Isaías 32

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 တစ်​နေ့​သော​အ​ခါ၊ သီ​လ​သ​မာ​ဋ္ဌိ​ရှိ​သည့် ဘု​ရင်​တစ်​ပါး​နှင့် တ​ရား​သ​ဖြင့်​အုပ်​စိုး​သည့် အ​မျိုး​သား​ခေါင်း​ဆောင်​များ​ပေါ်​ထွန်း​လာ လိမ့်​မည်။-
1 Eis que um rei reinará segundo a justiça, e os príncipes governarão com eqüidade.
2 သူ​တို့​အား​လုံး​ပင်​လေ​နှင့်​မိုး​သက်​မုန်​တိုင်း များ​မှ​ခို​လှုံ​ရာ​အ​ရပ်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ခြောက်​သွေ့​ရာ​အ​ရပ်​၌​စီး​လျက် နေ​သည့်​ချောင်း​များ​နှင့်​လည်း​ကောင်း၊ ကွင်း ခေါင်​ခေါင်​နေ​ပူ​ကြဲ​ကြဲ​တွင်​ရှိ​သော​ကျောက် တုံး​ကြီး​၏​အ​ရိပ်​နှင့်​လည်း​ကောင်း​တူ​လိမ့် မည်။-
2 Cada um deles será como um abrigo contra o vento, um refúgio contra a chuva torrencial; como um fio de água num chão ressecado, e como a sombra de um alto rochedo em terra ressequida.
3 သူ​တို့​သည်​ပြည်​သူ​တို့​၏​ချို့​တဲ့​မှု​များ​ကို သိ​ရှိ​ရန်​မျက်​စိ​ရှင်​ရှင်​နား​ပါး​ပါး​နှင့်​နေ လိမ့်​မည်။-
3 Os olhos dos que vêem não mais serão ofuscados, e os ouvidos dos que ouvem estarão atentos.
4 စိတ်​လိုက်​မာန်​ပါ​မ​ပြု​ကြ​တော့​ဘဲ​အ​သိ ပ​ညာ​နှင့်​လုပ်​ကိုင်​ဆောင်​ရွက်​ကာ ပြတ်​ပြတ် သား​သား​ပြော​ဆို​ကြ​လိမ့်​မည်။-
4 Os espíritos insensatos dispor-se-ão a compreender, e a língua dos gagos falará prontamente e com clareza;
5 လူ​မိုက်​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ဟူ ၍​သော်​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရိုး ဖြောင့်​သူ​များ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ထင်​မှတ်​ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။-
5 não mais se qualificará de nobre ao perverso, nem ao trapaceiro, de grande.
6 လူ​မိုက်​သည်​မိုက်​မဲ​သည့်​စ​ကား​ကို​ပြော​ဆို​၍ ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ရန်​ကြံ​စည် တတ်​၏။ သူ​ပြု​သော​အ​မှု​နှင့်​သူ​ပြော​သော စ​ကား​တို့​သည်​ဘု​ရား​သ​ခင်​အား​စော်​ကား ရာ​ရောက်​၏။ သူ​သည်​ဆာငတ်​မွတ်​သိပ်​သူ​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ကျွေး​မွေး။ ရေ​ငတ်​သူ တို့​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ရေ​မ​တိုက်။-
6 Porque o insensato profere loucuras e seu coração dá-se ao mal; comete impiedades, forma sobre o Senhor conceitos errôneos, deixa o faminto queixar-se de sua miséria, priva da bebida àquele que tem sede.
7 သူ​သည်​ဆိုး​ညစ်​သူ​ဖြစ်​၍​ဆိုး​ညစ်​မှု​များ​ကို သာ​ပြု​တတ်​၏။ ဆင်း​ရဲ​သူ​တို့​၏​အ​ခွင့်​အ​ရေး များ​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​လိမ်​လည် ၍​ကြံ​စည်​တတ်​၏။-
7 As intrigas do trapaceiro são desleais, ele maquina desígnios criminosos para perder os humildes com mentiras, o pobre que faz valer seu direito;
8 သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။
8 o fidalgo, porém, tem pensamentos dignos, e um procedimento nobre.
