Isaías 33

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။
1 Ai de você, destruidor que nunca foi destruído! Ai de você, traidor que nunca foi traído! Quando você acabar de destruir, será destruído; quando acabar de trair, será traído.
2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား က​ရု​ဏာ​ထား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး​ပါ​၏။ နေ့​စဉ် နေ့​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကာ​ကွယ် စောင့်​ထိန်း​တော်​မူ​၍​ဒုက္ခ​ရောက်​ချိန်​များ​၌ ကယ်​တော်​မူ​ပါ။-
2 Senhor , tem misericórdia de nós! Em ti temos esperado. Sê tu o nosso braço manhã após manhã e a nossa salvação no tempo da angústia.
3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ဘက် မှ​နေ​၍​တိုက်​ခိုက်​တော်​မူ​သော​အ​ခါ၊ ရန်​သူ တို့​သည်​စစ်​တိုက်​ခိုက်​သံ​များ​ကြောင့်​ထွက် ပြေး​ကြ​ပါ​၏။-
3 Ao ruído do tumulto, os povos fogem; quando tu te ergues, as nações se dispersam.
4 သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​ကို​လည်း​တိုက်​ရာ ပါ​အ​ဖြစ်​လု​ယက်​သိမ်း​ယူ​ခြင်း​ကို​ခံ​ရ ကြ​ပါ​၏။
4 Então o despojo que vocês ajuntaram será recolhido como se devorado por uma nuvem de gafanhotos; como os gafanhotos saltam, assim os homens saltarão sobre ele.
5 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-
5 O Senhor é sublime, pois habita nas alturas; encheu Sião de retidão e de justiça.
6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြံ့​ခိုင် တည်​ငြိမ်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​စဉ်​အ​မြဲ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍၊ ဉာဏ်​ပ​ညာ နှင့်​အ​သိ​ပ​ညာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ တို့​၏​အ​ဖိုး​အ​ထိုက်​ဆုံး​ဘဏ္ဍာ​ကား​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​ပင်​ဖြစ် သ​တည်း။
6 Ó Sião, no seu tempo haverá estabilidade, abundância de salvação, sabedoria e conhecimento. O temor do será o seu tesouro.
7 သူ​ရဲ​ကောင်း​တို့​သည်​အ​ကူ​အ​ညီ​တောင်း​ခံ လျက် နေ​ကြ​ပါ​သည်​တ​ကား။ စစ်​ပြေ​ငြိမ်း ရန်​ကြိုး​စား​ကြ​သူ​သံ​တ​မန်​များ​သည် ပြင်း​ပြ​စွာ​ငို​ကြွေး​လျက်​နေ​ကြ​၏။-
7 Eis que os heróis pranteiam nas ruas, e os mensageiros de paz estão chorando amargamente.
8 လမ်း​မ​ကြီး​များ​သည်​ဘေး​အန္တရာယ်​အ​လွန် များ​သ​ဖြင့်​အ​ဘယ်​သူ​မျှ​မ​သွား​ဝံ့​ကြ၊ မ​ဟာ​မိတ်​စာ​ချုပ်​များ​ကို​ချိုး​ဖောက်​၍​သစ္စာ ကတိ​များ​သည်​လည်း​ပျက်​ပြယ်​၍​သွား​လေ ပြီ။ အ​ဘယ်​သူ​မျှ​ရို​သေ​လေး​စား​မှု​ကို မ​ခံ​ရကြ​တော့​ပေ။-
8 As estradas estão desoladas, ninguém passa por elas. Rompem-se as alianças, as cidades são desprezadas, não há respeito pelas pessoas.
9 တိုင်း​ပြည်​သည်​လည်း​ခြောက်​သွေ့​၍ လူ​သူ​ဆိတ် ငြိမ်​လျက်​နေ​တော့​၏။ လေ​ဗ​နုန်​တော​သည်​ညှိုး နွမ်း​ခြောက်​သွေ့​၍​နေ​လေ​ပြီ။ မြေ​သြ​ဇာ​ထက် သန်​သည့်​ရှာ​ရုန်​ချိုင့်​ဝှမ်း​သည် သဲ​ကန္တာ​ရ​ကဲ့​သို့ ဖြစ်​လျက်၊ ဗာ​ရှန်​တောင်​နှင့်​က​ရ​မေ​လ​တောင် တွင်​ရှိ​သော​သစ်​ပင်​များ​သည် အ​ရွက်​ကြွေ​ကြ ကုန်​၏။
9 A terra geme e desfalece; o Líbano se envergonha e murcha; Sarom se torna como um deserto, Basã e Carmelo são despidos de suas folhas.
