Isaías 58

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ``ကျယ်​နိုင်​သ​မျှ​ကျယ်​စွာ​တံ​ပိုး​မှုတ်​သ​ကဲ့ သို့​အော်​ဟစ်​၍ ငါ​၏​လူ​မျိုး​တော်​အား​သူ တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​လော့။-
1 Clama em alta voz, sem constrangimento; faze soar a tua voz como a corneta. Denuncia a meu povo suas faltas, e à casa de Jacó seus pecados.
2 သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။
2 Sem dúvida eles me procuram dia após dia, desejam conhecer o comportamento que me agrada, como uma nação que houvesse sempre praticado a justiça, sem abandonar a lei de seu Deus. Informam-se junto a mim sobre as exigências da justiça, desejam a presença de Deus.
3 သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။
3 De que serve jejuar, se com isso não vos importais? E mortificar-nos, se nisso não prestais atenção? É que no dia de vosso jejum, só cuidais de vossos negócios, e oprimis todos os vossos operários.
4 သင်​တို့​အ​စာ​ရှောင်​ခြင်း​သည်​သင်​တို့​အား အ​စဉ်​အ​မြဲ​အ​ချင်း​များ​စေ​လျက်​ခိုက်​ရန် ဒေါ​သ​ဖြစ်​ကာ​အ​ကြမ်း​ဖက်​စေ​ကြ​၏။ ဤ နည်း​အား​ဖြင့်​သင်​တို့​တောင်း​လျှောက်​ကြ​သည့် ဆု​တောင်း​ပတ္ထ​နာ​များ​သည် ငါ့​ကို​နား​ညောင်း စေ​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။-
4 Passais vosso jejum em disputas e altercações, ferindo com o punho o pobre. Não é jejuando assim que fareis chegar lá em cima vossa voz.
5 သင်​တို့​သည်​အ​စာ​ရှောင်​လျက်​တစ်​ရက်​တာ​မျှ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ခြင်း​ကို​ငါ​နှစ်​သက်​သည် ဟု​ထင်​မှတ်​ကြ​သ​လော။ ဒုက္ခ​ခံ​လျက်​မြက်​ပင် များ​သ​ဖွယ်​ဦး​ခေါင်း​များ​ကို​ကိုင်း​ညွှတ်​၍ မိ​မိ​တို့​ထိုင်​ရန်​လျှော်​တေ​အ​ဝတ်​နှင့်​ပြာ ကို​ခင်း​တတ်​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား အ​စာ​ရှောင်​ခြင်း​ဟု သင်​တို့​ခေါ်​ဆို​ကြ​သည့် အ​ရာ​ပေ​လော။ ယင်း​သို့​သင်​တို့​ပြု​မူ​သော နေ့​ရက်​ကို ငါ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။
5 O jejum que me agrada porventura consiste em o homem mortificar-se por um dia? Curvar a cabeça como um junco, deitar sobre o saco e a cinza? Podeis chamar isso um jejum, um dia agradável ao Senhor?
6 ``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-
6 Sabeis qual é o jejum que eu aprecio? - diz o Senhor Deus: É romper as cadeias injustas, desatar as cordas do jugo, mandar embora livres os oprimidos, e quebrar toda espécie de jugo.
7 ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။
7 É repartir seu alimento com o esfaimado, dar abrigo aos infelizes sem asilo, vestir os maltrapilhos, em lugar de desviar-se de seu semelhante.
8 ``သင်​တို့​သည်​ဤ​အ​တိုင်း​ပြု​ကျင့်​ကြ​ပါ​မူ ငါ​၏​ကျေး​ဇူး​တော်​အ​လင်း​သည်​တက်​သစ်​စ နေ​ရောင်​ခြည်​သ​ဖွယ် သင်​တို့​အ​ပေါ်​သို့​သက် ရောက်​၍​သင်​တို့​အ​နာ​ရော​ဂါ​များ​သည်​လည်း လျင်​မြန်​စွာ​ပျောက်​ကင်း​သွား​လိမ့်​မည်။ ဖြောင့် မတ်​သော​အ​ရှင်​သည်​သင်​တို့​နှင့်​ထာ​ဝ​စဉ် အ​တူ​ရှိ​နေ​မည်။ အ​ဘက်​ဘက်​မှ​နေ​၍​ငါ ၏​ဘုန်း​တော်​သည် သင်​တို့​အား​ကာ​ကွယ် စောင့်​ရှောက်​မည်။-
8 Então tua luz surgirá como a aurora, e tuas feridas não tardarão a cicatrizar-se; tua justiça caminhará diante de ti, e a glória do Senhor seguirá na tua retaguarda.
9 သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။
9 Então às tuas invocações, o Senhor responderá, e a teus gritos dirá: Eis-me aqui! Se expulsares de tua casa toda a opressão, os gestos malévolos e as más conversações;
10 ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။-
10 se deres do teu pão ao faminto, se alimentares os pobres, tua luz levantar-se-á na escuridão, e tua noite resplandecerá como o dia pleno.
11 ငါ​သည်​လည်း​သင်​တို့​ကို​ထာ​ဝ​စဉ်​လမ်း​ပြ ပို့​ဆောင်​ကာ နေ​ပူ​ပြင်း​လျက်​ခြောက်​သွေ့​ရာ ဒေ​သ​၌​ကောင်း​မြတ်​သည့်​အ​စား​အ​စာ များ​အား​ဖြင့်​ရောင့်​ရဲ​စေ​မည်။ သင်​တို့​အား ကျန်း​မာ​သန်​စွမ်း​စေ​မည်။ သင်​တို့​သည်​ရေ အ​လုံ​အ​လောက်​ရ​ရှိ​သည့်​ဥ​ယျာဉ်​ကဲ့​သို့ လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း မ​ခြောက်​သည့်​စမ်း​ချောင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။-
11 O Senhor te guiará constantemente, alimentar-te-á no árido deserto, renovará teu vigor. Serás como um jardim bem irrigado, como uma fonte de águas inesgotáveis.
12 သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
12 Reerguerás as ruínas antigas, reedificarás sobre os alicerces seculares; chamar-te-ão o reparador de brechas, o restaurador das moradias em ruínas.
13 ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-
13 Se te abstiveres de calcar aos pés o sábado, de cuidar de teus negócios no dia que me é consagrado, se achares o sábado um dia maravilhoso, se achares respeitável o dia consagrado ao Senhor, se tu o venerares não seguindo os teus caminhos, não te entregando às tuas ocupações e às conversações,
14 ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​မှ​ရ​ရှိ​အပ်​သော စိတ္တ​သု​ခ​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​ဂုဏ်​အ​သ ရေ​ရှိ​စေ​မည်။ သင်​တို့​သည်​လည်း​မိ​မိ​တို့​ဘိုး ဘေး​ယာ​ကုပ်​အား​ပေး​အပ်​ခဲ့​သည့်​ပြည်​တော် တွင်​ပျော်​မွေ့​စွာ​နေ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
14 então encontrarás tua felicidade no Senhor: eu te farei galgar as alturas da terra, e gozar a herança de Jacó, teu pai; porque a boca do Senhor falou.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 58, comparar traduções ou montar um estudo — tudo direto pelo WhatsApp.