Isaías 27

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား ထက်​မြက်​သော​ဋ္ဌား​တော်​ဖြင့် တွန့်​လိမ်​လျက်​နေ သည့်​မြွေ​ကြီး​လ​ဝိ​သန်​ကို​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​၍၊ ပင်​လယ်​န​ဂါး​ကြီး​ကို​လည်း​သတ် တော်​မူ​လိမ့်​မည်။
1 Naquele dia, o Senhor castigará com a sua dura espada, grande e forte, o leviatã, a serpente veloz, e o leviatã, a serpente tortuosa, e matará o dragão que está no mar.
2 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ သာ​ယာ​သော​စ​ပျစ်​ဥ​ယျာဉ်​နှင့်​ပတ်​သက်​၍၊-
2 Naquele dia, haverá uma vinha de vinho tinto; cantai-lhe.
3 ``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-
3 Eu, o Senhor , a guardo e, a cada momento, a regarei; para que ninguém lhe faça dano, de noite e de dia a guardarei.
4 စ​ပျစ်​ဥ​ယျာဉ်​အ​ပေါ်​၌​ငါ​အ​မျက်​မ​ထွက် တော့​ပြီ။ ငါ​ခုတ်​ထွင်​ပစ်​ရန်​ဆူး​ပင်​မျိုး​စုံ​ရှိ စေ​ချင်​ပါ​ဘိ။ ယင်း​တို့​ကို​ငါ​သည်​လုံး​ဝ မီး​ရှို့​ပစ်​မည်။-
4 Não há indignação em mim; quem me poria sarças e espinheiros diante de mim na guerra? Eu iria contra eles e juntamente os queimaria.
5 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​၏​ရန်​သူ​များ သည် ငါ​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​အ​လို​ရှိ ပါ​မူ ငါ​နှင့်​ပြေ​လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် ဆောင်​ရွက်​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​နှင့်​ပြေ လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် အ​မှန်​ပင်​ဆောင် ရွက်​ကြ​ရာ​၏'' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
5 Ou que se apodere da minha força e faça paz comigo; sim, que faça paz comigo.
6 ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။
6 Dias virão em que Jacó lançará raízes, e florescerá e brotará Israel, e encherão de fruto a face do mundo.
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-
7 Porventura, feriu-o ele como feriu aos que o feriram? Ou matou-o ele assim como matou aos que por ele foram mortos?
8 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား ပြည်​နှင်​ဒဏ်​ပေး​၍​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သူ​တို့​သည်​အ​ရှေ့​မှ​လာ​သော​လေ​ပြင်း​မုန် တိုင်း​တွင်​လွင့်​ပါ​သွား​ရ​ဘိ​သ​ကဲ့​သို့ မိ​မိ တို့​ပြည်​မှ​ထွက်​ခွာ​သွား​ရ​ကြ​လေ​သည်။-
8 Com medida contendeste com ela quando a rejeitaste; ele a tirou com o seu vento forte, no tempo do vento leste.
9 ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။
9 Por isso, se expiará a iniquidade de Jacó, e este será todo o fruto de se haver tirado o seu pecado; quando ele fizer a todas as pedras do altar como pedras de cal feitas em pedaços, os bosques e as imagens do sol não poderão ficar em pé.
10 ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-
10 Porque a cidade forte está solitária, uma habitação rejeitada e abandonada como um deserto; ali, pastarão os bezerros, e ali se deitarão, e devorarão os seus ramos.
11 သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။
11 Quando os seus ramos se secarem, serão quebrados; vindo as mulheres, os acenderão, porque este povo não é povo de entendimento; por isso, aquele que o fez não se compadecerá dele e aquele que o formou não lhe mostrará nenhum favor.
12 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။
12 E será, naquele dia, que o Senhor padejará o seu fruto desde as correntes do rio até o rio do Egito; e vós, ó filhos de Israel, sereis colhidos um a um.
13 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။
13 E será, naquele dia, que se tocará uma grande trombeta, e os que andavam perdidos pela terra da Assíria e os que foram desterrados para a terra do Egito tornarão a vir e adorarão ao Senhor no monte santo, em Jerusalém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.