Isaías 29

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​တည်း​ဟူ သော​ယေ​ရု​ရှ​လင်​မြို့​ပင်​လျှင်​အ​မင်္ဂ​လာ ရှိ​၏။ ဒါ​ဝိဒ်​တပ်​စ​ခန်း​ချ​ရာ​မြို့​သည်​အ မင်္ဂ​လာ​ရှိ​၏။ ထို​မြို့​တွင်​တစ်​နှစ်၊ နှစ်​နှစ်​မျှ ပွဲ​လမ်း​သ​ဘင်​များ​ကို​ဆင်​နွှဲ​လျက်​နေ ကြ​စေ​ဦး​တော့။-
1 Ah! Ariel, Ariel, cidade onde Davi acampou! Acrescentai ano a ano; completem as festas o seu ciclo.
2 ထို​နောက်​ဘု​ရား​သ​ခင်​သည်``ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပ​လ္လင်​တော်​ဟု​အ​မည်​တွင်​သော​မြို့​ကို ဘေး​အန္တ​ရာယ်​ဆိုး​ဆိုက်​ရောက်​စေ​တော်​မူ​လိမ့် မည်။ လူ​တို့​သည်​ငို​ယို​ညည်း​တွား​မြည်​တမ်း ကြ​လိမ့်​မည်။ တစ်​မြို့​လုံး​ပင်​ယဇ်​များ​ကို ပူ​ဇော်​ရာ​ပလ္လင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်။-
2 Então porei Ariel em aperto, e haverá pranto e lamentação; e ela será para mim como Ariel.
3 ဘု​ရား​သ​ခင်​သည်​ထို​မြို့​ကို​တိုက်​ခိုက် ဝိုင်း​ရံ​ထား​၍ သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။-
3 Acamparei contra ti em redor, e te sitiarei com baluartes, e levantarei tranqueiras contra ti.
4 ယေ​ရု​ရှ​လင်​မြို့​သည်​မြေ​သင်္ချိုင်း​တွင်း​၌ စ​ကား​ပြော​ရန် ရုန်း​ကန်​အား​ထုတ်​လျက်​နေ သည့်​တစ္ဆေ​နှင့်​တူ​လိမ့်​မည်။ ထို​မြို့​၏​အ​သံ သည်​လည်း​ဖုတ်​တော​ထဲ​မှ မ​ပီ​မ​သ​ထွက် ပေါ်​လာ​သော​တိုး​ညှင်း​သော​အ​သံ​ဖြစ် လိမ့်​မည်။
4 Então serás abatida, falarás de debaixo da terra, e a tua fala desde o pó sairá fraca; e será a tua voz debaixo da terra, como a dum necromante, e a tua fala assobiará desde o pó.
5 အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​တိုက်​ခိုက်​ကြ သည့်​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မြေ​မှုန့် ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​၏​ကြောက်​မက် ဖွယ်​ကောင်း​သည့်​စစ်​တပ်​များ​သည် ဖွဲ​ကဲ့ သို့​လည်း​ကောင်း​ချက်​ခြင်း​လွင့်​စင်​သွား ကြ​လိမ့်​မည်။-
5 E a multidão dos teus inimigos será como o pó miúdo, e a multidão dos terríveis como a pragana que passa; e isso acontecerá num momento, repentinamente.
6 ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-
6 Da parte do Senhor dos exércitos será ela visitada com trovões, e com terremotos, e grande ruído, como tufão, e tempestade, e labareda de fogo consumidor.
7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော် မြို့​ကို​တိုက်​ခိုက်​ကြ​သည့်​စစ်​တပ်​အ​ပေါင်း​နှင့် သူ​တို့​၏​လက်​နက်​တန်​ဆာ​ရှိ​သ​မျှ​သည်​အိပ် မက်​ကဲ့​သို့​လည်း​ကောင်း၊ ညဥ့်​အ​ခါ​စိတ်​ကူး ယဉ်​မှု​ကဲ့​သို့​လည်း​ကောင်း​ကွယ်​ပျောက်​သွား လိမ့်​မည်။-
7 E como o sonho e uma visão de noite será a multidão de todas as nações que hão de pelejar contra Ariel, sim a multidão de todos os que pelejarem contra ela e contra a sua fortaleza e a puserem em aperto.
