Isaías 3

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​မှီ​ခို အား​ထား​သူ​မှန်​သ​မျှ​နှင့် ဝတ္ထု​ပစ္စည်း​မှန် သ​မျှ​ကို​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ​တော့​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​အ​စာ​ရေ​စာ​များ​ကို​ရုပ်​သိမ်း တော်​မူ​လိမ့်​မည်။-
1 O Soberano S enhor dos Exércitos, tirará de Jerusalém e de Judá tudo aquilo de que dependem: cada pedaço de pão, cada gota de água,
2 သူ​တို့​၏​သူ​ရဲ​ကောင်း​များ​နှင့်​စစ်​သည်​တော် များ၊ တ​ရား​သူ​ကြီး​များ​နှင့်​ပ​ရော​ဖက်၊ ဗေ​ဒင်​ဆ​ရာ​များ​နှင့်​တာ​ဝန်​ရှိ​ပ္ဂိုလ်​များ၊-
2 todos os seus heróis e soldados, juízes e profetas, adivinhos e autoridades,
3 သူ​တို့​၏​စစ်​ဘက်​နယ်​ဘက်​ခေါင်း​ဆောင်​များ နိုင်​ငံ​ရေး​သ​မား​များ​နှင့်​မှော်​ဆ​ရာ​များ ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
3 oficiais do exército e altos funcionários, conselheiros, magos e astrólogos.
4 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရွယ်​မ​ရောက်​သေး သော​က​လေး​သူ​ငယ်​များ​အား ပြည်​သူ တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
4 Nomearei meninos como seus líderes, crianças pequenas para governá-los.
5 လူ​တိုင်း​ပင်​တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ခွင့်​ကောင်း ယူ​၍​ကိုယ်​ကျိုး​ရှာ​လိမ့်​မည်။ လူ​ငယ်​လူ​ရွယ်​တို့ သည်​လူ​ကြီး​သူ​မ​တို့​အား​လည်း​ကောင်း၊ ယုတ် ညံ့​သူ​တို့​သည်​မြင့်​မြတ်​သူ​တို့​အား​လည်း ကောင်း​အ​ရို​အ​သေ​ကင်း​မဲ့​ကြ​လိမ့်​မည်။
5 As pessoas oprimirão umas às outras: homem contra homem, vizinho contra vizinho. Os jovens insultarão os idosos, e os canalhas desprezarão os honrados.
6 သား​ချင်း​စု​ဝင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ လူ​တစ်​စုံ​တစ်​ယောက်​ကို​ရွေး​ချယ်​ကာ``ယုတ်​စွ အ​ဆုံး​သင့်​မှာ​အ​ဝတ်​အ​စား​ရှိ​ပါ​သေး​သည်။ သို့​ဖြစ်​၍​ယ​ခု​လို​ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့ ၏​ဦး​စီး​ခေါင်း​ဆောင်​ပြု​လုပ်​ပေး​ပါ'' ဟု​ဆို ကြ​သည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။
6 Naquele dia, um homem dirá a seu irmão: “Você tem roupas; seja nosso líder! Assuma o governo deste monte de ruínas”.
7 သို့​ရာ​တွင်​ထို​သူ​က``ငါ​မ​လုပ်​ပါ​ရ​စေ​နှင့်။ ငါ​သည်​သင်​တို့​ကို​မ​ကယ်​နိုင်​ပါ။ ငါ့​မှာ​လည်း အ​စား​အ​စာ​နှင့်​အ​ဝတ်​မ​ရှိ​ပါ။ ငါ့​အား​သင် တို့​၏​ဦး​စီး​ခေါင်း​ဆောင်​အ​ဖြစ်​မ​ခန့်​ကြ ပါ​နှင့်'' ဟု​ပြန်​လည်​ပြော​ဆို​လိမ့်​မည်။
7 Mas ele responderá: “Não posso ajudar! Não tenho roupa nem comida sobrando; não me escolham como líder”.
8 ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။ ယု​ဒ​ပြည်​လည်း​ပြို​ပျက်​လျက်​နေ လေ​ပြီ။ သူ​တို့​ပြု​သ​မျှ​သော​အ​မှု​များ​နှင့် ပြော​သ​မျှ​သော​စ​ကား​များ​သည် ထာ​ဝ​ရ ဘု​ရား​နှင့်​ဆန့်​ကျင်​ဘက်​သာ​လျှင်​ဖြစ်​၍ နေ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကို​လူ​သိ​ရှင်​ကြား​စော်​ကား​ကြ​၏။-
8 Jerusalém tropeçará, e Judá cairá, pois falam contra o S rebelam-se abertamente contra sua glória.
9 သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။
9 A expressão do rosto os denuncia; exibem seu pecado como o povo de Sodoma, nem sequer procuram escondê-lo. Estão perdidos! Trouxeram desgraça sobre si mesmos.
