Isaías 59

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-
1 Vejam! O braço do Senhor não está tão curto que não possa salvar, e o seu ouvido tão surdo que não possa ouvir.
2 ကိုယ်​တော်​ကြား​တော်​မ​မူ​ခြင်း​မှာ​သင်​တို့ အ​ပြစ်​များ​ကြောင့်​ဖြစ်​သည်။ သင်​တို့​အား ကိုယ်​တော်​နှင့်​ကင်း​ကွာ​စေ​သည့်​အ​ရာ​မှာ လည်း​သင်​တို့​အ​ပြစ်​များ​ပင်​ဖြစ်​၏။-
2 Mas as suas maldades separaram vocês do seu Deus; os seus pecados esconderam de vocês o rosto dele, e por isso ele não os ouvirá.
3 သင်​တို့​သည်​လိမ်​လည်​ကောက်​ကျစ်​စွာ​ပြော ဆို​မှု၊ သင်​တို့​၏​လက်​များ​နှင့်​လက်​ချောင်း များ​သည် သွေး​များ​ပေ​ကျံ​မှု၊ လူ​သတ်​မှု တို့​အ​တွက်​အ​ပြစ်​ရှိ​ကြ​၏။
3 Pois as suas mãos estão manchadas de sangue, e os seus dedos, de culpa. Os seus lábios falam mentiras, e a sua língua murmura palavras ímpias.
4 သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။
4 Ninguém entra em causa com justiça, ninguém faz defesa com integridade. Apóiam-se em argumentos vazios e falam mentiras; concebem maldade e geram iniqüidade.
5 သင်​တို့​၏​ဆိုး​ရွား​သော​အ​ကြံ​စည်​များ​သည် မြွေ​ဆိုး​ဥ​များ​ကဲ့​သို့​ပေါက်​ပွား​စေ​၏။ တစ် ခု​ကို​ဖျက်​ဆီး​လိုက်​လျှင် မြွေ​ဆိုး​တစ်​ကောင် ပေါက်​လာ​တတ်​ပါ​သည်​တ​ကား။ သင်​တို့​၏ အ​ကြံ​အ​စည်​များ​သည်​သင်​တို့​ကို​အ​ကျိုး ပေး​လိမ့်​မည်​မ​ဟုတ်။-
5 Chocam ovos de cobra e tecem teias de aranha. Quem comer seus ovos morre, e de um ovo esmagado sai uma víbora.
6 ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-
6 Suas teias não servem de roupa; eles não conseguem cobrir-se com o que fazem. Suas obras são más, e atos de violência estão em suas mãos.
7 သင်​တို့​သည်​မ​ကောင်း​မှု​တစ်​ခု​ခု​ကို​ထာ​ဝ စဉ်​ကြံ​စည်​လျက် အ​ပြစ်​ကို​မ​ဆိုင်း​မ​တွ ပြု​ကျင့်​တတ်​ကြ​၏။ အ​ပြစ်​မ​ရှိ​သော​သူ ကို​သတ်​ရန်​ပင်​လျှင်​လက်​မ​နှေး​ကြ။ သင် တို့​ရောက်​လေ​ရာ​အ​ရပ်​တိုင်း​၌​ဆုံး​ပါး ပျက်​စီး​မှု​သာ​လျှင်​ကျန်​ရှိ​ခဲ့​တတ်​၏။-
7 Seus pés correm para o mal, ágeis em derramar sangue inocente. Seus pensamentos são maus; ruína e destruição marcam os seus caminhos.