8 ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ကြ​သည့်​လူ​မျိုး အ​ပေါင်း​တို့​သည် အိပ်​မက်​တွင်​အ​စား​အ​သောက် များ​ကို​စား​ရ​၍ အိပ်​ရာ​မှ​နိုး​ထ​ချိန်​၌​မွတ် သိပ်​မြဲ​မွတ်​သိပ်​လျက်​နေ​သူ​နှင့်​လည်း​ကောင်း၊ အိပ်​မက်​တွင်​ရေ​ကို​သောက်​ရ​၍ အိပ်​ရာ​မှ​နိုး ထ​ချိန်​ရေ​ငတ်​မြဲ​ငတ်​လျက်​နေ​သူ​နှင့် လည်း​ကောင်း​တူ​လိမ့်​မည်။
8 Será também como o faminto que sonha que está a comer, mas, acordando, sente-se vazio; ou como o sedento que sonha que está a beber, mas, acordando, desfalecido se acha, e ainda com sede; assim será a multidão de todas as nações que pelejarem contra o monte Sião.
9 သင်​တို့​သည်​အ​သိ​ဉာဏ်​တုံး​လျက်​ပင်​ရှိ​နေ ကြ​လော့။ မျက်​စိ​ကန်း​၍​နေ​ကြ​လော့။ စ​ပျစ် ရည်​မ​သောက်​ဘဲ​ယစ်​မူး​ကြ​လော့။ တစ်​စက်​မျှ ပင်​မ​သောက်​ဘဲ​ယိမ်း​ထိုး​၍​နေ​ကြ​လော့။-
9 Pasmai, e maravilhai-vos; cegai-vos e ficai cegos; bêbedos estão, mas não de vinho, andam cambaleando, mas não de bebida forte.
10 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-
10 Porque o Senhor derramou sobre vós um espírito de profundo sono, e fechou os vossos olhos, os profetas; e vendou as vossas cabeças, os videntes.
11 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​မှန်​သ​မျှ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် များ​သည် တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​စာ​လိပ်​ကဲ့ သို့ သင်​တို့​အ​တွက်​ဖုံး​ကွယ်​၍​နေ​လိမ့်​မည်။ စာ ဖတ်​တတ်​သူ​တစ်​ဦး​အား​သင်​အ​ဖတ်​ခိုင်း​ပါ မူ ထို​သူ​က``ဤ​စာ​လိပ်​ကို​တံ​ဆိပ်​ခတ်​နှိပ်​ထား သ​ဖြင့် အ​ကျွန်ုပ်​ဖတ်​၍​မ​ရ​ပါ'' ဟု​ဆို လိမ့်​မည်။-
11 Pelo que toda visão vos é como as palavras dum livro selado que se dá ao que sabe ler, dizendo: Ora lê isto; e ele responde: Não posso, porque está selado.
12 စာ​မ​ဖတ်​တတ်​သူ​ကို​အ​ဖတ်​ခိုင်း​လျှင်​လည်း ထို​သူ​က``အ​ကျွန်ုပ်​အ​ဘယ်​သို့​ဖတ်​ရ​မည် မ​သိ​ပါ'' ဟု​ဆို​လိမ့်​မည်။
12 Ou dá-se o livro ao que não sabe ler, dizendo: Ora lê isto; e ele responde: Não sei ler.
13 ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-
13 Por isso o Senhor disse: Pois que este povo se aproxima de mim, e com a sua boca e com os seus lábios me honra, mas tem afastado para longe de mim o seu coração, e o seu temor para comigo consiste em mandamentos de homens, aprendidos de cor;
14 သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။
14 portanto eis que continuarei a fazer uma obra maravilhosa com este povo, sim uma obra maravilhosa e um assombro; e a sabedoria dos seus sábios perecerá, e o entendimento dos seus entendidos se esconderá.
