Isaías 63

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဧ​ဒုံ​ပြည်၊ ဗော​ဇ​ရ​မြို့​မှ​လာ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ လှ​ပ​တင့်​တယ်​စွာ​နီ​မြန်း သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​လျက်​ခွန်​အား စွမ်း​ရည်​အ​ပြည့်​အ​ဝ​နှင့်​ချီ​တက်​လာ​သူ ကား​အ​ဘယ်​သူ​နည်း။
1 Quem é este que vem de Edom, de Bozra, com vestes tingidas? Este que é glorioso no seu vestuário, avançando na grandeza da sua força? Eu que falo em justiça, poderoso para salvar.
2 ထို​အ​ရှင်​၏​အ​ဝတ်​များ​သည်​စ​ပျစ်​သီး နယ်​သူ​၏​အ​ဝတ်​များ​ကဲ့​သို့​အ​ဘယ် ကြောင့်​နီ​မြန်း​၍​နေ​ပါ​သ​နည်း။
2 Por conseguinte, és tu vermelho em teu vestuário, e tuas vestes como aquele que pisa no lagar?
3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ တို့​ကို​စ​ပျစ်​သီး​များ​သ​ဖွယ်​နင်း​နယ်​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငါ့​အား​ကူ​ညီ​ရန် မ​လာ​မ​ရောက်​ကြ။ ငါ​သည်​အ​မျက်​ထွက် သ​ဖြင့်​သူ​တို့​အား​နင်း​နယ်​ရာ​တွင်​ငါ​၏ အ​ဝတ်​များ​သည်​သူ​တို့​၏​သွေး​များ​ဖြင့် စွန်း​၍​သွား​ပေ​သည်။-
3 Eu tenho pisado o lagar sozinho e dentre os povos não houve ninguém comigo, porque eu irei pisá-los em minha ira e esmagá-los em minha fúria, e o sangue deles será salpicado sobre minhas vestes, e eu mancharei todo o meu traje.
4 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​တင် ရန်​အ​ချိန်​ကျ​ပြီ။ သူ​တို့​၏​ရန်​သူ​များ​အား အ​ပြစ်​ဒဏ်​ခတ်​ရန်​အ​ချိန်​ရောက်​ပြီ​ဟု​ဆုံး ဖြတ်​လိုက်​၏။-
4 Porque o dia da vingança está em meu coração e o ano de meus redimidos é chegado.
5 ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ ရှိ​သည်​ကို​တွေ့​ရ​သော​အ​ခါ ငါ​အံ့​သြ​မိ​၏။ သို့​ရာ​တွင်​ငါ​၏​အ​မျက်​ဒေါ​သ​က​ငါ့​အား စွမ်း​အား​ကို​ပေး​သ​ဖြင့် ငါ​ကိုယ်​တိုင်​အောင်​ပွဲ ကို​အ​ရ​ယူ​ခဲ့​ပါ​၏။-
5 E, eu olhei e não havia ninguém para ajudar, e, eu me admirei que não houvesse ninguém para suster. Portanto, meu próprio braço trouxe-me salvação; e minha fúria, que me susteve.
6 ငါ​သည်​မိ​မိ​၏​အ​မျက်​ဒေါ​သ​အ​လျောက် လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ချေ​မှုန်း​ခဲ့​၏။ သူ​တို့​၏​သွေး​ကို​မြေ​ပေါ်​သို့​သွန်း​လောင်း ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။
6 E, eu irei pisar os povos em minha ira, e os tornarei bêbados de minha fúria, e, eu derrubarei a força deles em direção à terra.
7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။
7 Eu irei mencionar as misericórdias do SENHOR e os louvores do SENHOR, de acordo com tudo que o SENHOR tem dispensado sobre nós, e a grande bondade para com a casa de Israel, a qual ele tem concedido sobre eles de acordo com as suas misericórdias, e de acordo com a multidão das suas misericórdias.
8 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ငါ​၏​လူ​မျိုး တော်​ဖြစ်​၍​ငါ့​အား​လိမ်​လည်​လှည့်​စား​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ် တော်​သည်​သူ​တို့​ခံ​စား​ရ​သည့်​ဒုက္ခ​ဆင်း​ရဲ အ​ပေါင်း​မှ​ကယ်​တင်​တော်​မူ​၏။-
8 Porque ele disse: Certamente, eles são meu povo, filhos que não mentirão. Por isso, ele foi o Salvador deles.
9 သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-
9 Em toda a aflição deles, ele foi afligido, e o anjo de sua presença os salvou. No seu amor, e na sua piedade, ele os redimiu. E ele os susteve e os carregou todos os dias, desde a antiguidade.
10 သူ​တို့​သည်​ပုန်​ကန်​ကာ​ကိုယ်​တော်​အား​ဝမ်း နည်း​စေ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​ရန်​ဘက်​ပြု​ကာ​တိုက်​ခိုက် တော်​မူ​သ​တည်း။
10 Eles, porém, se rebelaram e importunaram seu Santo Espírito. Portanto, ele tornou-se seu inimigo, e ele lutou contra eles.
