Isaías 56
Common Language Bible (MYA) vs NTLH
1 ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``ငါ သည်မကြာမီသူတို့ကိုကယ်တင်မည်။ သို့ဖြစ် ၍သင်တို့သည်ဖြောင့်မတ်မှန်ကန်ရာကိုပြုလုပ် ကြလော့။
1 O Senhor Deus diz ao seu povo: “Sigam a justiça e façam o que é direito, pois daqui a pouco eu vou livrá-los, mostrando assim o meu poder salvador.
2 ဥပုသ်နေ့ကိုအလွဲသုံးစားမပြုဘဲကောင်း စွာစောင့်ထိန်းသူတို့နှင့် အဘယ်မကောင်းမှု ကိုမျှမပြုသူတို့ကိုကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။
2 Felizes são os que obedecem às leis a respeito do sábado! Felizes os que não praticam o que é mau!”
3 ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။
3 O estrangeiro que adora o Senhor não deve dizer: “O E um “Eu não posso ter filhos e por isso não posso pertencer ao povo de Deus.”
4 ထာဝရဘုရားကထိုသူတို့အား``သင်တို့ သည်ဥပုသ်နေ့ကိုစောင့်ထိန်းကာငါနှစ်သက် သည့်အမှုကိုပြု၍ ငါ၏ပဋိညာဉ်တော်ကို သစ္စာစောင့်ကြမည်ဆိုပါမူ၊-
4 Pois o Senhor diz aos eunucos: “Obedeçam às leis a respeito do sábado, façam aquilo que me agrada e sejam fiéis à minha
5 ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
5 Se um eunuco fizer isso, eu lhe darei uma coisa melhor do que filhos e filhas. Eu farei com que o seu nome seja escrito no meu Templo, e ele fará parte do meu povo para sempre; o seu nome nunca será esquecido.”
6 ထိုနောက်၊ ကိုယ်တော်၏လူမျိုးတော်အဖြစ် ခံယူကြသူ၊ ကိုယ်တော်ကိုချစ်၍အစေခံ လျက် ကိုးကွယ်ဝတ်ပြုသူ၊ ဥပုသ်နေ့ကို မညစ်ညူးစေအံ့ငှာ စောင့်ထိန်း၍ပဋိညာဉ် တော်ကိုသစ္စာစောင့်သူလူမျိုးခြားတို့အား ထာဝရဘုရားက၊-
6 E aos estrangeiros que adoram o Senhor , que o amam e o servem fielmente, o “Se vocês obedecerem às leis a respeito do sábado e forem fiéis à minha aliança,
7 ``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
7 eu os levarei ao meu monte santo , e vocês ficarão felizes na minha casa de oração. Eu aceitarei os que vocês apresentarem no meu altar. Pois a minha casa será chamada de ‘Casa de Oração’ para todos os povos.
8 မိမိ၏လူမျိုးတော်အားပြည်နှင်ဒဏ်သင့် ရာမှသူတို့၏ပြည်သို့ပြန်လည်ခေါ်ဆောင်လာ တော်မူသောထာဝရအရှင်ဘုရားသခင် သည် အခြားအမျိုးသားတို့ကိုလည်းထို လူစုနှင့်အတူစုပေါင်းနေထိုင်ရန်ခေါ် ဆောင်လာတော်မူလိမ့်မည်။
8 Vou trazer ainda outros para a terra de Israel e juntá-los ao meu povo que eu já trouxe de volta.” É isso o que diz o que trouxe de volta para a terra de Israel o seu povo que era prisioneiro em terras estrangeiras.
9 ထာဝရဘုရားသည်လူမျိုးခြားတို့အား သားရဲတိရစ္ဆာန်များသဖွယ်လာ၍ မိမိ၏ လူမျိုးတော်ကိုသတ်ဖြတ်စေတော်မူ၏။-
9 O Senhor Deus diz: “Venham, animais selvagens , venham e devorem o rebanho .
10 ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
10 Os guardas do meu povo são cegos; eles não veem nada. Todos são como cachorros mudos, que não podem latir; estão sempre deitados, dormindo; são uns preguiçosos que só gostam de dormir e sonhar.
11 သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။-
11 Esses cachorros são gulosos e sempre querem mais comida. Os pastores do meu rebanho não entendem nada; todos seguem os seus próprios caminhos e procuram os seus próprios interesses.
12 ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
12 Eles dizem uns aos outros: ‘Vamos procurar vinho e cerveja e cair na bebedeira. Amanhã, faremos a mesma coisa, e ainda mais do que hoje!’
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Isaías 56, comparar traduções ou montar um estudo — tudo direto pelo WhatsApp.