8 သင်​တို့​ရောက်​ရှိ​နေ​ချိန်​၌​လည်း​အ​ဘယ်​သူ မျှ​အ​သက်​စည်း​စိမ်​လုံ​ခြုံ​မှု​မ​ရှိ။ သင်​တို့ ပြု​သော​အ​မှု​မှန်​သ​မျှ​သည်​မ​တ​ရား သော​အ​မှု​များ​ဖြစ်​၏။ သင်​တို့​သည်​လမ်း ကောက်​ကို​လိုက်​တတ်​ကြ​၏။ ထို​လမ်း​ကို လိုက်​သော​သူ​တိုင်း​အ​ဘယ်​အ​ခါ​၌​မျှ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​မ​ဟုတ်။
8 Não conhecem o caminho da paz; não há justiça em suas veredas. Eles as transformaram em caminhos tortuosos; quem andar por eles não conhecerá a paz.
9 လူ​တို့​က``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မ​တ​ရား​ပြု​သူ​တို့​လက်​မှ​အ​ဘယ်​ကြောင့် ကယ်​တော်​မ​မူ​ကြောင်း​ကို​လည်း​ငါ​တို့​သိ ရ​ပြီ။ ငါ​တို့​သည်​မိ​မိ​လျှောက်​သွား​ရန်​လမ်း ခ​ရီး​အ​တွက် အ​လင်း​ရောင်​ကို​မျှော်​လင့်​တောင့် တ​ကြ​သော်​လည်း​မှောင်​မိုက်​အ​ရိပ်​ကို​သာ လျှင်​ရ​ရှိ​ကြ​၏။-
9 Por isso a justiça está longe de nós, e a retidão não nos alcança. Procuramos, mas tudo é trevas; buscamos claridade, mas andamos em sombras densas.
10 ငါ​တို့​သည်​မျက်​မ​မြင်​များ​ကဲ့​သို့​လက်​နှင့် စမ်း​၍​သွား​လာ​ရ​ကြ​၏။ မွန်း​တည့်​ချိန်​၌​ပင် ငါ​တို့​သည်​ညဥ့်​အ​ခါ​မှာ​ကဲ့​သို့ သန်​စွမ်း​သူ တို့​၏​အ​လယ်​၌ မှောင်​မိုက်​ရာ​မ​ရ​ဏာ​နိုင်​ငံ သို့​ရောက်​ရှိ​နေ​ဘိ​သ​ကဲ့​သို့​ခြေ​ချော်​၍ လဲ​ကျ​ကြ​၏။-
10 Como o cego caminhamos apalpando o muro, tateamos como quem não tem olhos. Ao meio-dia tropeçamos como se fosse noite; entre os fortes somos como os mortos.
11 ငါ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​စိတ် သော​က​ရောက်​ရ​ကြ​၏။ မိ​မိ​တို့​ကို​မ​တ​ရား ပြု​သူ​များ​လက်​မှ​ကယ်​တော်​မူ​ရန် ဘု​ရား​သ​ခင်​အား​တမ်း​တ​ကြ​ပါ​သော်​လည်း အ​လွန် ဝေး​ကွာ​နေ​လျက်​အ​ချည်း​နှီး​ပင်​ဖြစ်​ပါ​၏။
11 Todos nós urramos como ursos; gememos como pombas. Procuramos justiça, e nada! Buscamos livramento, mas está longe!
12 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန် တော်​မျိုး​တို့​ပြစ်​မှား​သည့်​အ​ပြစ်​များ​သည် များ​လှ​ပါ​၏။ ထို​အ​ပြစ်​များ​က​ကျွန်​တော် မျိုး​တို့​အား​စွဲ​ချက်​တင်​သည်​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ကောင်း စွာ​သိ​ရကြ​ပါ​၏။-
12 Porquanto são muitas as nossas transgressões diante de ti, e os nossos pecados testemunham contra nós. As nossas transgressões estão sempre conosco, e reconhecemos as nossas iniqüidades:
13 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-
13 Rebelar-nos contra o Senhor e traí-lo, deixar de seguir o nosso Deus, fomentar a opressão e a revolta, proferir as mentiras que os nossos corações conceberam.