15 မိ​မိ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ ဖုံး​ကွယ်​ထား​ရန်​ကြိုး​စား သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​စီ​မံ​ကိန်း​များ​ကို​လျှို့​ဝှက်​၍ အ​ကောင်​အ​ထည်​ဖော်​ကာ​မိ​မိ​တို့​အား အ​ဘယ်​သူ​မျှ​မြင်​လိမ့်​မည်​မ​ဟုတ်။ မိ​မိ တို့​ပြု​သော​အ​မှု​တို့​ကို​လည်း​အ​ဘယ်​သူ မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​တတ် ကြ​၏။-
15 Ai dos que escondem profundamente o seu propósito do Senhor, e fazem as suas obras às escuras, e dizem: Quem nos vê? e quem nos conhece?
16 သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။
16 Vós tudo perverteis! Acaso o oleiro há de ser reputado como barro, de modo que a obra diga do seu artífice: Ele não me fez; e o vaso formado diga de quem o formou: Ele não tem entendimento?
17 စ​ကား​ပုံ​ရှိ​သ​ကဲ့​သို့ မ​ကြာ​မီ​ပင်​တော နက်​သည်​လယ်​ပြင်​ဖြစ်​၍​လာ​လိမ့်​မည်။ လယ် ပြင်​သည်​လည်း​သစ်​တော​ပြန်​၍​ဖြစ်​လာ လိမ့်​မည်။
17 Porventura dentro ainda de muito pouco tempo não se converterá o Líbano em campo fértil? e o campo fértil não se reputará por um bosque?
18 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-
18 Naquele dia os surdos ouvirão as palavras do livro, e dentre a escuridão e dentre as trevas os olhos dos cegos a verão.
19 ဆင်း​ရဲ​သူ​များ​နှင့်​နှိမ့်​ချ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ် သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​တစ် ဖန်​ပြန်​၍​ရ​ရှိ​ကြ​လိမ့်​မည်။-
19 E os mansos terão cada vez mais gozo no Senhor, e os pobres dentre os homens se alegrarão no santo de Israel.
20 သူ​တစ်​ပါး​တို့​ကို​ဖိ​နှိပ်​ချုပ်​ချယ်​ကာ​ဘု​ရား​သ​ခင်​အား မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် အ​စ​တုံး​ကြ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ မှန်​သ​မျှ​သည်​ဆုံး​ပါး​ပျက်​စီး​ကြ​လိမ့်​မည်။-
20 Porque o opressor é reduzido a nada, e não existe mais o escarnecedor, e todos os que se dão à iniqüidade são desarraigados;
21 ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
21 os que fazem por culpado o homem numa causa, os que armam laços ao que repreende na porta, e os que por um nada desviam o justo.
22 ထို့​ကြောင့်​အာ​ဗြ​ဟံ​အား​ဆင်း​ရဲ​ဒုက္ခ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``အို ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည် အ​သ​ရေ​ပျက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ အ​ရှက်​ရ​၍​မျက်​နှာ​ပျက်​ရကြ​တော့​မည် မ​ဟုတ်။-
22 Portanto o Senhor, que remiu a Abraão, assim diz acerca da casa de Jacó: Jacó não será agora envergonhado, nem agora se descorará a sua face.
23 သင်​တို့​သည်​ငါ​ပေး​သ​နား​မည့်​သား​သ​မီး များ​ကို​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့် ရှင်း​မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လိမ့်​မည်။ ငါ့​အား​လေး​စား ကြည်​ညို​ကာ​ရို​သေ​လေး​စား​ကြောက်​ရွံ့​ကြ လိမ့်​မည်။-
23 Mas quando virem seus filhos a obra das minhas mãos no meio deles, santificarão o meu nome; sim santificarão ao Santo de Jacó, e temerão ao Deus de Israel.
24 လူ​မိုက်​များ​သည်​အ​သိ​တ​ရား​ရှိ​၍​လာ လိမ့်​မည်။ ညည်း​ညူ​နေ​သူ​များ​နှင့်​ခေါင်း​မာ နေ​သူ​များ​သည်​လည်း ဆုံး​မ​သြ​ဝါ​ဒ ကို​ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ​လိမ့်​မည်။''
24 E os errados de espírito virão a ter entendimento, e os murmuradores aprenderão instrução.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.