10 သူ​တော်​ကောင်း​တို့​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သူ တို့​အ​တွက်​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​၏​ကောင်း​ကျိုး​ကို​ခံ​စား​ရ ကြ​လိမ့်​မည်။-
10 Digam aos justos que tudo lhes irá bem; desfrutarão a recompensa de seus esforços.
11 သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။
11 Os perversos, porém, estão perdidos, pois receberão exatamente o que merecem.
12 ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။
12 Líderes imaturos oprimem meu povo, mulheres o governam. Ó meu povo, seus líderes o enganam e o conduzem pelo caminho errado.
13 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-
13 O S enhor toma seu lugar no tribunal e apresenta sua causa contra seu povo.
14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အ​ထဲ​မှ အ​သက်​ကြီး​သူ​များ​နှင့်​ဦး​စီး ခေါင်း​ဆောင်​များ​အား​တ​ရား​စီ​ရင်​တော်​မူ ပေ​အံ့။ သူ​တို့​အား​ကိုယ်​တော်​က``သင်​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​လု​ယက်​ကြ​လေ​ပြီ။ သင်​တို့​၏​အိမ်​များ​သည်​လည်း​ဆင်း​ရဲ​သူ တို့​ထံ​မှ​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ နှင့်​ပြည့်​လျက်​နေ​၏။-
14 O S enhor se apresenta para pronunciar julgamento sobre as autoridades do povo e seus governantes: “Vocês acabaram com Israel, minha videira; o que roubaram dos pobres agora enche suas casas.
15 သူ​တို့​တွင်​ငါ​၏​လူ​မျိုး​တော်​အား​ဤ​သို့ နှိပ်​စက်​ပိုင်​ခွင့်၊ ဆင်း​ရဲ​သူ​တို့​အ​ပေါ်​၌​အ​ခွင့် ကောင်း​ယူ​ပိုင်​ခွင့်​လည်း​မ​ရှိ။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
15 Como ousam esmagar meu povo e esfregar o rosto dos pobres no pó?”. Quem exige uma resposta é o Soberano S
16 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-
16 O S enhor diz: “A bela Sião é arrogante; estica seu pescoço elegante e lança olhares atrevidos, caminhando com passos curtos, fazendo tinir os enfeites de seus tornozelos.
17 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
17 Por isso, o Senhor fará surgir crostas em sua cabeça; o S
18 ယေ​ရု​ရှ​လင်​မြို့​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​သ​မျှ သော​အ​ရာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​ထံ​မှ​သိမ်း​ယူ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ သူ​တို့​၏​ခြေ​ချင်း​များ၊ ဦး​ခေါင်း တန်​ဆာ​များ၊ လည်​ဆွဲ​များ၊-
18 Naquele dia, o Senhor removerá tudo que a embeleza: os enfeites, as tiaras, os colares em forma de meia-lua,
19 — ausente —
19 os brincos, as pulseiras e os véus;
20 — ausente —
20 os lenços, os enfeites para o tornozelo, os cintos, os perfumes e os amuletos;
21 — ausente —
21 os anéis, as joias do nariz,
22 — ausente —
22 as roupas de festa, os vestidos, os mantos e as bolsas;
23 — ausente —
23 os espelhos, as roupas de linho fino, os adornos para a cabeça e os xales.
24 သူ​တို့​သည်​ရေ​မွှေး​နံ့​မ​ရ​ဘဲ​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ လှ​ပ​သည့်​ခါး​ပတ်​များ​အ​စား ကြိုး​ကြမ်း​များ​ကို​အ​သုံး​ပြု​ရ​ကြ​လိမ့်​မည်။ ရှု​ချင်​စ​ဖွယ်​ကောင်း​သော​ဆံ​ထုံး​များ​အ​စား ဦး​ပြည်း​ခေါင်း​တုံး​ထား​ရ​ကြ​လိမ့်​မည်။ တင့် တယ်​လှ​ပ​သော​ဝတ်​စား​တန်​ဆာ​များ​အ​စား အ​ဝတ်​စုတ်​များ​ကို​ဝတ်​ဆင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​နှစ်​လို​ဖွယ်​ရာ​အ​ဆင်း​သည်​လည်း ရှက်​ဖွယ်​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား လိမ့်​မည်။
24 Em vez de exalar perfume agradável, ela terá mau cheiro; usará cordas como cinto e perderá todo o seu lindo cabelo. Vestirá pano de saco em vez de roupas finas, e a vergonha tomará o lugar de sua beleza.
25 သူ​တို့​၏​လင်​ယောကျာ်း​များ​သည်​လည်း အ​ဘယ် မျှ​ပင်​ခွန်​အား​ကြီး​မား​ကြ​စေ​ကာ​မူ​စစ် ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။-
25 Os homens da cidade serão mortos à espada, e seus guerreiros morrerão na batalha.
26 မြို့​တံ​ခါး​များ​သည်​ငို​ကြွေး​မြည်​တမ်း​လျက် မြို့​ကြီး​သည်​လည်း အ​ဝတ်​အ​ချည်း​စည်း​နှင့် မြေ​ပေါ်​တွင်​ထိုင်​လျက်​နေ​သည့်​မိန်း​မ​နှင့် တူ​လိမ့်​မည်။
26 Os portões de Sião chorarão e se lamentarão; a cidade será como uma mulher devastada, encolhida no chão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.