9 ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး​စွာ​နေ​ထိုင် ကြ​သူ​အ​ချင်း​အ​မျိုး​သ​မီး​တို့၊ ငါ​ပြော သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
9 Mulheres descuidadas, escutei minha voz. Jovens confiantes demais, ouvi minhas palavras.
10 သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-
10 Dentro de um ano e alguns dias, tremereis, indolentes, porque a vindima estará perdida e a colheita, frustrada.
11 သင်​တို့​သည်​ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး စွာ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​ထိတ်​လန့်​တုန်​လှုပ်​၍​နေ​ကြ​ကုန်​လော့။ သင်​တို့​၏​အ​ဝတ်​များ​ကို​ချွတ်​၍​ခါး​တွင် စောင်​စုတ်​များ​ပတ်​ထား​ကြ​လော့။-
11 Fremi, descuidadas, tremei, confiantes. Despi-vos até estardes nuas. Cingi os vossos rins,
12 — ausente —
12 batei nos vossos peitos, {chorando} sobre a sorte dos campos férteis e das vinhas fecundas,
13 — ausente —
13 sobre as terras de meu povo, onde só crescem sarças, sobre todas as casas de prazer da cidade alegre.
14 နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။
14 O palácio está deserto, a cidade barulhenta está abandonada. Ofel e a torre de guarda serão para sempre planaltos desnudos, onde vagueiam os asnos selvagens e pastam os rebanhos.
15 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို ငါ​တို့​ထံ​သို့​တစ်​ဖန်​ပြန်​၍​စေ​လွှတ် တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​မြေ​လွတ်​မြေ​ရိုင်း များ​သည်​မြေ​ကောင်း​မြေ​သန့်​များ​ဖြစ်​လာ ကြ​လျက် လယ်​ယာ​များ​ကောက်​ပဲ​သီး​နှံ အ​မြောက်​အ​မြား​ထွက်​လိမ့်​မည်။-
15 Até que sobre nós se derrame o espírito do alto, então o deserto se mudará em vergel, e o vergel tomará o aspecto de uma floresta;
16 တိုင်း​ပြည်​အ​တွင်း​၌​အ​ရပ်​တ​ကာ​တွင်​သူ တော်​ကောင်း​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​ကြ​လိမ့်​မည်။-
16 no deserto reinará o direito, e a justiça residirá no vergel.
17 လူ​အ​ပေါင်း​တို့​သည်​အ​မှန်​တ​ရား​အ​တိုင်း ကို​ပြု​ကျင့်​ကြ​မည်​ဖြစ်​၍ ထာ​ဝ​စဉ်​ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​လုံ​ခြုံ​စိတ်​ချ​မှု​ရှိ လိမ့်​မည်။-
17 A justiça produzirá a paz e o direito assegurará a tranqüilidade;
18 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​နေ​ထိုင်​ရာ အိမ်​များ​သည်​ငြိမ်​သက်​၍​လုံ​ခြုံ​လိမ့်​မည်။ ထို လူ​မျိုး​တော်​သည်​လည်း​ပူ​ပင်​သော​က​နှင့် ကင်း​ဝေး​ကြ​လိမ့်​မည်။-
18 meu povo habitará em mansão serena, em moradas seguras, em abrigos tranqüilos.
19 (သစ်​တော​များ​အ​ပေါ်​သို့​မိုး​သီး​များ​ကျ လိမ့်​မည်။ မြို့​သည်​လည်း​ပြို​ပျက်​၍​သွား​လိမ့် မည်။-)
19 {A floresta será abatida e a cidade, humilhada}.
20 ကောက်​ပဲ​သီး​နှံ​များ​အ​တွက်​မြည်း​နှင့်​ကျွဲ နွား​စား​ကျက်​များ​အ​တွက် ရေ​အ​လုံ​အ​လောက် ရ​ရှိ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။
20 Bem-aventurados sereis por semear à margem de todos os cursos de água, e por deixar o boi e o asno sem peias.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 32, comparar traduções ou montar um estudo — tudo direto pelo WhatsApp.