11 ထို​အ​ခါ​သူ​တို့​သည်​အ​တိတ်​ကာ​လ၊ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ခေတ်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လျက်``မိ​မိ​လူ​မျိုး​တော်​၏​ခေါင်း ဆောင်​များ​ကို​ပင်​လယ်​မှ​ကယ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း။ မော​ရှေ အား​ထူး​ကဲ​သည့်​တန်​ခိုး​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကား​အ​ဘယ်​မှာ​နည်း။-
11 Então, ele se lembrou dos dias dos tempos antigos. Moisés e o povo dele, dizendo: Onde está aquele que os sacou do mar, com o pastor de seu rebanho? Onde está aquele que colocou seu Santo Espírito dentro dele?
12 မော​ရှေ​အား​ဖြင့်​တန်​ခိုး​တော်​ကို​အ​သုံး​ပြု ကာ မိ​မိ​၏​လူ​မျိုး​တော်​ရှေ့​၌​ပင်​လယ်​ရေ​ကို နှစ်​ချမ်း​ကွဲ​စေ​တော်​မူ​ပြီး​လျှင် ထာ​ဝ​စဉ်​ကျော် ကြား​လာ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကား အ​ဘယ်​မှာ​နည်း​ဟု'' မေး​ကြ​၏။
12 Que os guiou por meio da mão direita de Moisés com seu glorioso braço, dividindo a água diante deles para fazer a si mesmo um nome eterno?
13 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ရေ​နက်​ရာ ကို​ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မြင်း​ရိုင်း​များ​သ​ဖွယ်​ခြေ​ကုပ်​မြဲ လျက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​လဲ​မ​ကျ​ကြ။-
13 Que os guiou através da profundidade, como um cavalo no deserto, para que eles não viessem tropeçar?
14 ကျွဲ​နွား​များ​ကို​စိမ်း​လန်း​စို​ပြေ​သည့်​ချိုင့်​ဝှမ်း သို့​ပို့​ဆောင်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ငြိမ်း​အေး​ရာ​အ​ရပ် သို့​ပို့​ဆောင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ် တော်​သည် မိ​မိ​ဘုန်း​အ​သ​ရေ​တော်​ကို​ထင် ရှား​စေ​တော်​မူ​သ​တည်း။
14 Da mesma forma que um animal quadrúpede desce ao vale, o Espírito do SENHOR os fez descansar. Então, tu guiaste teu povo para fazer a ti mesmo um glorioso nome.
15 အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-
15 Olha para baixo desde o céu, e observa desde a habitação da tua santidade, e da tua glória. Onde está teu zelo e tua força, a comoção de tuas entranhas e de tuas misericórdias para comigo? Estão elas recolhidas?
16 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​အ​ဖ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး များ​ဖြစ်​သော​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​ပင် လျှင် ကျွန်​တော်​မျိုး​တို့​အား​အ​သိ​အ​မှတ်​မ ပြု​နိုင်​ကြ​ပါ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​တော်​မျိုး​တို့​၏​အ​ဖ​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​ရှေး​ကာ​လ ထဲ​က အ​စဉ်​အ​မြဲ​ကယ်​ဆယ်​တော်​မူ​ခဲ့ သူ​မှာ​ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။-
16 Sem dúvida tu és nosso Pai, embora Abraão não saiba a nosso respeito, e Israel não nos reconheça. Tu, ó SENHOR, és nosso Pai, nosso Redentor; teu nome é desde a eternidade.
17 ကျွန်​တော်​မျိုး​တို့​အား​အ​ဘယ်​ကြောင့်​ကိုယ်​တော် ရှင်​၏​တ​ရား​လမ်း​မှ​လွှဲ​ရှောင်​သွား​စေ​တော်​မူ ပါ​သ​နည်း၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​တို့ အား​ခေါင်း​မာ​စေ​လျက် ကိုယ်​တော်​ရှင်​ထံ​မှ​ရှောင် လွှဲ​စေ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် သူ​တို့​ကို​ထောက်​ထား​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​ထာ​ဝ​စဉ်​ပိုင်​သ​တော်​မူ​သည့် လူ​မျိုး​တော်​အား​ထောက်​ထား​သ​ဖြင့်​လည်း ကောင်း ပြန်​လည်​ကြွ​လာ​တော်​မူ​ပါ။
17 Ó SENHOR, por que tu nos tens feito desviar dos teus caminhos e endureceste nosso coração para com o teu temor? Retorna, por amor de teus servos, as tribos da tua herança.
18 ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ဖြစ်​သော​ကျွန် တော်​မျိုး​တို့​ကို​ရန်​သူ​တို့​သည်​အ​ခိုက် အ​တန့်​အား​ဖြင့်​နှင်​ထုတ်​လျက်​သူ​တို့​သည် ဗိ​မာန်​တော်​ကို​နင်း​ချေ​ကြ​ပါ​ပြီ။-
18 O povo da tua santidade a tem possuído, porém por um curto período de tempo. Nossos adversários têm pisoteado teu santuário.
19 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင် မ​ဟုတ်​ဘိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော် မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​မ​ဟုတ်​ဘိ သ​ကဲ့​သို့​လည်း​ကောင်း​ကျွန်​တော်​မျိုး​တို့​ကို ကိုယ်​တော်​ရှင်​ဆက်​ဆံ​တော်​မူ​ပါ​၏။
19 Nós somos teus. Tu nunca intentaste governá-los. Eles não foram chamados pelo teu nome.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 63, comparar traduções ou montar um estudo — tudo direto pelo WhatsApp.