14 တ​ရား​မျှ​တ​မှု​သည်​အ​ဝေး​သို့​အ​နှင်​ခံ​ရ လျက် အ​မှန်​တ​ရား​သည်​လည်း​အ​နီး​သို့​မ​ချဉ်း ကပ်​နိုင်​ပါ။ တ​ရား​စီ​ရင်​ရာ​ဌာ​န​များ​၌​အ​မှန် တ​ရား​မ​ရှိ၊ သစ္စာ​တ​ရား​သည်​ရပ်​တည်​၍​မ နေ​နိုင်။-
14 Assim a justiça retrocede, e a retidão fica à distância, pois a verdade caiu na praça e a honestidade não consegue entrar.
15 ထို​အ​ရပ်​တွင်​ရိုး​သား​ဖြောင့်​မှန်​သူ​နည်း​ပါး လှ​သည်​ဖြစ်​၍ မ​ကောင်း​မှု​ကို​ရှောင်​ကြဉ်​သူ သည်​သူ​ရူး​ဟု​ပင်​အ​ထင်​ခံ​ရ​တတ်​ပါ​၏။''
15 Não se acha a verdade em parte alguma, e quem evita o mal é vítima de saque. Olhou o Senhor e indignou-se com a falta de justiça.
16 အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​အား​ကယ်​မ​မည့်​သူ မ​ရှိ​သည်​ကို​လည်း​မြင်​တော်​မူ​၍​အံ့​သြ​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​လက် တော်​ဖြင့်​ကယ်​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ဖြောင့် မတ်​တော်​မူ​ခြင်း​အား​ဖြင့်​အောင်​ပွဲ​ခံ​တော်​မူ လိမ့်​မည်။-
16 Ele viu que não houve ninguém, admirou-se porque ninguém intercedeu; então o seu braço lhe trouxe livramento e a sua justiça deu-lhe apoio.
17 ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-
17 Usou a justiça como couraça, pôs na cabeça o capacete da salvação; vestiu-se de vingança e envolveu-se no zelo como numa capa.
18 မိ​မိ​တို့​အ​ပြစ်​အ​လျောက်​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​ရန်​သူ​များ​သည် အ​မျက်​တော်​ကို​ခံ​ရ​၍ အ​ကျိုး​အ​ပြစ်​ကို ပေး​ဆပ်​ရ​မည်။ ရပ်​ဝေး​တွင်​နေ​ထိုင်​လျက်​ရှိ ကြ​သူ​များ​ပင်​လျှင် ထို​အ​ပြစ်​ဒဏ်​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်။-
18 Conforme o que fizeram lhes retribuirá: aos seus inimigos, ira; aos seus adversários, o que merecem; às ilhas, a devida retribuição.
19 အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။
19 Desde o poente os homens temerão o nome do Senhor, e desde o nascente, a sua glória. Pois ele virá como uma inundação impelida pelo sopro do Senhor.
20 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​အ​ပြစ်​များ​မှ​နောင်​တ​ရ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဇိ​အုန်​မြို့​သို့​ကြွ​လာ​တော်​မူ မည်။-
20 "O Redentor virá a Sião, aos que em Jacó arrependerem-se dos seus pecados", declara o Senhor.
21 သင်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​မည်။ ငါ​သည်​သင်​တို့ အား​ငါ​၏​ဝိ​ညာဉ်​တော်​နှင့်​သြ​ဝါ​ဒ​များ​ကို ပေး​အပ်​ခဲ့​လေ​ပြီ။ ယင်း​တို့​ကို​ယ​ခု​မှ​စ​၍ သင်​တို့​နှင့်​သင်​တို့​၏​သား​မြေး​များ​သည် ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
21 "Quanto a mim, esta é a minha aliança com eles", diz o Senhor. "O meu Espírito que está em você e as minhas palavras que pus em sua boca não se afastarão dela, nem da boca dos seus filhos e dos descendentes deles, desde agora e para sempre", diz o Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 59, comparar traduções ou montar um estudo — tudo direto pelo WhatsApp.