10 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ အား``ယ​ခု​ငါ​သည်​အ​ရေး​ယူ​ဆောင်​ရွက် ပေ​တော့​အံ့။ ငါ​၏​တန်​ခိုး​တော်​ကြီး​မား​ပုံ ကို​ပြ​တော်​မူ​မည်။-
10 “Agora me levantarei”, diz o “agora me erguerei; agora serei exaltado.
11 သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-
11 Vocês conceberam palha e darão à luz restolho; o sopro que sai da boca de vocês é um fogo que os há de devorar.
12 သင်​တို့​သည်​ထုံး​လုပ်​ရန်​မီး​အ​ဖုတ်​ခံ​ရ​သည့် ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ပြာ​ဖြစ်​အောင်​ကျွမ်း လောင်​သွား​သည့်​ဆူး​ပင်​ကဲ့​သို့​လည်း​ကောင်း ကြေ​မွ​သွား​ကြ​လိမ့်​မည်။-
12 Os povos serão queimados como se queima a cal; como espinhos cortados, serão jogados no fogo.
13 ရပ်​နီး​ရပ်​ဝေး​တွင်​ရှိ​သ​မျှ​သော​သူ​တို့​သည် ငါ​ပြု​သည့်​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို ကြား​ရ​၍ ငါ​၏​တန်​ခိုး​တော်​ကို​သိ​မှတ်​ကြ ရာ​၏'' ဟု​မိန့်​တော်​မူ​၏။
13 Vocês que estão longe, escutem o que eu fiz; e vocês que estão perto, reconheçam o meu poder.”
14 အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-
14 Em Sião, os pecadores estão atemorizados; o tremor se apodera dos ímpios. Eles perguntam: “Quem de nós habitará com o fogo devorador? Quem de nós habitará com chamas eternas?”
15 သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-
15 Aquele que anda em justiça e fala o que é reto; que despreza o ganho de opressão; que, com um gesto de mãos, recusa aceitar suborno; que tapa os ouvidos, para não ouvir falar de homicídios, e fecha os olhos, para não ver o mal.
16 သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။
16 Este habitará nas alturas; as fortalezas das rochas serão o seu alto refúgio, o seu pão lhe será dado, e água nunca lhe faltará.
17 သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-
17 Os olhos de vocês verão o rei na sua formosura, verão a terra que se estende até longe.
18 လူ​မျိုး​ခြား​အ​ခွန်​ခံ​များ​နှင့်​သူ​လျှို​တို့​အား သင်​တို့​ကြောက်​ရွံ့​ရ​မှု​များ​သည်​အ​တိတ် ကာ​လ​မှ​အ​ဖြစ်​အ​ပျက်​များ​သာ​လျှင် ဖြစ်​၍​နေ​လိမ့်​မည်။-
18 O seu coração se lembrará dos terrores, dizendo: “Onde está o escrivão? Onde está aquele que recolheu o tributo? E onde está aquele que contou as torres?”
19 သင်​တို့​သည်​မိ​မိ​နား​မ​လည်​နိုင်​သည့်​ဘာ​သာ စ​ကား​ကို​ပြော​ဆို​သူ၊ မောက်​မာ​ထောင်​လွှား သည့်​လူ​မျိုး​ခြား​တို့​ကို တွေ့​မြင်​ရကြ​တော့ မည်​မ​ဟုတ်။-
19 Você já não verá aquele povo atrevido, povo de fala obscura, de uma língua estranha, que não se pode entender.
20 ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-
20 Olhe para Sião, a cidade das nossas festas. Os seus olhos verão Jerusalém, habitação tranquila, tenda que não será removida, cujas estacas nunca serão arrancadas, nem rebentada nenhuma de suas cordas.
21 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို ငါ​တို့​အား​ဖူး​မြင်​ခွင့်​ပေး​တော်​မူ လိမ့်​မည်။ ငါ​တို့​သည်​မြစ်​ကြီး​ချောင်း​ကြီး များ​အ​နီး​တွင်​နေ​ထိုင်​ရကြ​လိမ့်​မည်။ သို့ ရာ​တွင်​ထို​မြစ်​ကြီး​တို့​တွင်​ရန်​သူ​လှေ သင်္ဘော​များ​သွား​လာ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။-
21 Mas o Senhor ali nos será grandioso, fará as vezes de largos rios e canais. Nenhum barco a remo passará por eles, navio grande por eles não navegará.
22 — ausente —
22 Porque o Senhor é o nosso juiz, o o ele nos salvará.
23 — ausente —
23 Agora as suas cordas estão frouxas; não permitem firmar o mastro, nem estender a vela. Então se repartirá a presa de muitos despojos; até os coxos participarão dela.
24 ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။
24 Nenhum morador de Jerusalém dirá: “Estou doente”; o povo que habita nela terá o seu pecado perdoado.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 33, comparar traduções ou montar um estudo — tudo direto pelo WhatsApp.