Isaías 31
Common Language Bible (MYA) vs NVI
1 အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
1 Ai dos que descem ao Egito em busca de ajuda, que contam com cavalos. Eles confiam na multidão dos seus carros e na grande força dos seus cavaleiros, mas não olham para o Santo de Israel, nem buscam a ajuda que vem do Senhor!
2 ကိုယ်တော်သည်မိမိပြုတော်မူလျက်နေ သည့်အမှုကိုသိတော်မူပါသည်တကား။ ကိုယ်တော်သည်ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေတော်မူပါ၏။ ဆိုးညစ်သူများနှင့် သူတို့အားကာကွယ်စောင့်ရှောက်သူတို့ကို အပြစ်ဒဏ်ခတ်ရန်ကြုံးဝါးတော်မူခဲ့ သည့်အတိုင်းပြုတော်မူပါ၏။-
2 Contudo, ele também é sábio e pode trazer a desgraça; ele não volta atrás em suas palavras. Ele se levantará contra a casa dos perversos, contra quem ajuda os maus.
3 အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
3 Mas os egípcios são homens, e não Deus; seus cavalos são carne, e não espírito. Quando o Senhor estender a mão, aquele que ajuda tropeçará, aquele que é ajudado cairá; ambos perecerão juntos.
4 ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
4 Assim me diz o Senhor: "Assim como quando o leão, o leão grande, ruge ao lado da presa, e contra ele se junta um bando de pastores, e ele não se intimida com os gritos deles nem se perturba com o seu clamor, assim o Senhor dos Exércitos descerá para combater nas alturas do monte Sião.
5 ငှက်သည်မိမိအသိုက်ထက်တွင်ပျံဝဲကာ သားငယ်ကိုကာကွယ်စောင့်ရှောက်သကဲ့သို့၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ယေရုရှလင်မြို့ကိုကာကွယ်စောင့်ရှောက်၍ ရန်သူကိုခုခံတိုက်ခိုက်တော်မူမည်'' ဟု ငါ့အားမိန့်တော်မူပါ၏။
5 Como as aves dão proteção aos filhotes com suas asas, o Senhor dos Exércitos protegerá Jerusalém; ele a protegerá e a livrará; ele a poupará e a salvará".
6 ဘုရားသခင်က``အို ဣသရေလအမျိုးသား တို့၊ သင်တို့သည်ငါ့ကိုပြစ်မှားကာဆန့်ကျင် ဘက်ပြုကြလေပြီ။ သို့ရာတွင်ယခုငါ၏ ထံသို့ပြန်လာကြလော့။-
6 Voltem para aquele contra quem vocês se revoltaram tão tremendamente, ó israelitas!
7 သင်တို့အားလုံးပင်မိမိတို့သွန်းလုပ်ထား သောညစ်ညမ်းသည့်ရွှေ၊ ငွေရုပ်တုများကိုပစ် ထုတ်လိုက်မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
7 Pois naquele dia cada um de vocês rejeitará os ídolos de prata e de ouro que as mãos pecaminosas de vocês fizeram.
8 အာရှုရိပြည်သည်စစ်ပွဲတွင်ကျရှုံးရလိမ့် မည်။ သို့ရာတွင်လူတို့တန်ခိုးစွမ်းရည်ကြောင့် မဟုတ်။ အာရှုရိအမျိုးသားတို့တိုက်ပွဲမှ ထွက်ပြေးကြလိမ့်မည်။ သူတို့လူငယ်လူ ရွယ်များသည်လည်းကျွန်ခံရကြလိမ့်မည်။-
8 "A Assíria cairá por uma espada que não é de homem; uma espada, não de mortais, a devorará. Todos fugirão da espada e os seus jovens serão sujeitos a trabalhos forçados.
9 သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။
9 Sua fortaleza cairá por causa do pavor; ao verem a bandeira da batalha, seus líderes entrarão em pânico", anuncia o Senhor, cujo fogo está em Sião, cuja fornalha está em Jerusalém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Isaías 31, comparar traduções ou montar um estudo — tudo direto pelo WhatsApp.