား​ရဲ​ကြ​လိမ့်​မည်​မ​ဟုတ်။ တိုင်း​ပြည် တစ်​ခု​လုံး​ပင်​လျှင်​ဆူး​ခြုံ​အ​မျိုး​မျိုး ဖြင့်​ပြည့်​၍​နေ​လိမ့်​မည်။-
24 Com arco e flecha se entrará ali, porque toda a terra será sarças e espinheiros.
25 အ​ခါ​တစ်​ပါး​က​သီး​နှံ​ပင်​များ​စိုက်​ပျိုး​ခဲ့ သည့်​တောင်​ကုန်း​မှန်​သ​မျှ​သည် ဆူး​ခြုံ​အ​မျိုး မျိုး​နှင့်​ပြည့်​နှက်​နေ​သ​ဖြင့် ထို​နေ​ရာ​များ​သို့ အ​ဘယ်​သူ​မျှ​သွား​ကြ​လိမ့်​မည်​မ​ဟုတ်။ နွား များ​သိုး​များ​ကျက်​စား​ရာ​သာ​လျှင်​ဖြစ် လိမ့်​မည် '' ဟု​ဆို​၏။
25 E quanto a todos os montes, que costumavam cavar com enxadas, para ali não irás por causa do temor das sarças e dos espinheiros; porém servirão para se mandarem para lá os bois e para serem pisados pelas ovelhas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.